အိမ်ထဲကအလှစိုက်ပင် ရေဘယ်လိုလောင်းမလဲ ဘယ်လောက်ထိ လောင်းမလဲ
ကဲ.....အပင်တွေ စိုက်ထားတယ်။ ရေကို ဘယ်လိုလောင်းရမလဲ ဗွမ်းကနဲပေါ့။ အဲ့လို မဟုတ်ပါဘူးနော်။ ရှည်ရှည်ဝေးဝေးတွေမပြောတော့ပါဘူး ဆက်ပြီးတော့သာ ကြည့်လိုက်ကြရအောင် ။
ရုံးမှာ အဲယားကွန်းနဲ့မို့လို့ ပြတင်းပေါက်တွေ မဖွင့်ရဘူးဆိုတော့ လေတွေသန့်အောင်လို့ဆိုပြီး ရုံးစားပွဲပေါ်မှာ အပင်လေးတွေ တင်ထားတတ်တဲ့ အစ်ကိုတွေ အစ်မလေးတွေအတွက်.....
ရေကိုအများကြီးလောင်းမိတဲ့အခါ….. အလှစိုက် အိမ်တွင်းအပင်လေးတွေ သေစေနိုင်ပါတယ်နော်။ ရေတွေအများကြီးလောင်းလိုက်တော့ အမြစ်လေးတွေက ရေထဲစိမ်နေရပြီးတော့ အောက်စီဂျင်ပြတ်သွားနိုင်ပါတယ်။ အမြစ်ကနေ စပြီးတော့ပုပ်လာမယ်။ ပြီးတော့ အပင်လေးလည်း သေသွားမယ်။
တကယ်တမ်း ရေဘယ်လောက်လောင်းရမလဲ မေးလာခဲ့ရင် ဖြေဖို့တော့ မလွယ်လှပါဘူး။ ဘာလို့လဲဆိုတော့ တစ်ပင်နဲ့တစ်ပင် မတူကြတာရယ်။ အိုးအရွယ်အစားမတူကြတာရယ်နဲ့ ထည့်ထားတာ မြေကြီးလား တစ်ခြားပစ္စည်းလားဆိုတာရယ်က တော်တော်စကားပြောသွားတာကြောင့်ပါပဲ။
ကိုယ့်အပင်လေးက အရွက်ကြီးကြီး ဒါမှမဟုတ် အရွက်ပါးပါးလေးတွေ ပါတယ်ဆိုရင်တော့ ရေက ပိုပြိးတော့ လိုအပ်ပါလိမ့်မယ်။ အရွက်ထူထူနဲ ရှားစောင်းလက်ပတ်လို အပင်မျိုးလေးတွေ ဆိုရင်တော့ ရေကို ထိန်းထားနိုင်အားက ပိုကောင်းတာကြောင့် လိုတော့လိုမယ်။ အများကြီးတော့ မလိုပါဘူး။
ပန်းလေးတွေပွင့်နေပြီ အပင်လေးက အရမ်းကြီးမြန်နေတဲ့အချိန်တွေက ရေအများဆုံးလိုအပ်တဲ့ကာလတွေဖြစ်ပါတယ်။ ရေလိုတာကို ဘယ်လိုသိနိုင်မလဲဆိုတော့ အပင်လေးရဲ့ အိုးထဲက မြေကြီးထဲ လက်နှိုက်ကြည့်လိုက်ပါ တစ်လက်မလောက်အကွာမှာ ခြောက်နေတုန်းဆိုရင်တော့ ရေလောင်းပေးဖို့ လိုအပ်ပါလိမ့်မယ်။
နောက်တစ်နည်းကတော့ အိုးကိုခေါက်ကြည့်ပါ။ ကျစ်တဲ့အသံထွက်နေရင် အောက်ဖက်မှာ အစိုဓာတ်လေးရှိနေတာဖြစ်ပြီးတော့ စိတ်ချရပါတယ်။ လှိုင်သံထွက်နေတယ်ဆိုရင်တော့ ရေလောင်းပေးဖို့ အချိန်ရောက်နေတာပါ။
ရေလောင်းဖို့အချိန်ကို သိပြီဆိုတော့ ရေဘယ်လောက်လောင်းမလဲ?
အောက်မှာခံထားတဲ့ ပန်းကန်လေးမှာ ရေတွေ စိမ့်ထွက်လာပြီဆိုတာက အိုးအောက်ဖက်က အမြစ်လေးတွေ ရေရသွားပြီဆိုတာကိုသေချာစေပါတယ်။ ဒါပေမဲ့ အဲ့ရေတွေကိုမထားရပါဘူး။ ပြန်သွန်ပစ်ပေးရပါမယ်နော်။ အကောင်းဆုံးကတော့ ရေက ၁၇ ကနေ ၂၂ ဒီဂရီ ဆဲလ်စီးယပ် ရှိနေရင်ကောင်းပါတယ်။ ရေပူရေအေးစက်က ရေခဲရေနဲ့ မလောင်းပါနဲနော်။
ရေမလောင်းခင် ပြောထားတဲ့နည်းလမ်းလေးတွေနဲ့ မြေကြီးကိုစစ်ကြည့်တာ အကောင်းဆုံးပါပဲ။ အပင်ညိုးနေတယ်ဆိုတိုင်း ရေလိုနေတယ်လို့ သတ်မှတ်လို့မရတာကြောင့်ပါ။ ကဲ အဲ့ဒါဆို မြေကိုစမ်းမယ် ရေကိုလောင်းမယ်ပေါ့။ ရုံးစားပွဲပေါ်က အပင်လေး ပိုပြိးလှနိုင် ကျန်းမာနိုင်ပါစေ……။
ထွန်းဝင်းကျော်
Ref: https://www.gardeningknowhow.com/houseplants/hpgen/how-to-water-a-plant.htm
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
မှိုရောဂါကြတာလားဘာဆေးဖြန်းပေးရမလဲဓါတ်မြေသြဇာကိုဘယ်အမျိုးအစားသုံးသင့်လဲ
Kyaw Thet • ဖြေကြားချက် 1 ခု
ဒူးရင်းသီး
Soe Kyaw Thu • ဖြေကြားချက် 2 ခု
နာနတ်ပင်ပင်စည်ပုတ် အမြစ်ပုတ်နေလို့ဘာဆေးဖြန်းရမလဲခင်ဗျာ
ထူးကိုကို • ဖြေကြားချက် 1 ခု
စပါးပင်တွေဝါနေလို့ရေသွင်းထားတာရေကိုဘယ်နှစ်ရက်လောက်ထားပြီးမှထုတ်သင့်လဲသိချင်ပါတယ်
Kyaw Gyi • ဖြေကြားချက် 1 ခု
စပါးခင်းရေသွင်းရေထုတ်နည်းနားမလည်လို့သေချာရှင်းပြစေချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....