ဘက်ဂျက် တွက်ကြမယ်
တူတူတွက်ကြမယ်။
အရင်တစ်ခေါက်က Partial Budget ဆိုတာဘာလဲ။ ဘယ်လို အစိတ်အပိုင်းတွေ ပါရမလဲ ဆိုတာကို ပြောပြပြီးပြီ ဆိုတော့ အချက်အလက်တွေကို စုဆောင်းထားလိမ့််မယ်လို့ ထင်ပါတယ်။ အဲ့လို ဆိုတော့ အခု အရင်စီမံကိန်းက ပဲတီစိမ်းစိုက်နေတယ် လို့ ယူဆပါမယ်။ အဲ့လို ပဲတီစိမ်း စိုက်နေရာကနေပြီးတော့ ဆလပ်ရွက်ကို ပြောင်းစိုက်လိုက်ချင်တယ်ဆိုရင် ဘယ်လိုတွက်မလဲ ဘယ်လို ချိန်ဆမလဲ??
အကြမ်းတွက်နည်းကို အောက်မှာဇယားလေးနဲ့ ပြောပြထားပါတယ်။
ဥပမာကတော့ သီးနှံတစ်ခုကို ပြောင်းစိုက်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်မယ် ဆိုရင် အဲ့အတွက် Patial Budget အနေနဲ့တွက်ကြည့်ရအောင် .......

ဆလပ်စိုက်မယ်ဆိုရင် ရောင်းရငွေချည်းပဲ ၁၅၀ ရမယ်။ နောက်ပြီး ပဲတီစိမ်းမှာလိုထည့်ရတဲ့ လုပ်အားခတွေကပါ လျော့ကျသွားတဲ့အတွက် ပိုလာတာက ၂၀၈ ကျပ် ဖြစ်ပါတယ်။ အဲ့တော့ ဆလပ် စိုက်ရင် ရမဲ့ စုစုပေါင်း ပြန်ရချက်ကိုလိုချင်ရင်တော့
စုစုပေါင်း ပြန်ရချက်(ဆလပ်) = ဆလပ်က ပြန်ရငွေ + ဆလပ်စိုက်လို့ လျော့လိုက်လို့ရတဲ့ ကုန်ကျစရိတ်(ပဲတီစိမ်းကုန်ကျစရိတ်နှင့် နှိုင်းယှဉ်)
= ၁၅၀ + ၂၀၈
= ၃၅၈ ကျပ်
ဆလပ်စိုက်လိုက်လို့ ပြန်ရမဲ့ ပြန်ရချက်စုစုပေါင်းက ၃၅၈ ကျပ် ဖြစ်ပါတယ်။
နောက်တစ်ခြမ်းဖက်ကတော့ ပဲတီစိမ်းစိုက်ရင် ရမဲ့ ပြန်ရောင်းရငွေက ၃၆၀ ဖြစ်ပါတယ်။ ဘာလို့ လျော့ကျပြန်ရချက်လို့ ဆိုထားတာကတော့ ကိုယ်မစိုက်တော့တဲ့အတွက်ကြောင့် လက်လွှတ်လိုက်ရတဲ့ ပြန်ရချက်ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပါ။
နောက်ထပ်တိုးကုန်ကျစရိတ်ဆိုတာကတော့ ဆလပ်နဲ့ ဆိုင်ပါတယ်။ ဆလပ်ကို ပဲတီစိမ်း နေရာမှာစိုက်ရင် ထပ်တိုး ကုန်ကျစရိတ်အနေနဲ့ ဘာတွေရှိနိုင်မလဲ ဆိုတာကို တွက်ထားတာပါ။ အဲ့လိုဆိုတော့ သူက အလုပ်သမား ကုန်ကျစရိတ် ၂၈ ကျပ်ရယ်။ နောက်ထပ်သွင်းအားစု တန်ဖိုးက ၃၆ ကျပ် ဖြစ်ပါတယ်။ စုစုပေါင်းက ၃၆ ကျပ်ဖြစ်ပါတယ်။
ပဲတီစိမ်းစိုက်လို့ ဆုံးရှုံးရမဲ့ စုစုပေါင်း = ပဲတီစိမ်း ရောင်းရငွေ + ကုန်ကျစရိတ် (ဆလပ်ကုန်ကျစရိတ် နှင့် နှိုင်းယှဉ်)
= ၃၆၀ + ၃၆
= ၃၉၆ ကျပ်
ဇယားကို (၂)ခြမ်းခွဲကြည့်ကြမယ်။ တစ်ဖက်ခြမ်းက ပြန်ရချက် (ကိုယ်ပြောင်းလိုက်တဲ့ လုပ်ငန်းဆုံးဖြတ်ချက်ကြောင့်မို့ ရလာတဲ့ ရလာဒ်) ဖြစ်ပြီးတော့ နောက်တစ်ဖက်ခြမ်းကတော့ ဘာပြောင်းလဲမှုမျိုးမှ မလုပ်ပဲနဲ့ ရလာတဲ့ ရလာဒ်ဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင်တော့ ဘယ်ဖက်က အပေါင်း(ကိုယ်ရမှာ) ဖြစ်ပြီး ညာဖက်က အနုတ်(ကိုယ်ဆုံးရှုံးမှာ) ဖြစ်ပါတယ်။
ကဲ့ အဲ့ အပေါင်းဖက်ခြမ်းကနေ အနုတ်ဖက်ခြမ်းတွေကို နုတ်ပါ။
အပေါင်းဖက်ခြမ်းက (၃၅၈)ကျပ် ဖြစ်ပြီးတော့ အနုတ်ဖက်ခြမ်းက (၃၉၆)ကျပ် ကိုနုတ်လိုက်ရင် (၃၈)ကျပ် ဖြစ်ပါတယ်။ ခုနကပြောခဲ့တဲ့ ကိုယ်ရချင်တဲ့ အသားတင်ကိုလိုချင်လို့ နုတ်လိုက်တာဖြစ်ပါတယ်။ အဲ့ဒါဆိုတော့ (၃၈)ကျပ် ဆုံးနေပါတယ်။
ဒါဆိုရင် ပဲတီစိမ်းစိုက်တာနဲ့ဆလပ်စိုက်တာနဲ့ ဘယ်ဟာကို စိုက်သင့်သလဲဆိုတာကို ဆုံးဖြတ်လို့ ရနိုင်ပြီ ထင်ပါတယ်။ ဆလပ်စိုက်လိုက်ရင် (၃၈)ကျပ် ဆုံးတာ သေချာမှာဖြစ်ပါတယ်။
ကဲ ပါရှယ် ဘက်ဂျက် ဆိုတာ ဘယ်လို အသုံးဝင်ပြီလဲ သိကြပြီလား။ တကယ်လို့ တွက်ချင်တယ်ဆိုရင် တော့ .......... အကြောင်းကြားလိုက်ပါတော့ ..…
ထွန်းဝင်းကျော်
https://slideplayer.com/slide/4297090/14/images/5/Partial+Budget+Example.jpg
(ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်" "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
စပါးပင်တွေက ပုံထဲမှာပြထားသလို ဝါနေလို့ပါခင်ဗျ အစာကျွေးထားတာလဲ ရက် 20လောက်ပဲရှိပါသေးတယ် အစာတောင်းတာလား ပိုးကျတာလားမသိတာကြောင့် ဘယ်လိုကုသရမလဲဆိုတာ ပညာရှင်များနဲ့ အတွေ့အကြုံရှိဦးကြီးများကဖြေကြားပေးစေလိုပါတယ်ခင်ဗျာ
ဧကာ • ဖြေကြားချက် 7 ခု
ဒီနှစ်မှာ တောင်သူ လယ်သမားဦးကြီးတို့ မနှစ်ကလို စပါးဈေး မကောင်းရင် ဘာဆက်လုပ်ကြမလဲ ရှင်☘️🌾🌾🌾 စပါးဈေးသာ မကောင်းတာ မြေဩဇာ မြေဆီ ဈေးနှုန်းက မကျဘူး နိုင်ငံကလဲ မလှတော့ ပြည်သူတွေလဲ ဝမ်းဝ ခါးလှဖို့ လာဏ်မမြင်
Phyoe Thi Thi Htun • ဖြေကြားချက် 4 ခု
မုန်လာထုပ်ခု8လပိုင်းစစိုက်နေပြီဈေးကောင်းလေးမိနိုင်လားဗျ
khun zaw myo • ဖြေကြားချက် 3 ခု
သခွားမျိုးကောင်းတာရှိရင်လမ်းညွှန်ပေးပါ
ဉာဏ်လင်းမောင် • ဖြေကြားချက် 2 ခု
ဒေါင်းခြောက်နဲနဲရှီလို
Arafta • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026