ဆေးဘက်ဝင်မှို (ဂန်နိုဒါးမားလင်းဇီး) စိုက်ပျိုးနည်း
(၁) ပေါ်ပေါက်လာပုံ သမိုင်းကြောင်း- လင်ဇီးမှိုကို တရုတ် လူမျိုးတို့က နှစ်တစ်ထောင်ဆေးမြစ်ဟု တင်စားခေါ်ဝေါ်ကြပါသည်။ မြန်မာနိုင်ငံတွင် အပ်ထိုးမှိုဟု ခေါ်ကြပါသည်။ အလေ့ကျပေါက်ဆေးဖက်ဝင် မှို အရိုင်းသည် လွန်စွာ ရှားပါးပြီး စုဆောင်းရန် မလွယ်ကူပေ။ ၁၉၇၀ ပြည့်နှစ်တွင် ဂျပန်နိုင်ငံ၌ အောင်မြင်စွာ စတင် စမ်းသပ် စိုက်ပျိုးနိုင်ခဲ့ပါသည်။ အလွန်ကျော်ကြားသည့် တရုတ်ဆေးဝါး ပညာရှင် ဒေါက်တာ လီရှင်ချန်ရေးသားသည့် (The Outline of Herbal Medicine) စာအုပ်တွင် မှိုအား အမဲရောင်၊ မရမ်းရောင်၊ အပြာရောင်၊ အဖြူရောင်၊ အဝါရောင်နှင့် အနီရောင် တို့ဖြင့် အရောင်(၆)မျိုး ခွဲခြားထားသည်။
လင်ဇီးမှိုကို ပလပ်စတစ် စိုက်ထုပ်များဖြင့် လွှစာကုန်ကြမ်း အခြေခံပြီး သစ်တုံး အတုများ ဖန်တီး စိုက်ပျိုးခြင်းနှင့် သစ်တုံးများတွင် မျိုးသွင်း စိုက်ပျိုးခြင်းတို့ဖြင့် စိုက်ပျိုးနိုင်ပါသည်။
လွှစာ ကုန်ကြမ်း အခြေခံ လင်ဇီးမှို စိုက်ပျိုးရန် စိုက်ထုပ်များ ပြုလုပ်ခြင်း၊ ပေါင်းတင် ပိုးသန့်ခြင်း၊ လင်ဇီးမှို မျိုးသွင်းခြင်း၊ မျိုးသွင်းပြီး မှို စိုက်ထုပ်များတွင် လင်ဇီးမှိုမျှင်များ ပြည့်လာသည်အထိ စောင့်ဆိုင်း မှိုမျှင် ရင့်ကျက်စေခြင်း၊ မှိုမျှင် ရင့်ကျက်ပြီး စိုက်ပျိုးရန် အဆင်သင့် ဖြစ်လာသော စိုက်ထုပ်များမှ မှိုပွင့် ရရှိရန် ဂရုစိုက် ပြုစုခြင်းစသည့် အဆင့်ဆင့် ရှိပါသည်။
မှိုပွင့်ရရှိရန် နောက်ဆုံး အဆင့်ဖြစ်သည့် စိုက်ပျိုးခြင်း အဆင့်ကိုဖော်ပြသွားမည် ဖြစ်ပါသည်။
(၂) စိုက်ပျိုးခြင်း
ဂန်နိုဒါးမား မှိုစိုက်ထုပ်များတွင် မှိုမျှင် ရင့်ကျက်၍ နီညိုရောင်ပြောင်းသောအခါ စိုက်ပျိုး သင့်တော်သော အခြေအနေ ဖြစ်ပါသည်။
မှိုစိုက်ခန်း ပြုလုပ်၍ လေဝင်လေထွက်ကောင်းမွန်ပြီး တိုက်ရိုက်နေမထိသောနေရာတွင် ထားရပါမည်။ အခန်းအတွင်း အပုူချိန် (၂၂-၂၇) ဒီဂရီ စင်တီဂရိတ် ရှိရန် လိုအပ်ပါသည်။ စိုက်ပျိုးသည့်အခါ စင်ပေါ်တွင် စိုက်ထုပ်များ အားထောင်၍သော်လည်းကောင်း၊ လှဲ၍သော်လည်းကောင်း၊ မြေတွင် ကျင်းတူး၍ သဲဖုံး၍သော်လည်းကောင်း စိုက်ပျိုးနိုင်ပါသည်။
မှို စိုက်ထုပ်များကို မှိုထုပ်ထိပ်ဝ ဂွမ်းမဖြုတ်ဘဲ နေ့စဉ်ရေပန်း ခရားဖြင့် (၂)ကြိမ်မှ (၃)ကြိမ် ရေလောင်းပေးရပါမည်။ အခန်း၏ စိုထိုင်းဆသည် (၇၀-၈၀%) ရှိရပါမည်။ အစိုဓာတ်ကောင်းမွန်စွာ ရရှိရန် စိုက်ခင်း ကြမ်းပြင်တွင် သဲ (သို့) စက်ဖွဲပြာ ခင်းထားရပါမည်။
ရေစတင်လောင်းသည်မှ (၁၅-၁၇) ရက်အကြာတွင် မှိုသန္ဓေခဲ စတင် ထွက်ရှိလာမည် ဖြစ်ပါသည်။ မှိုသန္ဓေခဲ စတင် ထွက်ရှိလာသည်မှစ မှိုဆက်လက် ကြီးထွားဆဲ ကာလတွင် အခန်းအပူချိန် မပြောင်းလဲသော်လည်း စိုထိုင်းဆ (၆၅-၇၅ %) အတွင်း ရှိရပါမည်။
(၃) ခူးဆွတ်ခြင်း
မှိုပွင့် ကြီးထွားမှု ရပ်တန့်ပြီး မှိုပွင့် ခူးဆွတ်ရမည့် အချိန်ထိ မှိုပွင့်ရန် စောင့်ဆိုင်းရမည့် ကာလတွင် အပူချိန် မပြောင်းလဲသော်လည်း စိုထိုင်းဆ (၆၀-၇၀%) ရှိရန် လိုအပ်ပါသည်။ မှိုပွင့် ခူးဆွတ်သင့်သည့် အချိန်ထိ စောင့်ဆိုင်းရသည့် ကာလသည် (၁၅-၁၇) ရက် ဖြစ်ပါသည်။ ခူးဆွတ်ရန် အသင့်တော်ဆုံး ဖြစ်သော အဖြူရောင် အနားရစ်များ နီညိုရောင်ပြောင်းသွားတဲ့အချိန် မှိုပွင့်များအား မှိုရိုးတံအခြေမှ ကတ်ကြေး (သို့) “ဒါး ဖြင့် လှီးဖြတ် ဆွတ်ခူးရပါမည်။
ပထမအကြိမ် မှိုခူးပြီးသော စိုက်ထုပ်များအား မှိုမျှင်အား ပြန်ပြည့်ရန် (၇-၁၀)ရက်ရေ မလောင်းဘဲ ထားရမည်။ ထိုအခါ လှီးဖြတ်ထားသော မှိုရိုးတံမှ အဖြူရောင်မှို သန္ဓေခဲ ထပ်မံ ထွက်ရှိလာမည် ဖြစ်သည်။ ဤနည်းအတိုင်း မှိုထုပ်မှ (၆)လအတွင်း (၃-၄)ကြိမ် မှိုခူးရမည် ဖြစ်ပါသည်။
ခူးဆွတ်ပြီး မှိုပွင့်အား ရေဆေး လှီးဖြတ်ပြီး အခြောက်ခံရပါမည်။ နေပြင်းပြင်းဖြင့် (၃)ရက်ခန့် အခြောက်ခံရမည် ဖြစ်ပါသည်။ အခြောက်ခံစက်ဖြင့် အခြောက်ခံပါက လေဝင်လေထွက် ရရှိသော အခြောက်ခံစက်တွင် အပူချိန် (၄၅-၅၀ံ) စင်တီဂရိတ်တွင် (၁၄)နာရီကြာမျှ အခြောက်ခံ ရပါမည်။ အရည်အသွေး ပြည့်ဝသော မှိုပွင့်တစ်ပွင့်၏ အခြောက် အလေးချိန်မှာ ပျမ်းမျှ အနည်းဆုံး ၆ ဂရမ် ရှိပါသည်။
(၄) ကျန်းမာရေး အတွက် အထောက်အကူ ပြုပုံ
ဂန်နိုဒါးမားမှိုကို မှန်မှန် သုံးစွဲခြင်းဖြင့် အရွယ်တင်နုပျို အသက်ရှည်နိုင်ကြောင်း ညွှန်းဆိုကြသကဲ့သို့ ယခုနောက်ပိုင်း ပါဝင် ပစ္စည်းများ စမ်းသပ်ဖော် ထုတ်လာကြပါသည်။ မှိုတွင် ဆေးဝါး အာနိသင်အဖြစ် အရေးပါသည့် Organic Germanium နှင့် Polysacchride တို့ပါဝင်ပြီး ယင်းတို့အပြန်အလှန် ဆက်သွယ်မှုကြောင့် ခါးသက်သက် အရသာရှိစေဟု ဆိုပါသည်။
ဂန်နိုဒါးမားမှိုသည် သွေးသား ကြည်လင် သန့်ရှင်းစေခြင်း၊ အဆိပ် အတောက်ကို ပြယ်စေနိုင်ခြင်း၊ ဆီးရွှင်စေခြင်း၊ အသည်းကို အကာအကွယ်ပေးခြင်း၊ အူသိမ် အူမများကို ပုံမှန် အတိုင်း ဖြစ်စေခြင်း၊ နှလုံးကို အားတိုးစေခြင်း၊ သွေးဖိအားကိုထိန်းညှိပေးခြင်း၊ အအေးမိခြင်းမှ ကာကွယ်ပေးခြင်း၊ ကင်ဆာအကြိတ်များကို ကာကွယ်ပျောက်ကင်းစေနိုင်စွမ်းသည်ဟု ဆိုပါသည်။
မှိုအခြောက် (၁၀)ဂရမ် ကို ရေနွေး တစ်လီတာတွင် ထည့်၍ တစ်ညနှပ်ထားပါက ရေနွေးသည် လက်ဖက်ခြောက် အရောင်ပြောင်းသွား၍ ခါးသက်သော အရသာရှိသည့် အချိန် ဆေးအဖြစ်သောက် သုံးရပါသည်။ ဤနည်းအတိုင်း (၃)ကြိမ်ခန့် သောက်သုံးပြီးပါက မှိုခြောက်ဖတ်များကို နေပူလှမ်းအခြောက်ခံပြီး အမှုန့်ကြိတ်၍ ပျားရည်နှင့်ရောစပ်ဆေးအဖြစ်မှီဝဲနိုင်ပါသည်။
ဂန်နိုဒါးမား(လင်ဇီး)မှို ဆေးတောင့် တစ်တောင့်ရရန် (၂၀ဝ မီလိဂရမ်) မှိုခြောက်အမှုန့် လိုအပ်ကြောင်း ၂၀၁၄ ထုတ် (International Journal of Pharmaceutical Sciences and Research) စာတမ်း တစ်စောင်မှာ ဖော်ပြထားပါသည်။
သဘာဝပေါက် မြန်မာ့တောင်တန်း သစ်တောများထဲက သစ်ပင်ကြီးတွေအောက်နဲ့ ဝါးရုံတွေမှာ ဒီနှစ်တွေ့ရင် နောင်အမြဲတွေ့နိုင်တဲ့ တန်ဖိုးကြီးလှတဲ့ အပ်ထိုးမှိုကို ခူးဆွတ်ရန် အသင့်တော်ဆုံး အချိန် သတိပြု ခူးဆွတ်၍ တန်ဖိုးထား သုံးစွဲနိုင်ရန် ရည်ရွယ်ပါသည်။
အေးသန္တာစိုး
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
Ko Shwe Lin • ဖြေကြားချက် 2 ခု
ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာတွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ
ဇော်လင်းအောင် • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ayethandasoe
အားလုံး
ဒူးရင်းသီးတွင်ကျရောက်သော အသီးပုပ်ခြင်းရောဂါ (Durian Fruit disease )
23/10/2020
ဒူးရင်းအရွက် ငှက်မျက်စိကွက်ရောဂါ
20/05/2020
ဒူးရင်းအရွက်သံချေးရောဂါ ( Durian Leaf Green Alga Rust )
14/05/2020
ဒူးရင်းရွက်အစက်အပြောက်ရောဂါ ( Durian Leaf spot )
05/05/2020
ပန်းထိမ်ငိုပန်း(Globba winitii - Dancing girl ginger) စိုက်ပျိုးနည်း
20/04/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....