မြေပဲသီးနှံစိုက်ပျိုးနည်း
မြေပဲသီးနှံသည် တစ်ဧကမှ ဆီထွက်ရှိမှု ပိဿ (၁၀၀) နှင့် အထက် ရရှိနိုင်သည့် ဆီထွက်သီးနှံဖြစ်ပြီး ပြည်တွင်းစားသုံးမှုအတွက် အရေးပါသော သီးနှံတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဒေသ အမျိုးအစားပေါ် မူတည်ပြီး မြေပဲ စိုက်ချိန်များ မတူညီကြပါ။ မိုးဦးစိုက် ပင်ထောင်/ပင်ပြန့်စိုက်ဒေသများတွင် မေလဆန်းမှ ဇွန်လ ပထမအပတ်အတွင်း၊ မိုးနှောင်း သီးထပ် စိုက်ဒေသများတွင် စက်တင်ဘာလဆန်း-အောက်တိုဘာ ပထမအပတ်အတွင်း၊ ကိုင်းကျွန်း စိုက်ဒေသများတွင် အောက်တိုဘာလမှ နိုဝင်ဘာ ပထမပတ်အတွင်း၊ စပါးသီးထပ် ဆောင်းမြေပဲ စိုက်ဒေသများတွင် နိုဝင်ဘာမှ ဒီဇင်ဘာတတိယပတ်အတွင်း စိုက်ပျိုးကြသည်။ ဒေသအလိုက် အသုံးပြုနေကြသော မျိုး အမည်များမှာ ဆင်းပဒေသာ ၁၊ ဆင်းပဒေသာ၂၊ ဆင်းပဒေသာ ၃၊ ဆင်းပဒေသာ၄၊ ဆင်းပဒေသာ ၅၊ ဆင်းပဒေသာ ၆၊ ဆင်းပဒေသာ ၇၊ ဆင်းပဒေသာ ၁၁၊ မကွေး ၉၊ မကွေး ၁၀၊ မကွေး ၁၁၊ မကွေး ၁၂၊ မကွေး ၁၅၊ ကျောင်းကုန်း ၂ တို့ဖြစ်ကြသည်။
မြေအမျိုးအစား
မြေချဉ်ငံဓာတ် (၅.၅) မှ (၇) အတွင်းရှိ နုန်းမြေ၊ သဲနုန်းမြေ၊ နုန်းစနယ်မြေ၊ ကိုင်းကျွန်းမြေများတွင် စိုက်ပျိုးနိုင်ပြီး (၆ မှ ၆.၅)အတွင်းရှိ မြေများတွင် အထူးဖြစ်ထွန်းသည်။
မြေပြင်ခြင်း
တစ်ဧကလျှင် နွားချေး(၅-၁၀)စီးခန့်ချပါ။ ကျောက်မှုန့် မြေသြဇာ(အိတ်ဝက်)ကို မြေခံတွင် ထည့်သွင်း ထားပေးပါ။ (တစ်ဧကလျှင်တစ်အိတ်နှုန်း)
မျိုးရွေးချယ်ခြင်း
ဒေသနှင့် ကိုက်ညီသည့် အထွက်ကောင်း မျိုးများကို ရွေးချယ် အသုံးပြု၍ စိုက်ပျိုးသင့်သည်။ တစ်ဧကအတွက် မျိုးစေ့နှုန်းမှာ အစေ့ ၁.၅တင်း၊ အတောင့် ၆တင်း အသုံးပြုပါ။ အထွက်ကောင်းမျိုးများမှာ အောက်ပါအတိုင်း ဖြစ်သည်။
အပင်ပေါက်နှုန်း (၈၀%) အထက်ရှိသော မျိုးစေ့များကို အသုံးပြုပါ။ အစေ့သေးလွန်း၊ ကြီးလွန်းသော မျိုးစေ့များ အသုံးမပြုသင့်ပါ။
စိုက်ပျိုးခြင်း
စိုက်ပျိူးခါနီးတွင် မြေပဲမျိူးစေ့ကို လူးနယ်ဆေးလူးပါ။ လူးနယ်မည့် မြေပဲမျိုးစေ့ကို တောင်း(သို့မဟုတ်) သံပုံး တွင်ထည့်၍ ထမင်းရည်အေးအေးကို စိုစွတ်ရုံ ထည့်၍ လူးနယ်ပါ။ နှံ့စပ်သွားလျှင် လူးနယ်ဆေးကို ဖြူးထည့်၊ လူးနယ်ပြီး မျိုးစေ့ကို လေသလပ် အခြောက်ခံပြီးမှ စိုက်ပျိုးရန်။ မျိုးစေ့ကို မစိုက်ပျိုးမီ ၁နာရီမှ၂နာရီအတွင်း ကြိုတင်၍ လူးနယ် ထားရန်။
တစ်ဧကအတွက် လူးနယ် ဆေးလူးထားသော မျိူးစေ့ (၁တင်း-၁တင်းခွဲ)ကို အတန်း အကွာအဝေး (၁၄)လက်မခြားဖြင့် ကြွက်မြီးတန်း ချပါ။ စိုက်ကြောင်း အတိမ်အနက် (၁.၅လက်မ-၂လက်မ အတွင်း) အစိုဓါတ်မိအောင် စိုက်ပါ။ တစ်ဧကကို အပင်ဦးရေ (၁) သိန်းကျော်ဝင် ဆန့်အောင် စိုက်ပျိုးပါ။
သဘာဝမြေသြဇာများ သို့မဟုတ် အီးအမ္ဘိုကာရွိကို (၇-၁၀) အိတ်ကို စိုက်ကြောင်းထဲသို့ ထည့်ပေးပါ။ အကယ်၍ ဓာတ်မြေသြဇာ အသုံးပြုလိုပါက တစ်ဧကလျှင် ပုလဲ(၂၈-၅၆ပေါင် သို့ ၈ပြည်- ၁၅ပြည်)၊ တီစူပါ (၈၄-၁၁၂ပေါင် သို့ ၂၃ပြည်-၃၁ပြည်)၊ ပိုတက် (၃၈ ပေါင် သို့ ၂၃ ပြည်) ကို စိုက်ကြောင်းအတွင်း လိုက်ဖြူးထည့်ပေးပါ (သို့မဟုတ်) ကွန်ပေါင်း မြေသြဇာတစ်အိတ်ကို ထည့်ပေးပါ။
ကြားတိုက်ခြင်း
စိုက်ပြီး (၂၀)ရက်သား ခန့်တွင် ကြားတစ်ကြိမ် တိုက်ပါ။ ဒုတိယအကြိမ် ကြားတိုက်ခြင်းကို စိုက်ပြီး ( ၃၀ ) ရက်သားခန့်တွင် ပြုလုပ်ပါ။
ပေါင်းနှိမ်နင်းခြင်း
ပန်းဖြိုင်ဖြိုင်ပွင့်ချိန်တွင် ပေါင်းမြက် မရှင်းပါက မြေပဲအပွင့်များကို ထိခိုက်နိုင်ခြင်းကြောင့် အပင် သက်တမ်း(၃၀-၃၅)ရက် သားခန့် ကာလအတွင်း ပေါင်းမြက် ကင်းစင်စေရန် ပေါင်းကို(၂)ကြိမ်ခန့် အနည်းဆုံးလိုက်ပါ။ ပထမ အကြိမ် ကြားတိုက်ပြီး လက်ပေါင်း တစ်ကြိမ်၊ ဒုတိယ အကြိမ် ကြားတိုက်ပြီး လက်ပေါင်း တစ်ကြိမ်လိုက်ပါ။
မြေသြဇာ ထပ်မံ ဖြည့်စွက်ခြင်း
ပန်းပွင့်ချိန်တွင် ကျောက်မှုန့်မြေသြဇာ(အိတ်ဝက်)ကို အပင်ခြေတွင် ထည့်ပြီး ဘောင်လုံးပေးပါ။ ကျောက်မှုန့် ထည့်သည့် ကာလသည် နောက်ဆုံးပေါင်းရှင်းြ့ပီး ကာလလည်း ဖြစ်ရမည်။ ကျောက်မှုန့်ထည့်အချိန်ကာလတွင် အစိုဓာတ်ရှိစေရန် သတိပြုပါ။
ရွက်ဖျန်းမြေသြဇာ ပက်ဖျန်းခြင်း
အပင်(၂)ပတ်သားမှ ပန်းဖြိုင်ဖြိုင်ပွင့်ချိန်အထိ ပုလဲနှင့် လက်ချား (ဘိုရွန်) ရောစပ်၍ ရွက်ဖျန်းမြေသြဇာ အဖြစ် (၇)ရက်ခြား တစ်ကြိမ်နုန်းဖြင့် စုစုပေါင်း ၄ကြိမ်ခန့် ဖျန်းပေးပါ။ တစ်ကြိမ်လျှင် (၄)ဂါလံပုံး (၅)ပုံးနှုန်းကို မနက်ပိုင်း အရွက်အောက်ရောက်အောင် ဖြန်းပေးပါ။
(၄)ဂါလံပုံးတစ်ပုံးစာ ဖျော်စပ်ရန် အချိုးအစား -ပုလဲမြေသြဇာ (၁၆)ဇွန်း၊ လက်ချား (၄) ဇွန်း (ဟင်းစားဇွန်း=၁၀စီစီ)
ပိုးမွှား ရောဂါ ကာကွယ်နှိမ်နင်းခြင်း
(က) ပိုးကျရောက်မှုအတွက်
သဘာဝ ပိုးသတ်ဆေး ဖြစ်သော အီးအမ် (၅) ပိုးနှင်ဆေးကို အသုံးပြုကာ ကြိုတင်ကာကွယ် နှိမ်နင်းပါ။ တစ်ဧကအတွက် တစ်ကြိမ်လျှင် ၄ ဂါလံပုံး (၅)ပုံး ပက်ဖျန်းပေးပါ။ သီးနှံ တစ်ရာသီ ကာလအတွင်း အပင် (၃)ပါတ်သားမှ စတင်ပြီး စုစုပေါင်း (၃)ကြိမ်ခန့်ကို (၇)ရက်ခြားတစ်ခါခန့် ပက်ဖျန်းပေးပါ။
(ခ) မှိုရောဂါများအတွက်
မှိုရောဂါများ ကျရောက်မှုတွေ့ရှိမှသာ ဘော်ဒို ဆေးရည်ကိုဖြန်းပေးပါ။
မှတ်ချက်။ ။သဘာဝ ပိုးသတ်ဆေး သုံးပြီး အဆင်မပြေမှသာ ဓာတု ပိုးသတ်ဆေး၊ မှိုသတ်ဆေးကို သတ်မှတ် အညွန်းအတိုင်း သုံးစွဲပါ။ ပိုးသတ်ဆေး ဖျန်းခြင်းနှင့် ရွက်ဖျန်းမြေသြဇာ ဖျန်းခြင်းကြားတွင် အချိန်(၃)ရက်ခန့်ခြားပြီး ဆောင်ရွက်ပါ။ သတိပြုရန်မှာ ရွက်ဖြန်း မြေသြဇာနှင့် ပိုးသတ်ဆေးများကို အတူရောစပ် မဖျန်းရန် ဖြစ်ပါသည်။
ရိတ်သိမ်းခြင်း
မြေပဲပင်တွင် သက်တမ်းပြည့်ပါက အရွက်များ ရင့်ဝါလာချိန် (သို့) မြေပဲပင်တွင် ကောင်းစွာရင့်မှည် အောင်မြင်သော အတောင့်(၇၀)ရာခိုင်နှုန်းခန့် ရှိပါက နှုတ်သိမ်းပါ။ ရိတ်သိမ်းပြီး မြေပဲတောင့်များကို နေလှန်း အခြောက်ခံပါ။ မျိုးအဖြစ် သိုလှောင်မည် ဆိုပါက မြေပဲတောင့်များကို နေရောင်အောက်တွင် တိိုက်ရိုက်မလှန်းပဲ အရိပ်အသင့် အတင့်ရသော နေရာတွင် ခပ်ပါးပါး ဖြန့်လှန်း၍ အစိုဓါတ် (၆ မှ ၉%) (အတောင့်ကို ကိုက်ကြည့်ပါက ထောက်ကနဲ အသံမြည်) ရှိချိန်တွင် လေလုံအောင် ပိတ်၍ အမိုး အကာအောက်တွင် သိုလှောင်ပါ။
အထွန်း
ကိုးကား- စိုက်ပျိုးရေးဦးစီးဌာန နှင့် REVEAL project maunal
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မြေပဲစိုက်ပျိုးနည်း
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
မိုးကျော်
လွန်ခဲ့သော ၁ နှစ် ကဘိုရွန်ကဘာကောင်းလည်းဗျ
ဦးအောင်လင်းမောင်
လွန်ခဲ့သော ၂ နှစ် ကအဆံတစ်တင်းခွဲ
အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကလူးနယ်ဆေးဆိုဘယ်လိုမျိုးလဲ
မောင်စူးစမ်း
လွန်ခဲ့သော ၄ နှစ် ကပိုးသတ်ေဆးနဲ့ မှုိေဆး အတူေရာဖျန်းလို့ရသလားဗျ
chitoo
လွန်ခဲ့သော ၄ နှစ် ကမြေပဲပန်းပွင့်အရေအတွက်ဘယ်လောက်လည်း
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
Ko Shwe Lin • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from စိုက်ပျိုးရေးဦးစီးဌာန
အားလုံး
တောင်သူများအသုံးပြုနေသော အမိုနီယမ်ဆာလဖိတ် (Ammonium Sulphate) မြေဩဇာအကြောင်း
10/12/2021
ရေဆင်းကုလားပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ
22/11/2021
စိုက်ပျိုးသင့်သော နှမ်းအထွက်ကောင်းမျိုးများ
27/08/2021
စပါးခွံပေါင်းခံရည်ဘယ်လိုလုပ်မလဲ
16/01/2021
လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ရွှေ့ပြောင်းအသုံးပြုရာတွင် လိုအပ်သောအကူအညီ တောင်းခံဆောင်ရွက်နိုင်ကြောင်း အသိပေးနှိုးဆော်ချက်
14/12/2020