ရေစိုတလှည့် ခြောက်တစ်ခါရေထိန်းစနစ် (Alternate Wetting and Drying, AWD)
ရေစိုတလှည့်ခြောက်တစ်ခါ ရေထိန်းစနစ်(AWD)သည် စပါးအထွက်နှုန်းကို မထိခိုက်စေဘဲ ရေလိုအပ်မှုအနည်းဆုံးဖြင့် စိုက်ပျိုးရေကို အကျိုးရှိရှိ ချွေတာသုံးစွဲသော နည်းစနစ်တစ်ခု ဖြစ်ပါသည်။
စပါးစိုက်ခင်း၌ ရေပေးသွင်းရာတွင် စိုက်ခင်းရေလျော့နည်းတိုင်း ရေပေးသွင်းရမည့်အစား၊ ရေတိုင်းကိရိယာ (Field Water Tube)ကို မြေတွင်မြုပ်သွင်း၍ မြေမျက်နှာပြင်အောက် ၁၀လက်မအနက် ရေမရှိမှ ရေတစ်ဖန်ပြန်လည်သွင်းပေးခြင်းဖြစ်သည့် အလိုအပ်ဆုံးအချိန်ရောက်မှသာ ရေပေးသွင်းသောစနစ် ဖြစ်ပါသည်။
(၁) အရှည် ၁၅လက်မ၊ အဝကျယ်၆လက်မ (သို့မဟုတ်) ၈လက်မရှိသည့် PVC ပလက်စတစ်ပိုက် (သို့မဟုတ်) ဝါးလုံးကို အသုံးပြုနိုင်ပါသည်။
(၂) အဆိုပါပိုက်လုံး(သို့မဟုတ်) ဝါးလုံးကို မြေတွင်း၌ ရေစိမ့်ဝင်နိုင်ရန် အပေါက်များကို ၁ လက်မခြား ဖောက်ထားရပါမည်။

(၃) စပါးစိုက်ခင်း တမန်းမြေတွင် မြေမျက်နှာပြင်အောက် ၁၀လက်မခန့်မြုပ်၍ မြေပေါ်တွင် ၅ လက်မခန့် ဖော်ထားပေးရပါမည်။

(၄) မြေမျက်နှာပြင်ပေါ်တွင် ရေမရှိသော်လည်း ရေသွင်းရန်မလိုအပ်သေးဘဲ၊ ပိုက်လုံးအတွင်းသို့ငုံကြည့်လျှင် ရေမရှိသော အခြေအနေသို့ရောက်မှသာ ရေသွင်းပေးရမည် ဖြစ်ပါသည်။
ရေစိုတလှည့် ခြောက်တစ်ခါရေထိန်းစနစ်၏ အကျိုးကျေးဇူး
၁။ တောင်သူသမရိုးကျ ရေသွင်းနည်းကဲ့သို့ စိုက်ခင်း၌ ရေလျော့နည်းတိုင်း ရေသွင်းစရာမလိုခြင်းကြောင့် လုပ်အားခချွေတာနိုင်ပြီး၊ ကုန်ကျစရိတ်လည်း သက်သာစေပါသည်။
၂။ ရေ တစ်ကြမ်နှင့်တစ်ကြိမ်သွင်းရန် လိုအပ်သည့်ကာလသည် မြေအမျိုးအစားနှင့် ရာသီဥတုအပေါ်မူတည်၍ (၇-၈) ရက်ထားရှိနိုင်သဖြင့် ရေပေးသွင်းရမည့် အကြိမ်နှင့် စုစုပေါင်းသွင်းရေပမာဏကို လျော့နည်းစေပါသည်။
၃။ စပါးအထွက်နှုန်းကို မထိခိုက်သည့်အပြင် တောင်သူသမရိုးကျ ရေထိန်းစနစ်ထက် စိုက်ပျိုးရေကို (၂၀-၂၅) ရာခိုင်နှုန်းခန့် ချွေတာနိုင်ပါသည်။
၄။ စိုက်ခင်းအတွင်း ရေလိုအပ်မှ ရေသွင်းရသဖြင့် ဆည်ရေကို အားကိုးရသောဒေသများအတွက် လက်ရှိလှောင်ရေပမာဏနှင့် စိုက်ဧကတိုးချဲ့ စိုက်ပျိုးနိုင်မည် ဖြစ်ပါသည်။
၅။ ရေ အမြဲမလွှမ်းထားခြင်းကြောင့် စိုက်တန်းကြား လေဝင်လေထွက်ကောင်းစေပြီး စပါးပင်အတွက် လိုအပ်သော အာဟာရဓာတ်ရရှိနိုင်မှုကို တိုးပွားစေပြီး အမြစ်ဖွဲ့စည်းမှု အားကောင်းလာသဖြင့် အပင်ယိုင်လဲမှုကိုလည်း ကာကွယ်စေပါသည်။
၆။ စိုက်ခင်းမြေကို အလှည့်ကျ အခြောက်ခံထားခြင်းဖြင့် မလိုလားအပ်သော ပင်ပွားများထွက်ရှိမှုကို ဟန့်တားနိုင်သဖြင့် စိုက်ခင်းရှိ အနှံပါပင်ပွားများ အားကောင်းစေပြီး စပါးအထွက် ပိုမိုမြင့်မားစေပါသည်။
၇။ စိုက်ပျိုးရေးကို ချွေတာနိုင်သည့်အပြင် ဖန်လုံအိမ်ဓါတ်ငွေ့ (Green House Gas) ထွက်ရှိမှုကိုလည်း လျော့ချနိုင်မည် ဖြစ်ပါသည်။
လိုက်နာရမည့် အချက်များ
(၁) စိုက်ကွက်မြေမျက်နှာပြင် ညီညာရပါမည်။
(၂) ကန်သင်းကောင်း၍ ကန်သင်းလုံရပါမည်။
(၃) သမန်းကောင်းရပါမည်။
(၄) ပေါင်းမြက်များ အချိန်အခါမီ ကာကွယ်နှိမ်နင်းရပါမည်။
(၅) ရေသွင်းရေထုတ်မြောင်းများ ကောင်းမွန်ရပါမည်။
(၆) ပန်းမပွင့်ခင်အချိန်နှင့် ပန်ပွင့်ပြီး (၁)ပတ်အကြာထိ ရေအနက်(၂)လက်မခန့် ထိန်းထားပေးရပါမည်။
Source - တောင်သူအတွက်မှာနည်းပညာ (DAR) စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
စပါးခင်းရေပေးစနစ်
Topic 2
စပါးပင်ရေလိုအပ်ချက်
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
မှိုရောဂါကြတာလားဘာဆေးဖြန်းပေးရမလဲဓါတ်မြေသြဇာကိုဘယ်အမျိုးအစားသုံးသင့်လဲ
Kyaw Thet • ဖြေကြားချက် 1 ခု
ဒူးရင်းသီး
Soe Kyaw Thu • ဖြေကြားချက် 2 ခု
နာနတ်ပင်ပင်စည်ပုတ် အမြစ်ပုတ်နေလို့ဘာဆေးဖြန်းရမလဲခင်ဗျာ
ထူးကိုကို • ဖြေကြားချက် 1 ခု
စပါးပင်တွေဝါနေလို့ရေသွင်းထားတာရေကိုဘယ်နှစ်ရက်လောက်ထားပြီးမှထုတ်သင့်လဲသိချင်ပါတယ်
Kyaw Gyi • ဖြေကြားချက် 1 ခု
စပါးခင်းရေသွင်းရေထုတ်နည်းနားမလည်လို့သေချာရှင်းပြစေချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026