မာလကာပင် စိုက်ပျိုးနည်း
၁။ ဒေသ၊ ရာသီဥတု၊ မြေအမျိုးအစား
မျိုးမာလကာပင်သည် အမေရိကတိုက်နှင့် အပူပိုင်းဒေသ တိုင်းပြည်များဖြစ်သော မက္ကဆီကိုနှင့် ပီရူးတိုင်းပြည်များ စသည့် မူရင်းဒေသများမှ မြန်မာနိုင်ငံသို့ ပြန့်နှံ စိုက်ပျိုးလာကြပါသည်။ အလွန်စိုက်ပျိုးရလွယ်ကူသော သီးပင်မျိုး ဖြစ်သည်။ မြေအမျိုးအစားမရွေး ဖြစ်ထွန်းနိုင်သော်လည်း ရေဝပ်ခြင်းကိုမူ မနှစ်သက်ပါ။ အပူပိုင်းသီးနှံဖြစ်သော်လည်း အပူသမပိုင်းများတွင်လည်း ဖြစ်ထွန်းသည်။ မာလကာ အပင်ကြီးသည် အပူဒဏ်နှင့်ရေငန်ဒဏ်ကိုလည်း ခံနိုင်ရည်ရှိသော အပင်မျိုးဖြစ်သည်။ သို့သော် ဆောင်းရာသီသီးသန့်ရှိသောဒေသများတွင် အသီးအရသာပို၍ ချိုသည်ဟု အဆိုရှိသည်။
မာလကာပင်၏ မျိုးရင်းသည် MYRTACEAE၊ ရုက္ခဗေဒအမည်- Psidium guajava၊ အင်္ဂလိပ်အမည်မှာ GUAVA ဖြစ်သည်။
မာလကာတွင် အကြမ်းအားဖြင့် အူနီမျိုး နှင့် အူဖြူမျိုးဟူ၍ ရှိသည်။ အူနီမျိုးသည် အသီး အတွင်းသားသည် ပန်းရောင်မှ အနီရောင်ရှိ၍ စားသုံးရတာပျော့ပျောင်းသည်။ အသီး ပုံသဏ္ဍန် ဘူးင်္သီးပုံ ဖြစ်သည်။ အူဖြူမျိုးသည် အသီး အတွင်းသားသည် အဖြူရောင်ရှိပြီး အသီးမာကျစ်သည်။ အသီး ပုံသဏ္ဍန် အလုံးပုံ ရှိသည်။

၂။ စိုက်ပျိုးနည်း
မာလကာပင်ကို ဖေဖေါ်ဝါရီ-မတ်လ သို့မဟုတ် ဩဂုတ်-စက်တင်ဘာလ များတွင် စိုက်ပျိုးကြသည်။ မာလကာပင်ကို အစေ့မှသော်လည်းကောင်း ၊ ကိုင်းဆက်၍သော်လည်းကောင်း၊ မြေထုပ်စည်း၍သော်လည်းကောင်း၊ ကိုင်းဖြတ် ပျိုးအိုးတွင် အမြစ်ဖောက်၍ လည်းကောင်း ပျိုးပင်ပြုလုပ်၍ စိုက်ပျိုးနိုင်ပါသည်။
အစေ့ပျိုးပင် (သို့) မြေထုတ်စည်း ပျိုးပင်ကို တစ်နှစ်သားအရွယ်ရောက်လျှင် မြေချစိုက်ပျိုးနိုင်ပါသည်။ တစ်ပင်နှင့် တစ်ပင် ပုံမှန် ၂၀_၂၀ ပေ (၆_၆ မီတာ) အကွာအဝေးထားပြီး စိုက်ကြသော်လည်း အပင်အရေအတွက် ပါဝင်မှုပိုမိုများရန် ၁၀_၁၀ ပေ (၃ _၃ မီတာ) အကွာ ကျင်းတူးစိုက်ပျိုးနိုင်သည်။ ကျင်းအနက်သည် စိုက်ပျိုးမည့်ပျိုးပင်၏ အနက်အတိုင်းတူးရမည်။
ပျိုးပင်အနက်သည် ပျိုးအိတ်အတွင်းရှိစဉ် ပျိုးပင်၏ ခါးအနက်အတိုင်း စိုက်ရမည်ဖြစ်ပြီး ကျင်းအလယ်တည့်တည့်တွင် မတ်မတ်ချစိုက်ရမည်။ စိုက်ပြီး အပင်ခြေကို သေချာစွာဖိပေးပြီး အညွှန့်အသစ်များ လိုက်လာသည်အထိ မိုးမရွာလျှင် ရေလောင်းပေးရပါမည်။ စိုက်ပျိုးပြီးစ အပင်ငယ်ချိန်တွင် မာလကာပင် တန်းကြားထဲ ကြားသီးနှံအဖြစ် မတ်ပဲ၊ ပဲလွမ်းစသည့် ပဲများနှင့် ဟင်းသီးဟင်းရွက် သီးနှံများဖြစ်သည့် ရုံးပတီ၊ ခရမ်းချဉ်၊ ငရုတ်၊ စသည့်ဖြင့် စိုက်ပျိုး၍ ဝင်ငွေတိုးနိုင်ပါသည်။
၃။ အပင်ပြုစုနည်း
မာလကာပင် စိုက်ခင်းတွင် မြေဆွပေးခြင်း၊ ပေါင်းသင်ပေးခြင်း၊ ရေလောင်းပေးခြင်းများ ပြုလုပ်ရပါမည်။ အပင် အမြင့် ၄ပေခန့်အထိ မားမားမတ်မတ် တက်ရန်အတွက် အပင်ခြေရင်းမှ ကိုင်းတက်များ နှင့် ဘေးတက်များကို ဖြတ်တောက်ပေးရပါမည်။ အပင် လေဝင်လေထွက် ကောင်းရန် အပင် အတွင်းသို့ ထိုးဝင်နေသော ကိုင်းများကို ဖြတ်တောက် ပေးရပါမည်။ သို့မှသာ မာလကာပင် အသီးကိုင်းများ ပို၍ များပြားကာ အသီးဝေဆာပြီး ပိုမို အသီးသီးနိုင်ပါသည်။ အသီး အရည်အသွေး မြင့်ရန် နှင့် အသီး အတွင်း သီးထိုးယင် ကျရောက်မှု မရှိစေရန် အသီးအား အိတ်စွပ်ပေးခြင်းလည်း ပြုလုပ်သင့် ပါသည်။
၄။ ပိုးမွှားရောဂါ
ဖျက်ပိုးများအနေဖြင့် ပိုးစေးနှဲ၊ သီးထိုးယင်၊ ပျတို့ကျရောက်တတ်ပါသည်။ ပင်လုံးပြန့်အာနိသင်ရှိသော ပိုးသတ် ဆေးများကို ပက်ဖျန်း သုံးစွဲရမည် ဖြစ်ပါသည်။ ရောဂါများအနေဖြင့် မာလကာပင်ငယ် များတွင် မာလကာပင် ညိုးသေရောဂါ ကျရောက်၍ မာလကာပင်ငယ်များ ညှိုးနွမ်း သေဆုံး တတ်ပါသည်။ ငှက်မျက်စိ ကွက်ပြောက်ရောဂါ၊ ကြပ်ခိုးစွဲ ရောဂါများ ကျရောက်တတ်ပါသည်။ ဘော်ဒို မှိုသတ်ဆးကို အပတ်စဉ်သုံးစွဲ ပက်ဖျန်းခြင်း သို့မဟုတ် ကော့ပါးပါသော မှိုသတ်ဆေကို သုံးစွဲနှိမ်နင်း နိုင်ပါသည်။
၅။မြေဩဇာကျွေးနည်း
မာလကာတစ်ပင်လျှင် မတ်လတွင် တစ်ကြိမ်၊ အောက်တိုဘာလတွင် တစ်ကြိမ် စသဖြင့် (၂)ကြိမ်ခွဲ၍ မြေဩ ဇာကျွေးသင့်ပါသည်။ မြေဩဇာပမာဏ (NPK Compound) ဓာတ်မြေဩဇာ တစ်နှစ်လျှင် (၁.၅-၆ ပိဿာ)ကို ကျွေးသင့် ပါသည်။ ထိုသို့ ဓါတ်မြေဩဇာ ကျွေးတိုင်း နွားချေး မြေဆွေး သဘာဝ မြေဩဇာကို တစ်ပင်လျှင် (၂-၅)တောင်း ကျွေးသင့်ပါသည်။
၆။ ခူးဆွတ်ခြင်းနှင့် အထွက်နှုန်း
မာလကာပင်သည် အစေ့မှ စိုက်လျှင် ၄-၅ နှစ်ကြာမှ အသီးသီးသည်။ မြေထုပ်စည်း မျိုးပွားပင်မှ နှစ်နှစ်အတွင်း အသီးသီးသည်။ မြေဩဇာ အပြည့်အဝ ကျွေး၍ ရေသွင်းရေလောင်းပေးသော အပင်များက တစ်နှစ်ပတ်လုံး အသီးသီးနိုင်သည်။ မာလကာပင် တစ်ပင်လျှင် တစ်နှစ်ပတ်လုံး အသီး အများဆုံး ၁၀ဝဝခန့် အထိ အသီးသီးနိုင်သည်။ ပျမ်းမျှ တစ်ပင်လျှင် အသီး ၂၀ဝ မှ ၃၀ဝ ထိ သီးသည်။ မာလကာပင်သည် အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်းသာ အသီးအထွက်ကောင်းသည်။ ထို့ကြောင့် ထိုပင်သက်တမ်းသို့ ရောက်လျှင် ပင်ပျိုများ လဲလှယ် စိုက်သင့်ပါသည်။ ယခုအခါ မာလကာပင်ကို အပင် အရေအတွက် တိုးမြှင့်ခြင်း၊ ကိုင်းပြုပြင်ခြင်း တို့ဖြင့် အထွက်နှုန်းတိုးအောင် စီးပွားဖြစ် စိုက်ပျိုးလာကြပါသည်။

မအေးသန္တာစိုး
MyoeMinnLatt
လွန်ခဲ့သော ၁ နှစ် ကအိတ်စွပ်ရာတွင် အနက်ရောင်ကျွပ်ကျွပ်အိတ် စွပ်လျှင်ရပါသလား။
ကိုဆန်းဝင်း
လွန်ခဲ့သော ၄ နှစ် ကအသီးများပီးအလုံးညှက်အရသာလဲမရှိဖြစ်နေလို့အသီးထွားပီးအရသာရှိအောင်ဘယ်လိုပြုစုရမလဲခင်ဗျာ
မောင်ဘစိန်
လွန်ခဲ့သော ၅ နှစ် ကမြေဩဇာကျွေးနည်းမှာ တောင်း အရွယ်အစားက ဘယ်လောက်လဲခင်ဗျာ။
Oo Tin Zaw Min
လွန်ခဲ့သော ၅ နှစ် က😊😊
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
Ko Shwe Lin • ဖြေကြားချက် 2 ခု
ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာတွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ
ဇော်လင်းအောင် • ဖြေကြားချက် 2 ခု
စပါးကြဲခင်းစံကွက်ရိတ်နည်းသိချင်ပါတယ်
မြူလွှာ • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ayethandasoe
အားလုံး
ဒူးရင်းသီးတွင်ကျရောက်သော အသီးပုပ်ခြင်းရောဂါ (Durian Fruit disease )
23/10/2020
ဒူးရင်းအရွက် ငှက်မျက်စိကွက်ရောဂါ
20/05/2020
ဒူးရင်းအရွက်သံချေးရောဂါ ( Durian Leaf Green Alga Rust )
14/05/2020
ဒူးရင်းရွက်အစက်အပြောက်ရောဂါ ( Durian Leaf spot )
05/05/2020
ပန်းထိမ်ငိုပန်း(Globba winitii - Dancing girl ginger) စိုက်ပျိုးနည်း
20/04/2020