အိုးကြပ်ခြင်း (Pot Bound) သို့ အမြစ်ကြပ်ခြင်း (Root Bound) ဆိုတာဘာလဲ?
ပန်းအိုးတစ်အိုးအတွင်း စိုက်ပျိုးထားတဲ့အပင်များ ကြာလာတဲ့အခါ အမြစ်နေရာ အပြည့်ယူထားပြီးဖြစ်လို့ Pot Bound ဖြစ်ပြီ၊ တစ်နည်းအားဖြင့် Root Bound ဖြစ်ပြီလို့ ပြောပါတယ်။
အပင်ဟာ အဲ့ဒီအခြေအနေမှာ ဆက်ထားမယ်ဆိုရင် တဖြည်းဖြည်းနဲ့ ကျန်းမာသန်စွမ်းမှု လျော့ကျလာပြီး နောက်ဆုံးမှာ အပင်သေနိုင်တဲ့အထိ ဖြစ်သွားတတ်ပါတယ်။
ဘယ်လိုအခြေအနေမှာ အမြစ်ကြပ်ပြီလို့ သိရှိနိုင်သလဲ?
အပင်ဟာ ရောဂါပိုးမွှားကျရောက်ခြင်းမရှိဘဲ မကြာခဏညှိုးတယ်၊ အပင်ကြီးထွားမှု ရပ်တန့်နေတယ်၊ အမြစ်ကြီးထွားမှု ရပ်တန့်နေတယ်၊ ထပ်ထွက်တဲ့အရွက်တွေက သေးငယ်လာတယ်၊ အပွင့်အရည်အသွေးကျဆင်းလာတယ်။ (အပွင့်ငယ်တယ်၊ ကြွေကျတယ်)၊ အောက်ပိုင်းအရွက်တွေ ဝါပြီး ပြုတ်ကျလာတယ်။ ဒါတွေဖြစ်ပြီဆိုရင် အပင်က အိုးကြပ်လာပြီ၊ အမြစ်ကြပ်လာပြီဆိုတာ သိရှိနိုင်ပါတယ်။ အိုးကိုခွဲကြည့်လိုက်ရင်တော့ ပုံမှာပြထားသလို အိုးဘေးပတ်လည်တစ်လျှောက် အမြစ်များဟာ ပိုက်ကွန်သဖွယ် ယှက်သန်းနေတာတွေ့ရပါမယ်။
ပထမဦးဆုံးအနေနဲ့ အိုးရဲ့မျက်နှာပြင်မှာ အမြစ်တွေတက်လာပြီလို့ တွေ့ရပြီဆိုရင်တော့ pot bound ဖြစ်တာ ၁၀၀ ရာခိုင်နှုန်း သေချာနေပြီပဲ ဖြစ်ပါတယ်။ (မှတ်ချက်။ အချို့သောအပင်အမျိုးအစားမှာ အပေါ်ယံအမြစ်တက်တတ်သည့် သဘောသဘာဝရှိပါသည်။)
အဲ့ဒီအခြေအနေမှာ ဘယ်လိုဖြေရှင်းပေးမှာလဲ?
နှစ်ပိုင်းရှိပါတယ်။
နဂိုထက်ကြီးတဲ့ အိုးအသစ်နဲ့ ပြောင်းရွှေ့စိုက်ပျိုးခြင်းဖြင့် ဖြေရှင်းပေးနိုင်သလို အပင်ခွဲစိုက်ပျိုးခြင်းဖြင့်လည်း လုပ်ပေးနိုင်ပါတယ်။
နောက်တစ်ခုက မိမိမှာ လက်ရှိအိုးပဲရှိတယ်၊ ပြောင်းစရာ အိုးအကြီးလည်းမရှိဘူးဆိုရင်တော့ မြေစာအသစ်လဲခြင်းကို ဆောင်ရွက်ပေးရပါမယ်။
အိုးပြောင်းဖို့ လုပ်ကိုင်ပုံ အဆင့်ဆင့်
အိုးပြောင်းမယ်ဆိုရင် ပထမအိုးအခြေရှိ ရေထွက်ပေါက်များမှ ထွက်ရှိနေတဲ့ အမြစ်များကို ဖြတ်တောက်ပစ်ပါ။ မြေအိုးဖြစ်ပါက အိုးနှုတ်ခမ်းတောက်လျှောက်ကို ဓါးလက်ကိုင်ရိုး (သို့) တုတ်တစ်ချောင်းဖြင့် အသာအယာထုခေါက်ပေးပါ။
လှည့်ပတ်ခေါက်ပြီး မြေလုံးခြောင်လာလျှင် အိုးမှနေ၍ မြေလုံးမကွဲစေရန်သတိထားပြီး ဆွဲထုတ်ပါ။ အလုံးလိုက်ပါလာသောအခါ ဓါးမထက်ထက်ဖြင့် ပိုက်ကွန်သဖွယ် ယှက်နေသောအမြစ်များကို ငှက်ပျောခေါင်းပါးပုတ်သလို လှီးဖြတ်ပစ်ပါ။ အောက်ဖက်ကိုလည်း လှီးဖြတ်ပစ်ပါ။ ပြီးရင် စိုက်မြေအသစ်ဖြင့် အိုးအသစ်တွင်း ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါပြီ။
ရွှေ့ပြောင်းစိုက်ပြီးသောအပင်ကို နေရောင်တိုက်ရိုက်ရရှိမှုနှင့် မိုးရေတိုက်ရိုက်ကျရောက်မှုမှ ကင်းဝေးသည့် အမိုးအကာအောက်တွင် ရေဝအောင်လောင်းပြီး နှစ်ပတ်သုံးပတ်ခန့် ထားရှိပေးပါ။ ပြီးလျှင် နံနက်ခင်း နေရောင်ရရှိမှုနေရာမှ တစ်ဆင့်ပြီးတစ်ဆင့် အပြင်သို့ထုတ်ပေးနိုင်ပါသည်။
(Ko Soe Lay Shared Myay fb စာမျက်နှာမှ ပြန်လည်ကူးယူဖော်ပြပါသည်။)
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....