စိုက်ပျိုးရေချွေတာရေး နည်းလမ်း (၁၀)မျိုး
ခုတော့ စိုက်ပျိုးရေးလောကကြီးမှာ ရေအရင်းအမြစ်ကလည်း ရှားပါလာပြီဆိုတော့ နွေကို ရေသွင်းစိုက်မယ်လို့ တွေးထားမိရင်တော့ မလုံလောက်တဲ့ပြဿနာတွေကို လျော့ချနိုင်ဖို့အတွက်ဆို ရေကိုချွေတာမှပဲရတော့မှာ ဖြစ်ပါတယ်။ မြေ အောက်ရေကို စက်နဲ့တင်ပြီး သုံးတာကျတော့လည်း အဆင်မပြေလောက်တဲ့အခြေအနေ ဖြစ်လာတာကြောင့် အကြာကြီး စိုက်ပျိုးထုတ်လုပ်ဖို့ဆိုရင်တော့ ချွေတာစုဆောင်း သူဌေးလောင်းက ပိုပြီးတော့ အလုပ်ဖြစ်မှာပါ။ အဲ့တော့ စပြီး ချွေတာရအောင်
နည်းလမ်း(၁) အစက်ချရေသွင်းစနစ်
အစက်ချရေသွင်းနည်းစနစ်ဆိုတာကတော့ အပင်အမြစ်နားကို ရေတိုက်ရိုက်သွင်းပေးတဲ့ စနစ်ဖြစ်ပါတယ်။ အဲ့လိုလုပ်ပေးတာကြောင့် မြေကြီးထဲမှာ စိမ့်ဝင်ပျောက်ကွယ်သွားမဲ့ရေနဲ့ နေအပူချိန်ကြောင့် အငွေ့ပျံဆုံးရှုံးသွားမဲ့ရေတွေ မရှိတော့ဘူးပေါ့။ အဲ့ကနေမှ တစ်ဆင့်တက်ပြီးတော့ အေးတဲ့နေ့တွေဆိုရင် ရေနည်းနည်းပဲလောင်းမယ်။ ပူတဲ့နေကျ နည်းနည်းများများလောင်းပေးမယ်ဆိုပြီးတော့ စီမံချက်လေးနဲ့ လောင်းပေးတာဆိုတော့ ရေကိုချွေတာပြီးသားဖြစ်တာပေါ့။ အဲ့စနစ်ကြောင့် သာမာန်သုံးနေတဲ့ရေလောက် မကုန်တော့ပဲ (၈၀) ရာခိုင်နှုန်းတောင် သက်သာသွားစေပါတယ်။
နည်းလမ်း (၂) ရေသိုလှောင်ကန်များ
ရေတွင်းကိုသုံးပြီးစိုက်တဲ့သူတွေ၊ ဆည်ရေစောင့်စိုက်တဲ့သူတွေ အတွက်ကတော့ ရေကို လှောင်ထားလေ့ရှိပြန်တယ်။ လယ်တစ်ကွက်လောက်မှာ ကန်လိုလုပ်ပြီး ရေတွေလှောင်ထားလိုက်တယ်။ အဲ့လိုလုပ် ထားပေးတာကြောင့်မို့ ဒေသအတွက်တောင် ကောင်းပါသေးတယ်။ ဒါကလည်း ရေချွေတာနည်း တစ်မျိုးပေါ့ကွယ်။
နည်းလမ်း(၃) အချိန်ကိုက်ရေသွင်းစနစ်
နောက်တစ်နည်းကတော့ ဘယ်အချိန်မှာ၊ ဘယ်လိုသွင်းရမလဲ.၊ ဘယ်လောက်သွင်းရမလဲ ဆိုတာကို တွက်ချက်ပြီးတော့မှ သွင်းတာမျိုးဖြစ်ပါတယ်။ အဲ့လိုလုပ်လိုက်လို့ ရေကိုလည်းသက်သာစေပြီး ထိရောက်တဲ့အကျိုးကို လက်တွေ့ခံစားနိုင်မှာဖြစ်ပါတယ်။ အဲ့လို အစီအစဉ်ဆွဲထားရုံသာမကပဲနဲ့ ရာသီဥတု ပတ်ဝန်းကျင်အခြေအနေတွေကိုလည်း ထည့်သွင်းစဉ်းစားပါတယ်။ ပြီးတော့မှ ကိုယ့်တွက်ချက်ထားတဲ့ ရေသွင်းတာကို ပြန်ချိန်ပြီးတော့ သွင်းပေးတာဆိုတော့ သာမာန် ရိုးရိုးသွင်းတာနဲ့ယှဉ်လိုက်ရင် သူက အများကြီးသက်သာသွားစေတာပေါ့။
နည်းလမ်း (၄) ရေငတ်ဒဏ်ခံနိုင်တဲ့ အပင်တွေစိုက်ပျိုးခြင်း
ရေကမရှိပါဘူးဆို ရေနည်းနည်းပြတ်တာနဲ့ သေမဲ့အပင်တွေစိုက်တော့ ဘယ်အဆင်ပြေပါ့မလဲနော်။ အဲ့တော့ အဆင် ပြေအောင် ရေငတ်ခံနိုင်တဲ့အပင်တွေ၊ ရေငတ်ခံနိုင်တဲ့မျိုးတွေကို ရွေးပြီးတော့ စိုက်တယ်။ ရေလိုအပ်ချက်နည်းတဲ့ အပင်တွေကို ရွေးစိုက်တယ်။ ဒါကလည်း ချွေတာနည်းတစ်မျိုးပဲ။
နည်းလမ်း (၅) အခြောက်စိုက်ပျိုးခြင်းနည်းလမ်း
ရေလုံးဝမလောင်းနိုင်ပါဘူးဆို မြေအစိုဓာတ်ကို ကြည့်တယ်။ ပတ်ဝန်းကျင်အခြေအနေကို ကြည့်ပြီးတော့ ရေမသွင်းပဲ စိုက်တာမျိုးကို ပြောချင်တာပါ။ ရေမပေးနိုင်တာကြောင့်မို့ အထွက်ကတော့ နည်းမယ်။ ဒါပေမဲ့ အရသာကတော့ တကယ့်ကိုကောင်းပါတယ်။ ကယ်လီဖိုးနီးယားမှာဆိုရင် ဝိုင်ထုတ်တဲ့ စပျစ်ပင်တွေ၊ သံလွင်ပင်၊ အာလူး၊ ပန်းသီး စတာတွေကို အဲ့လိုစိုက်ပျိုးအောင်မြင်နေကြပါတယ်။
နည်းလမ်း (၆) စားကျက်မြေ လှည့်ပြီးသုံးတယ်။
စားကျက်မြေထဲက မြက်ပင်တွေ အကုန်ပေးစားလိုက်ရင် အစိုဓာတ်ပျောက်ကုန်မှာစိုးလို့ဆိုပြီး စားကျက်မြေကို ပြောင်းရွေ့ပြီးတော့ အသုံးပြုကြတယ်။ အဲ့လိုလုပ်ပေးလိုက်ရင် အစိုဓာတ်လည်း မပျက်ဘူး။ စားကျက်ထဲကမြက်တွေလည်း အပင်နာလန်ပြန်ထတာ မြန်လာမယ်။ ရေစုပ်ယူထိန်းသိမ်းထားမှုတောင် ပိုမိုအားကောင်းသွားတယ်လို့ ဆိုပါတယ်။
နည်းလမ်း (၇) မြေဆွေးသုံးတာ၊ မြေဖုံးတာ
သဘာဝကရတဲ့ မြေဆွေးတွေကို မြေသြဇာအဖြစ်သုံးနိုင်ရင် မြေဆီသြဇာလည်းတိုးမယ်။ ရေထိန်းစွမ်း အားလည်း ပိုကောင်းမွန်လာမယ်။ ပြီးတော့ မြေဖုံးတဲ့နည်းလမ်းကိုသုံးရင် မြေက အစိုဓာတ်ကို ဖမ်းယူ ထားနိုင်မယ်။ အဲ့တော့ ခြောက်သွေ့တဲ့ နေရာတွေမှာ စိုက်မယ်ဆိုရင်တော့ သဘာဝမြေဆွေးတွေသုံးပြီး ကောက်ရိုးလို မြက်ခြောက်လို မြေဖုံးပစ္စည်းတွေသုံးပြီးတော့ မြေအစိုဓာတ်ကို ထိန်းသိမ်းထားနိုင် ပါတယ်။
နည်းလမ်း (၈) မြေဖုံး သီးနှံတွေ စိုက်တာ
အပင်ကြီးတွေလည်း စိုက်ထားတယ်ဆိုရင်တော့ ကြားထဲကမြေကို အလွတ်ကြီးမထားပါနဲ့တဲ့။ နေပူထဲ တိုက်ရိုက်တွေ့နေရင် ရေတွေခမ်းခြောက်နိုင်တယ်လေ။ ကြားထဲမှာ မြေဖုံးသီးနှံတွေ စိုက်ပျိုးထားရင် မြက်ပင်တွေလည်း မပေါက်တော့ဘူး၊ မြေတိုက်စားခံရတာကိုလည်း ကာကွယ်ပေးတယ်။ အဲ့လို စိုက်ထားတာနဲ့ ဒီတိုင်းထားတာနဲ့ ပြန်ယှဉ်လိုက်ရင် (၁၁ - ၁၄) ရာခိုင်နှုန်းအထိ ထုတ်လုပ်နိုင်စွမ်းအား တိုးတက်လာတာကို တွေ့ရပါတယ်။ ၂၀၁၂ တုန်းက တောင်သူ (၇၅၀) နဲ့ North Central Sustainable Agriculture Research and Educatioin က လုပ်ထားတဲ့ သုတေသန အဖြေပါ။
နည်းလမ်း (၉) ရိုးရာမြေပြင်နည်း
စက်တွေနဲ့ ဟိုးအနက်ကြီးအထိ ထိုးပြီးတော့ မြေပြင်တာမျိုးမဟုတ်ပဲနဲ့ မိရိုးဖလာအတိုင်း နည်းနည်းလေးပဲ ပြီးတော့ မြေပြင်မှာလည်း အရင်စိုက်ထားတဲ့ သီးနှံက အကြွင်းအကျန်လေးတွေနဲ့ ပြန်ဖုံး ထားခဲ့တယ်။ မြေက မြေဆီလည်းတက် ရေလည်း မထွက်ရတော့ဘူး။
နည်းလမ်း (၁၀) အော်ဂဲနစ်သို့ ဦးတည်ခြင်း
နှစ်(၃၀) ရည်ရွယ်တဲ့ စိုက်ပျိုးရေးစနစ်မှာ စမ်းသပ်ချက်အရတော့ အော်ဂဲနစ်နည်းလမ်းတွေနဲ့ စိုက် ပျိုးခြင်းဟာ ရေတွေကို အဆိပ်သင့်တာကနေ ကာကွယ်ပေးတယ်။ မြေအစိုဓာတ်ကိုလည်း ထိန်းပေး တယ်။ မြေက ကျန်းမာရေးကောင်းနေတယ်ဆိုရင်တော့ မြေကြီးထဲမှာ မြေဆီတွေတိုးမယ်၊ အဏုဇီဝ သက်ရှိတွေလည်း တိုးလာပြီးတော့ ရေကိုလည်း ပိုပြီးတော့ စုပ်ယူထားနိုင်စေတာမို့ အော်ဂဲနစ်ကို ပြောင်းလဲစိုက်ပျိုးနေကြတာ ဖြစ်ပါတယ်။
ကဲဗျာ ခုတင်ပြခဲ့တာကတော့ တောင်သူတွေ လိုက်လုပ်နေတဲ့ ရေချွေတာနည်း (၁၀)နည်းပါပဲ။ အကျိုးထူး အသိထူး ရကြပါစေ။
ထွန်းဝင်းကျော်
Win Ko Thu
လွန်ခဲ့သော ၁ နှစ် ကကျေးဇူးပါ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
မှိုရောဂါကြတာလားဘာဆေးဖြန်းပေးရမလဲဓါတ်မြေသြဇာကိုဘယ်အမျိုးအစားသုံးသင့်လဲ
Kyaw Thet • ဖြေကြားချက် 1 ခု
ဒူးရင်းသီး
Soe Kyaw Thu • ဖြေကြားချက် 2 ခု
နာနတ်ပင်ပင်စည်ပုတ် အမြစ်ပုတ်နေလို့ဘာဆေးဖြန်းရမလဲခင်ဗျာ
ထူးကိုကို • ဖြေကြားချက် 1 ခု
စပါးပင်တွေဝါနေလို့ရေသွင်းထားတာရေကိုဘယ်နှစ်ရက်လောက်ထားပြီးမှထုတ်သင့်လဲသိချင်ပါတယ်
Kyaw Gyi • ဖြေကြားချက် 1 ခု
စပါးခင်းရေသွင်းရေထုတ်နည်းနားမလည်လို့သေချာရှင်းပြစေချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026