ရေကိုစီမံခန့်ခွဲခြင်း (၂)
အစိုဓာတ်
မြေကြီးထဲမှာ အစိုဓာတ်တွေရှိတာပေါ့။ မြေကြီးအနက်ဘယ်လောက်မှာ ရေဘယ်လောက်မီလီမီတာရှိတယ်ဆိုတာမျိုးနဲ့ ဖော်ပြပါတယ်။ ဥပမာ - တစ်မီတာမှာ ရေအလွှာက (၁၅၀)မီလီမီတာရှိတယ် ဆိုတာမျိုးပါ။ ဒီမှာ မီလီမီတာဆိုတာ
ထုထည်နဲ့မဟုတ်ပဲ ရေအလွှာလိုက် တွက်ပါတယ်နော်။ နောက်တစ်ခုက ရာခိုင်နှုန်းနဲ့ဖော်ပြချက်ပါ။ သူက တစ်မီတာပတ်ပတ်လည်ထုထည်မှာ ရေဘယ်လောက်ရှိတယ်ဆိုတာကို ဖော်ပြတဲ့ဖော်ပြချက်ပါ။ အလျား တစ်မီတာ x အနံ တစ်မီတာ x အမြင့် တစ်မီတာ ဆိုတဲ့ ထုထည်အတွင်းမှာ ရေဘယ်လောက်ရှိနေတယ်ဆိုတာကို ဖော်ပြပါတယ်။ အဲ့လိုဆိုရင် ခုနက ရေ (၁၅၀)မီလီမီတာကို ပြန်တွက်ကြည့်ကြရအောင်
အရင်ဆုံး မီလီမီတာနဲ့ မီတာတို့ ဆက်သွယ်ချက်ကို သိရပါမယ်။ (၁)မီတာမှာ (၁၀၀၀)မီလီမီတာရှိပါတယ်။ (၁၅၀)မီလီမီတာကို မီတာနဲ့ဖော်ပြချင်ရင်တော့ (၁၅၀)ကို (၁၀၀၀)နဲ့ပြန်စားရပါတယ်။ အဲ့တော့ (၀.၁၅၀) မီတာဖြစ်သွားပါတယ်။ အဲ့ဒါကိုမှ ရာခိုင်နှုန်းကို လိုချင်ရင်တော့ (၁)မီတာမှာ (၁၀၀)ရာခိုင်နှုန်း၊ (၀.၁၅၀)မှာ ဘယ်လောက်ရှိသလဲဆိုတာမျိုး (၃)ချက်တွက်နည်းနဲ့ အနည်းလို အများစားခြေ တွက်လိုက်တဲ့အခါမှာ (၁၅)ရာခိုင်နှုန်း ရပါတယ်။
မြေကြီးမှာရှိတဲ့ မြေအစိုဓာတ်ကို အဲ့လိုဖော်ပြတဲ့နည်း (၂)နည်းရှိပါတယ်။ တစ်ခုတော့ရှိပါတယ်။ မြေအစိုဓာတ်တွေကို တိုင်းတာတာက အချိန်နဲ့လိုက်ပြီး ပြောင်းလဲနိုင်ပါတယ်။ အမြဲတမ်း တသမှတ်တည်းတော့ ရှိနေမှာမဟုတ်ပါဘူး။
ပြည့်ဝခြင်း
မြေကြီးထဲမှာ မြေကြီးမှုန့်တွေက တစ်ဝက်ကျော်ပဲပါတာပါ။ ကျန်တဲ့တစ်ဝက်လောက်က လေနဲ့ ရေဝင်လို့ရတဲ့ လေဟာနယ်အပေါက်တွေဖြစ်ကိုဖြစ်နေရပါမယ်။ အဲ့လိုမြေကမှ စိုက်ပျိုးဖို့ ကောင်းတဲ့မြေကြီးမျိုး ဖြစ်ပါတယ်။ မြေကြီး ဖွဲ့စည်းတည်ဆောက်ပုံနဲ့တကွ ပြောင်းလဲနိုင်တယ်ဆိုပေမဲ့ အဲ့လို လေဟာနယ်လေးတွေက ရှိကိုရှိပါတယ်။
မိုးရွာတာပဲကြောင့်ပဲဖြစ်ဖြစ်၊ ရေစိုသွားလို့ မြေကြီးထဲကို ရေတွေ ဖြတ်စီးတယ်။ အဲ့လိုနဲ့ မြေကြီးတွေကြားထဲက အပေါက်လေးတွေ မှာ ရေတွေ နဲ့ပြည့်သွားတဲ့အခြေအနေကို ပြည့်ဝတယ်လို့ခေါ်ပါတယ်။ အဲ့လိုချိန်မှာ မြေကြီးကို လက်နဲ့ကလော်ကြည့်ရင်တော့ လက်ထဲကနေ ရေတွေ နည်းနည်းစီးကျတာကို ခံစားရမှာပါ။
အဲ့လိုအခြေအနေမျိုးဆိုတာ အပင်တွေကြိုက်ပါ့မလားဆိုတော့ ဘယ်ကြိုက်မလဲ၊ အမြဲတမ်းရေတွေနဲ့ ရှိနေတာရယ်။ လေမရှိပဲ ရေစိမ်နေရတာကြောင့် အပင်တွေမှာ ထိခိုက်မှုတွေဖြစ်တတ်ပါတယ်။ အပင်တော်တော်များများက အဲလိုအခြေအနေမှာ (၂)ရက်ကနေ (၅)ရက်လောက်ထိပဲ နေနိုင်ကြပါတယ်။
ရေထုတ်နိုင်အား ဆိုတာကတော့ ခုနကလို မြေကြီးထဲက ပြည့်ဝနေတဲ့ရေတွေက အောက်ဖက်က လေထုအပေါက်တွေစီကို စီးဆင်းပြီးတော့ ရေတွေ ထွက်သွားတာကို ဆိုလိုတာဖြစ်ပါတယ်။ အဲဒါကိုတွေ့ရှိပြီးတော့ လူတွေက ရေပိုက်တွေ မြေအောက်ထဲမှာထည့်ပြီးတော့ စိုက်ပျိုးမြေတွေကို ရေထုတ်စွမ်းအားကောင်းအောင် ပြုပြင်ကြပါတယ်။ သဲမြေတွေဆို
အပေါက်တွေက အရမ်းကြီးတယ်။ ပြီးတော့ များလည်းများတယ်ဆိုတော့ ရေကလည်း အောက်ဖက်ကို မြန်မြန်စီးကြပါတယ်။ အရမ်းမှုန့်တဲ့ မြေကြီးမှုန်လေးတွေမှာဆိုရင် ရေတွေ ပြန်ဆင်းဖို့ (၂) ရက်ကနေ (၃)ရက်လောက်အထိ ကြာတတ်ပါတယ်။ ဒီအချက်ကလည်း ရေကို စီမံခန့်ခွဲတဲ့ပညာတစ်ခုပါပဲ။
Field Capacity (ရေရှိ လေရှိ အခြေအနေ)
ပြည့်တာကလည်း ပြည့်ဝပြီးပြီ။ ရေကလည်း ထုတ်ပြီးပြီ။ အဲ့ကနေ မြေကြီးရယ်၊ ကျန်တဲ့လေဟာနယ် အပေါက်ကလေးတွေမှာ လေက တစ်ဝက် ရေကတစ်ဝက်ဆိုတဲ အခြေအနေကို Field Capacity လို့ခေါ်ပါတယ်။ အဲ့လိုအခြေအနေကတော့ အပင်တွေနေထိုင်ဖို့အတွက် အကောင်းဆုံးအခြေအနေဖြစ်ပါတယ်။
Permanent Wilting Point
အပင်တွေက ရေများတာဖြစ်ဖြစ်၊ ရေနည်းတာဖြစ်ဖြစ်၊ နေပြင်းတာဖြစ်ဖြစ် ညိုးနွမ်းကြတယ်။ ပြီးရင်တော့ ပြန်ကောင်းသွားကြတယ်။ အဲ့လိုမျိုးဖြစ်တာကနေ အမြဲတမ်းညိုးသွားတာမျိုးဖြစ်စေတဲ့ နေရာတစ်ခုရှိပါတယ်။ အဲ့နေရာ အဲ့အမှတ်ကို ထာဝရအပင်ညိုးမှတ် လို့ခေါ်တာပါ။
မြေကြီးထဲကိုရေတွေလောင်းလိုက်တယ်။ အောက်ကိုဆင်းသွားတာမျိုးရှိမယ်။ အပင်တွေကနေ စုပ်ယူလိုက်တာရှိတယ်။ ပြီးတော့ အငွေ့ပျံသွားတာမျိုးတွေလည်းရှိမယ်။ အဲ့လိုဆိုရင် မြေကြီးထဲကို ရေတွေ ပြန်ဖြည့်ပေးရမယ်။ ပြန်မဖြည့်ပေးနိုင်ရင် အပင်တွေညိုးမယ်။
မဖြည့်ပေးမိဘူး မြေကြီးထဲက အပင်တွေအတွက် ရေတွေ လည်းမရှိတော့ဘူး။ ကုန်နေပြီဆိုရင် အပင်တွေက ပြန်လန်းလာမဲ့ ညိုးခြင်းမဟုတ်ပဲ သေတဲ့အထိ ဖြစ်သွားမှာပါ။ အဲ့လိုအချိန်ဆိုတာ မြေကြီးထဲမှာ ရေလုံးဝမရှိတော့တာမဟုတ်ပါဘူး၊ အပင်တွေက စုပ်ယူဖို့ ခက်ခဲသွားတာဖြစ်ပါတယ်။
ကဲ ရေကို စိမံခန့်ခွဲရတာ ခက်သလား။ ကျန်ပါသးတယ်နော်။
ထွန်းဝင်းကျော်
http://www.fao.org/3/r4082e/r4082e03.htm
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
မှိုရောဂါကြတာလားဘာဆေးဖြန်းပေးရမလဲဓါတ်မြေသြဇာကိုဘယ်အမျိုးအစားသုံးသင့်လဲ
Kyaw Thet • ဖြေကြားချက် 1 ခု
ဒူးရင်းသီး
Soe Kyaw Thu • ဖြေကြားချက် 2 ခု
နာနတ်ပင်ပင်စည်ပုတ် အမြစ်ပုတ်နေလို့ဘာဆေးဖြန်းရမလဲခင်ဗျာ
ထူးကိုကို • ဖြေကြားချက် 1 ခု
စပါးပင်တွေဝါနေလို့ရေသွင်းထားတာရေကိုဘယ်နှစ်ရက်လောက်ထားပြီးမှထုတ်သင့်လဲသိချင်ပါတယ်
Kyaw Gyi • ဖြေကြားချက် 1 ခု
စပါးခင်းရေသွင်းရေထုတ်နည်းနားမလည်လို့သေချာရှင်းပြစေချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....