စိုက်ပျိုးစီးပွားဆိုတာ အပိုင်း (၁)
ဝယ်လိုအားနဲ့ စိုက်ပျိုးရေးထုတ်ကုန်များ
စိုက်ပျိုးရေးမွေးမြူရေးဆိုတာကလည်း လုပ်ငန်းတစ်ခုပါပဲ။ စစိုက်တာကနေစပြီးတော့ ကိုယ့်ဆီကို ငွေပြန် လာရတာနဲ့တင် မပြီးသေးဘူး၊ တွက်ချက်ရဦးမယ်ဆိုတော့ကာ စီးပွားရေးအသိလည်း လိုအပ်တာပေါ့လေ။ နည်းနည်းလေးလိုက်လုပ်တာနဲ့ ဘဝပါပြောင်းနိုင်တဲ့ နည်းလမ်းတွေဆိုတာ စိုက်ပျိုးရေးလောကမှာ တကယ်ရှိ ပါတယ်နော်။ ငွေလေးကိုမြင်လိုက်ပြီးတော့ လိုက်မလုပ်လိုက်တာကြောင့်မို့ ကိုယ့်ဖက်က အထွက်နည်းသွား တာမျိုး ကြုံရတာတွေလည်း ရှိနေပါတယ်နော်။ ထားပါတော့ ခုကတော့ စိုက်ပျိုးစီးပွားဆိုတာ ဘာလဲဆိုတာကို မိတ်ဆက်လေး တင်ဆက်ပေးမှာပါနော်။
စီးပွားရေးလုပ်ငန်းတစ်ခုမှာ
(က) ကိုယ့်မှာ ရှိနေတဲ့ အရင်းအမြစ်တွေကို ဘယ်လို ခွဲပြီးတော့ အသုံးချမလဲ ?
(ခ) အမြတ်အများဆုံးရအောင် ဘယ်လိုလုပ်ကြမလဲ ?
(ဂ) ဈေးကွက်ထဲမှာ ကိုယ့်ရဲ့ ပြိုင်ဖက်တွေကိုကျော်ပြီးတော့ စားသုံးသူတွေ လက်ထဲရောက်အောင် ဘယ်လို ပို့မလဲ?
(ဃ) ဈေးကွက်ရဲ့ ကန့်သတ်ချက်တွေကရော ဘာတွေဖြစ်မလဲ ? ဆိုတဲ့အချက်တွေကို အမြဲတမ်း တွေးတော စဉ်းစားရပါတယ်။ အဲ့အချက်တွေဆိုတာ အကုန်ပြည့်စုံနေတာတော့မဟုတ်ပါဘူး။ အမြဲတန်းလိုလို စိန်ခေါ်မှုတွေ ကြုံရနိုင်တာကို တင်ပြထားတာပါ။
ကဲ စစချင်းအနေနဲ့ လေ့လာကြည့်ရအောင်
Demand (ဝယ်လိုအား)
သူ့ကို ဖော်ပြတာကတော့ မျဉ်းဖြောင့်တစ်ကြောင်းနဲ့ ဖော်ပြပါတယ်။ ဝယ်လိုအားလို့ ကြီးကြီးကျယ်ကျယ် ပြောလိုက်လို့ပါ။ စိုက်ပျိုးရေးနဲ့ ပြန်ချိတ်ဆက်ရရင်တော့ ဈေးကောင်းရတဲ့ သီးနှံကိုပြောတာပါ။ နောက်နှစ်ဆို ကြက်သွန်က ဈေးကောင်းမှာ၊ ငါကတော့ ကြက်သွန်စိုက်မှာလို့ ပြောမဲ့အစား၊ ဟာ ကြက်သွန်က ဝယ်လိုအား များနိုင်တယ်၊ ကြက်သွန်ကိုစိုက်မယ်လို့ ပြောနိုင်ပါတယ်။ ဝယ်လိုအားရဲ့ သဘောကတော့ ဝယ်ချင်သူတွေ များလေလေ ဈေးက တက်လေလေပဲဖြစ်ပါတယ်။
Elasticity (အပြောင်းအလဲဖြစ်တန်စွမ်း)
ပုံသေနည်းလေးရှိပါတယ်။ ဈေးနှုန်းပြောင်းလဲမှုကိုလိုချင်တဲ့အခါ ပြောင်းလဲသွားတဲ့ ဝယ်လိုအားပမာဏ ရာခိုင် နှုန်းကိုတည်ပြီးတော့ ဈေးနှုန်းပြောင်းလဲမှုရာခိုင်နှုန်းနဲ့ စားရမှာပါ။ အဲ့ဒါကတော့ ပုံသေနည်းဖြစ်ပြီးတော့ Elasticity ဆိုတာ မြန်မာလို ပြန်ရင်တော့ ကျူံနိုင် ဆန့်နိုင်အားလို့ အဓိပ္ပာယ်ရပါတယ်။ Inelastic လည်း ရှိပါတယ်။ သူကျတော့ တည်ငြိမ်တဲ့ သဘောရှိပါတယ်။ ပုံလေးတွေပြထားပေးပါတယ်။
Elastic ဖြစ်တယ်ဆိုတဲ့ သဘောကတော့ ဈေးချလိုက်တာနဲ့ ဈေးတင်လိုက်တာနဲ့ ဝယ်လိုအားပမာဏက ပြောင်း သွားတာကို ပြောတာပါ။ အပြန်အလှန်ပြောရရင်တော့ ဝယ်မဲ့သူမရှိတာနဲ့ ဈေးကထိုးကျသွားတယ်။ အဝယ်လေး လိုက်လာပြန်တော့ ဈေးက အဆမတန် ထိုးတက်သွားတယ်။ အဲ့သဘောကိုပြောတာပါ။
Inelastic ဆိုတာကရော တစ်ခုဝယ်ရင် ၁၀၀ကျပ်၊ ၂ ခုဝယ်ရင် ၂၀၀၊ အခု ၁၀၀မျိုး ၁၀၀၀ မျိုးဝယ်မှပဲ နည်း နည်းလျော့တာမျိုး၊ ၁၀၀ တန်ကို ၅၀ ရောင်းလို့လည်း ပုံမှန်အတိုင်းပဲ ရောင်းထွက်တာမျိုး ပစ္စည်းတွေကို ဆိုလိုတာဖြစ်ပါတယ်နော်။
Elastic အကြောင်းပြောပြီးတော့ စိုက်ပျိုးရေးထွက်ကုန်တွေရဲ့ ဝယ်လိုအားက Elastic ဖြစ်တတ်လား Inelastic ထဲ ပါမလားဆိုတာကို ဆွေးနွေးကြည့်ရအောင်။
တောင်သူတွေဆီကထွက်တဲ့ စိုက်ပျိုးရေးထုတ်ကုန် အများစုကဆိုရင် ပြောင်းလဲမှုသိပ်မရှိတတ်တဲ့ ဝယ်လိုအား ကို ပိုင်ဆိုင်ထားပါတယ်။ ဈေးလျော့ရောင်းလည်း ဒီလောက်ပဲ၊ ဈေးတင်လည်း နည်းနည်းပဲ လျော့ရောင်းရမှာပါ။ ဘာလို့လဲဆိုတော့ စားသောက်ကုန်တွေဖြစ်တာကိုး၊ ဆန်တွေဈေးချလို့ဆိုပြီး အိမ်သုံးအတွက် လေးငါးအိတ် ပိုမဝယ်ထားပါဘူး။ သခွားသီးတွေ ၅၀ ဖြစ်နေတုန်းမို့ ဆာလာအိတ်တစ်အိတ် ဝယ်မယ်လို့ မရှိပါဘူး။ ပုံမှန်ထက် နည်းနည်းပိုဝယ်မယ်၊ ဒါကိုကြည့်ရင် ဝယ်လိုအားအပြောင်းအလဲဖြစ်တန်စွမ်းက နည်းပါးတယ်လို့ သုံးသပ်နိုင် ပါတယ်။ အဲ့ဒါကလည်း တောင်သူတွေအတွက် တကယ့်ကိုပြဿနာကြီးပါပဲ။
ဘာလို့ ပြဿနာလို့ပြောလဲဆိုတော့ Revenue (ပြန်ရချက်) ကိုတွက်ကြည့်ရင် သိရမှာပါ။ ဈေးပြောင်းလည်း အများကြီးဝယ်မှာ မဟုတ်ဘူးဆိုတော့လည်း ဘာတွေဆက်ဖြစ်နိုင်လဲဆိုတော့ အောက်ကပုံလေး (၂) ပုံကို ဆက်ပြီးတော့ ကြည့်လိုက်ပါဦး။
ပထမပုံက ပုံမှန်အတိုင်းရောင်းနေရတဲ့ ပုံစံပါ၊ နောက်ကပ်ရက်ပုံက ဈေးကျသွားရင် inelastic မျဉ်းပေါ်မှာ ဖြစ်လာမဲ့အရောင်းကို ဆွဲထားပေးတာပါ။ အကွက်ချယ်ထားတာကတော့ ရောင်းတဲ့သူရနေတဲ့ ပမာဏဖြစ်ပါ တယ်။ ဈေးကျသွားတယ်ဆိုပြီးတော့ အများကြီးရောင်းရတာမဟုတ်ပဲနဲ့ နည်းနည်းလေးပဲတိုးပြိးတော့ ရောင်း ရတာကြောင့် အရင်က ရောင်းနေရတာလောက်ကိုတောင် မရတော့ပါဘူးဆိုတာ လက်တွေ့ပါပဲ။
ထွန်းဝင်းကျော်
အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကစာရေးသူသိပါစေ တောင်သူ လုတ်ကိုင်သူ တွေက အင်းကလိပ် မသိဘူး တောင်သူတွေကိုတကယ်သိစေ ချင်တကယ်စေတနာရှိရင် အင်းဂလိပ်မရေးနဲဆရာတိုး စာတတ်တဲသူစိုက်ပျိုးရေးမလုပ်ပါ
ပန်းချစ်သူ
လွန်ခဲ့သော ၅ နှစ် ကအဒီပန်းတွေးဘယ်အချိန်းစပျိ ု းရပါလဲ့အကို
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
စပါးပင်တွေက ပုံထဲမှာပြထားသလို ဝါနေလို့ပါခင်ဗျ အစာကျွေးထားတာလဲ ရက် 20လောက်ပဲရှိပါသေးတယ် အစာတောင်းတာလား ပိုးကျတာလားမသိတာကြောင့် ဘယ်လိုကုသရမလဲဆိုတာ ပညာရှင်များနဲ့ အတွေ့အကြုံရှိဦးကြီးများကဖြေကြားပေးစေလိုပါတယ်ခင်ဗျာ
ဧကာ • ဖြေကြားချက် 7 ခု
ဒီနှစ်မှာ တောင်သူ လယ်သမားဦးကြီးတို့ မနှစ်ကလို စပါးဈေး မကောင်းရင် ဘာဆက်လုပ်ကြမလဲ ရှင်☘️🌾🌾🌾 စပါးဈေးသာ မကောင်းတာ မြေဩဇာ မြေဆီ ဈေးနှုန်းက မကျဘူး နိုင်ငံကလဲ မလှတော့ ပြည်သူတွေလဲ ဝမ်းဝ ခါးလှဖို့ လာဏ်မမြင်
Phyoe Thi Thi Htun • ဖြေကြားချက် 4 ခု
မုန်လာထုပ်ခု8လပိုင်းစစိုက်နေပြီဈေးကောင်းလေးမိနိုင်လားဗျ
khun zaw myo • ဖြေကြားချက် 3 ခု
သခွားမျိုးကောင်းတာရှိရင်လမ်းညွှန်ပေးပါ
ဉာဏ်လင်းမောင် • ဖြေကြားချက် 2 ခု
ဒေါင်းခြောက်နဲနဲရှီလို
Arafta • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026