ကုန်ကျစရိတ်
ကုန်တယ် ကုန်တယ် ဘာမှမလုပ်ရင် ဘာမှမကုန်တာကို....ထလုပ်တော့ ကုန်တာပေါ့။ မဟုတ်ပါဘူးနော် ဘာမှမလုပ်လည်း ကုန်နေတာပါပဲ။ ကုန်ကျစရိတ်တွေအကြောင်းနဲ့ပတ်သက်ပြီး ဘယ်လိုတွေသိထားလဲ။ မသိဘူး မတွေးမိထားဘူးဆိုရင်တော့ အောက်မှာ ဆက်ပြီးကြည့်ပါ။
ကုန်ကျစရိတ်တွေကို ခွဲခြားမယ်ဆိုရင် အမြဲတမ်း (၂) မျိုးရှိပါတယ်၊၊ စာရင်းသေကုန်ကျစရိတ်နဲ့ စာရင်းရှင်ကုန်ကျစရိတ်ပါ။ မြန်မာစာက သိပ်ရှင်းပါတယ်။ စာရင်းသေကုန်ကျစရိတ်ဆိုတာက လုံးဝ အသေကုန်ကျစရိတ်ပါ၊ မပြောင်းလဲနိုင်တဲ့ ကုန်ကျစရိတ် ပုံသေကုန်ကျစရိတ်ကို ဆိုလိုတာဖြစ်ပြီးတော့ စာရင်းရှင်ကုန်ကျစရိတ်ဆိုတာက ပြောင်းလဲမှုတွေရှိတဲ့ ကုန်ကျစရိတ်တွေကို ဆိုလိုတာဖြစ်ပါတယ်။
လယ်တစ်ဧက စိုက်တယ်။ ဘာပင်ပဲစိုက်စိုက် မြေတော့ပြင်ရမယ်။ ထွန်ရမယ် ထယ်ရမယ် မျိုးစေ့ဝယ်ရမယ်။ အဲ့ဒါမျိုးတွေက စာရင်းသေကုန်ကျစရိတ်ပါပဲ။
စာရင်းရှင်ကုန်ကျစရိတ်ဆိုတာက အပြောင်းအလဲရှိတဲ့ ကုန်ကျစရိတ်တွေကိုဆိုလိုတာဖြစ်ပြီးတော့ ပိုးသတ်ဆေးဖိုးတွေ၊ အပင်တွေ မထလို့ အရေးတကြီးထည့်လိုက်ရတဲ့ ကုန်ကျစရိတ်တွေအားလုံးကို ခေါ်တာဖြစ်ပါတယ်။
လူတစ်ယောက်ချင်းစီကနေ ကုန်ကျစရိတ်ကို ပြန်တွက်ပြမယ်ဆိုရင် တစ်လကို ဆန် (၁၀) ပြည်ကုန်တယ်။ ဝယ်ကိုဝယ်ထားမှရမယ်ဆိုတဲ့ စာရင်းသေကုန်ကျစရိတ်နဲ့ ဒီလ ပေါင်းအိုးပျက်သွားလို့ အိုးအသစ်ဝယ်လိုက်ရတယ်ဆိုတာက စာရင်းရှင်ကုန်ကျစရိတ်ဖြစ်ပါတယ်။ မဖြစ်မနေကုန်ရတဲ့ အမြဲကုန်ကျစရိတ်နဲ့ လိုလို့ထပ်ဝယ်လိုက်တာမျိုး၊ ထပ်ကုန်သွားတာမျိုးကိုကျတော့ စာရင်းရှင်ကုန်ကျစရိတ်လို့ ခေါ်ပါတယ်။
တကယ်လုံးဝကုန်ကျတဲ့ စရိတ်ကြီးကိုလိုချင်တယ်ဆိုရင် စာရင်းသေကုန်ကျစရိတ်ရော စာရင်းရှင်ကုန်ကျစရိတ်(၂)ခုလုံးကို ပေါင်းရပါတယ်။
စုစုပေါင်းကုန်ကျစရိတ် = စာရင်းရှင်ကုန်ကျစရိတ်+စာရင်းသေကုန်ကျစရိတ်
အသားတင်ပြန်ရချက်ကို လိုချင်တယ်ဆိုရင်တော့ အောက်ကအတိုင်းတွက်ပါတယ်။
အသားတင် ပြန်ရချက် = စုစုပေါင်း ပြန်ရချက် - စုစုပေါင်းကုန်ကျစရိတ်
ဘယ်လောက်ပြန်ရလဲဆိုတာကျတော့ စုစုပေါင်းပြန်ရချက်ထဲက စုစုပေါင်း ကုန်ကျစရိတ်ကိုနုတ်မှရမှာဖြစ်ပါတယ်။
အခွင့်အလမ်းကုန်ကျစရိတ်တွေ
ရှုပ်မသွားပါနဲ့နော်။ စိုက်ပျိုးစီးပွားရေးကနေဆိုတာ စီးပွားရေးလုပ်တာပါပဲ။ ကိုယ့်စိုက်ပျိုးမြေဆိုတာကို မစိုက်ပဲ တစ်ခြားဟာလုပ်မယ်ဆိုရင် ကိုယ်မခံလိုက်တဲ့ကုန်ကျစရိတ်ဟာ အခွင့်အလမ်းကုန်ကျစရိတ်ပါပဲ။ အခွင့်အလမ်းကုန်ကျစရိတ်တွေ နည်းအောင်လုပ်လေလေကောင်းလေဖြစ်ပါတယ်။ အဲ့လိုလုပ်ပေးနိုင်ရင် တော်သေးတာပေါ့ ငါအဲ့လောက်မကုန်တော့ဘူးပေါ့လို့ သက်ပြင်းချနိုင်မှာဖြစ်ပါတယ်။ အခွင့်အလမ်းကုန်ကျစရိတ်တွေနဲ့ ပတ်သက်ပြီး မြန်မာစကားတစ်ခုရှိပါတယ်။ အပ်နဲ့ထွင်းရမဲ့နေရာမှာ ပုဆိန်နဲ့ထွင်းရတယ် ဆိုတာမျိုးပေါ့။ အပ်နဲ့ပဲထွင်းနိုင်တယ်ဆို ပုဆိန်မဝယ်ရတော့တဲ့အတွက် သက်သာသွားတာမျိုးကို ဆိုလိုပါတယ်။
ကုန်ကျစရိတ်တွေကို ဘာလို့ပြောနေတာလဲဆိုတော့ စိုက်ပျိုးမှုကနေ အမြတ်ထွက်အောင်လုပ်နိုင်ဖို့ဆိုရင် ကုန်ကျစရိတ်တွေကို အရင်ကာမိအောင်လုပ်ပြီးတော့ အရင်းကျေအထွက် အရင်းကျေဈေးနှုန်းတွေကိုသိပြီး ထုတ်လုပ်နိုင်မှ အဆင်ပြေမှာဖြစ်ပါတယ်။ အဲ့လိုဆိုတော့ အရင်းကျေအထွက်ဆိုတာ ဘယ်လိုတွက်သလဲ ဆိုတော့
အရင်းကျေအထွက် = ကုန်ကျစရိတ်ကိုတည်ပြီးတော့ ကာလပေါက်ဈေးနဲ့ စားရမှာဖြစ်ပါတယ်။
ဥပမာ စပါး (၁)ဧက စိုက်တယ်။ အရင်းက ၄ သိန်းဖြစ်ပြီးတော့ စပါးဈေးက (၅)သိန်း (တစ်တင်း ၅၀၀၀၀) ဆိုရင် အနည်းဆုံး တစ်ဧကကနေ ဘယ်လောက်ထွက်ရမလဲ တွက်ကြည့်မယ်။ အရင်းကိုတည်မယ်။ စပါး(၁)တင်းဈေးနဲ့စားရမယ်။
အရင်း(၄၀၀၀၀၀)အစား (၅၀၀၀၀) = ၈၀ ရပါတယ်။ အဲ့တော့ တကယ်အရင်းကျေဖို့ဆိုရင်(တကယ်လို့ စပါးဈေး(၅)သိန်းနဲ့သာ ရောင်းရမယ်ဆို တင်း(၈၀)ထွက်ဖို့လိုပါတယ်၊ အဲ့ဒါက အနည်းဆုံးထွက်ရမဲ့ ပမာဏပါ။ အဲ့ထက် ပိုထွက်အောင်လည်း လုပ်မယ်။ အရင်းကိုလည်း နည်းအောင်လုပ်မယ်ဆိုရင် အမြတ်က ပိုများလာမှာပေါ့။
အရင်းကျေဈေးကလည်း ဘယ်လိုတွက်မလဲဆိုတော့ သိထားရင် ငါကတော့ ဘယ်လောက်နဲ့ရောင်းရင်တော့ ရှုံးပြီဆိုတာကို သိထားနိုင်တာပေါ့။ သူကလည်း ကုန်ကျစရိတ်ကိုတည်ပြီးတော့ အထွက်နဲ့စားတာပါ။ ခုဏက ပြန်တွက်ကြည့်ရရင်တော့
အရင်းက ၄ သိန်း အထွက်က ၁၀၀ ထွက်တယ်ဆိုပါတော့၊ (၄၀၀၀၀၀)ကို အထွက် (၁၀၀)နဲ့ စားပါ။ အဖြေကတော့ ၄၀၀၀ ရပါတယ်။ ဆိုတော့ တစ်တင်းကို (၄၀၀၀) အထိ ထားပြီးရောင်းရင် အရင်းတော့ ပြန်ရမယ်ဆိုတဲ့သဘောပေါ့။ အဲ့တော့ အမြတ်ရချင်ရင်တော့ တစ်တင်းကို (၅၀၀၀) (၆၀၀၀) ရောင်းပါ။ ထွက်သလောက် မြတ်တာပေါ့နော်။
ဒါပေမဲ့ များသောအားဖြင့်တော့ စိုက်ပျိုးရေးထုတ်ကုန်တွေဟာ ပြိုင်ဆိုင်မှုများတဲ့ ဈေးကွက်ထဲမှာရှိနေတာကြောင့်မို့ ဈေးကိုတော့ ကိုယ့်ဘာသာပြင်ဆင်လို့မရပါဘူး။ ပြင်လို့ရတာက အထွက်ပါပဲ။ ပြီးတော့ ကုန်ကျစရိတ်ပါ။ ကုန်ကျစရိတ်ကိုလည်း နည်းအောင်လို့ လုပ်လို့ရတဲ့နည်းတွေ လိုက်လုပ်ကြည့်လို့ရပါတယ်။ ပြီးတော့ အထွက်ကို တိုးအောင်လုပ်လို့ရပါတယ်။ ဘယ်ကုန်ကျစရိတ်တွေထဲက ဘယ်အရာကို နည်းပါးသွားအောင်လုပ်မလဲ ဆိုတာကို လုပ်ငန်းလုပ်ဆောင်နေကြတဲ့ လုပ်ငန်းရှင်ကြီးပီသစွာ စဉ်းစားဆင်ခြင်ရင်း အထွက်တွေတိုးကာ အမြတ်တွေပွားစေနိုင်ကြောင်း ဆုတောင်းပေးလိုက်ရပါတယ်။
ထွန်းဝင်းကျော်
ကိုမေရှ
လွန်ခဲ့သော ၁ နှစ် ကကျေးဇူးပါ မျှဝေမှုကို လေးစားပါသည်🥰
ဥိီးသီဟ
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးပါဗျာ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
စပါးပင်တွေက ပုံထဲမှာပြထားသလို ဝါနေလို့ပါခင်ဗျ အစာကျွေးထားတာလဲ ရက် 20လောက်ပဲရှိပါသေးတယ် အစာတောင်းတာလား ပိုးကျတာလားမသိတာကြောင့် ဘယ်လိုကုသရမလဲဆိုတာ ပညာရှင်များနဲ့ အတွေ့အကြုံရှိဦးကြီးများကဖြေကြားပေးစေလိုပါတယ်ခင်ဗျာ
ဧကာ • ဖြေကြားချက် 7 ခု
ဒီနှစ်မှာ တောင်သူ လယ်သမားဦးကြီးတို့ မနှစ်ကလို စပါးဈေး မကောင်းရင် ဘာဆက်လုပ်ကြမလဲ ရှင်☘️🌾🌾🌾 စပါးဈေးသာ မကောင်းတာ မြေဩဇာ မြေဆီ ဈေးနှုန်းက မကျဘူး နိုင်ငံကလဲ မလှတော့ ပြည်သူတွေလဲ ဝမ်းဝ ခါးလှဖို့ လာဏ်မမြင်
Phyoe Thi Thi Htun • ဖြေကြားချက် 4 ခု
မုန်လာထုပ်ခု8လပိုင်းစစိုက်နေပြီဈေးကောင်းလေးမိနိုင်လားဗျ
khun zaw myo • ဖြေကြားချက် 3 ခု
သခွားမျိုးကောင်းတာရှိရင်လမ်းညွှန်ပေးပါ
ဉာဏ်လင်းမောင် • ဖြေကြားချက် 2 ခု
ဒေါင်းခြောက်နဲနဲရှီလို
Arafta • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....