ကြက်ဟင်းခါးသီးစိုက်ပျိုးနည်းနှင့် မျိုးစေ့ထုတ်နည်း
မျိုးရွေးချယ်နည်း
ဒေသမျိုးများသည် အသီးပုံစံအားဖြင့် အရှည်မျိုး၊ အပုမျိုး၊ အလုံးမျိုးဟူ၍ အမျိုးမျိုးရှိသည်။ အရောင်အားဖြင့် အစိမ်းနု၊ အစိမ်းရင့်၊ အဖြူမျိုးဟူ၍ရှိပြီး များသောအားဖြင့် ခါးသောအရသာရှိသည်။ အလုံးသေးမျိုးသည် ဟင်းချက်ရာတွင်လေးသော အရသာရှိ၍ ကြိုက်နှစ်သက်ကြသည်။ အရှည် (၁၀) လက်မခန့်ရှိသော အဖြူရောင်၊ အစိမ်းရင့်မျိုးများကို တဖြည်းဖြည်း စိုက်ပျိုးလာကြသည်။ မျိုးအားလုံးသည် စိုက်ပြီးရက် (၅၀ - ၆၀) တွင်စတင်ခူးဆွတ်နိုင်သည်။ တစ်ဧကလျှင် အပင် (၆၀၀၀ - ၈၀၀၀ ) ခန့်စိုက်နိုင်သည်။

စိုက်ချိန်
အေး၍ဆီးနှင်းကျတတ်သောတောင်ပေါ်ဒေသတွင် ဆောင်းရာသီ၌ ဖြစ်ထွန်းမှုနည်း၍ နွေနှင့်မိုးရာသီတွင် စိုက်သင့်ပြီး ကျန်ဒေသများတွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်သည်။
စိုက်ပျိုးခြင်း
တိုက်ရိုက်အစေ့ချနည်းကိုသာ သုံးကြသည်။ ကြက်ဟင်းခါးစေ့သည် အပင်ပေါက် ရာခိုင်နှုန်း ကျတတ်၍ မျိုးညှောင့်ဖောက်ပြီးမှ အစေ့ချသည်။ စိုက်ဘောင်ပြုလုပ်မည့် မြေကို သဘာဝ မြေဩဇာ၊ နွားချေး၊ သစ်ရွက်ဆွေး၊ ကြက်ချေးများရော၍ သမအောင်ရောမွှေပြီး စိုက်ဘောင်ဖော်ပေးရမည်။ ကြက်ဟင်းခါးကို စင်တင်၍ သို့မဟုတ် တန်းထိုး၍ စိုက်ပျိုး ကြသည်။ စင်တင်လျှင် စိုက်ဘောင်တစ်ဘောင်နှင့် တစ်ဘောင် (၅-၇) ပေခြား၍ တန်းထိုးပါက (၄) ပေခြားပေးရမည်။ ဘောင်အကျယ်မှာ ၂ပေရှိပြီး အမြင့်မှာ (၁) ပေခန့်ရှိရပါမည်။ တစ်ပင်နှင့် တစ်ပင် တစ်ပေခြားစိုက်ပြီး တန်းကြားကို ၁ပေခြား ချန်ပေးရပါမည်။
မြေဩဇာထည့်သွင်းခြင်း
ကြက်ဟင်းခါး (၁) ဧကလျှင် နွားချေးလှည်း (၁၀) စီးမှ ၂၀ စီး၊ ပုလံ (၁-၂) အိတ်၊ တီစူပါ (၂-၄) အိတ်၊ ပိုတက်ရှ်မြေဩဇာ (၁-၂) အိတ်ထည့်ပေးရပါမည်။
အပင်ပြုစုခြင်း
တိုက်ရိုက်အစေ့ချစနစ်ဖြစ်၍ ပေါင်းမြက်ကိုနိုင်အောင် နှိမ်နင်းပေးရန် လိုအပ်သည်။ အပင်မပေါက်ခင်ကပင် ရေကိုဂရုတစိုက် လောင်းရန်လိုအပ်ပြီး အပင်ငယ်စဉ်တွင်လိုအပ်ပါက နေ့စဉ် ရေလောင်းပေးရမည်။ အညွန့်၅ပေခန့် ရောက်ချိန်တွင်လိုအပ်ပါက ရေသွင်းပေးရမည်။ ကြက်ဟင်းခါးသည် အပင်ငယ်စဉ်တွင် ဗူး၊ ဖရုံကျိုင်းကျရောက်တတ်၍ ထိသေဆေးဖြင့် နှိမ်နင်းပါ။ အသီးကို သီးလုံးဖောက်ပိုးများ ကျရောက်တတ်၍ အလုံးကြီးမျိုးများကို စက္ကူအိတ် ဖြင့် စွတ်ပေးပါ။ ရွက်ခြောက်ရောဂါကျရောက်ပါက မှိုသတ်ဆေးများ ကြိုတင်ကာကွယ် သုံးစွဲရပါမည်။
ခူးဆွတ်ခြင်း၊ မျိုးစေ့ထုတ်ခြင်း
ကြက်ဟင်းခါးသီး စားသုံးရန်အတွက် မနု၊ မရင့်အနေတော်ခူးသင့်သည်။ ရင့်လွန်းပါက အထားမခံဘဲ ဝါသွားတတ်သည်။ မျိုးစေ့ထုတ်ရန်အတွက် အပင်ပေါ်တွင်လုံးဝ ရင့်မှည့်သည်အထိ ဝါအောင်ထားပြီးမှ ခူးဆွတ်ရမည်။ ခူးဆွတ်ပြီးသော အသီးကို အရိပ်ထဲတွင် ၂ ပတ်ခန့်ထားပြီး အသီးကိုလက်နှင့်ဖဲ၍ အနီရောင်အစေ့အိမ်ထဲမှ အလွယ်တကူ ထုတ်ယူနိုင်သည်။ အစေ့ကိုရေသန့်သန့်ဖြင့် ၁၅ မိနစ်ခန့်သာ ဆေးပြီး ဆေးကြောစဉ်အတွင်း လက်ဝါးအတွင်း၌ ထည့်၍ညှစ်ပေးခြင်းဖြင့် အကျိအချွဲများကို သန့်စင်ပါ။ နေရောင်အောက်တွင် နာရီဝက်နေလှမ်းပါ။ နေလှမ်းစဉ် ပြင်းထန်စွာ ပွတ်တိုက်ခြင်း မပြုဘဲ ၁၅ မိနစ် တစ်ကြိမ်မွှေပေးပါ။ ထို့နောက် အရိပ်ထဲတွင် ၂ရက်ခန့် လေသလပ်ခံပြီး ခြောက်သွေ့သည့်အခါ ပုလင်းထဲတွင် သေချာစွာထည့်၍ သိုလှောင်ပါ။ တစ်ဧကလျှင် အသီး(၈၀၀၀၀) ခန့်ထွက်ရှိ နိုင်ပါသည်။
(FSWG မှထုတ်ဝေသော ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း လမ်းညွှန်မှကောက်နုတ်ဖော်ပြပါသည်။)
အခုလိုမျိုး သီးနှံတွေရဲ့ စိုက်ပျိုးနည်းများအကြောင်းစာအုပ်ကို စိတ်ဝင်စားလို့ဝယ်ယူချင်ရင်တော့ အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို ဈေးတန်းကြီး fb page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
paing
လွန်ခဲ့သော ၃ နှစ် ကhi
Wutt Hmone Theint
လွန်ခဲ့သော ၃ နှစ် ကဒီဆောင်းပါးရေးသူ၏အမည်ကိုသိရနိုင်မလားရှင့်
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
Ko Shwe Lin • ဖြေကြားချက် 2 ခု
ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာတွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ
ဇော်လင်းအောင် • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....