လယ်ယာစီမံခန့်ခွဲမှုရယ် စိုက်ပျိုးထုတ်လုပ်မှုစီးပွားရေးပညာရှင်ရယ်
လွယ်သလားဟဲ့
လိုတာပေါ့ လိုတာပေါ့ စိုက်ရေးပျိုးရေးလုပ်နေတာက စီးပွားရေးလုပ်နေတာပဲလို့ အမြဲပြောဖြစ်ပါတယ်။ အဲ့တော့ စီးပွားရေးကိုလည်း တတ်ထားမယ်။ လယ်ယာကိုလည်း ကောင်းကောင်းစီမံခန့်ခွဲနိုင်တယ်ဆိုရင် ဘာလိုမှာလဲ
လယ်ယာစီမံခန့်ခွဲမှုဆိုတာ ဘာလဲ
သူက သိပ္ပံပညာရပ်ပါပဲ။ ဘာတွေနဲ့သက်ဆိုင်နေသလဲဆိုရင် ကိုယ့်လယ်ယာထဲက အရင်းအမြစ်တွေကို ဘယ်လိုခွဲဝေသုံးကြမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး၊ ထုတ်ကုန်တွေမြင့်မားလာဖို့အတွက် ဘာတွေကို ထည့်ပေါင်းသင့်တယ်ဆိုတာမျိုး၊ တစ်ခြား အစားထိုးသုံးလို့ရတာ ရှာပေးတာမျိုး နဲ့ ကိုယ့်မိသားစုအတွက် ကျေနပ်လောက်စရာအခြေအနေကို ဖန်တီးပေးနိုင်တာမျိုး စတဲ့အချက်တွေပါပါတယ်။
တစ်ခြား စကားနဲ့ ပြောရမယ်ဆိုမယ်ဆိုရင်တော့
ဘာကိုထုတ်လုပ်မလဲ (ဘာစိုက်မလဲ)၊ ဘယ်လောက်ထုတ်မလဲ (ဘယ်လောက်စိုက်ရမလဲ)၊ ဘယ်လိုထုတ်မလဲ (ဘယ်လို စိုက်ရမလဲ)၊ ဘယ်အချိန်မှာ ဝယ်ပြီးတော့ ဘယ်အချိန်မှာ ရောင်းလို့ရနိုင်မလဲ ဆိုတဲ့အချက်တွေကို စီမံခန့်ခွဲနိုင်တဲ့ အရည်အချင်းကိုခေါ်တာဖြစ်ပါတယ်။
ဒါဆိုရင် စိုက်ပျိုးစီးပွားရေးနဲ့ စိုက်ပျိုးစီမံခန့်ခွဲမှု ဘာတွေကွာခြားလဲဆိုတော့ အောက်က ဇယားလေးကိုကြည့်လိုက်ရင် သိသွားမှာပါ။ 
ထုတ်လုပ်ရေးနဲ့ဆိုင်တဲ့ အပိုင်းကတော့ ဘယ်လောက်သုံးပြီးတော့ ထုတ်မယ်။ အရင်းဘယ်လောက်ပဲ သုံးမယ် ဆိုတာမျိုးတွေ တွက်ချက်ပြီး သုံးတာဖြစ်ပြီးတော့ စိုက်ပျိုးစီမံခန့်ခွဲတယ်ဆိုတာကျတော့ အရင်းဘယ်လောက် သုံးမယ်ဆိုတဲ့အထဲကနေမှ ဘယ်လောက်ကိုတော့ ဘယ်နေ့မှာ ဘယ်လိုသုံးလိုက်မယ် ဆိုတဲ့ အသေးစိပ်ပြီးတော့ စီမံတာမျိုးကိုဆိုလိုတာဖြစ်ပါတယ်။
စိုက်ပျိုးမွေးမြူရေးစီမံခန့်ခွဲမှုထဲမှာ ဘာတွေပါသလဲ
ဆိုတော့ အဓိကအားဖြင့်တော့ ဆုံးဖြတ်ချက်တွေချရတာတွေပါပါမယ်။ ဆုံးဖြတ်ချက်တွေထဲမှာဆိုရင် Operational Management Decision လို့ခေါ်တဲ့ လည်ပတ်မှုပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု ဆုံးဖြတ်ချက်တွေနဲ့ Strategic Management Decision လို့ ခေါ်တဲ့ နည်းဗျုဟာဆိုင်ရာ စီမံခန့်ခွဲမှု ဆုံးဖြတ်ချက်တွေ စီမံအုပ်ချုပ်မှုဆိုင်ရာ ဆုံးဖြတ်ချက်တွေ (Administrative Management Decisions) နဲ့ ဈေးကွက်စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေ (Marketing Management decisions) ပဲဖြစ်ပါတယ်။ စကားလုံးတွေကတော့ အဆင့်မြှင့်ကြီးတွေပဲ။ အဲ့လိုဆိုလို့ အကုန်လုံးက မတတ်ဘူး မထင်ပါနဲ့နော်။ အောက်က ပြန်ရှင်းပြလိုက်ရင် တတ်ကိုတတ်တဲ့အရာတွေချည်းပါပဲ။ လုပ်လည်း တကယ်လုပ်နေကြတာပါ။
Operational Management Decision လို့ခေါ်တဲ့ လည်ပတ်မှုပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု ဆုံးဖြတ်ချက်
အဓိကပိုင်းကတော့
၁) ဘာကိုထုတ်မလဲ
စိုက်ပျိုးထုတ်လုပ်သူတိုင်းက ဒီဟာကို မဖြစ်မနေ ဆုံးဖြတ်ရပါတယ်။ စိုက်ပျိုးတဲ့ရာသီချိန်ရောက်တိုင်းမှာ ဘယ်လို သီးနှံကိုစိုက်ပျိုးရမလဲဆိုတာကို ဆုံးဖြတ်ရပါတယ်။ ဘာစိုက်မလဲ ဆိုတာကိုပါ။ စိုက်တာပျိုးတာတစ်ခုတည်းဆိုတင်မက မွေးတာပါ တွဲထားရင် ဘာစိုက်မယ်ဟဲ့ ဘာမွေးမယ်ဟဲ့ ဆိုပြီးတော့ ချရတဲ့ ဆုံးဖြတ်ချက်မျိုးပါ။ အဲ့ဒါဟာ လည်ပတ်မှုကို စတင်လုပ်ဆောင်ဖို့အတွက် ဦးဆုံးဆုံးဖြတ်ချက်ချရတာပါပဲ။
၂) ဘယ်လိုထုတ်မလဲ
စပါးစိုက်မယ်ဆိုရင် ကြဲစိုက်မှာလား။ တန်းလိုက်စိုက်မှာလား။ ဘယ်နတင်းကြဲမလဲ။ ဆိုတာကနေ စပြီးတော့ ဆုံးဖြတ်ရတဲ့အပိုင်းတွေဖြစ်ပါတယ်။ ရေသွင်းဖို့ မသွင်းဖို့၊ မြေသြဇာကွေျးဖို့၊ ရောဂါပိုးမွှားကြိုတင်ကာကွယ်ဖို့ စတဲ့အချက်တွေအကုန်စဉ်းစားပြီး ဆုံးဖြတ်ချက်ချရတဲ့အပိုင်းဖြစ်ပါတယ်၊
၃) ဘယ်လောက်ထုတ်မလဲ
အိမ်မှာက (၂)ယောက်တည်းရှိလို့ တစ်ယောက်စိုက်ပဲ စိုက်မယ်။ စားဖို့လောက်ပဲ။ အဲ့လို ဆုံးဖြတ်ချက်၊ ငါကတော့ ရှိတာ (၂)ဧကတည်း၊ တင်း(၂၀၀)လောက်ထွက်အောင်လုပ်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး၊ ကိုယ်အိမ်စီးပွားရေးနဲ့တွက်ချက်ပြီးတော့ ဘယ်လောက်ပမာဏ လိုချင်တယ်ဆိုတာမျိုး ဆုံးဖြတ်ချက်ချရတာဖြစ်ပါတယ်။
လည်ပတ်မှုတွေလုပ်နိုင်ဖို့အတွက် ချရတဲ့ဆုံးဖြတ်ချက်တွေကတော့ အဲ့(၃)မျိုးဖြစ်ပါတယ်။ လွယ်မလိုနဲ့ ခက်တယ်နော်။
Strategic Management Decision လို့ ခေါ်တဲ့ နည်းဗျုဟာဆိုင်ရာ စီမံခန့်ခွဲမှု ဆုံးဖြတ်ချက်တွေ
၁) လုပ်ငန်းအရွယ်အစား
တစ်ဧကစိုက်ရင် တစ်ဧကစာပဲအမြတ်ရမှာပေါ့။ ငွေကြေးဘယ်လောက်ရင်းနိုင်သလဲ၊ ရာသီဥတုက ဘယ်လိုအခြေအနေရှိနိုင်မလဲ၊ ဆိုတဲ့အချက်တွေအပေါ်မှာမူတည်ပြီးတော့ ကိုယ်ဘယ်လိုလုပ်ကိုင်ရမလဲဆိုတာမျိုးကို ဆုံးဖြတ်ရတာဖြစ်ပါတယ်။ အဲ့လိုလုပ်ရတဲ့ ဆုံးဖြတ်ချက်တွေမျိုး ပါလာပါလိမ့်မယ်။
၂) စက်နဲ့ လူတွေ အတွက် စီမံချက်တွေ
စီမံခန့်ခွဲမှုတွေအထဲမှာ အရေးကြီးတဲ့တစ်ချက်ကတော့ ရှိတာလေးနဲ့ ဘယ်လို အများဆုံးထုတ်မလဲ ဆိုတာပါပဲ။ လူရှိတယ်။ စက်ရှိတယ်။ အဲ့(၂)ခုကို ဘယ်လိုပေါင်းစပ်ပြီးထုတ်လုပ်ရင် အကောင်းဆုံးဖြစ်မလဲဆိုတဲ့ ရွေးချယ်စရာတွေအများကြီးထဲကနေ အကောင်းဆုံးရွေးချယ် ဆုံးဖြတ်မှုတွေကို လုပ်ရတဲ့ ဆုံးဖြတ်ချက်တွေပါပါတယ်။
၃) တည်ဆောက်မှုအတွက်ချရတဲ့ ဆုံးဖြတ်ချက်တွေ
စိုက်ပျိုးရေးချည်းပဲဆိုရင်တောင် နားနေဖို့ လှောင်ဖို့ ထားဖို့ ဆောက်ရတဲ့အဆောက်အဦးတွေရှိပါတယ်။ မွေးမြူရေးပါ ပါတယ်ဆိုရင်တော့ တိရိစ္ဆာန်တွေထားဖို့ ဆောက်ရတဲ့ အဆောက်အဦးတွေ ပါလာမှာပါ။ ဘယ်နေရာမှာ ဘာကိုဆောက်လုပ်သင့်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေကို ချရမှာပါ
၄) ရေသွင်းရေထုတ်၊ အထွန်အယက်၊ စတဲ့အချက်တွေ
စိုက်မယ်ပျိုးမယ်။ မွေးမယ်မြူမယ်ဆိုကတည်းက ရေလိုတယ်။ အဲ့လိုတွေအတွက် ဘယ်လိုစီမံပြီး ဆုံးဖြတ်ချက်တွေလုပ်ထားလဲဆိုတာကလည်း တောင်သူဦးကြီးတွေ သိပြီးသား တွေပါပဲ၊ အဲ့လို စီမံချက် ဆုံးဖြတ်ချက်တွေကိုဆိုလိုတာဖြစ်ပါတယ်။
အုပ်ချုပ်မှုပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု ဆုံးဖြတ်ချက်တွေ
စကားလုံးတွေကတော့ ပြောလိုက်ရတာ အကြီးကြီးပါပဲ၊ ဒါပေမဲ့ တောင်သူဦးကြီးတွေ လက်မထောင်နေလို့ရပြီးသားပါ အကုန်လုံးက တတ်ပြီးသားတွေဖြစ်နေတာကိုး
၁)အလုပ်သမားငှားမလား ကိုယ့်ဘာသာလုပ်လား လိုမျိုး ငေွကြေးဆိုင်ရာ စီမံခန့်ခွဲမှု ဆုံးဖြတ်ချက်တွေ
၂) ဒီနေ့တော့ ဒါလေးပြီးရမယ် လုပ်ကြမယ်ဟ ဆိုတဲ့ ဦးဆောင်မှုပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု ဆုံးဖြတ်ချက်တွေ
၃) ဘယ်နေ့တုန်းက ဘယ်လောက်ကုန်ထားတာ ဆိုတဲ့ ငွေစာရင်း ပြုလုပ်မှု ဆုံးဖြတ်ချက်တွေ
၄) နွားတွေ ဝမ်းတွေသွားနေတယ်ဟ ဆေးထိုးမှ ရမယ် ဆေးထိုး ဆိုတဲ့ ထုတ်လုပ်မှုပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို လုပ်ရတဲ့ ဆုံးဖြတ်ချက်တွေ၊ အကုန်လုံးကို ချမှတ်နိုင်ရပါမယ်။
ဈေးကွက်စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေ (Marketing Management decisions)
လယ်လေးစိုက်တာကွာ အဲ့လောက်ခက်သလား လို့မေးရင် ခက်တယ်လို့ပဲပြောရမှာပါပဲ။
၁) ထည့်ရမဲ့ ပစ္စည်းသွင်းအားစုတွေကို ဈေးသက်သက်သာသာနဲ့ ဝယ်နိုင်ဖို့အတွက် ချရတဲ့ ဆုံးဖြတ်ချက်တွေကိုလည်း လုပ်ဆောင်တတ်ရပါမယ်။
၂) အမြတ်အများဆုံးရနိုင်ဖို့အတွက် ဘယ်အချိန်မှာ ရောင်းမလဲဆိုတဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ဆုံးဖြတ်တတ်ရပါမယ်။ ဘာရောင်းမလဲ၊ ဘယ်လောက်နဲ့ ရောင်းရမလဲ၊ ဘယ်လိုမျိုးရောင်းရမလဲ၊ ဘယ်သူ့ကို ဘယ်လိုရောင်းရမလဲ ဆိုတဲ့ ဆုံးဖြတ်ချက်တွေပါရမှာဖြစ်ပါတယ်။
လယ်လုပ်ရတာ လွယ်သလား….. ဖြေကြည့်စမ်းပါ။ ……….
ထွန်းဝင်းကျော်
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
စပါးပင်တွေက ပုံထဲမှာပြထားသလို ဝါနေလို့ပါခင်ဗျ အစာကျွေးထားတာလဲ ရက် 20လောက်ပဲရှိပါသေးတယ် အစာတောင်းတာလား ပိုးကျတာလားမသိတာကြောင့် ဘယ်လိုကုသရမလဲဆိုတာ ပညာရှင်များနဲ့ အတွေ့အကြုံရှိဦးကြီးများကဖြေကြားပေးစေလိုပါတယ်ခင်ဗျာ
ဧကာ • ဖြေကြားချက် 7 ခု
ဒီနှစ်မှာ တောင်သူ လယ်သမားဦးကြီးတို့ မနှစ်ကလို စပါးဈေး မကောင်းရင် ဘာဆက်လုပ်ကြမလဲ ရှင်☘️🌾🌾🌾 စပါးဈေးသာ မကောင်းတာ မြေဩဇာ မြေဆီ ဈေးနှုန်းက မကျဘူး နိုင်ငံကလဲ မလှတော့ ပြည်သူတွေလဲ ဝမ်းဝ ခါးလှဖို့ လာဏ်မမြင်
Phyoe Thi Thi Htun • ဖြေကြားချက် 4 ခု
မုန်လာထုပ်ခု8လပိုင်းစစိုက်နေပြီဈေးကောင်းလေးမိနိုင်လားဗျ
khun zaw myo • ဖြေကြားချက် 3 ခု
သခွားမျိုးကောင်းတာရှိရင်လမ်းညွှန်ပေးပါ
ဉာဏ်လင်းမောင် • ဖြေကြားချက် 2 ခု
ဒေါင်းခြောက်နဲနဲရှီလို
Arafta • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026