ပဲလင်းမြွေသီး စိုက်ပျိုးနည်း
၁။ မူရင်းဒေသ
ပဲလင်းမြွေသည် အိန္ဒိယပြည်တွင် စတင်ပေါက်ရောက်သည်ဟု ယူဆကြသည်။
မြန်မာအမည် - ပဲလင်းမြွေ
အင်္ဂလိပ်အမည် - SNAKE GOURD
ရုက္ခဗေဒအမည် - Trichosanthes anguina
မျိုးရင်းအမည် - CUCURBITACEAE
၂။ အမျိုးအစား
အတိအကျ အမျိုးအစားခွဲခြားထားခြင်း မရှိပေ။
၃။ စိုက်ပျိုးသည့် ဒေသ
ပူနွေးသော ရာတုဥတုရှိသော အရပ်များတွင် စိုက်ပျိုးမြေဖြစ်ထွန်းပြီး အအေးဓာတ်ရှိသောအရပ်တွင် ပဲလင်းမြွေ ပင် မဖြစ်ထွန်းပါ။
၄။ ရေမြေ ရာသီဥတု
ပဲလင်းမြွေပင်များသည် မြေဩဇာ အသင့်အတင့်ရှိပြီး ရေစီးရေလာကောင်းသော သဲနုန်းမြေ၊ နုန်းစနယ်မြေ၊ မြေနီသဲဝန်း စသော မြေများတွင်ဖြစ်ထွန်းပါသည်။ မြေချဉ်ငံဓာတ် (၆ မှ ၆.၅) အတွင်း ပိုမိုဖြစ်ထွန်းပါသည်။
ပဲလင်းမြွေပင်သည် ပူနွေးသောရာသီဥတုကို နှစ်သက်သဖြင့် မြန်မာပြည်အလယ်ပိုင်းနှင့် အောက်ပိုင်းတို့တွင် အထူးစိုက်ပျိုးဖြစ်ထွန်းပါသည်။ အေးသောဒဏ်ကို မခံနိုင်သဖြင့် တောင်ပေါ်အေးသော အရပ်များတွင် မဖြစ် ထွန်းပါ။
၅။ မြေပြုပြင်နည်း
ပဲလင်းမြွေကို စိုက်ဘောင်ပြုလုပ် စိုက်မည်ဆိုပါက အလျား ၃၂ ပေ၊ အနံ ၃ ပေ မြေကွက်ကို တူးဆွပြီး မြေဆွေးနှင့် မြေသားရောပြီး စိုက်ဘောင်အမြင့် တစ်ပေပြုလုပ်ပေးရပါမည်။
ကျင်းဖြင့်စိုက်မည်ဆိုပါက ကျင်းများကို တစ်ကျင်းနှင့်တစ်ကျင်း ၅ ပေ ခွာ၍ တူးရပါမည်။ ကျင်းကို အနက် ၁ပေခွဲ၊ အကျယ် ၂ ပေ ပတ်လည်တူးပြီး မြေဆွေးကို ကျင်းထိပ်အထိ ဖြည့်ပေးရပါမည်။
၆။ မြေဩဇာကျွေးနည်း
နွားချေးမြေဩဇာကို တစ်ဧကလျှင် (၁၀)တန် မှ (၁၅)တန်အထိ ထည့်ပေးရန်လိုအပ်ပြီး ပုလဲမြေဩဇာ (၁၁၂) ပေါင်နှုန်း ထည့်ပေးရန်လိုအပ်သည်။ ဓာတ်မြေဩဇာများကို ထည့်ပေးရာတွင် စိုက်မည့်ဘောင် သို့မဟုတ် ကျင်းတွင် သမအောင်မြေကြီးနှင့် ရောမွှေပေးရန် လိုအပ်သည်။
၇။ မျိုးပွားနည်း
ရင့်မှည့်လာသော ပဲလင်းမြွေသီးမှ အစေ့များကို စိုက်ပျိုးမျိုးပွားနိုင်ပါသည်။
၈။ ပျိုးထောင်နည်း
ပဲလင်းမြွေကို ပျိုးထောင်ရန်မလိုပါ။ အစေ့ကို ကျင်းတွင် တိုက်ရိုက်အစေ့ချ၍ စိုက်နိုင်ပါသည်။
၉။ စိုက်ပျိုးနည်း
သေချာစွာပြုပြင်ထားသော စိုက်ဘောင် သို့မဟုတ် စိုက်ကျင်းတွင် မျိုးစေ့ (၃-၄) စေ့ကို တစ်ကျင်းနှင့်တစ်ကျင်း (၅) ပေခွာပြီး (၆)ကျင်းစိုက်ပါ။ (၁၀)ရက်ခန့်ရှိသောအခါ အပင်ပေါက်လာမည်။ အပင်ငယ်များ နွယ်တက်ရန် ဝါးခြမ်းစိုက်ပေးပြီးနောက် စင်တင်ပေးရပါမည်။ စိုက်ပြီး ၇ ပတ် ၈ ပတ် ကြာလျှင် ခဲဆွဲပေးရပါမည်။ ပဲလင်းမြွေသီးဖြောင့်ပါက ၅ ပေ အထိ ရှည်လျားနိုင်ပါသည်။ ထို့ကြောင့် ပဲလင်းမြွေးသီးကို စင်တင် စိုက်ပျိုးရန် လိုအပ်ပါသည်။ ပဲလင်းမြွေကို မိုးဦး မေလ၊ ဇွန်လများတွင်စိုက်ပျိုးပြီး ဆောင်းတွင်း အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးပါသည်။ တစ်ဧက မျိုးစေ့နှုန်းမှာ (၂) ကီလိုဂရမ် မှ (၃) ကီလိုဂရမ် ဖြစ်ပါသည်။
၁၀။ ရေသွင်းနည်း
အထက်မြန်မာပြည် မိုးတွင်းစိုက်သော နေရာများတွင် မိုးပြတ်သည့်လမှလွဲ၍ ကျန်ရက်များတွင် ရေသွင်းပေးရန် မလိုပါ။
ဆောင်းရာသီစိုက်သောနေရာမျာအတွက်တွင် ရေကို မြေအခြေအရ (၂) ရက်ခြား၊ (၃) ရက်ခြား တစ်ကြိမ် ရေလောင်းပေးရန် လိုအပ်ပါသည်။
၁၁။ အပင်ပြုစုနည်း
ပင်ခြေရင်း ပေါင်းများကို (၁၅) ရက်တစ်ကြိမ်၊ (၂၀)ရက်တစ်ကြိမ် ပေါင်းလိုက်ပေးရပါမည်။ အပင်ငယ်စဉ် ခါးမကြပ်စေရန် ပင်ခြေရင်းမြေဆွပေးရပါမည်။ အသီးဖြောင့်အောင် တစ်ပေခန့်အသီးရှည်လာပါက ခဲဆွဲ ပေးရပါမည်။
၁၂။ အသီးဆွတ်ခူးနည်း
စိုက်ပျိုးပြီး (၇) ပတ် (၈) ပတ် ရှိလျှင် အသီးစတင်ဆွတ်ခူးနိုင်သည်။ အပင်များမနာစေရန် အသီး၏အညှာကို ဓားဖြင့်ဖြစ်စေ၊ ကတ်ကြေးဖြင့်ဖြစ်စေ ဖြတ်တောက်ခူးယူရပါမည်။
စိုက်ပြီး (၇) ပတ်ခန့်တွင် အသီးများစတင်ဆွတ်ခူးနိုင်ပြီး နောက် (၆) ပတ်၊ (၇) ပတ်ခန့်အထိ ဆက်တိုက်အသီးများ ဆွတ်ခူးယူနိုင်သည်။ တစ်ဧက အထွက်နှုန်းမှာ အတောင့် (၄၀၀၀၀) မှ (၅၀၀၀၀) ဖြစ်၏
၁၃။ မျိုးထုတ်လုပ်နည်း
ရင့်မှည့်၍ ရောဂါကင်းသော ပဲလင်းမြွေသီးများကို ဆွတ်ခူးပြီး အသီးကိုခွဲ၍ အစေ့ထုတ်ယူရပါမည်။ ထို့နောက်အစေ့ကို သေချာစွာ ရေဖြင့်ဆေးကြောကာ ပြာဖြငါ့လူးနယ်ပြီး နေလှန်းပေးရပါမည်။ အစေ့များခြောက်သွေ့နေစေရန် (၂) နေ၊ (၃) နေ လှန်းပြီး လေလုံသော ဘူးတွင်ထည့်ပြီး ထားရပေမည်။
ပဲလင်းမြွေသီးများသည် နုနယ်သဖြင့် ဆွတ်ခူးပြီးနောက် ကြာရှည်စွာ သိုလှောင်၍မရပေ။ ထို့ကြောင့် ဆွတ်ခူးပြီး ဈေးကွက်သို့ အမြန်ပို့ရောင်းချရပါမည်။
၁၄။ သတိပြုရန်အချက်များ
ပဲလင်းမြွေကိုစိုက်ရာတွင် ရေလောင်းမလွန်ရန် အထူးဂရုစိုက်ရပါမည်။ ရေလောင်းလွန်ပါက အမြစ်များပုပ်ပြီး အပင်သေကြေပျက်ဆီးနိုင်ပါသည်။
စိုက်ပျိုးရေးဦးစီးဌာန
ဦးဝင်းအောင်
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးပါခဗျာ
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
Ko Shwe Lin • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from စိုက်ပျိုးရေးဦးစီးဌာန
အားလုံး
တောင်သူများအသုံးပြုနေသော အမိုနီယမ်ဆာလဖိတ် (Ammonium Sulphate) မြေဩဇာအကြောင်း
10/12/2021
ရေဆင်းကုလားပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ
22/11/2021
စိုက်ပျိုးသင့်သော နှမ်းအထွက်ကောင်းမျိုးများ
27/08/2021
စပါးခွံပေါင်းခံရည်ဘယ်လိုလုပ်မလဲ
16/01/2021
လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ရွှေ့ပြောင်းအသုံးပြုရာတွင် လိုအပ်သောအကူအညီ တောင်းခံဆောင်ရွက်နိုင်ကြောင်း အသိပေးနှိုးဆော်ချက်
14/12/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....