အစိမ်းရောင်လမ်း
တောင်သူဦးကြီးများအတွက် SWOT Analysis

တောင်သူဦးကြီးများအတွက် SWOT Analysis

           အများကြီးတော့ မပြောတော့ပါဘူး။ ဖတ်သာကြည့်လိုက်ပါတော့… 

           လယ်စိုက်တယ်။ ယာစိုက်တယ်ဆိုတာကလည်း စီးပွားရေးလုပ်ငန်းလုပ်နေတာပါပဲ။ အဲ့တော့ တောင်သူလယ်သမားဦးကြီးတွေဆိုတာက စီးပွားရေးလုပ်ငန်းရှင်တွေပါပဲ။ အဲ့တော့ ကိုယ့်လုပ်ငန်းက ကောင်းနေသလား ဆိုးနေသလား၊ ဘာတွေ အားသာချက်တွေရှိနေလဲ၊ ဘာတွေ  အားနည်းနေလဲ၊ အားသာချက်တွေကို ပိုကောင်းအောင် ဘာတွေလုပ်နိုင်မလဲ၊ အားနည်းချက်တွေကိုရော ဘယ်လိုပြင်ဆင်မလဲဆိုတာကို တစ်ချက်ပြန်ပြန်ပြီး ကြည့်ပေးတဲ့အခါ ကိုယ့်လုပ်ငန်းဆိုတာက ပြည့်စုံတဲ့လုပ်ငန်းတစ်ခုအဖြစ်ကို ပြောင်းလဲလာပြီးတော့ စီးပွားရေးအဆင်ပြေတဲ့အခါ သာယာတဲ့ ဘဝလေးကိုလည်း ပိုင်ဆိုင်နိုင်ကြမှာပေါ့။ အဲ့တော့ ကိုယ့်လုပ်ငန်းကို ဘယ်လိုမျိုး သုံးသပ်ချက်တွေ ပြုလုပ်နိုင်မလဲဆိုတဲ့ နည်းလမ်းလေးကို တင်ဆက်ပေးမှာပါ။

SWOT Analysis ဆိုတာဘာလဲ

         ဆိုတော့ကာ  S ဆိုတာက Strength (အားသာချက်)၊ W ဆိုတာက Weakness (အားနည်းချက်) ကိုဆိုလိုတာပါ။ အရေးကြီးပါတယ်နော်။ အဲ့(၂)ခုက ကိုယ်ပဲသိတဲ့ အတွင်းရေးတွေဖြစ်ရပါမယ်။  Internal ပါ။ ကိုယ်ပဲသိတဲ့ ကိုယ့်လုပ်ငန်းတွင်းက အားသာချက် အားနည်းချက်တွေ ဖြစ်ရပါမယ်။ နောက် (၂)ခုက O – Opportunities (အခွင့်အလမ်း) နဲ့ T- Threats (အန္တရာယ်) တွေပဲ ဖြစ်ပါတယ်။ အဲ့ (၂) ခုကိုစဉ်းစားတဲ့နေရာကတော့ အပြင်ဖက်က လာနိုင်တဲ့ အခွင့်အလမ်းတွေနဲ့ အန္တရာယ်တွေကိုပဲ တွေးတောဆင်ခြင်ရမှာပဲဖြစ်ပါတယ်။ အဲ့တော့ တောင်သူတွေ လိုက်လုပ်နိုင်တဲ့ အချက်လေးတွေကို လိုက်ပြီးတော့လုပ်ကြရအောင်…..။

        ကဲ ကဲ စာအုပ်လေးတစ်အုပ်ကိုယူပြီးတော့ ချရေးရအောင်။ ကိုယ့်လုပ်ငန်းကနေ ကိုယ်သိတဲ့အားသာချက်တွေကို တန်းစီပြီးရေးပါ။ အတွင်းထဲက ကိုယ်ပဲသိတဲ့အရာဖြစ်ရပါမယ်နော်။ အားနည်းချက်တွေကိုလည်းရေးပါ။ ကိုယ်သိတဲ့အရာပဲ ဖြစ်ရပါမယ်။ နောက်ပြီတော့ အပြင်ဖက်ကလာနေတဲ့ အခွင့်အရေးတွေအကြောင်းကိုလည်း ရေးပါ။ ကိုယ့်လုပ်ငန်းမှာကျရောက်နိုင်တဲ့ အန္တရာယ်တွေအကြောင်းကိုလည်း တန်းစီပြီးတော့ရေးပါ။ ဒီ(၂)ခုလုံးက အပြင်ဖက်က သူများတွေကြောင့်ဖြစ်တဲ့အရာတွေပဲ ဖြစ်ရပါမယ်နော်။ အဲ့တော့ အားသာချက်တွေအကြောင်း ရေးထားတာကတစ်ရွက်၊ အားနည်းချက်တွေကို ရေးထားတာကတစ်ရွက်၊ အခွင့်အလမ်းတွေအကြောင်းကို ရေးထားတာကတစ်ရွက်၊ အန္တရာယ်တွေအကြောင်းကို ရေးထားတာကတစ်ရွက်ဆိုတော့ စုစုပေါင်း (၄) ရွက် ဖြစ်နေရပါမယ်။ 

        ရေးပြီးသွားရင်တော့ အောက်မှာပြထားတဲ့အတိုင်းကို ဇယားလေးဆွဲပြီး ပြောင်းလဲကြည့်ရပါမယ်။ 

        ကဲ အသေးစိတ်လေးတွေ ပြန်ကြည့်ရအောင်။ အားသာချက်လို့ဆိုတဲ့နေရာမှာ မြေကောင်းတယ် ဘာစိုက်စိုက်ဖြစ်တယ်ဆိုတာပါတယ် ထားပါတော့။ အဲ့တော့ အားသာချက်ကြောင့် ဖြစ်လာနိုင်တဲ့ အခွင့်အလမ်းတော့ ဘာစိုက်စိုက်ဖြစ်တယ်။ အဲ့တော့ ဈေးကြီးတဲ့သီးနှံတွေကို စိုက်လို့ရတယ်ဆိုတာက အားသာချက်။ အဲ့ကနေမှ မြေကသာတစ်ခုခုပျက်သွားတယ်ဆိုရင် ကိုယ့်အတွက်ဖြစ်လာနိုင်တာက လုံးဝကိုအန္တရာယ်ပါပဲ။ 

        အားနည်းချက်ကနေ ပြီးတော့လည်း အခွင့်အလမ်းကို ပြောင်းလဲပေးနိုင်တာမျိုးလည်း ရှိတယ်။ အသီးတွေက ပို့ဖို့အခက်အခဲရှိတယ်ဆိုတာကိုသာ ပြောင်းလဲလိုက်ရင် ကိုယ်အတွက်က အခွင့်အရေးပါပဲ။ လုံးဝ အားသာချက်ကြီးပါပဲ။ အဲ့ဒါကိုလည်း ပြောင်းလဲပေးဖို့လိုတာကြောင့် ပြင်ဖို့အတွက်ကို ရေးထားပါဦး။ အားနည်းချက်ကနေ ကိုယ့်အတွက် အန္တရာယ်ဖြစ်လာနိုင်တာကို သတိထားရမှာမို့လည်း ရေးချထားဖို့လိုပါတယ်နော်။ 

         အောက်မှာ နမူနာလုပ်ပြထားပါတယ်နော်။ တောင်သူဦးကြီးများ အချိန် (၁) နာရီလောက်ပေးပြီးတော့ လိုက်လုပ်ကြည့်တာနဲ့တင် တကယ်ကိုအကျိုးထူးမှာ အသေအချာပါပဲ။             အကုန်လုံးက ကိုယ့်အတွက် တကယ့်ကို အကောင်းဖက်ချည်းပဲဆွဲပြီးတော့  စီမံချက်ချထားပေးရမှာပါ။ အဲ့တော့ လိုက်လုပ်ထားရင်တော့ တကယ့်ကို အစီအစဉ်တွေရှိတဲ့ စိုက်ပျိုးစီးပွားလုပ်ငန်းရှင်တွေဖြစ်မှာ တကယ်ကိုသေချာပါတယ်။ 

ထွန်းဝင်းကျော်

 

 

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

စပါးပင်တွေက ပုံထဲမှာပြထားသလို ဝါနေလို့ပါခင်ဗျ အစာကျွေးထားတာလဲ ရက် 20လောက်ပဲရှိပါသေးတယ် အစာတောင်းတာလား ပိုးကျတာလားမသိတာကြောင့် ဘယ်လိုကုသရမလဲဆိုတာ ပညာရှင်များနဲ့ အတွေ့အကြုံရှိဦးကြီးများကဖြေကြားပေးစေလိုပါတယ်ခင်ဗျာ

ဧကာ • ဖြေကြားချက် 7 ခု

ဒီနှစ်မှာ တောင်သူ လယ်သမားဦးကြီးတို့ မနှစ်ကလို စပါးဈေး မကောင်းရင် ဘာဆက်လုပ်ကြမလဲ ရှင်☘️🌾🌾🌾 စပါးဈေးသာ မကောင်းတာ မြေဩဇာ မြေဆီ ဈေးနှုန်းက မကျဘူး နိုင်ငံကလဲ မလှတော့ ပြည်သူတွေလဲ ဝမ်းဝ ခါးလှဖို့ လာဏ်မမြင်

Phyoe Thi Thi Htun • ဖြေကြားချက် 4 ခု

မုန်လာထုပ်ခု8လပိုင်းစစိုက်နေပြီဈေးကောင်းလေးမိနိုင်လားဗျ

khun zaw myo • ဖြေကြားချက် 3 ခု

သခွားမျိုးကောင်းတာရှိရင်လမ်းညွှန်ပေးပါ

ဉာဏ်လင်းမောင် • ဖြေကြားချက် 2 ခု

ဒေါင်းခြောက်နဲနဲရှီလို

Arafta • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....