အစိမ်းရောင်လမ်း
ပဲတီစိမ်း စိုက်ပျိုးနည်းဆိုင်ရာ အလေ့အကျင့်ကောင်းများ

ပဲတီစိမ်း စိုက်ပျိုးနည်းဆိုင်ရာ အလေ့အကျင့်ကောင်းများ

၁။ ပိုးမွှား ရောဂါဒဏ်ခံနိုင်သော စျေးကွက်ဝင် အထွက်ကောင်းမျိုးကို ရွေးချယ်ပါ။ (ဉပမာ-ရေဆင်း-၉၊ ရေဆင်း -၁၁၊ ရေဆင်း-၁၄)၂။ အပင်ပေါက်ရာခိုင်နှုန်း (၇၅-၈၅) ရှိသည့် မျိုးကို စိုက်ပျိုးပါ။

၃။ မြေချဉ်ငံဓာတ် (၅.၅-၆.၅) ရှိပြီး ရေမဝပ်သည့် စနယ်မြေစေး၊ နှံးသမမြေများတွင် စိုက်ပျိုးပါ။

၄။ မိုးကြို၊ မိုးနှောင်းရာသီတွင် အပင်ဉီးရေ (၁၃၀၀၀၀) ရရှိရန် တန်းကြားပင်ကြား (၁၂ လက်မ x ၄ လက်မ) ခြား၍ မျိုးစေ့နှုန်း (၆-၈) ပြည် သုံးစွဲပါ။

၅။ မိုးရာသီတွင် အပင်ဉီးရေ (၈၇၀၀၀) ရရှိရန် တန်းကြား ပင်ကြား (၁၈ လက်မ x ၄ လက်မ) ခြား၍ မျိုးစေ့နှုန်း (၄-၆) ပြည် သုံးစွဲပါ။ 

၆။ မြန်မာပြည်အထက်ပိုင်းတွင် မိုးကြိုရာသီတွင် ဖေဖော်ဝါရီလလယ်မှ မတ်လလယ်၊ မိုးရာသီ၌ မေလလယ်မှ သြဂုတ်လလယ်များတွင် စိုက်ပျိုးပါ။

၇။ မြန်မာပြည်အောက်ပိုင်းတွင် မိုးနှောင်းသီးထပ်အဖြစ် စိုက်ပျိုးပါက အစိုဓာတ်မီစေရန် နိုဝင်ဘာလတွင်းအပြီး စိုက်ပျိုးပါ။

၈။ မြေပြင်ချိန်တွင် တစ်ဧက နွားချေး (၁၀၀-၁၅၀) တင်း၊ ပုလဲ (၈) ပြည်၊ တီစူပါ (၂၄) ပြည်၊ ပိုတက်ရှ် (၁၂) ပြည်နှုန်း ထည့်ပေးပါ။

၉။ ဂျစ်ပဆန်မြေသြဇာကို စိုက်ချိန်တွင် တစ်ဧက ပြည် (၂၀) နှုန်း ထည့်ပေးပါ။

၁၀။ မြေအောင်းပိုးကာကွယ်ရန် တစ်ဧက လျှင် ဖျူရာဒါန် (၅-၆) ထုပ်ကို စိုက်ကြောင်းတွင် ထည့်ပါ။ 

၁၁။ အပင်နှစ်ပတ်သားမှ ပန်းပွင့်ချိန်အထိ ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပါ။

၁၂။ အဝါရောင် မှိုစေ့ (ပင်ဝါ) ရောဂါမဖြစ်စေရေးအတွက် ၎င်းရောဂါကို ဖြစ်စေသည့် ယင်ဖြူကို ကာကွယ်ရန် နှစ်ပတ်သားမှ စ၍ ပင်လုံးပြန့် အာနိသင် ရှိသည့် ပိုးသတ်ဆေး တစ်မျိုးမျိုးဖြန်းပါ။ 

၁၃။ ပန်းပြချိန်မှ သီးကင်းဝင်ချိန်အတွင်း ပုလဲ+လက်ချား ဖျော်ရည်ကို တစ်ဧက (၅-၆) ပုံး ဖျန်းပါ။ (ရေတစ်ဂါလံတွင် ပုလဲ ဟင်းစားဇွန်း (၄) ဇွန်း၊ လက်ချား ဟင်းစားဇွန်း (၁) ဇွန်း ထည့်ပါ။

၁၄။ သီးတောင့်များ အဝါရောင်/အညိုရောင်များပြောင်းချိန်နှင့် သီးတောင့်အတွင်း အစေ့မာချိန်တွင် ရိတ်သိမ်းရမည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

Aye Nyein Thu

Aye Nyein Thu

လွန်ခဲ့သော ၃ နှစ် က

ပဲတီစိမ်းရဲ့မူရင်းဒေသဘာလဲဆရာ

မျိုးမြင့်

မျိုးမြင့်

လွန်ခဲ့သော ၄ နှစ် က

ပဲတီစိမ်းအတွက် ပေါင်းသတ်ဆေးရှိပါသလား ရှိလျှင်ပြောပေးပါခင်ဗျ

မိုးသူ

မိုးသူ

လွန်ခဲ့သော ၅ နှစ် က

အပေါက့်ကို ဘာဆေးသုံးရင် ကောင်းမလဲဗျ

မိုးသူ

မိုးသူ

လွန်ခဲ့သော ၅ နှစ် က

လေးစားရပါသော မိတ့်ဆွေများခင်ဗျာ

ဘကြီးဖြိုး

ဘကြီးဖြိုး

လွန်ခဲ့သော ၅ နှစ် က

hi

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ

Ko Shwe Lin • ဖြေကြားချက် 2 ခု

ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာ‌တွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ

ဇော်လင်းအောင် • ဖြေကြားချက် 2 ခု

စပါးကြဲခင်းစံကွက်ရိတ်နည်းသိချင်ပါတယ်

မြူလွှာ • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....