Plastic bottle (ရေဘူး) အသုံးပြု ရေအစက်ချစနစ် ပြုလုပ်ခြင်း အပိုင်း (၂)
ရေကို လျှင်မြန်စွာ အစက်ချရေပေးစနစ် ပြုလုပ်ခြင်း(Making a Quick Release irrigation)
အဆင့် ၁။ ရေဘူးတစ်လုံးကို ယူပါ။ (၂) လီတာဝင်ရေဘူးဆိုရင် ပိုကောင်းပါသည်။ ဒါပေမဲ့ အပင်ငယ်အတွက် ရေဘူးအငယ်ကို အသုံးပြုနိုင်ပါသည်။ ရေဘူးကို ရေသန့်စင်အောင်ဆေးပါ။ တံဆိပ်များကိုဖြုတ်ပါ။
အဆင့် ၂။ ဘူး၏အခြေမှ (၃)ပုံ(၂)ပုံအမြင့်ထိ အပေါက်လေးများပြုလုပ်ပါ။ မိမိစိတ်ကြိုက် အပေါက်လေးများ ပြုလုပ်နိုင်ပြီး အပေါက်များလျှင် ရေ မြန်မြန် ဆင်းပါမည်။ တကယ်လို့ အပင်(၁)ပင်တည်းကိုသာ ရည်ရွယ်ပြီးရေပေးမည်ဆိုပါက တစ်ဖက်တည်းသာအပေါက်များပြုလုပ်ပါ။
- သံ(သို့)လှည့်ဖောက်တံအသုံးပြုပြီး အပေါက်များပြုလုပ်ပါ။
- အပေါက်မဖောက်ခင် သံ(သို့)လှည့်ဖောက်တံများကို အပူပေးထားပါ။
အဆင့် ၃။ ဘူးရဲ့အခြေမှာ စုဆောင်းထားတဲ့ရေတွေကို အပင်ကြီးထွား အစိတ်အပိုင်းကို ဖြန့်ပေးတာဖြစ်တဲ့အတွက် အရေးကြီး ပါတယ်။ ဘူးရဲ့ အခြေမှာအရစ်လိုက် အဆစ်များရှိနေရင် အဲဒီအဆစ်များတွင် အပေါက်များပြုလုပ်ပါ။
- ဘူးများ၏အခြေများတွင် အများအားဖြင့်ပိုထူသော ပလပ်စတစ်များဖြင့် ပြုလုပ်ကြသဖြင့် ပူနေတဲ့ drill (သို့) သံများအသုံးပြု၍ ဘူးကိုအပေါက်ဖောက် ရမည်။
အဆင့် ၄။ အပေါက်ပြုလုပ်ပြီးသည့်ဘူး၏(၃)ပုံ(၂)ပုံ ထည့်မြှုပ်နိုင်သည့်အထိ ကျင်းများကို တူးပါ။ ကျင်းနံရံများ ဘူးခြေအလိုက် ကွေးသွားမည်ဖြစ်ပါသည်။
အဆင့် ၅။ မြေကြီးထဲသို့ဘူးကိုမြှုပ်သောအခါ ဘူးရဲ့ တစ်ဖက်တည်းသာ အပေါက်ပြုလုပ်မည် ဆိုပါက အပေါက်ရှိသော ဘူးမျက်နှာပြင်ကို အပင်ဘက်သို့ လှည့်ရမည်။ ပြီးတော့ ဘူးပတ်ပတ်လည်ကို မြေကြီးနှင့် ဖြည်းဖြည်းသိပ်ဖိပေးရမည်။
အဆင့် ၆။ ဘူးအဖုံးကိုဖွင့်ပြီး ကန်တော့(သို့) ဘူးအဖုံးအဝထဲသို့ ထည့်လို့ရတဲ့ အရွယ်အစား ရှိသောပိုက်ဖြင့် ဘူးထဲသို့ရေဖြည့်ပါ။ အပေါက်မှရေကျသည်ကိုကြည့်၍ ရေ လုံးဝမထွက်လျှင် ဘူးထိပ်ပိုင်းကို ဖြတ်လိုက်ပါ။
- တကယ်လို့ ရေထွက်တာမြန်နေရင် ဘူးအဖုံးကို ဖုံးပြီး ဖြည်းဖြည်း ချင်းလှည့်ပိတ်ပါ။ရေထွက်တာနှေးစေချင်လျှင် အဖုံးကို တင်းကျပ်စွာ ပိတ်ပါ။
- ဘူးရဲ့ထိပ်ပိုင်းကိုဖြတ်ပြီး ဖြတ်ထားတဲ့ဘူးရဲ့အပေါ်မှာ မှောက်၍ပြန် ထည့်ခြင်းဖြင့် ဖြတ်ထားသောအပိုင်းကို ကန်တော့အဖြစ်ပြန်လည်အသုံး ပြုနိုင်ပါသည်။
ဆက်စပ်မေးခွန်းများ
မှိုရောဂါကြတာလားဘာဆေးဖြန်းပေးရမလဲဓါတ်မြေသြဇာကိုဘယ်အမျိုးအစားသုံးသင့်လဲ
Kyaw Thet • ဖြေကြားချက် 1 ခု
ဒူးရင်းသီး
Soe Kyaw Thu • ဖြေကြားချက် 2 ခု
နာနတ်ပင်ပင်စည်ပုတ် အမြစ်ပုတ်နေလို့ဘာဆေးဖြန်းရမလဲခင်ဗျာ
ထူးကိုကို • ဖြေကြားချက် 1 ခု
စပါးပင်တွေဝါနေလို့ရေသွင်းထားတာရေကိုဘယ်နှစ်ရက်လောက်ထားပြီးမှထုတ်သင့်လဲသိချင်ပါတယ်
Kyaw Gyi • ဖြေကြားချက် 1 ခု
စပါးခင်းရေသွင်းရေထုတ်နည်းနားမလည်လို့သေချာရှင်းပြစေချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ayethandasoe
အားလုံး
ဒူးရင်းသီးတွင်ကျရောက်သော အသီးပုပ်ခြင်းရောဂါ (Durian Fruit disease )
23/10/2020
ဒူးရင်းအရွက် ငှက်မျက်စိကွက်ရောဂါ
20/05/2020
ဒူးရင်းအရွက်သံချေးရောဂါ ( Durian Leaf Green Alga Rust )
14/05/2020
ဒူးရင်းရွက်အစက်အပြောက်ရောဂါ ( Durian Leaf spot )
05/05/2020
ပန်းထိမ်ငိုပန်း(Globba winitii - Dancing girl ginger) စိုက်ပျိုးနည်း
20/04/2020