နဂါးမောက်စိုက်ပျိုးခြင်း - ဦးကျော်နိုင် (အပိုင်း ၅/၅)
ကိုယ်တိုင် စိုက်ပျိုးခြင်းရာမှ ရရှိသော အတွေ့အကြုံများကို စာဖတ်သူတို့ သိရှိစေရန် ပြန်လည် ဝေမျှ ထားသော ဆောင်းပါးကောင်း တစ်ပုဒ် ဖြစ်ပါသည်။
နဂါးမောက်သီးကို ရာသီမဟုတ် သီးစေခြင်း ။ ။ နဂါးမောက်သီးကို ရာသီအလိုက် မဟုတ်ဘဲ အခြားခြံများတွင် မသီးမပွင့်သော အချိန်တွင် ပွင့်စေသီးစေ ရန်အတွက် နည်းစနစ်များကို တွင်ကျယ်လွယ်ကူစွာ တွေ့ရခဲပါသည်။ ထိုင်ဝမ်ရှိ စိုက်ပျိုးရေးခြံများတွင် လျှပ်စစ်မီး ကို အသုံးပြု၍ နေ့ည အလင်းအမှောင် ပြောင်းလဲပေးခြင်းဖြင့် ရာသီမဟုတ်ဘဲ ပွင့်စေသီးစေပါသည်။ ည (၁၀) နာရီ မှ မနက် (၂)နာရီအတွင်း ၁၀၀ ဝပ်မီးလုံးများကို ၁.၂မီတာမှ ၁.၅မီတာခြား၍ အမြင့် ၁.၈မီတာခန့်တွင် ထွန်းပေးခြင်း ဖြစ်ပါသည်။ ရာသီမဟုတ်ဘဲ သီးသော နဂါးမောက်သီးသည် အရွယ်ကြီးခြင်း အရသာ ချိုခြင်းနှင့် ဈေးကောင်းရ ခြင်း အကျိုးကျေးဇူးများ ရှိပါသည်။ အစ္စရေးနိုင်ငံရှိ နဂါးမောက်ခြံများတွင်မူ ဟော်မုန်းဆေးများ (ဥပမာ growth regulators ( N-(2-chloro-4-pyridinyl) - N-phenylurea (CPPU) and gibberellic acid ) သုံး၍ ရာသီ မဟုတ် သီးပွင့်စေနိုင်ကြပါသည်။
ပေါင်းပင်များကို ထိန်းသိမ်းခြင်း
င်းပင်ရှင်းလင်းခြင်းသည် အလွန်အရေးကြီးပါသည်။ ပေါင်းပင်များသည် ရေနှင့်မြေဩဇာကို ခွဲဝေစား သုံးသောကြောင့် နဂါးမောက်ပင်အတွက် လျှော့နည်းစေပါသည်။ပေါင်းပင်များသည် ပုရွက်ဆိတ်၊ ခြစသော ပိုးမွှား များ၊ ငှက်များ နားခိုစရာ ဖြစ်စေပြီး ယင်းအင်းဆက်၊ ပိုးမွှားများက နဂါးမောက်ပင်၏ ပင်စည်၊ အမြစ်များကို ကိုက်ဖြတ် စားသောက် ဖျက်ဆီးတတ်ပါသည်။

ဓာတ်ပုံ - ကျော်နိုင်
နဂါးမောက်ပင်တိုင်များ တန်းများအကြား အကွာအဝေးသည် လည်း ပေါင်းရှင်းရန်အတွက် အရေးကြီးသော အချက်တစ်ခုဖြစ်ပါသည်။ စာရေးသူ၏ ခြံတွင် နဂါးမောက်ပင်နှင့် အသင့်အတင့် ကွာဝေးသော နေရာကို ပင်လုံးပြန့် ပေါင်းသတ်ဆေး ဖြန်းပါသည်။ နဂါးမောက်ပင်နှင့် နီးသောနေရာ များကို လောင်ဆေးပေါင်းသတ်ဆေး ဖြန်းပါသည်။ (သြဂဲနစ် သို့မဟုတ် ဓာတုလွတ် စိုက်ပျိုးသူများအနေဖြင့်လည်း မိမိတို့ အဆင်ပြေသော နည်းလမ်းများဖြင့် ပေါင်းရှင်းနိုင်ပါသည်။ ယခုနည်းလမ်းမှာ စာရေးသူအသုံးပြုသော နည်းလမ်းသာ ဖြစ်ပါသည် - အစိမ်းရောင်လမ်းမှ ဖြည့်စွက်ချက်)
အင်းဆက်ပိုးမွှားများ
နဂါးမောက်သီးသည် အများသောအားဖြင့် အင်းဆက် ပိုးမွှားရန်မှ ကင်းလွတ်ပါသည်။ နဂါးမောက်ပင်နှင့် အဖူးနုများ၊ အတက်နုများ၊ အသီးအပွင့်တို့ကို သာမက အမြစ်များကိုပါ ကိုက်ဖြတ် စားသောက်တတ်သော ပုရွက်ဆိတ် နှင့်ခြတို့မှစ၍ ငှက်၊ လင်းနို့၊ ကြွက် အစရှိသော သတ္တဝါငယ်များ၏ နဂါးမောက်ကို ကိုက်ဖြတ်စား သောက်ခြင်းပြဿနာလည်း ရှိပါသည်။ ပင်လုံးပြန့်ပိုးသတ်ဆေးများကို အပတ်စဉ်နှံ့စပ်အောင် ဖြန်းပေးရပါမည်။ (အခြား ဓာတုဆေးများကို မသုံးဘဲ ကာကွယ်နှိမ်နှင်းနည်းများလည်း ရှိနိုင်ပါသေးသည်။) နဂါးမောက်ပင်တို့၏ အခြေအနေကိုလည်း အမြဲမပြတ် စောင့်ကြည့်နေရပါမည်။

အဖူးနုများ၊ အတက်နုများ၊ အသီးအပွင့်တို့ကိုကို ကိုက်ဖြတ် စားသောက်တတ်သော ပုရွက်ဆိတ်နှင့်ခြ ဓာတ်ပုံ - ကျော်နိုင်

ငှက်၊ လင်းနို့၊ ကြွက် အစရှိသော သတ္တဝါငယ်များ၏ နဂါးမောက်ကို ကိုက်ဖြတ်စား သောက်ခြင်း ဓာတ်ပုံ - ကျော်နိုင်
နဂါးမောက်ပင်တွင် ကျရောက်သော ရောဂါများ
နဂါးမောက်ပင်တွင် မှိုရောဂါနှင့် သံချေးပြောက်ကျတတ်သော ရောဂါတို့ကို အများအားဖြင့် တွေ့ရပါသည်။ နဂါးမောက်ပင်၏ ပင်စည်တွင် ရေစုဝေး၍ ပျော့လာပြီး ပုပ်သောရောဂါ ဖြစ်တတ်ပါသည်။ ဘက်တီးရီးယားကြောင့် ဖြစ်ပြီး ရေအလွန် အကျွံ လောင်းခြင်းနှင့် မိုးအလွန်များသော ရာသီတို့တွင် ဖြစ်တတ်ပါသည်။ သံချေးကွက် ဖြစ်သော ရောဂါကိုလည်း တွေ့ရတတ်ပါသည်။ နဂါးမောက်ပင်စည်တွင် မှိုရောဂါကျရောက်ပါက သီးနှုန်းကျဆင်း ခြင်း၊ အသီးမသီးခြင်း ဖြစ်တတ်ပါသည်။ နဂါးမောက်ပင်၏ အလင်းရောင်၊ နေရောင်ခြည် ရရှိမှု၊ လေဝင်လေထွက် ကောင်းမွန်မှုတို့သည် အရေးကြီးပါသည်။

ပင်စည်တွင် ရေစုဝေး၍ ပျော့လာပြီး ပုပ်သောရောဂါ ဓာတ်ပုံ - ကျော်နိုင်
နဂါးမောက်သီး သီးခြင်း
နဂါးမောက်ပင်သည် စိုက်ပျိုးချိန်မှစ၍ ရှစ်လခန့်အကြာတွင် စတင်သီးနိုင်ပါသည်။ အပင်သက်တမ်း (၂)နှစ်နှင့် အထက် ကိုင်းရင့်ပြီး စိုက်ပျိုးရေးခြံများတွင် တစ်ဧကလျှင် ၁၀-တန်ခန့် ထွက်နှုန်းရှိပါသည်။ အပင် သက်တမ်း(၃)နှစ်နှင့် ငါးနှစ်အထက် နဂါးမောက်ခြံများတွင် ၁၀-တန်မက ထွက်ရှိနိုင်ပါသည်။ အစ္စရေး၊ မလေးရှားနှင့် ထိုင်ဝမ်နိုင်ငံရှိ စီးပွားဖြစ် စိုက်ပျိုးခြံများတွင် တစ်ဟက်တာတွင် ၁၆၀၀၀-၂၇၀၀၀ ကီလိုဂရမ်ခန့် ထွက်ရှိပါသည်။ ကောင်းမွန်စွာ ဂရုတစိုက် စိုက်ပျိုးထားမှသာ အသီးအရွယ် အစားကြီးခြင်း၊ အရည်အသွေးမြင့်မား ခြင်း စသော အသီးများရပါမည်။ အသီး၏ အလေးချိန်မှာ ၃၅၀ဂရမ်မှ ၈၅၀ဂရမ်ခန့်ရှိပါမည်။ သီးညှပ်ခြွေခြင်းနှင့် မလိုလားအပ်သော ကိုင်းပယ်ခြင်းတို့သည် အသီးအရည်အသွေးအတွက် အရေးကြီးပါသည်။
နဂါးမောက်သီး ဆွတ်ခူးခြင်း
နဂါးမောက်သီး ရင့်မှည့်ချိန်သည် စိုက်ပျိုးရာအရပ်ဒေသ၏ ရာသီဥတုကို လိုက်၍ ပြောင်းလည်း ခြားနား တတ်ပါသည်။ ရင့်မှည့်ချိန်သည် အများအားဖြင့် ဇွန်လမှ ဒီဇင်ဘာလအတွင်း ရင့်မှည့်ကြပါသည်။ နဂါးမောက်သီး ကို ရင့်မှည့်ချိန်လိုက်၍ ဆွတ်ခူးခြင်း၊ ရွေးချယ်ခွဲခြားခြင်း ပြုလုပ်ရပါသည်။ စာရေးသူ၏ နဂါးမောက်သီးခြံတွင် နေ့စဉ် အသီးဆွတ်ခူးခြင်း ပြုရပါသည်။ နဂါးမောက်သီးများကို ဆွတ်ခူးပြီးနောက် အေး၍ အရိပ်ရသော နေရာတွင် ထားရပါမည်။ နဂါးမောက်သီးသည် ဆွတ်ခူးပြီးနောက် ထပ်မံရင့်မှည့်ခြင်း မဖြစ်တော့သဖြင့် ရင့်မှည့်ပြီးမှသာ သို့မဟုတ် အချိုဓါတ်နှင့် အက်စစ်ဓါတ်အမြင့်ဆုံး အချိန်မှသာ ဆွတ်ခူးသင့်ပါသည်။ ရင့်မှည့်ပြီးသော နဂါးမောက် သီးသည် ပန်းနီရောင် ရှိပါသည်။ ပန်းပွင့်ချိန်မှစပြီး နဂါးမောက်သီးရင့်မှည့်ချိန်အထိ ရက်ပေါင်း ၄၀မှ ၅၀ ကြာပါ သည်။ နဂါးမောက်သီးကို ရက်၅၀ ခန့်အထိ ထားပါက ပို၍ အရသာရှိသော ချိုသော အရသာရှိပါသည်။ သို့သော် အမှည့်လွန် နဂါးမောက်သီးသည် ရေရှည်ထားသို၍ မရပါ။ ထို့ကြောင့် နဂါးမောက်သီး ဆွပ်ခူးခြင်းသည် သင့်တော် သော မှန်ကန်သော အချိန်ဖြစ်ရန် အရေးကြီးပါသည်။
ၿပီးပါၿပီ။
ဦးကျော်နိုင် BE. Mech, PE (Myanmar Engineering Council )
နွေရာသီ Vocational Training နည်းပညာသင်တန်းများ
& Red Pitaya Wine
အမှတ် စ၂ (၇၁ x ၇၂) ရပ်ကွက်ကြီး ၁၀
ရတနာလမ်း နှင့် သိင်္ဂီလမ်းအကြား
ကားကြီးကွင်းအနီး
ပဒေသာမြို့သစ်
ပြင်ဦးလွင်မြို့
References:
Dragon Fruit by H. P. M Gunasena , Department of Crop Science, Faculty of Agriculture, University of Peradeniya, Sri Lanka
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
ဆက်စပ်မေးခွန်းများ
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
Ko Shwe Lin • ဖြေကြားချက် 2 ခု
ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာတွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ
ဇော်လင်းအောင် • ဖြေကြားချက် 2 ခု
စပါးကြဲခင်းစံကွက်ရိတ်နည်းသိချင်ပါတယ်
မြူလွှာ • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....