လယ် (Farm) အမျိုးအစားတွေ
Farm လို့ ခေါ်ကြတဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ကြရင်တော့ ဖတ်ကြပါဦးနော်။
ဟိုး အစကတည်းက ပြောခဲ့ပါတယ်။ စိုက်ပျိုးရေးဆိုတာလုပ်ငန်းပါပဲလို အမြဲလက်မထောင်ပါ။ လုပ်ငန်းရှင်ကြီးတွေလို့ ကိုယ့်ကိုကိုယ် ဂုဏ်ယူကြပါ။ ခု ဒီစာလေးကိုဖတ်ပြီးရင်လည်း ကိုယ့်ကိုကိုယ် ဘယ်လိုလုပ်ငန်းကိုလုပ်နေတယ် ဘယ်လိုအမျိုးအစားနဲ့လုပ်နေတာမျိုးလဲ ဘယ်လိုစနစ်နဲ့ လည်ပတ်နေတာလဲဆိုတာကို ထပ်ပြောနိုင်ကြမှာပါ
ကဲ စပြီနော်
အမျိုးအစား
လယ်ယာစိုက်ပျိုး မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေကြတဲ့ အမျိုးအစားလို့ ဆိုလိုက်ရင် ပေးထားတဲ့ ရေမြေအခြေအနေရယ် သဘာဝ ပတ်ဝန်းကျင်က အရင်းအမြစ်တွေရယ်စတဲ့ အချက်တွေနဲ့ သက်ဆိုင်ပြီးတော့မှ ဘယ်လိုတွေ လုပ်ဆောင်နေလဲဆိုတာကို အမျိုးအစားခွဲတာ ဖြစ်ပါတယ်။
ဘယ်(၂)မျိုးလောက်ရှိသလဲ
(က) အမျိုးစုံစိုက်ပျိုးထုတ်လုပ်တဲ့ အမျိုးအစား
စပါးလည်းစိုက်တယ်။ ပဲလည်းစိုက်တယ်။ ငရုတ်လည်းစိုက်တယ်။ ပျိုးပင်လေးတွေလည်း ထုတ်ရောင်းတယ်။ ဟုတ်ပြီ အဲ့လိုအထဲကမှ ဘယ်ပစ္စည်းကမှ တစ်ဝက်နီးပါး ဝင်ငွေ ရမနေဘူးဆိုရင် (ထုတ်လုပ်မှုက စုစုပေါင်းထုတ်လုပ်မှုရဲ့ (၅၀) ရာခိုင်နှုန်းမကျော်ဘူးဆိုရင်တော့ အဲ့လို လုပ်ငန်းမျိုးကို မျိုးစုံစိုက်ပျိုးမွေးမြူထုတ်လုပ်တယ်လို့ ဆိုပါတယ်။ အဲ့လိုလုပ်တဲ့ လုပ်ငန်းတွေရှိပါတယ်။
လုပ်ရင် ဘာအကျိုးကျေးဇူးတွေရနိုင်သလဲဆိုတော့
(၁)ကိုယ့်မှာ ရှိတဲ့ အရင်းအမြစ်တွေကို အကောင်းဆုံး အသုံးချနိုင်တဲ့ နည်းလမ်းပါ။ မြေကိုလည်း ပိုပြီး ထိန်းသိမ်းစောင့်ရှောက်နိုင်ပါတယ်။ အလုပ်သမားတွေကိုလည်း အကောင်းဆုံး အသုံးချနိုင်ပါတယ်။ အကျိုးအမြတ်လည်း ပိုများများရနိုင်ပါတယ်။
(၂) မျိုးစုံတာကြောင့် သီးနှံပျက်ရင်တောင် တစ်ခြားသီးနှံက အမြတ်ကိုရနိုင်ပြီးတော့ စွန့်စားရတာကို လျော့ချနိုင်ပါတယ်။
(၃) လုပ်ငန်းစုံဖြစ်တာကြောင့် သီးနှံရာသီပေါ်မှ ငွေရတာမျိုးမဟုတ်ပဲ ထုတ်ရောင်းပြီး အချိန်မရွေးငွေ ရနိုင်ပါတယ်၊
ဆိုးကျိုးတွေလည်းရှိတာပေါ့
(၁) အများကြီးလိုချင်တာမျိုးဆိုရင်တော့ တစ်ခြား ကိုယ့်လိုလုပ်တဲ့ လုပ်ငန်းရှင်တွေနဲ့ စုပေါင်းပြီး ရောင်းနိုင်မှ ဖြစ်မှာပါ။
(၂) လုပ်စရာအလုပ်တွေက များတယ်ဆိုတော့ အလုပ်သမားတွေကို စီမံတဲ့နေရာမျိုးမှာ နည်းနည်းတော့ ကသီနိုင်ပါတယ်။
(၃) နည်းနည်းစီလုပ်တာကြောင့်မို့ စက်ကိရိယာတွေကိုလည်း ဘုံ အနေနဲ့ပဲ သုံးလို့ရပါတယ်။ သီးသန့်ပြုလုပ်ထားတဲ့ကိရိယာတွေကို သုံးနိုင်ဖို့ ခက်တတ်ပါတယ်။
(၄) အခွန်အခကောက်တယ်ဆိုရင် လုပ်ငန်းစုံတာကြောင့် အခွန်အခ ပိုများလာနိုင်ပါတယ်။
နောက်တစ်မျိုးဆက်ကြတာပေါ့
(ခ) သီးသန့်စိုက်ပျိုးတဲ့ အမျိုးအစား
စပါးကတော့ တစ်ဝက်စိုက်တယ်။ အဘက ပဲစိုက်တာ၊ ငရုတ်က နည်းနည်းပါပဲ ဆိုတဲ့ လုပ်ငန်းမျိုးတွေပါ။ ထုတ်လုပ်မှုက တစ်ဝက်ကျော်တဲ့ကုန်ပစ္စည်း ဘာဖြစ်နေနေ စပါးဖြစ်နေရင် စပါးစိုက်တယ် လိုပြောလို့ရပါတယ်။ ကျန်တာ စိုက်တာကို ထည့်တွက်မနေတော့ပါဘူး။
အဲ့လို လုပ်ငန်းမှာဆိုရင် ဝင်ငွေက ရောင်းလို့ရတဲ့ ကုန်ပစ္စည်းတန်ဖိုးကို အိမ်မှာသုံးလိုက်တဲ့ ထွက်ကုန်ပစ္စည်းတန်ဖိုးနဲ့ ပေါင်းပြီးတော့ တွက်ပါတယ်၊
ဒီလိုလုပ်ငန်းမှာ ကောင်းကျိုးတွေက
(၁) မြေကို အကောင်းဆုံး အသုံးချနိုင်တယ်။ မြေကြီးကိုသုံးပြီး စိုက်ပျိုးရေးလုပ်ငန်းကို လုပ်မယ်။
(၂) ဈေးကွက်ကို ထိုးဖောက်နိုင်တဲ့ စီးပွားရေးလုပ်ငန်းကြီးဖြစ်လာမယ်။ ဦးလှမောင်က စပါးစိုက်တာ သန့်နေတာပဲ သူ့ဆီက ဆန်တွေက သန့်ပါတယ် ဆိုတာလိုမျိုး။ ဈေးကွက်ထိုးဖောက်နိုင်စွမ်း ပိုကောင်းပါတယ်၊
(၃) တစ်ခုပဲဆိုတော့ အာရုံပိုစိုက်နိုင်တယ်။
(၄) ပစ္စည်းကိရိယာတွေ မျိုးစုံအောင်မလိုအပ်ဘူး။ တစ်ခုကောင်းနဲ့ လုပ်စားလို့ရပါတယ်။
(၅) ကုန်ကျစရိတ်ကို ချိန်ညှိလို့ရတယ်။
(၆) တိုးတက်နိုင်မှုနဲ့ ကျွမ်းကျင်မှု တိုးလာနိုင်တယ်။ တစ်ခုတည်းမို့ တိုးတက်မှုတွေ တွေ့နိုင်တာပါ။
ဆိုးကျိုးတွေကတော့
(၁) တစ်ခုတည်းကို အားကိုးတာဖြစ်တာကြောင့် ပျက်တယ်ဆိုရင် ဆုံးရှုံးမှုက ပိုများပါတယ်။
(၂) စွန့်စားရတာများပြီးတော့ လုပ်ငန်းမှာ အာရုံစူးစိုက်မှု အပြည့်ရှိဖို့လိုပါတယ်။
(၃) သီးနှံရာသီပေါ်မှ ဝင်ငွေက ရနိုင်တာဖြစ်ပါတယ်။
(ဂ) ပေါင်းစည်းလယ်ယာ
တိရိစ္ဆာန်မွေးမြူရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်း (၂)ခုကို ပေါင်းပြီးလုပ်ဆောင်တာဖြစ်ပါတယ်။
ကြက်ခြံထဲက ကြက်ချေးရ စိုက်ခင်းထဲ ပြန်ထည့် ဆိုတာမျိုးလုပ်နေကြတဲ့ ငါးနဲ့ စပါး တွဲမွေးတွဲစိုက်တဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်း တွဲဖက်လုပ်ကိုင်တဲ့ လုပ်ငန်းစဉ်ကို ဆိုလိုတာဖြစ်ပါတယ်။
(ဃ) စားကျက်ခင်းမွေးမြူခြင်း
ကိုယ်ပိုင်လယ်ယာမှာမဟုတ်ပဲ သဘာဝပတ်ဝန်းကျင်က မြက်တွေနဲ့ တိရိစ္ဆာန်တွေ မွေးမြူထုတ်လုပ်တဲ့ အမျိုးအစားဖြစ်ပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းတွေ မပါပါဘူး၊ သီးနှံတွေ ထွန်ယက်တာမျိုးတွေ မပါပါဘူး။ စားကျက်မြေမှာပဲ ရှိတဲ့ သီးနှံတွေကိုအသုံးချပြီး မွေးမြူတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။
(င) အခြောက်စိုက်ပျိုးခြင်း
ပုံမှန်စိုက်ပျိုးခြင်းမှာဆိုရင် မြေထွန်တယ်။ ရေနဲ့ နူးနှပ်တယ်၊ ရေသွင်းစိုက်တယ်။ ရေလောင်းစိုက်တယ်။ လယ်လုပ်တာပေါ့။ ခုကလည်း အခြောက်စိုက်ပျိုးရေးလို့သာပြောလိုက်တာ။ မြန်မာစကားနဲ့ဆိုရင်တော့ ယာကို ပြောတာပါ။ မြေအစိုဓာတ်နဲ့ မိုးရေနဲ့ စိုက်ပြီးတော့ လုပ်ရတဲ့ လုပ်ငန်း ဖြစ်ပါတယ်။
အပေါ်က ဖော်ပြခဲ့တာတော့ စိုက်ပျိုးစီးပွားရှု့ထောင့်ကနေ ကြည့်ပြီးသုံးသပ်ထားတဲ့ စိုက်ပျိုးရေးလုပ်ငန်း အမျိုးအစားတွေဖြစ်ပါတယ်။ ခုမှ မြေဝယ်ပြီး၊ မြေလွတ် မြေရိုင်း လျှောက်ပြီး ခြံလေးစိုက်တော့မယ်ဆိုရင် သိနိုင်ကြဖို့အတွက်ဖော်ပြထားတာဖြစ်ပါတယ်။ ကိုယ်ကိုကိုယ် စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်အဖြစ် ကိုယ့်ကိုကိုယ် စိတ်ကို သွင်းပါ။ လုပ်ငန်းတွေလည်း အောင်မြင်အောင်လုပ်ကိုင်နိုင်ပါစေနော်…….
ထွန်းဝင်းကျော်
Reference
‘Production Economics and Farm Management’, Virender Kumar Professor
(Agricultural Economics) Department of Agricultural Economics, Extension Education
& Rural Sociology, COA, CSKHPAU, Palampur-176 062 (HP), India
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
စပါးပင်တွေက ပုံထဲမှာပြထားသလို ဝါနေလို့ပါခင်ဗျ အစာကျွေးထားတာလဲ ရက် 20လောက်ပဲရှိပါသေးတယ် အစာတောင်းတာလား ပိုးကျတာလားမသိတာကြောင့် ဘယ်လိုကုသရမလဲဆိုတာ ပညာရှင်များနဲ့ အတွေ့အကြုံရှိဦးကြီးများကဖြေကြားပေးစေလိုပါတယ်ခင်ဗျာ
ဧကာ • ဖြေကြားချက် 7 ခု
ဒီနှစ်မှာ တောင်သူ လယ်သမားဦးကြီးတို့ မနှစ်ကလို စပါးဈေး မကောင်းရင် ဘာဆက်လုပ်ကြမလဲ ရှင်☘️🌾🌾🌾 စပါးဈေးသာ မကောင်းတာ မြေဩဇာ မြေဆီ ဈေးနှုန်းက မကျဘူး နိုင်ငံကလဲ မလှတော့ ပြည်သူတွေလဲ ဝမ်းဝ ခါးလှဖို့ လာဏ်မမြင်
Phyoe Thi Thi Htun • ဖြေကြားချက် 4 ခု
မုန်လာထုပ်ခု8လပိုင်းစစိုက်နေပြီဈေးကောင်းလေးမိနိုင်လားဗျ
khun zaw myo • ဖြေကြားချက် 3 ခု
သခွားမျိုးကောင်းတာရှိရင်လမ်းညွှန်ပေးပါ
ဉာဏ်လင်းမောင် • ဖြေကြားချက် 2 ခု
ဒေါင်းခြောက်နဲနဲရှီလို
Arafta • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....