ကြံ စိုက်ပျိုးနည်း
ကြံစိုက်ပျိုးထုတ်လုပ်ခြင်း
မြေပြင်ခြင်း
- ကြံစိုက်ပျိုးမည့်မြေကို ထယ်ရေးနက်နက် နှင့် ထွန်ရေးညက်ညက် ရရှိအောင် ပြုလုပ်ပါ။
- ထွန်မွှေနေစဉ်တွင် နွားချေး တစ်ဧကကို ၅ တန် ထည့်သွင်းပြီး စိုက်ပျိုးမြေကို ညီညာအောင် ညှိပါ။
- အလျား x အနံ x အမြင့် (၄၀ ပေ x ၁ ပေ x ၁၀ လက်မ) ရှိသော စိုက်မြောင်းများကို ၄ ပေ ခြား၍ ပြင်ဆင်ပါ။

ကြံစိုက်ပျိုးချိန် - နိုဝင်ဘာလ မှ ဖေဖော်ဝါရီလ
စိုက်ပျိုးရန်သင့်တော်သောမျိုးများ

မျိုးပိုင်းအသုံးပြုခြင်း
- တစ်ဧကလျှင် အဖူး ၃ ဖူး ကြံမျိုးပိုင်း ၁၁၀၀၀ မှ ၁၂၀၀၀ (၃ တန်) အသုံးပြုပါ။

ကြံမျိုးပိုင်း ရေစိမ်ခြင်းနှင့် ထုံးရေစိမ်ခြင်း
- မျိုးပိုင်းကို ရေတွင် ၂၄ နာရီ စိမ်ပါ။ (သို့)
- ၂ % ထုံးရေတွင် ၂၄ နာရီ စိမ်ပါ။

စိုက်ပျိုးခြင်း
- မျိုးပိုင်းများကို တန်းခြား ၁ ပေခြား၍ တေ့စပ် (သို့) နဘေထပ်ပုံစံထားပါ။
- မျိုးပိုင်းများပေါ်မှ မြေကြီးခပ်ပါးပါးဖုံးပေးပါ။

မြေသြဇာ အသုံးပြုခြင်း

ရေသွင်းခြင်း

ပေါင်းနှိမ်နင်းခြင်း
- လက်ပေါင်းလိုက်ခြင်း (စိုက်ပြီး ၄၅ ရက်)
- ပေါင်းသတ်ဆေးဖျန်းခြင်း

လမိုင်းခင်းအား ပြုပြင်ခြင်း
- ကြံငုတ်များဖြတ်ခြင်း၊ ဘောင်ဖြိုခြင်း၊ ကြံပင်ပေါက်ဖာခြင်းများ ပြုလုပ်ပါ။
- ကြံငုတ်များဖြတ်ခြင်း ဘောင်များဖြိုပြီးနောက် နိုက်ထရိုဂျင် ၁/၃ အိတ်၊ P2O5 (တီစူပါ) ၁ အိတ်၊ K2O (ပိုတက်ရှ်) ၁/၃ အိတ် ထည့်ပါ။
ရိတ်သိမ်းခြင်း
- ကြံချောင်းများကို မြေပြင်နှင့် နီးကပ်စွာ ဖြတ်၍ ရိတ်သိမ်းပါ။
ရိတ်သိမ်းချိန်လွန် လိုက်နာရမည့် အချက်များ
- ရိတ်သိမ်းပြီး ကြံချောင်းများကို စက်ရုံသို့ လျှင်မြန်စွာ ပို့ဆောင်ပါ။
- ရိတ်သိမ်းပြီး ကြံချောင်းများကို အရိပ်ရရှိသော နေရာများနှင့် အဖုံးအကာများအောက်တွင် ထားပါ။
- ရိတ်သိမ်းပြီး ကြံချောင်းများကို ၄၈ နာရီထက် နောက်မကျစေဘဲ စက်ဖြင့် ကြိတ်ဝါးပါ။
Source - ACARE
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ကြံစိုက်ပျိုးနည်း
myint myint khaing
လွန်ခဲ့သော ၂ နှစ် ကကြံစိုက်ပျိုးရန် မည်သည့် မြေဆီလွှာ အမျိုးအစား သင့်တော် တယ်ဆို ထည့်သွင်းဖော်ပြပေးစေလ်ုပါတယ်
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
Content provider
ACARE
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သုတေသနလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ရည်ရွယ်ပြီး စီမံကိန်းကို အကောင်ထည်ဖော်ဆောင်ရွက်နေပါသည်။ ဗီဇအရင်းအမြစ်များဖွံ့ဖြိုးမှု၊ ရိတ်သိမ်းချိန်လွန်နည်းပညာ၊ အများပူးပေါင်းပါဝင်နိုင်သည့် ဗဟုသုတ စီမံခန့်ခွဲမှုနှင့် စွမ်းဆောင်မြှင့်တင်ခြင်းဆိုင်ရာ အရေးပါသည့် နယ်ပယ် လေးခု ဖွံ့ဖြိုးတိုးတက်ရန်နှင့် ဘွဲ့လွန်ပညာရေး အရည်အသွေးတိုးတက်လာစေရန် ရည်ရွယ်ပါသည်။ အများပူးပေါင်းပါဝင်နိုင်သည့် ဗဟုသုတ စီမံခန့်ခွဲမှု အစီအစဉ်သည် တောင်သူများနှင့် တောင်သူကဏ္ဍနှင့် ပါဝင်ပတ်သက်နေသူများထံ အကျိုးရှိသည့် အသုံးချနည်းပညာရပ်များ ထိထိရောက်ရောက် ပြန်နှံ့သွားစေမည့် လုပ်ဆောင်များ အကောင်အထည်ဖော် ဆောင်ရွက်နေပါသည်။ အကျိုးပြုနည်းပညာရပ်များနှင့် သတင်းအချက်အများကို ရပ်ရွာတွင်ထားရှိသည့် ကွန်ပျူတာဖန်သားပြင်နှင့် ဖုန်းအက်ပလီကေးရှင်းမှ တောင်သူများအလွယ်တကူ ရရှိစေမည် ဖြစ်ပါသည်။ စိုက်ပျိုးထုတ်လုပ်ရေးနှင့် အထွက်တိုးရေး၊ ထိရောက်သည့် ရိတ်သိမ်းချိန်လွန် စီမံခန့်ခွဲမှု၊ အများပူးပေါင်းပါဝင်နိုင်သည့် ဗဟုသုတ စီမံခန့်ခွဲမှုမှတစ်ဆင့် နည်းပညာဖြန့်ဖြူးရေး၊ ဘွဲ့လွန်ပညာရေးမှတစ်ဆင့် စွမ်းဆောင်ရေ မြှင့်တင်ရေး၊ တက္ကသိုလ်ပညာသင်ကြားရေး စသည်တိုတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိသည်။ ထိုလုပ်ဆောင်ချက်များမှ မြန်မာနိုင်ငံအတွက် တောင်သူများ စိုက်ပျိုးထုတ်လုပ်မှုမြှင့်ခြင်း၊ စိုက်ပျိုးရေးမှ ဝင်ငွေများ တိုးပွားလာခြင်း၊ အလုပ်အကိုင်အခွင့်လမ်းများ တိုးပွားလာခြင်း နှင့် စွမ်းဆောင်ရည် ပြည့်ဝသည့် စိုက်ပျိုးရေးပညာရှင်များ မွေးထုတ်ပေးရန် များစွာအထောက်အကူပြုလာမည် ဖြစ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
Ko Shwe Lin • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ACARE
အားလုံး