အစိမ်းရောင်လမ်း
အပင်ငယ်များပြောင်းရွှေ့စိုက်ပျိုးရာတွင် သတိပြုသင့်သည့်အချက်များ

အပင်ငယ်များပြောင်းရွှေ့စိုက်ပျိုးရာတွင် သတိပြုသင့်သည့်အချက်များ

(က) ပျိုးပင်သက်တမ်း

  • ယေဘုယျအားဖြင့် ပျိုးပင်များကို ငယ်ရွယ်စဉ်တွင် ပြောင်းရွှေ့စိုက်ပျိုးသင့်ပါသည်။ သက်တမ်းနုသော ပျိုးပင်များသည် အပင်နာလန်ထမှု ပိုမိုမြန်ဆန်သည်။
  • သို့ရာတွင် သတိပြုသင့်သည်များကတော့ ပျိုးပင်သက်တမ်းနုလွန်းလျှင် ပျိုးပင်များကို ကိုင်တွယ်ရာ၌ အခက်အခဲ ရှိတတ်သလို ပျိုးပင်သက်တမ်း ရင့်လွန်းလျှင်လည်း အပင်နာလန်ထမှု နှေးတတ်ပြီး အသေအပျောက် များတတ်ခြင်းဖြစ်သည်။

(ခ) ပြောင်းရွှေ့စိုက်ပျိုးရမည့်အချိန်

  • ပျိုးပင်များကို ညနေပိုင်းတွင် ပြောင်းရွှေ့စိုက်ပျိုးလျှင် အကောင်းဆုံး ဖြစ်သည်။ မိုးအုံ့သောနေ့များ၊ မိုးဖွဲဖွဲရွာသောနေ့များတွင်လည်း ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါသည်။
  • သို့မှသာ ပြင်းထန်သော နေရောင်ခြည်နှင့် ကင်းလွတ်သဖြင့် အပင်ညှိုးနွမ်းမှုသက်သာပြီး လျင်မြန်စွာ အပင်နာလန်ထစေနိုင်ပါသည်။

(ဂ) ပြောင်းရွှေ့စိုက်ပျိုးရာတွင်သတိပြုရမည့်အချက်များ

  • (၁) အပင်များကိုပြောင်းရွှေ့စိုက်ပျိုးရာတွင် သင့်လျော်သည့်ပင်ကြား၊ တန်းကြားအကွာအဝေးနှင့် စိုက်ပျိုးရမည်။
  • (၂) ပျိုးခင်းနှင့် စိုက်ခင်းရှိ စိုက်ကျင်းအနက်များ တူညီရန်ဂရုပြုရမည်။ စိုက်ကျင်းနက်ခြင်း၊ တိမ်ခြင်းမရှိစေရန် ဂရုပြုရမည်။
  • (၃) စိုက်သည့်အခါတွင် ပျိုးပင်အမြစ်များ ခွေေခေါက်ခြင်းမဖြစ်စေရန် ဂရုပြုရမည်။
  • (၄) စိုက်ချိန်၌စိုက်ခင်းတွင် အစိုဓာတ်လုံလောက်စွာရှိရမည်။
  • (၅) ပုံတွင်ပြထားသည့်အတိုင်း စိုက်ပျိုးပြီး အပင်ငယ်များအား အရိပ်အမိုးများ ပြုလုပ်ပေးခြင်းဖြင့် အပင်နာလန်ထမှု မြန်ဆန်စေသည်။
  • (၆) ပျိုးပင်တွင် အရွက်များလွန်းနေပါက အချို့အရွက်များကိုခြွေပေးရမည်။
  • (၇) ပြောင်းရွှေ့စိုက်ပျိုးရာတွင် အမြစ်ပတ်လည်ရှိမြေများအတွင်း လေဟာကွက်မရှိစေဘဲ အမြစ်နှင့် မြေကြီးကောင်းစွာထိတွေ့စေရန် မြေကြီးကို ကောင်းစွာဖိသိပ်ပေးရမည်။
  • (၈) အပင်စိုက်ပြီးလျှင်ပြီးချင်း ရေလောင်းပေးရမည်။

Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

Ko Nyi

Ko Nyi

လွန်ခဲ့သော ၂ နှစ် က

မြေထုတ်စည်းတာအမြစ်တွေထွက်လာပေမယ့် မြေချစိုက်တဲ့အခါမှာသေသေသွားတာဘာဖြစ်လို့လဲခဗျ။လမ်းပြပေးပါအုံးခဗျ။ကျေးဇူးတင်ပါတယ်။

ナィン ナィン

ナィン ナィン

လွန်ခဲ့သော ၃ နှစ် က

ကျေးဇူးအထူးပါဗျာ☺️

Nilar Aung

Nilar Aung

လွန်ခဲ့သော ၃ နှစ် က

ယ ယယ

Nilar Aung

Nilar Aung

လွန်ခဲ့သော ၃ နှစ် က

း ယ .

Nilar Aung

Nilar Aung

လွန်ခဲ့သော ၃ နှစ် က

ယ ယ ယ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ

Ko Shwe Lin • ဖြေကြားချက် 2 ခု

ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာ‌တွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ

ဇော်လင်းအောင် • ဖြေကြားချက် 2 ခု

စပါးကြဲခင်းစံကွက်ရိတ်နည်းသိချင်ပါတယ်

မြူလွှာ • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....