လယ်ယာစီမံခန့်ခွဲမှုဆိုတာ
ဂုဏ်ယူပါတယ် တောင်သူဦးကြီးတို့ခင်ဗျာ
တောင်ယာစိုက်ခင်း လယ်ယာစိုက်ခင်း စိုက်ပျိုးခြံတွေကို စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်နေကြတဲ့ ဦးကြီး ဒေါ်ကြီးတို့ က လုပ်ငန်းရှင်ကြီးတွေပါပဲ။ ဘာလို့ ဂုဏ်ယူသလဲဆိုတော့ အခက်ခဲဆုံး လုပ်ငန်းတွေထဲက တစ်ခုကို အနုပညာမြှောက်အောင် လုပ်ဆောင်နေကြလို့ပါပဲ။ ဘာလို့ ခက်တယ်ပြောတာလဲ ဆိုတော့ အောက်မှာ ဆက်ကြည့်ပါဦး။
စိုက်ပျိုးမွေးမြူရေးဆိုတာ ဘာလဲ
စိုက်တယ် ပျိုးတယ် တိရိစ္ဆာန်တွေပါ မွေးတယ်ပေါ့။ အမှန်က အဲ့လိုမဟုတ်ပဲနဲ့ လူမှုစီးပွားရေးတစ်ခုပါ။ မိသားစုတွေပါမယ်။ လုပ်ငန်းဆောင်ရွက်မှုတွေလည်းပါမယ်။ ပြီးတော့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတစ်ခုအတွက် လိုအပ်တဲ့ တည်ဆောက်မှုတွေ ပါဝင်မယ်။ မြေဘယ်လောက်သုံးမယ်။ အလုပ်သမားဘယ်လောက်လိုမယ်။ အရင်းဘယ်လောက်ကုန်မလဲနဲ့ ဘယ်လိုနည်းပညာကိုသုံးမယ်ဆိုတာကနေ စပြီးတော့ ဆုံးဖြတ်ချက်တွေ အကုန်ပါဝင်တဲ့ လုပ်ငန်းဖြစ်ပါတယ်။ အဲ့ကနေ အမြတ်ထွက်အောင်လည်း လုပ်ရပါသေးတယ်။ လွယ်တော့ မလွယ်တဲ့ လုပ်ငန်းပါ။
လယ်ယာစီမံခန့်ခွဲမှုက အရေးကြီးသလား
စီမံခန့်ခွဲမှုနည်းလမ်းတွေကို သုံးပြီးတော့ လယ်သမားကြီးတစ်ဦးတစ်ယောက်ကနေ ကိုယ့်မှာရှိတဲ့ အရင်းအမြစ်တွေကို ကောင်းကောင်းအသုံးချနိုင်ပြီး အကျိုးအမြတ်ကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။
ဒါဆိုရင် မန်နေဂျာ လိုသလား
မလိုပါဘူး စိုက်တဲ့ပျိုးတဲ့ ကိုယ်ကိုယ်တိုင်က မန်နေဂျာကြီးပါပဲ။ ဂျာကြီးပါ။ ဂျာကြီးဖြစ်လာရင် ဘာတွေလုပ်ရမလဲဆိုတော့ အောက်က အချက်တွေလုပ်ကို လုပ်တတ်ရပါမယ်။
(က) သုံးသပ် ခွဲခြားနိုင်စွမ်းရှိရမယ်။ လုပ်ခဲ့သမျှကာလက အကောင်းအဆိုးနဲ့ ဖြစ်တန်စွမ်းတွေကို နားလည်သုံးသပ်နိုင်ဖို့က လိုအပ်တဲ့ တစ်ချက်ပါပဲ။
(ခ) ကြိုတင်စီမံမယ်။ အရင်က အကြောင်းတွေ သုံးသပ်ပြီးတော့ အခုက ဘာတွေ စိုက်ပြီး ဘာကောင်မွေးမယ်ဆိုတာကို အခွင့်အလမ်းတွေနဲ့ သတိထားစရာတွေ ပေါင်းပြီး ကြိုတင်စီမံကိန်း ချရပါတယ်။
(ဂ) အကောင်အထည်ဖော်မယ်။ ချထားတဲ့ စီမံချက်အတိုင်းဖြစ်လာဖို့ကို ကုန်ကျစရိတ်အနည်းဆုံးနဲ့ စီမံနိုင်ရပါမယ်။
(ဃ) စောင့်ကြည့်မယ်။ အကောင်အထည်ဖော်စဉ်နဲ့ ဖော်ပြီးကာလတွေမှာ အနည်းဆုံး ကုန်ကျစရိတ်ဖြစ်အောင် နဲ့ အကောင်းဆုံး နည်းလမ်းတွေဖြစ်အောင် ရွေးချယ်တတ်ရပါမယ်။
(င) အကဲဖြတ်တယ်။ ဖြစ်ပြီးသွားတဲ့ အကြောင်းအရာတွေအပေါ်မှာ ကြည့်ပြီးတော့ နောက်ပိုင်း စီမံချက်ချပြီး အကောင်အထည်ဖော်တဲ့နေရာမှာ ဘယ်လိုပြောင်းလဲမှုတွေ လုပ်မလဲဆိုတာကို အကဲဖြတ်နိုင်စွမ်းလည်းရှိရပါမယ်။
စာနဲ့ပေနဲ့ရေးတော့ အဲ့လိုပေါ့။ တကယ်တမ်းလုပ်ကိုင်နေတဲ့ စိုက်ပျိုးရေးလုပ်ငန်းက လုပ်ငန်းရှင်တွေက အဲ့ကိစ္စတွေက မဖြစ်မနေဆုံးဖြတ်ချက် ချနိုင်ကြပါတယ်။ စပါးစိုက်မယ်ဟေ့ ဘယ်ချိန်စိုက်မယ် မြေဘယ်လိုပြင်မယ် ဘယ်နားတော့ ပျိုးမယ်ဟေ့ ဆိုတဲ့ ဆုံးဖြတ်ချက်တိုင်းမှာ အစောက ပြောတဲ့ (၅) ဆင့်က ပါကိုပါပါတယ်။
စိုက်ပျိုးမွေးမြူရေး စီမံခန့်ခွဲမှု ရဲ့ ရည်ရွယ်ချက် က ဘာလဲ?
စီမံခန့်ခွဲမှု လုပ်တယ်ဆိုမှတော့ တစ်ခုခုလိုချင်လို့ လုပ်တာပေါ့။ ရည်ရွယ်ချက်တစ်ခုတော့ ရှိတယ်လေ။ ကိုယ်လုပ်နေတဲ့ စီမံခန့်ခွဲမှုတွေရဲ့ ရည်ရွယ်ချက်တွေက ဘာတွေဖြစ်မလဲ။
- အမြတ်အစွန်းရအောင် ဘယ်လိုလုပ်မလဲ။
- အကောင်းဆုံး စိုက်စနစ် သီးနှံ သီးရော စိုက်ခင်း တစ်ခု ဘယ်လိုရွေးနိုင်မလဲ
- သွင်းအားစု ကုန်ကျစရိတ်ကို အနည်းဆုံးဖြစ်အောင် ဘယ်လိုလျော့ချမလဲ။
- ထုတ်လုပ်မှုစွမ်းအား ကို ဘယ်လိုမြှင့်တင်နိုင်မလဲ
- အရည်အသွေးကို ဘယ်လို မြှင့်တင်နိုင်မလဲ
- ဈေးကွက်ကို ဘယ်လိုရှာဖွေမလဲ
- စိတ်ချရတဲ့ ငွေကြေးအရင်းအနှီးကို ဘယ်လိုရွေးချယ်မလဲ
- စွန့်စားရတာတွေကို ဘယ်လိုစီမံမလဲ
အဲ့ဒါတွေက စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတစ်ခုကို စီမံမှုတွေ ဘာကြောင့်ပြုလုပ်တယ်ဆိုတဲ့ အဖြေတွေပါပဲ။ ကိုယ့်အဖြေနဲ့ကိုယ် ကိုယ့်ရည်ရွယ်ချက်နဲ့ ကိုယ် စီမံခန့်ခွဲနိုင်ကြပါတယ်။
တောင်သူတွေကသာ စီမံခန့်ခွဲမှုကို မလုပ်ကြရင် ဘာဖြစ်မလဲ
- မျိုးစေ့တွေနဲ့ မြေဆီသြဇာတွေလိုမျိုး သွင်းအားစုတွေက ဝယ်ယူနေကြရတဲ့အချိန်မျိုး၊ ဈေးကလည်း အမြဲတမ်းပြောင်းလဲနေပြန်သေးတယ်
- ဝယ်လိုအားနဲ့ ဝယ်ဈေးဆိုတာကလည်း တသမှတ်တည်း အမြဲတမ်းမရှိပဲ ပြောင်းလဲနေတယ်။
- ထုတ်လုပ်မှုကုန်ကျစရိတ်တွေကိုလည်း အနည်းဆုံးဖြစ်အောင် လုပ်ဆောင်နေကြတဲ့ နည်းလမ်းအသစ် အသစ်တွေကလည်း ပေါ်နေတဲ့ အခြေအနေကြီးဖြစ်နေတယ်။
ဆိုတော့ အဲ့အချက် ၃ ချက်နဲ့တင် ဘာကြောင့်များ စီမံခန့်ခွဲမှုကို လုပ်ရမှာလဲဆိုတာ ပြည့်စုံသွားလောက်ပါပြီ။ တကယ်လို့များ လိုက်မလုပ်ဖြစ်ဘူးဆိုရင်ရော - ရည်ရွယ်ချက်တွေ မပြည့်ဝတော့ဘူးပေါ့။ ကျန်တဲ့ အကျိုးဆက်တွေလည်း အများကြီးပါပဲ။။
ခု စာဖတ်ဖြစ်ပြီးတဲ့ အခါ နဖူးပေါ် လက်တင် သေချာစဉ်းစားကြည့်ပါ။ ငါစီမံခန့်ခွဲမှု လုပ်နေသလား ဘယ်လိုလုပ်သလဲ အောင်မြင်သလားပေါ့။
ထွန်းဝင်းကျော်
Reference
https://www.google.com/url?sa=t&source=web&rct=j&url=http://www.fao.org/3/ca4601en/ca4601en.pdf%3Ffbclid%3DIwAR2_wwg7FzmbgNclVA8AeaJPZJqwmuAU5J94Xnc8UcTf8DWQHBc01Y0pYQ0&ved=2ahUKEwjlpo2UsvTpAhVggUsFHbYMDVMQFjAAegQIBBAB&usg=AOvVaw0Kl-3Wm8sA_pfxIySTKSTH
win ko thu
လွန်ခဲ့သော ၁ နှစ် ကok
Than Dar Khaing
လွန်ခဲ့သော ၃ နှစ် ကခရမ်းစိုက်ကြည့်တာအရမ်းကောင်းတယ်
Than Dar Khaing
လွန်ခဲ့သော ၃ နှစ် ကလုပ်နေပါတယ်
ေမာင်
လွန်ခဲ့သော ၄ နှစ် ကခရမ်းပင်မ ေကာင်ဘူးဗျ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
စပါးပင်တွေက ပုံထဲမှာပြထားသလို ဝါနေလို့ပါခင်ဗျ အစာကျွေးထားတာလဲ ရက် 20လောက်ပဲရှိပါသေးတယ် အစာတောင်းတာလား ပိုးကျတာလားမသိတာကြောင့် ဘယ်လိုကုသရမလဲဆိုတာ ပညာရှင်များနဲ့ အတွေ့အကြုံရှိဦးကြီးများကဖြေကြားပေးစေလိုပါတယ်ခင်ဗျာ
ဧကာ • ဖြေကြားချက် 7 ခု
ဒီနှစ်မှာ တောင်သူ လယ်သမားဦးကြီးတို့ မနှစ်ကလို စပါးဈေး မကောင်းရင် ဘာဆက်လုပ်ကြမလဲ ရှင်☘️🌾🌾🌾 စပါးဈေးသာ မကောင်းတာ မြေဩဇာ မြေဆီ ဈေးနှုန်းက မကျဘူး နိုင်ငံကလဲ မလှတော့ ပြည်သူတွေလဲ ဝမ်းဝ ခါးလှဖို့ လာဏ်မမြင်
Phyoe Thi Thi Htun • ဖြေကြားချက် 4 ခု
မုန်လာထုပ်ခု8လပိုင်းစစိုက်နေပြီဈေးကောင်းလေးမိနိုင်လားဗျ
khun zaw myo • ဖြေကြားချက် 3 ခု
သခွားမျိုးကောင်းတာရှိရင်လမ်းညွှန်ပေးပါ
ဉာဏ်လင်းမောင် • ဖြေကြားချက် 2 ခု
ဒေါင်းခြောက်နဲနဲရှီလို
Arafta • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026