ကြွက်နားရွက်မှိုစိုက်ပျိုးနည်း
သိပ္ပံနည်းကျ မှို စိုက်ပျိုးရာတွင် စားသုံးမှို နှင့်ဆေးဖက်ဝင်မှိုများကို စိုက်ပျိုးကြသည်။ စားသုံးမှိုများမှာ ငွေနှင်းမှို၊ ငွေနားမှို၊ ကြွက်နားရွက်မှို၊ ရှီတာကီမှို၊ ကောက်ရိုးမှို အစရှိသည်တို့ ဖြစ်ကြသည်။ သိပွံနည်းကျ မှိုမွေးမြူ စိုက်ပျိုးရာတွင် မှိုမျိုးတစ်မျိုးနှင့် တစ်မျိုး ကွာခြားမှု သိပ်မများပေ။ မှိုမွေးမြူစိုက်ပျိုးရာတွင် ပြုလုပ်ရသည့် လုပ်ငန်း အဆင့် (၄)ဆင့်ရှိသည်။ ၎င်းတို့မှာ-
၁။ မှိုမျိုးသန့်မွေးမြူခြင်း
၂။ မှိုမျိုးစေ့ / မှိုပွားစာ ပြုလုပ်ခြင်း
၃။ မှိုစိုက်ထုပ်ပြုလုပ်ခြင်း နှင့်
၄။ မှိုစိုက်ပျိုးခြင်း တို့ဖြစ်သည်။
မှိုကို စတင်စိုက်ပျိုးသူများ အနေဖြင့် အဆင့် (၄) မှ စတင်ပြီး ကျွမ်းကျင်လာမှုအရ အထက် အဆင့်များသို့ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက် လုပ်ကိုင် သွားရမည်။ ယခုဆောင်းပါးတွင် အဆင့်(၄) ကြွက်နားရွက်မှို စိုက်ပျိုးနည်း အကြောင်းကိုသာ သီးသန့်ဖော်ပြ သွားပါမည်။
ကြွက်နားရွက် မှိုစိုက်ပျိုးရန်အတွက် ရှေးဦးစွာ မှိုစိုက်ခန်း ပြင်ဆင်ရပါမည်။ မိမိ စိုက်ပျိုးလိုသည့် မှိုစိုက်ထုပ် အရေအတွက်ကို လိုက်၍ အခန်းကို ပြင်ဆင်ရပါမည်။ သီးသန့် မှိုစိုက်ခန်း မပြင်ဆင်နိုင်သူများအတွက် မိမိအိမ်ရှိ ရေချိုးခန်း၊ အခန်းလွတ်များ အသုံးပြုနိုင်ပါသည်။ သို့ရာတွင် လေဝင်လေထွက်ကောင်းပြီး တိုက်ရိုက် နေရောင်ခြည် မကျသော အခန်းဖြစ်ရမည်။ အသစ်ဆောက်မည့်သူများအတွက် သက္ကယ် သို့မဟုတ် ဓနိမိုးပြီး ထရံကာ အဆောက်အဦးသည် အသင့်တော်ဆုံး ဖြစ်သည်။ အခန်း ကြမ်းပြင်ကို သဲခင်းပေးရမည်။ (ရေလောင်းသောအခါ ဗွက် မထစေရန်နှင့် အစိုဓာတ်ထိန်းရန် ဖြစ်သည်။) အထုပ်များထားရှိ စိုက်ပျိုးနိုင်ရန် စင် သို့မဟုတ် တန်းများ ထည့်သွင်းထားရမည်။ စိုက်ခန်းကို အပူချိန်၂၅ဒီဂရီ မှ ၃၂ဒီဂရီ နှင့် စိုထိုင်းဆ ၈၀-၉၅ ရာခိုင်နှုန်း ရရှိရန် ပြုလုပ်ပေးရမည်။ သာမိုမီတာ တပ်ဆင်ထားပြီး ချိန်ညှိနိုင်သည်။ စိုက်ခန်း ကြမ်းပြင် သဲခင်းအား ရေဝအောင်လောင်းထား ရမည်။
စိုက်ခန်း ပြင်ဆင်ပြီးပါက ကြွက်နားရွက်မှိုမျိုး ထည့်သွင်း ရင့်ကျက်ထားသော ကြွက်နားရွက်မှို အဆင်သင့် စိုက်ထုပ်များကို ဝယ်ယူရမည်။ ဝယ်ယူရရှိလာသော မှိုစိုက်ထုပ်များ အခန်းနှင့်လိုက်လျောညီထွေ တည်ငြိမ်လာအောင် အခန်းတွင်းထား၍ ၂ရက်ခန့် အနားပေးရမည်။ ထို့နောက် အထုပ်ထိပ်ဝကို ကြိုးဖြင့် တင်းတင်းစည်းပေး ရမည်။ ပြီးလျှင် အထုပ်လေးဖက် လေးတန် မျက်နှာပြင်နှင့် အထုပ် ဖင်ခြေတို့ကို ဓားခွဲပေးရမည်။ မျက်နှာပြင် တစ်ဖက်တွင် ဓားချက်၂ချက်နှုန်းဖြင့် လေးဖက်အတွက် ၈ချက်နှင့် ဖင်ခြေအတွက် ၂ချက် စုစုပေါင်း တစ်ထုပ်အတွက် ဓားချက် ၁၀ချက် ရှိရမည်။ ဓားချက် အရွယ်မှာ ၁လက်မခွဲ မှ ၂လက်မ ရှိရမည်။ ဓားခွဲရာတွင် မှို စိုက်ထုပ်၏ အပေါ်ယံ ပလပ်စတစ်သား ပြဲရုံသာ ခွဲရမည်။ (စိုက်ထုပ်အတွင်း မှိုမျှင်များ ရှိနေသော အတုံးထဲ ဓား မနစ်စေရန် သတိပြုရမည်။) လေးဖက် လေးတန် မျက်နှာပြင်အား ဓားခွဲရာတွင် ဓားချက် တစ်ချက်နှင့် တစ်ချက် တေ့ဆက် ပုံစံဖြင့် ခပ်စောင်းစောင်း ခွဲပေးရမည်။ ထို့နောက် စိုက်ထုပ်များကို ကြိုးဖြင့်တွဲသီ၍ စိုက်ခန်းအတွင်း စင် သို့မဟုတ် တန်းများတွင်တွဲလောင်း ချိတ်ဆွဲရမည်။
အထက်ပါ အဆင့်များပြီးဆုံးပါက တစ်နေ့လျှင် ရေ ၁-၂ကြိမ်လောင်းပေး ရမည်။ ရေပိုက် အသုံးပြု၍ လောင်းနိုင်သော်လည်း ရေမှုန် ရေမွှား အဖြစ်လောင်းပေးနိုင်ပါက ပိုကောင်းသည်။ ရေစလောင်းသည့်အချိန်မှ ၁ပတ်အတွင်း မှိုစတင် ထွက်ရှိနိုင်ပြီး ၂ပတ်မှ ၃ပတ်အတွင်း ဆွတ်ခူးနိုင်သည်။ မှို စိုက်ထုပ်၁ထုပ်မှ ၂ကြိမ်-၃ကြိမ် ဆွတ်ခူးနိုင်ပြီး မှို စိုက်ထုပ်မူလ အလေးချိန်၏ ၃ပုံ၁ပုံ မှို ထွက်ရရှိမည်။ သတိပြုရန်မှာ ကြွက်နားရွက် မှိုစိုက်ပျိုးရန် မိုးနှင့်ဆောင်းမှာ သင့်တော်ပြီး နွေရာသီတွင် အပူချိန်ကြောင့် အဆင်မပြေနိုင်ပါ။ နွေရာသီတွင် မဖြစ်မနေ စိုက်ပျိုးမည်ဆိုပါက အပူချိန်ကို အထူးထိန်းချုပ် ပေးရပါမည်။
မျိုးမင်း (တမာမြေ)
kotun
လွန်ခဲ့သော ၂ နှစ် ကကြွက်နရွက်မျိုးထုပ်နည်းသိချင်လို့ပါဗျ
ဦးမြင့်ဆန်း
လွန်ခဲ့သော ၅ နှစ် ကok
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
Ko Shwe Lin • ဖြေကြားချက် 2 ခု
ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာတွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ
ဇော်လင်းအောင် • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....