စိုက်ပျိုးရေးနဲ့ ရေ အရည်အသွေး (၂)
ပုံမှန်မဟုတ်တဲ့ ချဉ်ငံကိန်းများ
ချဉ်ငံကိန်းဆိုတာက ချဉ်တာနဲ့ ငန်တာကို ညွှန်ပြတဲ့ ဂဏန်းတစ်ခုလို့ ဆိုပေမဲ့လို့ စကားတွေအများကြီး ပြောပါတယ်။ ချဉ်ရင် အက်ဆစ်ဖြစ်ပြီတော့ ငန်ရင် ဆားပေါက်တတ်ပါတယ်။ ဆိုတော့ ချဉ်ရင်လည်း မကောင်းဘူး၊ ငန်ရင်လည်း မကောင်းဘူး။
ပုံမှန်သုံးနေကြ သွင်းရေမှာဆိုရင် pH လို့ခေါ်တဲ့ ချဉ်ငံကိန်းဟာ (၆.၅) ကနေ (၈.၄) အထိ ရှိပါတယ်။ အဲ့ လောက်ပမာဏ ကိုကျော်လွန်သွားရင်တော့ ပြဿနာတွေ တက်နိုင်ပါတယ်။ အပင်တွေမှာ လိုအပ်တဲ့ အာဟာရတွေ ပြည့်ပြည့်စုံစုံမရနိုင်တာမျိုး၊ ရနိုင်ပေမဲ့လို့လည်း မျှမျှတတ မရနိုင်တာမျိုးနဲ့ အရလွန်ပြီး အဆိပ်သင့်တာမျိုးတွေပါ ဖြစ်နိုင်ပါတယ်။
သုတေသန ဓာတ်ခွဲခန်းတွေမှာလုပ်ထားတဲ့ စမ်းသပ်ချက်တွေအရဆိုရင် ရှိသင့်ရှိထိုက်တဲ့ ချဉ်ငံကိန်းထက် နည်းနည်းပိုပြီး ငန်နေတဲ့ ရေမှာဆိုရင် ဓာတ်ပြောင်းလဲပေးနိုင်တဲ့ စွမ်းရည်က အရမ်းကို နည်းပါတယ်။ အဲ့လိုရေက သွင်းနေမိလည်း အရမ်ကြီး မသိသာပဲနဲ့ ဆက်ပြီး သုံးလို့ရနိုင်တဲ့ အခြေအနေမျိုး ကို ရနိုင်ပါတယ်။ ဒါပေမဲ့ အဲ့လိုရေတွေ သွင်းထားမိတဲ့ စိုက်ခင်းတွေမှာဆိုရင် အပင်တွေရော မြေတွေကပါ အရမ်းကို မွနေပြီး တိုက်စားမှုတွေ အရမ်းများနိုင်ပါတယ်။ ပိုက်လိုင်းတွေ ဆင်ထားရင် ပိုက်လိုင်းတွေထဲ လျောကျမယ်၊ ရေဖျန်းစနစ် ဆင်ထားရင် အပေါက်တွေ ပိတ်ကုန်ပါမယ်၊ မြေပြင်နေသားနဲ့ အဲ့လိုတွေဖြစ်နေတယ်ဆိုရင် ရေကို စစ်ဆေးကြည့်ဖို့ လိုပါတယ်။
နောက်တစ်ချက်က မြေကြီးရဲ့ ချဉ်ငံကိန်းကိုပါ ပြောင်းလဲပစ်နိုင်ပါတယ်။ မြေကြီးရဲ့ ဓာတ်ပြောင်း နိုင်မှုနဲ့ ခံနိုင်ရည်ရှိမှုအပေါ်မှာ မူတည်ပြီးတော့ အချိန်ကာလက ကြာနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြေကြီး ရဲ့ ချဉ်ငံကိန်းကတော့ ထိခိုက်လို့မရပါဘူး၊ လိုချင်တဲ့ လိုအပ်တဲ့ ပမာဏရအောင် ပြင်ကိုပြင်ရပါမယ်။ ရေကိုပြင်ရတာခက်လို့ ရေသွင်းနေတဲ့ မြေကိုပြင်တာပါ၊ ထုံးကတော့ သုံးနေကြ မြေပြင်တဲ့ သွင်းအားစုပါ။ နောက်တစ်ခုကတော့ ကျောက်မှုန့်ပါပဲ။ ကျောက်မှုန့်ကတော့ မြေအားလုံးကို မပြင်နိုင်ပါဘူး၊ သူ့အဓိက လုပ်ငန်းစဉ်က အပင်တွေကို ကယ်ဆီယမ် ထောက်ပံ့ပေးတာပါ။ ဒါပေမဲ့သူက ချဉ်ငံကိန်းမြင့်နေတဲ့ (ငန်နေတဲ့) မြေကြီးတွေကို ပြင်တဲ့နေရာမှာတော့ ကူညီပေးနိုင်ပါတယ်။
ငန်တဲ့ရေ ချဉ်တဲ့ရေတွေကိုသွင်းပြီးစိုက်လို့ တိုက်ရိုက်ထိခိုက်တဲ့ အရာတွေကတော့ သွင်းရေရဖို့ ဆင်ထားတဲ့ ပိုက်လို ရေစက်လို ပစ္စည်းတွေဖြစ်ပါတယ်။ ကိုယ့်ဒေသ က ရေက အဲ့လိုဖြစ်တတ်တယ်ဆိုရင်တော့ ရေသွင်းဖို့ ဆင်မဲ့ပစ္စည်းတွေကို ကောင်းကောင်းရွေးချယ််သင့်ပါတယ်။
အနည်ကျမှု
ပုံမှန်သွင်းနေ သုံးနေတဲ့ ရေမှာ ပျော်ဝင်နေတတ်ကြတဲ့ ကယ်စီယမ်၊ ဘိုင်ကာဘွန်နိတ်၊ ဆာလဖိတ် စတဲ့ ပျော်ဝင်ဆားတွေကြောင့်မို့ လောင်းလိုက်ရင် အရွက်တွေ အသီးတွေမှာ အဖြူကွက်လေးတွေလို ဖြစ်တတ်တာမျိုး တွေ့ဖူးကြမှာပါ။ အဲ့လိုဖြစ်တတ်တာက ပုံမှန်အချိန်တွေမှာ ဘာမှမဖြစ်ပေမဲ့လို့ ဈေးကွက်ထဲကို သွင်းတော့မဲ့အချိန်ဆိုရင်တော့ ပြဿနာ ရှိနိုင်ပါတယ်။ ဥပမာ ပန်းသီးလိုမျိုး သစ်တော်သီးလိုမျိုးမှာ အဲ့လို အကွက်ပါသွားရင် ဈေးကွက်ထဲဝင်ဖို့အတွက် အက်ဆစ်နဲ့ပြန်ဆေးရပါတယ်။ အဲ့လိုနည်းက ဈေးကြီးပါတယ်။ ကုန်ကျစရိတ်များပါတယ်။ မဆေးဘူးဆိုရင်လည်း မလှပြန်တော့ပါဘူး၊
နောက်တစ်ခုကတော့ အစက်ချ ရေသွင်းစနစ်တွေမှာ အနည်ထိုင်တာတွေက အခက်အခဲတွေ ဖြစ်စေနိုင်ပါတယ်။ ဘယ်က စသလဲဆိုတော့ စိုက်ခင်းသုံးတဲ့ရေမှာ ထုံးပါနေတယ်၊ နောက် ဘိုင်ကာ ဘွန်နိတ်နဲ့ ဆာလဖိတ် ဆိုတဲ့ ကျောက်မှုန့် ကလည်း ရောပါနေတယ်ဆိုရင် ရေဖျန်းစနစ်ဖြစ်ဖြစ် အစက်ချ စနစ်မှာပဲဖြစ်ဖြစ် ပတ်ဝန်းကျင်က စိုထိုင်းဆ (၃၀)လောက်မှာ စပြီး ပြဿနာတက်ပါတယ်။ စိုထိုင်းဆ က နည်းတဲ့အတွက် အငွေ့ပျံံတာတွေဖြစ်ပါတယ်၊ ရေငွေ့တွေပျံတော့ ဆားတွေကျန်ပြီး ဆားပေါက်လာပါတယ်။ အစက်ချ ဆို ရေပေါက်က ပိတ်ပြီ။ ရေဖျန်းစနစ်ဆိုလည်း ရေဖျန်းခေါင်းမှာ ချေးကပ်ပြီး အပင်တွေက ရေ ငတ်တော့မှာပါ။
သူတို့ ပျော်ဝင်နှုန်းက များနေတယ်ဆိုရင် အငွေ့ပျံပြီး ကျန်ခဲ့တဲ့ ဆားတွေက ရေမှာ ပြန်မပျော်နိုင် တဲ့ ဆားတွေအဖြစ် အနယ်ကျကျန်ခဲ့မှာပါ၊ အဲ့လိုဆိုရင်ခေါင်းတွေ ပိတ်ပြိးတော့ ရေဖိအား များများလိုအပ် လာပါတယ်။ တစ်ခုလုံးဖြုတ်ပြီး ပြန်ဆေးဖို့ကလည်း အဆင်မပြေနိုင်တော့ စနစ်တစ်ခုလုံး ကျဆုံးသွားတာ မျိုးတွေဖြစ်နိုင်ပါတယ်၊
ဘယ်လို စီမံခန့်ခွဲသင့်သလဲဆိုတော့ ရေထဲမှာ ပျော်ဝင်နေတဲ့ ဆားရဲ့ ပြင်းအား က ဘယ်လောက်ရှိ နိုင်သလဲ ဆိုတာရယ်၊ ဘယ်လို ရေပေးစနစ်မျိုးကို သုံးမလဲဆိုတဲ့ အပေါ်မှာ အများကြီး မူတည်ပါတယ်။ နည်းလမ်းတစ်ခုကတော့ ရေပေးတဲ့ စနစ်မှာ အက်ဆစ်ထည့်ပေးပြီး ဘိုင်ကာဗွန်နိတ်တွေကိုလျော့ချကြတာ ပါ။ အဲ့လို ထည့်ပေးရင် ထုံးအနယ်ကျတာကိုလည်း သက်သာစေပါတယ်။ သူက ဖန်လုံအိမ် Greenhouse တွေမှာ အများဆုံး သုံးကြပါတယ်။
ရေဖျန်းစနစ်တွေတပ်ထားရင်တော့
(က) ညဖက်မှာ ရေဖျန်းပါ၊ စိုထိုင်းဆ များချိန်ဖြစ်တာကြောင့် အငွေ့ပျံ အနယ်ကျနှုန်း လျော့အောင်ဖြစ်ပါတယ်။
(ခ) ရေဖျန်းခေါင်းလည်တဲ့ လည်နှုန်းကို မြန်ထားပေးပါ။ အနယ်လေးတွေ ကပ်နေရင်တောင် ရေအားနဲ့ လည်အားနဲ့ ပါသွားအောင်လို့ဖြစ်ပါတယ်။
(ဂ) ရေသွင်းတဲ့ အကြိမ်ရေကို လျော့ချပါ။
ကုန်ကျစရိတ်လည်း သက်သာတဲ့ နည်းပါ။ တစ်ချို့အခြေအနေတွေမှာတော့ ဒီနည်းက အဆင်ပြေချင်မှလည်း ပြေပါလိမ့်မယ်။ ရေထဲမှာ ဆားပျော်ဝင်နှုန်း အရမ်းများနေတယ်ဆိုရင်တော့ အဆင်မပြေနိုင်ဘူးပေါ့။
ဆင်ခြင်ကြံဆပြီး နည်းပြောင်းသင့်ရင် ပြောင်းရမှာပေါ့လေ။
စီးပွားရေးလုပ်ငန်းရှင် တောင်သူဦးကြီးများ အကျိုးထူးကြပါစေ။
Reference
http://www.fao.org/3/t0234e/T0234E06.htm#ch5.1
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
zaw moy oo
လွန်ခဲ့သော ၅ နှစ် ကဟုတ် ဆရာ နဂါးမောက်အတွက်သိချင်လိုပါ
Tin Maung Win
လွန်ခဲ့သော ၅ နှစ် ကသင်းဘောသီးခွဲစားတဲ့အခါ အရသာကောင်းတဲ့အခါ၊မျိုးကောင်းတဲ့အခါ၊ မြေကြီးမှာတွင်းကလေးတွေ ၈ တွင်းလောက်တူးပြီး အစေ့တွေကိုမျှပြီး တွင်းတွေထဲထည့် ၊ပျိုးပါတယ်။ ရေခံ မြေခံ ကောင်းလို့ဘဲလားမသိ၊အပင်လေးတွေထွက်လာကြတာ အများကြီးဘဲ၊ ရေခဲသေတ္တာထဲက သက်တမ်းလွန်ဒိန်ချဥ် ကို အချို့အပင်ပေါက် တွေကို လောင်းကြည့်တာ အပင်ဘာမှမဖြစ်ဖူး၊ နောက်တစ်လကြာတော့ အဲသည်လိုဘဲ အပင်ဘေးနားမြေဆွပေးပြီး ဒိန်ချဥ့် ဘူးကြီးတစ်ဘူးလုံး လောင်းချလိုက်တာလည်း သင်းဘောပင် အရွက်တွေက စိမ်းလန်းနေတာပဲ၊ ရက်လွန်သွားတဲ့ ဒိန်ချဥ့် က အပင်တွေကို အားဖြစ်စေတယ်ထင်ပါရဲ့။
ဆက်စပ်မေးခွန်းများ
မှိုရောဂါကြတာလားဘာဆေးဖြန်းပေးရမလဲဓါတ်မြေသြဇာကိုဘယ်အမျိုးအစားသုံးသင့်လဲ
Kyaw Thet • ဖြေကြားချက် 1 ခု
ဒူးရင်းသီး
Soe Kyaw Thu • ဖြေကြားချက် 2 ခု
နာနတ်ပင်ပင်စည်ပုတ် အမြစ်ပုတ်နေလို့ဘာဆေးဖြန်းရမလဲခင်ဗျာ
ထူးကိုကို • ဖြေကြားချက် 1 ခု
စပါးပင်တွေဝါနေလို့ရေသွင်းထားတာရေကိုဘယ်နှစ်ရက်လောက်ထားပြီးမှထုတ်သင့်လဲသိချင်ပါတယ်
Kyaw Gyi • ဖြေကြားချက် 1 ခု
စပါးခင်းရေသွင်းရေထုတ်နည်းနားမလည်လို့သေချာရှင်းပြစေချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026