ဆေးဖက်ဝင် ချဉ်စော်ကားသီး စိုက်ပျိုးနည်း
ဆေးဖက်ဝင်သည့် ချဉ်စော်ကားသီး၏ သိပ္ပံအမည်သည် Cydonia oblonga ဖြစ်ပြီး သမပိုင်းရာသီဥတုရှိသော အာရှတိုက်၊ အနောက်တောင်ပိုင်းဒေသများဖြစ်ကြသည့် ဥရောပတိုက်နှင့် အာရှတိုက်ကြားဒေသသည် ချဉ်စော်ကားသီး၏ ဇာတိနေရပ်ဘဲဖြစ်သည်။ ချဉ်စော်ကားသီးသည် အလွန်အေးသော ကုန်းမြင့်ဒေသတွင်သာ ပေါက်ရောက်ကြပြီး ချဉ်စော်ကားပင်သည် ၆ပေမှ၁၂ပေခန့် ရှည်လျားသော ပင်လတ်၊ပင်စည် မျိုးဖြစ်သည်။
အသီးသည် ပန်းသီး၊သစ်တော်သီးနှင့်ဆင်တူပြီး ချဉ်စော်ကားပင်၏ ထူးခြားချက်သည် ပင်စည်မှ ထွက်လာသောအကိုင်းများတွင် လက်မဝက်ခန့် ချွန်ထက်သော ဆူးများရှိသော်လည်း ပင်စည်ရင့်လာသည်နှင့်အမျှ အဆူးများတုံးသွားတတ်ပါသည်။ အရွက်တွင်အမွှေးနုများပါပြီး နွေဉီးတွင်အရွက်နုအသစ်များ ထွက်ပေါ်လာပြီးနောက် အဖြူရောင် သို့မဟုတ် ပန်းရောင်ရှိသော အပွင့်များပွင့်လာကြသည်။ ချဉ်စော်ကားသီးကို အချဉ်ထုပ်အချဉ်ပေါင်းအဖြစ် စားသုံးခြင်း၊ချဉ်စပ်ဟင်းရည် အဖြစ်စားသုံးကြသည် သာမက ရှမ်းပြည်နယ်တွင်ဆေးဖက်ဝင် ဝိုင်ချက်လုပ်ကာ သောက်သုံးကြသည်။
စိုက်ပျိုးနည်း
ချဉ်စော်ကားပင်သည် သဲဆန်သောမြေတွင်စိုက်ပျိုးလျှင်အောင်မြင်ဖွံ့ဖြိုးသည်သာမက ချဉ်သောမြေ မြေဆီဩဇာ ကောင်းမွန်သောမြေ၊ အစိုဓာတ်အနည်းငယ်နှင့် ရေကောင်းစွာစီးဆင်းနိုင်သောမြေ၊ နေရောင်ခြည်ကောင်းစွာရရှိသော နေရာကိုပိုကြိုက်သည်။ အလွန်ခြောက်သွေ့နေသော မြေနှင့်ရေဖြင့် နူးပွနေသောမြေကို တော့မကြိုက်ပါ။အရိပ်ကျသောနေရာတွင် စိုက်ပျိုးထားပါက ကြီးထွားဖွံ့ဖြိုး နိုင်သော်လည်း အသီးတင်နိုင်မှုမရှိပေ။ချဉ်စော်ကားပင်သည် -၁၅ဒီဂရီစင်တီဂရိတ် (အလွန်အေးသော) အချိန်တွင်တောင် ရှင်သန်ကြီးထွားနိုင်သော်လည်း အသီးရင့်မှည့်နိုင်မှုတော့မရှိပါ။ ချဉ်စော်ကားပင်သတ်တမ်းသည် နှစ်၃၀မှ၅၀အထိရှိသောကြောင့် အစေ့မှစိုက်ပျိုးခြင်းထက် ကိုင်းဖြတ်စိုက်ပျိုးခြင်းသည် ပိုသင့်တော်သည်။အသီးသည် နွေနေကြာရှည်စွာရသောအချိန် အပင် သက်တမ်း၅နှစ်မှ ၁၀နှစ်အတွင်းတွင် သီးလေ့ရှိသည်။ အပင်အားကိုင်းချိုင်ခြင်း ပြုလုပ်မည်ဆိုပါက ဆောင်းရာသီတွင် သာပြုလုပ်သင့်သည်။
ချဉ်စော်ကားပင်သည် တစ်နှစ်တွင်ဆောင်းရာသီ၏ လလယ်တစ်ကြိမ်လောက်သာ မြေဩဇာကျွေးသင့်သည်။ ချဉ်စော်ကားပင်အား နိုက်ထရိုဂျင်မြေဩဇာ အများအပြားကျွေးခြင်းမပြုလုပ်ရပါ။ ကျွေးမိပါက ပန်းပွင့်များကြွေကျနိုင်ပြီး လောင်မီးရောဂါကိုခံနိုင်ရည်မဲ့စေသည်။ရေသည် အပင်ကြီးထွားနေစဉ်နှင့် အသီးသီးနေချိန်တွင် တစ်ပတ်တစ်ခါလောက်သာ ရေများများလောင်းပေးရမည်။တစ်ခါတစ်ရံအပူချိန်ကိုလိုက်၍ ၂ပတ်(သို့)၁လတွင်၁ကြိမ်လောက် သာလောင်းပေးရမည်။ရေလုံလောက်စွာမရရှိပါက အသီးကြွေကျခြင်းများ ဖြစ်စေနိုင်သည်ကိုသတိပြုရမည်။
ချဉ်စော်ကားပင်အားဆောင်း နှောင်းပိုင်းတွင်အစိုဓာတ်လျှော့ချရန် ပင်စည်နှင့် ၈လက်မခွာ၍ကောက်ရိုး၊ သစ်ရွက်ဆွေးနှင့် ပလတ်စတစ်အုပ်ထားပေးရမည်။ ချဉ်စော်ကားပင်တွင် အများဆုံးကျရောက်တတ်သော ရောဂါများသည် လောင်မီးေရာဂါ၊ အရွက်ပေါ်ဖြစ်သောမှိုရောဂါ၊ သံချေးရောဂါနှင့်အသီးအရွက်များတွင် အစက်အပြောက်များ ဖြစ်ပေါ်ခြင်းစေသာရောဂါများဖြစ်တတ်သည်။
• ချဉ်စော်ကားပင်စိုက်ပျိုးသင့်သည့်အချိန်_ဖေဖော်ဝါရီ၊မတ်လ
• ပန်းပွင့်သည့်အချိန်_မတ်လ
• အသီးတင်သည့်အချိန်_စက်တင်ဘာ၊အောက်တိုဘာ၊နိုဝင်ဘာလ
• ရိတ်သိမ်းသင့််သည့်အချိန်_အောက်တိုဘာ၊နိုဝင်ဘာလ
ဆေးဖက်ဝင်ပုံ
ချဉ်စော်ကားသီးသည် ဝိတ်ချရန်အတွက်စားသုံးသင့်သည့် အကောင်းဆုံးသီးနှံဖြစ်သည်။ ချဉ်စော်ကားသီးတွင် အမျှင်ဓာတ်နှင့် ခန္ဓာကိုယ်အတွက်မရှိမဖြစ် လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်သည်။ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးသည့် အန်တီအောင့်ဇီ့ဒက်လည်း ကြွယ်ဝစွာပါဝင်သည့် အတွက်စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါသည်။ ချဉ်စော်ကားသီးတွင်ပါဝင်သည့် ဗီတာမင် ၆၏ အကျိုးကျေးဇူးသည် ကိုယ်ဝန်ရှိစတွင် ဖြစ်ပေါ်တတ်သော ပျို့အန်ခြင်းများကို ရေနွေးဖြင့် စိမ်သောက်ခြင်းဖြင့် သက်သာစေနိုင်သည်။ပါဝင်သည့် ဗီတာမင်စီ၊ဖိုက်ဘာနှင့် အာဟာရဓာတ်များက ကိုယ်ခံအားကောင်းမွန် စေသည်။
ထိုမျှသာမက သွေးပေါင်ချိန်ကိုလည်းလျော့ကျစေသည့် အပြင် ကိုလက်စထရောကိုပါ လျှော့ချပေးနိုင်သည်။ အစာအိမ်နာ၊အူနာရောဂါများခံစားနေရသူများ စားသုံးပါက ရောဂါကို သက်သာစေသည်။ ပုံမှန်စားသုံးခြင်းဖြင့် အသဲနှင့်မျက်လုံးရောဂါများကို သက်သာပျောက်ကင်း နိုင်သည်။ ချဉ်စော်ကားသီးသည် ကင်ဆာရောဂါကိုပါကြိုတင်ကာကွယ်နိုင်သည့် အသီးဖြစ်သည်။
ချဉ်စော်ကားပင်အများဆုံး စိုက်ပျိုးသောနိုင်ငံသည် တူရကီနိုင်ငံဖြစ်ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာ အနေဖြင့် ချဉ်စော်ကားသီး ထုတ်လုပ်မှု၏လေးပုံတစ်ပုံကို ထုတ်လုပ်နိုင်သည်။
Reference:
http://www.missouribotanicalgarden.org/PlantFinder/PlantFinderDetails.aspx?taxonid=286497
https://www.stylecraze.com/articles/amazing-health-benefits-of-quince-fruit/?amp=1
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Mr. Robin
လွန်ခဲ့သော ၁ နှစ် ကဇွန် လမှာ စိုက်လို့ရလား
arkar
လွန်ခဲ့သော ၅ နှစ် ကကိုင်းကူးပျိုးပင်ဝယ်လို့ရတယ် အချိုမျိုးကိုင်းပျိုး ပန်းမက်ခေါက်လို့ခေါ်တဲ့မျိုးလဲ ရှိတယ် ပန်းသီးအသားတိုင်းနုညံ့တယ်းေဖက်လဲဝင်တယ်အခုချဉ်စော်ခါးသီးကတောရိုးရိုးမျိုးပါ
arkar
လွန်ခဲ့သော ၅ နှစ် ကအအေးပိုင်းဘဲစိုက်လို့ရပါတယ်
ကိုမန်းစံထူး
လွန်ခဲ့သော ၅ နှစ် ကတောင်သာနယ်စိုက်ရလား သိချင်ပါတယ်
ညီညီ
လွန်ခဲ့သော ၅ နှစ် ကဝိုင်ချက်ရင်တော့ ကောင်းတာပေါ့။
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
ဆက်စပ်မေးခွန်းများ
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
Ko Shwe Lin • ဖြေကြားချက် 2 ခု
ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာတွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ
ဇော်လင်းအောင် • ဖြေကြားချက် 2 ခု
စပါးကြဲခင်းစံကွက်ရိတ်နည်းသိချင်ပါတယ်
မြူလွှာ • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဆုမြတ်နိုး
အားလုံး