စိုက်ပျိုးရေကိုချွေတာမှာ အစက်ချနှင့်ရေဖျန်းစနစ်ပါ
မြန်မာပြည်အလယ်ပိုင်း အပူပိုင်းဇုန်ဒေသတွင် အဓိကယာသီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစဉ်းငုံစသည့် သီးနှံများနှင့် ဟင်းသီးဟင်းရွက်သီးနှံအချို့ကို စိုက်ပျိုးလေ့ရှိရာ မြေတွင်းအစိုဓါတ်ကို ဖမ်းမိစေရန် အချိန်အခါမီ စိုက်ပျိုးရန်လိုအပ်ပါသည်။ သို့သော် သီးနှံစိုက်ချိန် အပူချိန်မြင့်မားခြင်း၊ လေတိုက်နှုန်းမြင့်မားခြင်းတို့ကြောင့် မြေတွင်းအစိုဓါတ်ဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါသည်။ ၎င်းအချိန်တွင် သီးနှံပင်အတွက် မြေအစိုဓါတ်လုံလောက်စေရန် ဖြည့်စွက်ရေပေးသွင်းခြင်းကို ဆောင်ရွက်ရန်လိုအပ်ပါသည်။
ဖြည့်စွက်ရေအတွက် မိုးရေထိန်းသိမ်းသိုလှောင်ကန်များမှလည်းကောင်း၊ မြစ်ရေတင်များမှလည်းကောင်း၊ ရေသွင်းရာတွင်ဆုံးရှုံးမှုများသော ထယ်ကြောင်းအတိုင်းရေပေးသွင်းမည့်အစား သွင်းရေချွေတာနိုင်သော ရေမွှားဖျန်းစနစ်၊ အစက်ချရေသွင်းစနစ်များကို အသုံးပြုသင့်ပါသည်။ သို့ဖြစ်ပါ၍ စိုက်ပျိုးရေကို စနစ်တကျသွင်းနိုင်ပြီး ရေတင်စရိတ်ခြွေတာနိုင်သော ရေမွှားဖျန်းစနစ်သုံးခြင်းဖြင့် မြေပဲသီးနှံစိုက်ပျိုးထုတ်လုပ်မှုတွင် အကျိုးသက်ရောက်မှုရှိကြောင်း လေ့လာတွေ့ရှိထားပါသည်။ မြေပဲသီးနှံစိုက်ပျိုးထုတ်လုပ်မှုတွင် ရေမွှားဖျန်းရေပေးစနစ်ဖြင့် မြေတွင်းအစိုဓါတ် မလုံလောက်မှုကြောင့် ဖြည့်စွက်ပေးရမည်ဆိုလျှင် စိုက်ပျိူးရေကို (၅၀) ရာခိုင်နှုန်းခန့် ချွေတာနိုင်ပြီး ပင်ထောင်ခရမ်းချဉ်မျိုး (2777F) တွင် အစက်ချရေသွင်းခြင်းဖြင့် စိုက်ပျိုးရေကို (၅၀-၇၀) ရာခိုင်နှုန်းခန့်ချွေတာနိုင်ကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။
Source - တောင်သူအတွက်မှာ နည်းပညာ (DAR) စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။
ကိုထွေးကို
လွန်ခဲ့သော ၃ နှစ် ကခရမ်းကိုဘယ်လိုစက်ချမဘည်းဗျ
နေဖြိုးသျှံ
လွန်ခဲ့သော ၅ နှစ် ကငရုတ်ကဘယ်လိုရေဖျန်းမလဲ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
မှိုရောဂါကြတာလားဘာဆေးဖြန်းပေးရမလဲဓါတ်မြေသြဇာကိုဘယ်အမျိုးအစားသုံးသင့်လဲ
Kyaw Thet • ဖြေကြားချက် 1 ခု
ဒူးရင်းသီး
Soe Kyaw Thu • ဖြေကြားချက် 2 ခု
နာနတ်ပင်ပင်စည်ပုတ် အမြစ်ပုတ်နေလို့ဘာဆေးဖြန်းရမလဲခင်ဗျာ
ထူးကိုကို • ဖြေကြားချက် 1 ခု
စပါးပင်တွေဝါနေလို့ရေသွင်းထားတာရေကိုဘယ်နှစ်ရက်လောက်ထားပြီးမှထုတ်သင့်လဲသိချင်ပါတယ်
Kyaw Gyi • ဖြေကြားချက် 1 ခု
စပါးခင်းရေသွင်းရေထုတ်နည်းနားမလည်လို့သေချာရှင်းပြစေချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....