နှမ်းသီးနှံအတွက် ရေလိုအပ်ချက်
မိုးကြို (ဖေဖေါ်ဝါရီလ၊ မတ်လ) စိုက်ပျိုးသည့်ရေသွင်းနှမ်း၏ တစ်ဧကအထွက်နှုန်းနှင့် မိုးဦး (မေလ၊ ဇွန်လ)၊ မိုးလယ် (သြဂုတ်လ)၊ မိုးနှောင်း (အောက်တိုဘာလ၊ နိုဝင်ဘာလ) စိုက်ပျိုးသည့် နှမ်းတို့၏ အထွက်နှုန်း သိသိသာသာ ကွာခြားမှုသည်ရေပေးသွင်းမှုမှာ အချက်တစ်ရပ် ဖြစ်ပါသည်။ ရေသွင်းစိုက်ပျိုးမည် ဆိုပါက စိုက်ခင်းမြေမျက်နှာပြင် ညီညာရသည်။ ရေသွင်းမြောင်း၊ ရေထုတ်မြောင်း၊ ပတ်မြောင်း၊ ဖြတ်မြောင်း၊ စိမ့်မြောင်း၊ ကြားမြောင်း၊ ခါးမြောင်းများ စနစ်တကျ ပြုလုပ်ထားရသည်။ သို့မှသာ စိုက်ခင်းအတွင်းသို့ရေသွင်းရေထုတ် လွယ်ကူမှု ရှိမည်သာမက၊ မိုးကြီးရွာ၍ စိုက်ခင်းရေဝပ်မှုမှ ကင်းဝေးနိုင်ပါမည်။ နှမ်းပင်သည် အစိုဓာတ်ကို ကြိုက်သည်။ ရေဝပ်မှုကို လုံးဝမခံနိုင်။ နှမ်းပင်၏ ပင်စည်သည် အတွင်းသား အပိတ်မဟုတ်။ ပင်စည်အူတိုင် အခေါင်းပေါက်ဖြစ်၍ အတွင်းတွင်ဖော့ရိုး ဖြစ်သည်။
နှမ်းပင်၏ရေလိုအပ်ချက် ပမာဏသည် (၂၀) ဧက လက်မခန့် ဖြစ်သည်။ ရေလိုအပ်ချက်ကို ရေပမာဏနှင့်ဖော်ပြရာ၍ များသောအားဖြင့် ဧက၊ ပေ နှင့်ပြောကြသော်လည်း နှမ်းမှာ ဧက လက်မ သာ လိုအပ်သည်။ မိုးစိုက်တွင်ရေမလိုဟု ဆိုသော်လည်း မိုးရွာရက်နည်းလျင် လိုလာသည်။ ရေဝပ်မှု ဂရုပြုရသည်။ မိုးကြိုနှင့် မိုးနှောင်းတွင်ရေပေးသွင်းရန် လိုအပ်သည်။ မိုးကြိုတွင် စိုက်ရေပေးပြီးနောက်ပိုင်း မိုးရေဖြင့် ဆက်လက်ရှင်သန်သည်။ မိုးနှောင်းတွင် မိုးတွင်းမှ အစိုဓာတ်ရရှိ၍ရေမလိုဟု ဆိုသော်လည်းခြောက်သွေ့လှျှင် ရေနှစ်ကြိမ်ပေးရသည်။ အစိုဓာတ် အလွန်အမင်းဆုတ်ယုတ်မှသာ ရေပေးသင့်ပါသည်။
စိုက်ချိန်တွင် လုံလောက်သော အစိုဓာတ်ရရှိမှသာ အပင်ပေါက်ကောင်းသည်။ မြေတွင်း၌ အစိုဓာတ် (၄၀) မှ (၅၀) ရာခိုင်နှုန်း ရှိရသည်။ ထွန်ရေးပြင်မြေသားကို လက်နှင့်လုံးဆုပ်ကိုင်ပြီး မြေသို့ပစ်ချလိုက်ပါက မြေလုံးကွဲသွားလျှင် နှမ်းပင်ပေါက်ကောင်းသော အနေအထားရှိသည့် ထယ်ရေးနက်နက်၊ ထွန်းရေး ညက်ညက်ဖြစ်သည်။ အပင်ပေါက်ရေတစ်ရေနှင့် အပွင့်စတင်ပွင့်ချိန်နှင့် အပွင့်တိတ်စအချိန်တို့တွင် တစ်ရေ စသည်ဖြင့် ရေလိုအပ်ချိန်တွင် ရေလိုအပ်မှုမရှိစေရန် ဂရုပြုဆောင်ရွက်ပေးရသည်။ ဤကာလအချိန်များတွင် ရေတစ်ကြိမ်းစီ သွင်းပေးရသည်။ သက်လျင်နှမ်းမျိုးများ၏ ရေသောက်မြစ်မှာ မြေကြီးအတွင်း အနက်သုံးပေခန့်အထိ ဆင်းသည်။ သက်ကြီးနှမ်းမျိုးများမှာ မြစ်သေး၊ မြစ်ပွားများစွာ ပါရှိသည်။
မိုးကြိုရေသွင်း နှမ်းတစ်ဧကကို မြေပြုုပြင်ချိန်ရေတစ်ဧကပေနှင့် အဖူးဝင်ချိန် (ဝ.၅)ဧကပေ ရေပေးရသည်။ အပွင့်စပွင့်ချိန်နှင့် အပွင့်တိတ်စအချိန်တို့မှာ နှမ်းပင် သက်တမ်းတစ်လျှောက်တွင် ရေလိုအပ်ချိန်များဖြစ်၍ ရေလိုအပ်မှုမရှိအောင် ပြုလုပ်ပေးနိုင်လေ အထွက်ကောင်းလေ ဖြစ်သည်။ ရေလုံလောက်အောင် ပေးသွင်းနိုင်မည် ဆိုပါက ပန်းပွင့်ဖြိုင်ချိန် တစ်ချိန် တစ်ကြိမ်ထပ်မံ၍ ရေပေးရသည်။ ရေသွင်းရာတွင် အငန်ဓာတ်များသော ဆားပါသည့်ရေသွင်းမိပါက နှမ်းပင်သေနိုင်သည်။
မိုးရာသီ၌ မိုးရေရရှိမှုကို မူတည်ပြီး ရရှိသောမြေအစိုဓာတ်နှင့် နှမ်းစိုက်ပြီးနောက်ပိုင်းကာလ၌ အစိုဓာတ်ကလည်းမြေတွင် ဆုတ်သွားချိန် နှမ်းပင်ကြိုက်သည့် အစိုဓာတ်ပေးနိုင်သော မိုးရေကလည်း မရပါက နှမ်းမထွက်ကြသည်မှာ နှမ်းပင်၏ရေလိုအပ်ချက်ကို လိုအပ်ချိန်၌ရေဖြည့်မပေးနိုင်၍ ဖြစ်သည်။ မိုးနှမ်းတွင် လိုအပ်သော မိုးရေများ စိုက်ချိန်ကာလတစ်လျှောက်တွင် မိုးရွာသွန်းမှု ညီညီမျှမျှ ရွာသွန်းသော မိုးရေချိန်သာလိုပါသည်။ နွေနှမ်းတွင် ပန်းပွင့်ချိန်ရေအဓိကလိုသည်။ နေပူချိန် (၁၀၅) ဒီဂရီဖာရင်ဟိုက်ကျော်ပါက နှမ်းပွင့် ဝတ်မှုန်မကူးနိုင်။ အပူချိန် (၇၀) ဒီဂရီဖာရင်ဟိုက်နှင့် (၉၀) ဒီဂရီဖာရင်ဟိုက်သည် နှမ်းစိုက်ပျိုးဖြစ်ထွန်းမှုအတွက် အကောင်းဆုံးဖြစ်သည်။
နှမ်းပင်သည် အပူချိန်လျော့နည်းမှုကိုလည်း မခံနိုင်။ အပူချိန်မြင့်မားမှုကိုလည်းမခံနိုင်၊ မြေတွင်း၌ လုံလောက်သောရေအစိုဓာတ်ရှိမှ ဖြစ်ထွန်းသည်။ ပွင့်ဖူးဝေချိန် (ရက်၃၀သား) ခန့်တွင်ရေ (ဝ.၅) ဧကပေနှင့် ပန်းပွင့်စုံချိန် (ခေါင်တန်းချိန်) တွင်ရေ (ဝ.၅) ဧကပေရေသွင်းပေးနိုင်လျှင် အကောင်းဆုံးဖြစ်သည်။ ဆင်းရတနာ (၃) နှမ်းမျိုးသည် ရေငတ်ဒဏ်ခံနိုင်သည်။ ဆင်းရတနာ (၅) နှမ်းမျိုးသည် အပူဒဏ်ခံနိုင်သည်။ ရေသွင်းနှမ်းအဖြစ် စိုက်ပျိုးကြသည်။ နှမ်းပင်သည်ရေပေးနိုင်က အထွက်နှုန်းကောင်းသဖြင့် မိုးကြိုရေသွင်းနှမ်းကိုဆည်ရေသောက်ဒေသများနှင့် ရေလုံလောက်စွာ ရရှိနိုင်သောဒေသများတွင် မျိုးကောင်းရွေးချယ်ပြောင်းလဲစိုက်ပျိုးခြင်းဖြင့် ပန်းတိုင်အထွက်နှုန်း တစ်ဧက တင်းနှစ်ဆယ်ကျော် ထွက်ရှိနိုင်သည်။ မိုးကြိုရေသွင်းနှမ်းကို စနစ်တကျရေပေးသွင်း၍ စိုက်ပျိုးသင့်ပါသည်။
ကိုးကား- ကိုရဲ(စိုက်ပျိုးရေး) သီးနှံပင်အလိုက် ရေလိုအပ်ချက်
မောင်ရဲလင်းဇော်
လွန်ခဲ့သော ၅ နှစ် ကဒီကာလမှာနှမ်းစိုက်ပျိူးရန်သင့်တော်ပါသလား
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
မှိုရောဂါကြတာလားဘာဆေးဖြန်းပေးရမလဲဓါတ်မြေသြဇာကိုဘယ်အမျိုးအစားသုံးသင့်လဲ
Kyaw Thet • ဖြေကြားချက် 1 ခု
ဒူးရင်းသီး
Soe Kyaw Thu • ဖြေကြားချက် 2 ခု
နာနတ်ပင်ပင်စည်ပုတ် အမြစ်ပုတ်နေလို့ဘာဆေးဖြန်းရမလဲခင်ဗျာ
ထူးကိုကို • ဖြေကြားချက် 1 ခု
စပါးပင်တွေဝါနေလို့ရေသွင်းထားတာရေကိုဘယ်နှစ်ရက်လောက်ထားပြီးမှထုတ်သင့်လဲသိချင်ပါတယ်
Kyaw Gyi • ဖြေကြားချက် 1 ခု
စပါးခင်းရေသွင်းရေထုတ်နည်းနားမလည်လို့သေချာရှင်းပြစေချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026