ကုန်ကျစရိတ်မများလှသော အစက်ချရေပေးစနစ်
အပူပိုင်း မိုးနည်းရပ်ဝန်းဒေသများတွင် မိုးခေါင်မှုကြောင့် စိုက်ပျိုးသော သီးနှံပင်များ ရေမရရှိဘဲ ပျက်စီး ဆုံးရှုံးကြရသည်။ သီးနှံပင်များ ဖြစ်ထွန်းအောင်မြင်ရန် ရေရရှိမှုသည် မရှိမဖြစ် လိုအပ်ပါသည်။
အထူးသဖြင့် ဥယျာဉ်ခြံ သီးနှံပင်များ၏ ရေလိုအပ်ချက်အား ဖြည့်ဆည်းပေးရန် ရေပေးသွင်းမှု ပုံစံများသည် စိုက်ပျိုးသူများအတွက် အရေးပါလှသည်။ အသုံးများသော ရေပေး စနစ် ပုံစံများမှာ မြောင်းဖော်၍ ရေပေးသွင်းခြင်း (Furrow irrigation)၊ ရေဖျန်း ကိရိယာ အသုံးပြု၍ ရေပေးခြင်း (Sprinkler irrigation)၊ ရေထမ်း ပုံးဖြင့်လောင်း၍ ရေပေးခြင်းနှင့် အစက်ချရေပေးခြင်း (Drip irrigation) တို့ဖြစ်သည်။
အစက်ချရေပေးစနစ်သည် ရေသုံးစွဲမှု အနေဖြင့် ထိရောက်မှု အရှိဆုံး ဖြစ်သည်။ အပင်၏ အမြစ်ဇုံ ပတ်ဝန်းကျင် အနီးအနားအား ထိန်းညှိပြီး ရေပေးနိုင်စွမ်း ရှိသည်။ အခြားရေပေးနည်း စနစ်များထက် ရေအသုံးပြုမှု နည်းနည်းဖြင့် သီးနှံပင်များကို အကျိုးရှိရှိ စိုက်ပျိုးနိုင်သည်။ အစက်ချရေပေး စနစ်တွင် ရေသည် ရေစစ် (Filters) များ မှတစ်ဆင့် အစက်ချပိုက်လိုင်းများ (Drip pipe) အတွင်းသို့ စီးဆင်းသွားခြင်း ဖြစ်သည်။ ၎င်း Drip ပိုက်များတွင် ရေအစက်ကျခေါင်းများ (Emitters) ကို အကွာအဝေး အမျိုးမျိုးဖြင့် ထားနိုင်သည်။
ယခုဖော်ပြပါ အစက်ချရေပေး နည်းစနစ် (၂) ခုသည် လယ်သမားငယ်များ အတွက် ကုန်ကျစရိတ် နည်းနည်းဖြင့် ဆောင်ရွက်နိုင်သော နည်းလမ်းများ ဖြစ်ပါသည်။ အထူးသဖြင့် မိုးရေရရှိမှု မသေချာသောနေရာများနှင့် ရေသုံးစွဲမှု အကန့်အသတ်ရှိသော ဟင်းသီးဟင်းရွက် စိုက်ခင်းများတွင် အသုံးပြုရန် သင့်တော်ပါသည်။
ကောင်းကျိုးများ
ကုန်ကျစရိတ် နည်းနည်း (၁၀ဝဝဝ-၂၀ဝဝဝ ကျပ်) ဖြင့် လယ်သမားငယ်များ ဆောင်ရွက်နိုင်သည်။ ဈေးကွက်ဝင် သီးနှံများအတွက် ပထမ တစ်ရာသီ အတွင်းမှာပင် ယင်းကုန်ကျစရိတ်များ ပြန်လည် ကာမီနိုင်သည်။
အခြားရေပေးစနစ်များနှင့် စာလျှင် အစက်ချရေပေးစနစ်သည် ရေပမာဏ အနည်းငယ်သာ လိုအပ်သည်။ အပင် ၁၀ဝ-၂၀ဝ အတွက် တစ်နေ့လျှင် ရေ ၄၀-၈၀ လီတာခန့်သာ လိုအပ်သည်။
ပေါင်းပေါက်ရောက်မှုကို သက်သာစေနိုင်သည်။
အာဟာရဓာတ်များ မြေအောက်စိမ့်ဝင် ပျောက်ကွယ်သွားခြင်းမှ လျော့ပါး သက်သာနိုင်သည်။
ရေနှင့်အတူ ဓာတ်မြေဩဇာများကို တပါတည်း ကျွေးနိုင်သည်။
ဆိုးပြစ်များ
ပစ္စည်းများကို ကျယ်ကျယ် ပြန့်ပြန့် မရနိုင်သေးပေ။
အသုံးပြုမည် ရေသည် မကောင်း/မသန့်လျှင် ရေအစက်ချခေါင်းများ ပိတ်ဆို့နိုင်သည်။
အတွေ့ကြုံနှင့် လေ့ကျင့် သင်ကြားထားမှု လိုအပ်နိုင်သည်။
ဆောင်ရွက်ရန်လိုအပ်သော ပစ္စည်းများ
ရေစစ်ခေါင်း (Filters)၊ Drip ပိုက်များ၊ ပလပ်စတစ်ပိုက်ခေါင်း အဆက်များနှင့် ရေအစက် ကျခေါင်းများ။
ရေလှောင်ကန် (ဥပမာ - ၂၀ လီတာဆန့် ရေပုံး၊ ၁၀ဝ လီတာဆန့် ရေစည်/ရေကန်)။
စင်ဆောက်လုပ်ရန် လိုအပ်သော ပစ္စည်များ။
ရေပုံးအသုံးပြု၍ အစက်ချရေပေးစနစ်(Bucket system)
ဤစနစ်တွင် ၁၅-၃၀ မီတာအရှည် Drip ပိုက်လိုင်း (၂) ခု နှင့် ရေ ၂၀ လီတာဆန့် ရေပုံး (၁) ပုံး ပါရမည်။ ရေပိုက်လိုင်း (၂) ခုစလုံးကို အမှိုက် သရိုက်များကြောင့် ရေ အစက်ကျခေါင်းများ မပိတ်စို့စေရန် ရေစစ် (Filters) များ တပ်ပေးထားရမည်။ ရေပုံးကို ပုံ (၁) တွင် ပြထားသကဲ့သို့ သီးနှံ စိုက်ခင်း၏ အထက် အနည်းဆုံး ၁ မီတာခန့် အမြင့်မှ ချိတ်ဆွဲထားပေးရမည်။
ဤစနစ်အား အသုံးပြုမည်ဆိုလျှင် တန်းကြား ၃၀ စင်တီမီတာ အကွာအဝေးဖြင့် စိုက်ထားသော အပင် ၁၀ဝ-၂၀ဝ အား သီးနှံပင် အမျိုးအစား၊ မြေ အမျိုးအစားနှင့် ရာသီဥတုတို့ ပေါ်မူတည်ပြီး တစ်နေ့ ရေ ၂-၄ ပုံးသာ အသုံးပြုရန် လိုအပ်မည် ဖြစ်သည်။
ရေစည်/ရေကန် အသုံးပြု၍ အစက်ချရေပေးစနစ်(Drum system)
ဤစနစ်သည် ရေပုံး အများအပြား အသုံးပြုရသော စနစ်ကို တစ်ခုတည်းဖြစ်အောင် ပြုပြင် မွမ်းမံထားခြင်း ဖြစ်သည်။ ရေ ၂၀ လီတာဆန့် ရေပုံး အစား ရေ ၁၀ဝ-၂၀ဝ လီတာဆန့် ရေစည်/ရေကန်အား အသုံးပြုထားခြင်း ဖြစ်သည်။ ၁၅-၃၀ မီတာ အရှည်ရှိ Drip ပိုက်လိုင်းများအား ပုံ (၂) တွင် ပြထားသကဲ့သို့ အဖွင့် အပိတ် ပါသော ပိုက်လိုင်းမကြီးနှင့် ဆက်ထားခြင်းဖြစ်သည်။ ၎င်းပိုက်လိုင်းမကြီးကို အချင်း ၂.၅ စင်တီမီတာရှိ PVC ပိုက်/စတီး ပိုက်များဖြင့် ပြုလုပ်နိုင်သည်။ ပိုက်လိုင်းမကြီးနှင့် ရေစည်/ရေကန်အား သီးနှံ စိုက်ခင်း အထက် ၁ မီတာခန့် အမြင့်တွင် ထားရမည်။
ဤစနစ်အား အသုံးပြုမည်ဆိုလျှင် တန်းကြား ၃၀ စင်တီမီတာ အကွာအဝေးဖြင့် စိုက်ထားသော အပင် ၅၀ဝ- ၁၀ဝဝအား သီးနှံပင် အမျိုးအစား၊ မြေ အမျိုးအစားနှင့် ရာသီဥတုတို့ပေါ် မူတည်ပြီး တစ်နေ့ ရေ ၁၀ဝ-၂၀ဝ လီတာခန့်သာ အသုံးပြုရန် လိုအပ်မည် ဖြစ်သည်။ ။
ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)
16-8-2009 (9: 45 PM)
(မှတ်ချက်။ ။ Sustainable Agriculture Extension Manual ပါ “Smallholder drip irrigation” အကြောင်းအား သင့်တော်သလို ဘာသာပြန် ရေးသားထားခြင်းဖြစ်ပါသည်။)
မောင်အောင်မျိုးမင်းသိန်း
လွန်ခဲ့သော ၃ နှစ် ကအဲ့ ဒီပစ္စည်းတွေ ဘယ်မှာဝယ်လို့ရနိူင်မလဲ ၁ဧကို ဘယ်လောက်ကြနိူင်မလဲ သိပါရစေ
ဆက်စပ်မေးခွန်းများ
မှိုရောဂါကြတာလားဘာဆေးဖြန်းပေးရမလဲဓါတ်မြေသြဇာကိုဘယ်အမျိုးအစားသုံးသင့်လဲ
Kyaw Thet • ဖြေကြားချက် 1 ခု
ဒူးရင်းသီး
Soe Kyaw Thu • ဖြေကြားချက် 2 ခု
နာနတ်ပင်ပင်စည်ပုတ် အမြစ်ပုတ်နေလို့ဘာဆေးဖြန်းရမလဲခင်ဗျာ
ထူးကိုကို • ဖြေကြားချက် 1 ခု
စပါးပင်တွေဝါနေလို့ရေသွင်းထားတာရေကိုဘယ်နှစ်ရက်လောက်ထားပြီးမှထုတ်သင့်လဲသိချင်ပါတယ်
Kyaw Gyi • ဖြေကြားချက် 1 ခု
စပါးခင်းရေသွင်းရေထုတ်နည်းနားမလည်လို့သေချာရှင်းပြစေချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from HanPhyoAung
အားလုံး