စီးပွားဖြစ် သရက်စိုက်ပျိုးနည်း
ရာသီဥတု
သရက်စိုက်ပျိုးရန် အသင့်တော်ဆုံး နှစ်စဉ်ပျမ်းမျှအပူချိန်မှာ (၂၆.၅) ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး အပူချိန် (၁) ဒီဂရီစင်တီဂရိတ်ထိ ကျဆင်းပါက စိုက်ပျိုးမှုကောင်းစွာ မဖြစ်ထွန်းပါ။
နှစ်စဉ်မိုးရေချိန် (၃၀-၁၀၀) လက်မ ရသောဒေသများတွင် ဖြစ်ထွန်းသည်။ မိုးရေချိန်နည်းသောဒေသများတွင် ရေသွင်း၍ စိုက်ပျိုးကြသည်။
မိုးများလွန်းသောဒေသများတွင်လည်း သီးထိုးယင်နှင့် ခေါင်ညွန့်ထိုးပိုးများ ကျရောက်ဖျက်ဆီးတတ်သည်။
မြေအမျိုးအစား
မြေသားထုနက်ရှိုင်းပြီး ရေစီးစိမ့်မှုကောင်းသော နှုန်းဆန်မြေနှင့် နှုန်းမြေနီသည် သရက်စိုက်ပျိုးရန် အကောင်းဆုံးမြေအမျိုးအစားဖြစ်သည်။ သင့်တော်သော မြေချဉ်ငံဓာတ် (၆-၇)အတွင်းဖြစ်ပြီး (၅-၇.၅) အတွင်းစိုက်ပျိုးဖြစ်ထွန်းသည်။
သရက်စိုက်ပျိုးမည်ဆိုပါက ဒေသနှင့်ကိုက်ညီသော အရည်အသွေးကောင်းမျိုးများကို ရွေးချယ်စိုက်ပျိုးသင့်ပါသည်။
စိုက်ပျိုးနည်းနှင့် စိုက်ပျိုးခြင်း
သမားရိုးကျစိုက်စနစ်တွင် ပင်ခြားᳵတန်းခြား (၃၀ᳵ၃၀) ပေ- တစ်ဧက (၄၈)ပင်ဝင်ဆန့်ပါသည်။
ခေတ်သစ်စိုက်ပျိုးနည်းစနစ်တွင် ပင်ခြားᳵတန်းခြား (၁၅ᳵ၁၅)- တစ်ဧက (၁၉၄) ပင်ဝင်ဆန့်ပါသည်။
ပင်ကြားတန်းကြား ၁၅ပေ စိုက်ခြင်းဟာ အရမ်းညှပ်လွန်းပေမဲ့ အပင်ငယ်စဉ်မှာ အသီးများများရအောင် ယူပြီး အပင် ၁၂နှစ်သားကျော်ချိန် ညှပ်လာပါက ၁ပင်ခြား ခုတ်လှဲပေးနိုင်ပါသည်။ ခေတ်သစ်စိုက်စနစ်တွင် တစ်ဧက ဝင်ဆန့်အပင်ဉီးရေးများသဖြင့် ကာလတိုအတွင်း အသီးထွက်နှုန်း မြင့်မားသောကြောင့် ယခုအခါ ခေတ်သစ်စိုက်စနစ်ဖြင့် စီးပွားဖြစ်စိုက်ပျိုးလာကြသည်။ စိုက်ကျင်းအရွယ်အစားကို အနည်းဆုံး (၂ᳵ၂ᳵ၂) ပေထား၍ တူးပါ။ တူးပြီးကျင်းများကို (၇) ရက်ခန့်နေလှန်းထားပါ။ သဘာဝမြေသြဇာ (နွားချေး၊ ကြက်ချေးဆွေး) (၁-၂) တင်း၊ တီဆူပါဖော့စဖိတ် (၄၀) ဂရမ်၊ ပိုတက်ရှ်ဆီယမ်ကလိုရိုဒ် (၁၁၄) ဂရမ်နှင့် မြေအောင်းပိုးသတ်ဆေးတစ်မျိုးမျိုးကို ကျင်းပတ်လည်ရှိ အပေါ်ယံမြေနှင့် ဆတူ သမအောင်ရောမွှေပြီး စိုက်ကျင်းမို့မောက်သည်အထိ ပို့ပေးပါ။
သရက်စိုက်ခင်းကို အောက်ပါနည်း (၂)နည်းဖြင့် စိုက်ပျိုးနိုင်သည်။
၁။ ကိုင်းဆက်ပျိုးပင်ဖြင့် တိုက်ရိုက်စိုက်ပျိုးနည်း
ကျန်းမာသန်စွမ်းပြီး သက်တမ်း (၁-၂)နှစ်သားရှိသော ကိုင်းဆက်ပျိုးပင်ကို စိုက်ပျိုးပါ။ သို့မှသာ စိုက်ခင်းအတွင်းသို့ ရွေ့ပြောင်းစိုက်ပျိုးရာတွင် အသေအပျောက်နည်းပါးမည်။ စရိတ်စက ကျန်ကျမှုလည်းသက်သာစေပါမည်။
၂။ စိုက်ခင်းတွင်း သရက်အစေ့ချစိုက်ပြီးနောက် စိုက်ကိုင်းစိုက်ခြင်း
စိုက်ခင်းအတွင်း စိုက်ပျိုးထားသော သရက်အောက်အကိုင်းဆက်ရာတွင် ဘေးတိုက်ပါးချင်းအပ်အကိုင်းဆက်နည်း၊ ငုတ်ရိုက်အကိုင်းဆက်နည်း၊ အပင်ခွဲသပ်သွင်း အကိုင်းအဖူးတုံးမြှုပ်နည်း တစ်ခုခုကို အသုံးပြုနိုင်ပါသည်။
ရေပေးသွင်းခြင်း
အသီးမတင်သေးသော အပင်ငယ်ကို အပင်ကြီးထွားရန် မိုးမရွာပါက ရေပေးသွင်းပါ။
အသီးခံယူနေသော အပင်ကြီးများကို အသီးတင်စဉ်နှင့် ထွားစဉ် (၁၀-၁၅) ရက်ခြား ရေးပေးသွင်းပါ။
စစိုက်သည့်နေ့တွင်လည်း အပင်အောက်ခြေထိရေရောက်အောင် ရေနိုင်နိုင်လောင်းပေးပါ။
၁ နှစ်သားနောက်ပိုင်းတွင် တစ်နှစ်လျှင် ၂ ကြိမ်၊ မိုးနည်းလျှင် ၃ ကြိမ်လောက်ရေတင်ပေးရပါမည်။
သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာ ထည့်သွင်းခြင်း
တစ်နှစ်သားအပင်တစ်ပင်အတွက် ယူရီးယား(၈၅)ဂရမ်၊ ဖော့စဖိတ်(၄၀)ဂရမ်၊ ပိုတက်စီယမ်ကလိုရိုဒ် (၁၁၂)ဂရမ် ကို ထည့်သွင်းပေးပါ။ အပင်သက်တမ်း(၄)နှစ်သားအထိ ပထမနှစ်ကျွေးသည်ကို တစ်ဆစီတိုး၍ ထည့်သွင်းပေးပါ။
အသီးသီးလျက်ရှိသော အပင်တစ်ပင်အတွက် ယူရီးယား၊ တီစူပါ၊ ဖော့စဖိတ် (၃၇၅) ဂရမ်နှင့် ပိုတက်စီယမ်ကလိုရိုဒ်(၁)ဂရမ်ကို ဇွန်၊ဇူလိုင် (မိုးဦး)တွင် ထည့်သွင်းပေးပါ။
စက်တင်ဘာ၊ အောက်တိုဘာ (မိုးနှောင်း)တွင် ယူရီးယားကို ထပ်မံ ထည့်သွင်းပေးပါ။ ဓါတ်မြေဩဇာထည့်သွင်းပေးရာတွင် အစိုဓါတ်လုံလောက်မှုရှိရမည်။ မြေဩဇာကို အပင်၏ ဘေးတွင် အောက်ကျင်းခွက်ပြုလုပ်၍ ကျင်းခွက်အတွင်း ညီညာစွာ မြေကြီးနဲ့ ပြန်ဖုံးအုပ်ပေးပါ။ မြေဩဇာကို နွားချေး(၂)တင်း နှစ်စဥ်မိုးဦးကျတွင် ထည့်သွင်းပေးပါ။
ပိုးမွှားရောဂါ
သရက်ဖြုတ်ပိုး၊ ခေါက်ညွန့်ထိုးပိုး၊ ပင်စည်ထိုးပိုး၊ ပိုးစေနဲ၊ သီးထိုးယင်များကျရောက်ဖျက်ဆီးတတ်ပါသည်။
အသီးဆွတ်ခူးခြင်းနှင့်သိုလှောင်ခြင်း
ကာလကြာရှည်စွာ ပြုစုထားရခြင်း၊ သွင်းအားစုများစွာ ထည့်သွင်းရင်းနှီးထားရှိရခြင်းမှ ရရှိလာသော သရက်သီးများမှာ အချိန်တိုအတွင်း လွယ်ကူစွာ ပျက်စီးခြင်းနှင့် ကြုံရလေ့ရှိပါသည်။
သရက်သီးများ ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရန် အောက်ပါအတိုင်းဆောင်ရွက်ပါ။
၁။ အသီးများကောင်းစွာ ရင့်မှသာ ဆွတ်ခူးပါ။
၂။ အသီးများအနာတရမဖြစ်စေရန်၊ လက်လှမ်းမီသည့်နေရာတွင် လက်၊ ကက်ကြေးဖြင့် ဆွတ်ခူးပါ။ လှေကားထောင်၍ အသီးဆွတ်ခူပါ။ လက်လှမ်းမမီသော အသီးများကို ခြင်းပါသော တံချူတံဖြင့် ဆွတ်ခူးပါ။
၃။ဆွတ်ခူးပြီးအသီးကို အရိပ်အောက်တွင် ဝါးစင်ပေါ်တွင် အသီးညှာကို အောက်ဖက်ထားပြီး အစေးထုတ်ပါ။ သရက်စေးများ စွန်းထင်းခြင်းမရှိစေရန် ဂရုပြုပါ။
၄။ ထုပ်ပိုးခြင်း၊ ထားသိုခြင်း ပြုလုပ်ရာတွင် အသီးရင့်မှည်သည့်အဆင့်နှင့် အရွယ်အစားအလိုက် အတန်းအစားနှင့် အမျိုးအစားခွဲပါ။
၅။ အသီးကောင်းစွာမှည့်ရန် အသင့်တော်ဆုံးအနေအထားမှာ အပူချိန် ၂၅(+/-)၂ ဒီဂရီစင်တီဂရိတ်နှင့် စိုထိုင်းစ ၄၁-၆၀ %ဖြစ်ပါသည်။
၆။ အသီးကို ကြာရှည်ထားသိုလိုလျှင် ကောင်းစွာရင့်ပြီး မမှည့်သေးသော သရက်သီးစိမ်းများကို အပူချိန် (၁၅)ဒီဂရီစင်တီဂရိတ်နှင့် စိုထိုင်းစ(၈၀-၉၀)%တွင် သိုလှောင်ထားရှိပါ။
၇။ အအေးခန်းတွင် သိုလှောင်ထားသော သရက်သီးများကို အမှည့်ခံရာတွင် အပူချိန် (၂၅)ဒီဂရီစင်တီဂရိတ်သို့ တဖြည်းဖြည်း မြင့်ပေးပါ။ သို့မဟုတ်ပါက သရက်သီးတွင် ရေငွေ့များစုဖွဲ့ခြင်းဖြစ်ပေါ်ပြီး အသီးပျက်စီးမှု ပိုများနိုင်ပါသည်။ မျိုးအလိုက်(၁၉-၂၀)ရက်အထိ အထားခံနိုင်ပါသည်။ (၂၅)ဒီဂရီစင်တီဂရိတ်တွင် အသီးမှည့်ရန် (၃-၄)ရက် ခန့်ကြာပါသည်။
အထွက်နှုန်း
မျိုးနှင့် သက်တမ်းပေါ်မူတည်၍ တစ်ပင်အထွက်နှုန်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၅-၁၀ နှစ်သား - ၅၀-၅၀၀လုံး
၁၁-၂၀နှစ်သား - ၅၀၀-၁၅၀၀လုံး
၂၁ နှစ်သား - ၁၅၀၀လုံး
ကိုးကား-စိုက်ပျိုးရေးဉီးစီးဌာန
Nang Sain Ngin
လွန်ခဲ့သော ၁ နှစ် ကမြေပြုပြင်းခြင်း
ဒို့ဦးလေး
လွန်ခဲ့သော ၄ နှစ် ကပရီဗာသွန် သို့မဟုတ် အမဲနက်နဲ့ အဆက်ရောဖျန်းပါ
အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကသရက်ခေါင်ညွတ်ထိုးပိုးကို ဘာပိုးသတ်ဆေးသုံးရင်အဆင်ပြေလည်း.... ဆရာသမားတို့ လမ်းညွှန်ပေးကြပါအုံး
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
Content provider
စိုက်ပျိုးရေးဉီးစီးဌာန
စိုက်ပျိုးရေးဦးစီးဌာန၏သမိုင်းအကျဉ်း ၁။ စိုက်ပျိုးရေးဦးစီးဌာနသည် ၁၉၀၁ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးဌာနခွဲအဖြစ် စတင်ဖွဲ့စည်း ခဲ့ပါသည်။ ၁၉၅၂ ခုနှစ်တွင် မြေယာကျေးလက် ကြီးပွားရေးတိုးတက်ရေးကော်ပိုရေးရှင်းကို ဖွဲ့စည်း၍ စီးပွားရေးဆန်သော စိုက်ပျိုးရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါသည်။ ၁၉၅၇ခုနှစ်တွင် လယ်ယာမြေ အမျိုးအစားခွဲခြား၍ မြေဆီလွှာထိန်းသိမ်းရေး၊ မြေဆီလွှာတိုင်းတာရေးနှင့် သင့်လျှော်သော သီးနှံပုံစံ များ ချမှတ်ဆောင်ရွက်ရန် မြေအသုံးချရေးဌာနကို သီးခြားထပ်မံဖွဲ့စည်းခဲ့ပါသည်။၂/၁၉၇၂ ခုနှစ်တွင် (၁) လယ်ယာစိုက်ပျိုးရေးဌာနခွဲ (၂)မြေအသုံးချရေးဌာနခွဲ (၃)မြေယာကျေးလက်ကြီးပွားတိုးတက်ရေးကော်ပိုရေးရှင်းကို ပူးပေါင်း၍ လယ်ယာစိုက်ပျိုးရေး ကော်ပိုရေးရှင်းဟူ၍ လယ်ယာနှင့်သစ်တောဝန်ကြီးဌာနအောက်တွင် ဖွဲ့စည်းခဲ့ပါသည်။ လယ်ယာစိုက်ပျိုးရေး ကော်ပိုရေးရှင်း (Agriculture Corporation) ကို ၁၉၉၀ ခုနှစ်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း ( Myanmar Agriculture Service)အဖြစ် အရာထမ်း(၈၇၈)နေရာ၊ အမှုထမ်း(၁၇၅၇၈)နေရာ၊ စုစုပေါင်း(၁၈၄၅၆)နေရာဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ၂။ ၁၉၉၀ ခုနှစ်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ နှစ်ရှည်သီးနှံဌာနခွဲနှင့်မြန်မာ့စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတို့ ပူးပေါင်းခဲ့ပါသည်။ ၃။ ၁၉၉၄ ခုနှစ်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ မြန်မာ့ကြံလုပ်ငန်း၊ မြန်မာ့ဝါနှင့်ပိုးချည်လုပ်ငန်း၊ မြန်မာ့ ဂုန်လျှော်ပစ္စည်းလုပ်ငန်းများအဖြစ် သီးခြားဖွဲ့စည်းခဲ့ပါသည်။ ၄။ ၂၀၀၄ ခုနှစ်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ စိုက်ပျိုးရေးသုတေသန ဌာနခွဲအား စိုက်ပျိုးရေး သုတေသနဦးစီးဌာနအဖြစ် သီးခြားဖွဲ့စည်းခဲ့ပြီး အရာထမ်း(၇၈၈)နေရာ၊ အမှုထမ်း(၁၆၇၇၇)နေရာ၊ စုစုပေါင်း(၁၇၅၆၅)နေရာဖြင့် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းအဖြစ် လုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပါသည်။ ၅။ ၂၀၀၆ ခုနှစ်တွင် မြန်မာ့ဂုန်လျှော်ပစ္စည်းလုပ်ငန်း၊မြန်မာ့ဝါနှင့်ပိုးချည်လုပ်ငန်း၊ မြန်မာ့ကြံလုပ်ငန်း၊ မြန်မာ့နှစ်ရှည်ပင်လုပ်ငန်းနှင့် မြန်မာ့စိုက်ပျိုးမွေးမြူရေးလုပ်ငန်း(၅)ခုတို့ကို ပေါင်းစပ်၍ မြန်မာ့ စက်မှုသီးနှံဖွံ့ဖြိုးရေးလုပ်ငန်းကိုအရာထမ်း(၈၈၅)နေရာ၊ အမှုထမ်း(၁၀၈၇၇)နေရာ၊ စုစုပေါင်း(၁၁၇၆၂) နေရာဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ၆။ ၂၀၁၂ ခုနှစ်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းကို စိုက်ပျိုးရေးဦးစီးဌာနအဖြစ် အရာထမ်း(၉၈၉) နေရာ၊ အမှုထမ်း(၁၅၄၂၇)နေရာ၊ စုစုပေါင်း(၁၆၄၁၆)နေရာဖြင့် လည်းကောင်း၊ မြန်မာ့စက်မှုသီးနှံ ဖွံ့ဖြိုးရေးလုပ်ငန်းကို စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာနအဖြစ် အရာထမ်း(၇၁၁)နေရာ၊ အမှုထမ်း(၈၁၅၈) နေရာ၊ စုစုပေါင်း(၈၈၆၉)နေရာဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ၇။ ၂၀၁၃ ခုနှစ်တွင် စိုက်ပျိုးရေးဦးစီးဌာန ဖွဲ့စည်းပုံ၌ အရာထမ်း(၁၂၀)နေရာ၊ အမှုထမ်း (၁၁၅၀) နေရာ၊စုစုပေါင်း(၁၂၇၀)နေရာနှင့် စိုက်ပျိုးရေးသိပ္ပံ (၁၀)ကျောင်းအား စိုက်ပျိုးရေး ဦးစီးဌာနသို့ လွှဲပြောင်း လက်ခံရရှိခဲ့ပြီးအရာထမ်း(၁၁၁၈)နေရာ၊အမှုထမ်း(၁၆၅၉၅)နေရာ၊စုစုပေါင်း(၁၇၇၁၃)နေရာဖြစ်ပေါ်လာပါသည်။ ၈။ ၂၀၁၅ခုနှစ်၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုသီးနှံ ဖွံ့ဖြိုးရေးဦးစီးဌာန(၂)ခုပေါင်းစည်း၍ “စိုက်ပျိုးရေးဦးစီးဌာန”အဖြစ် အရာထမ်း(၁၉၀၁)နေရာ၊ အမှုထမ်း(၂၂၀၉၉)နေရာ၊ စုစုပေါင်း (၂၄၀၀၀) နေရာ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ၉။ ၂၀၁၇ခုနှစ်၊မတ်လ(၂၃)ရက်နေ့တွင်ကန့်ဘလူ(ခ)အဆင့်ခရိုင်အား ဖွဲ့စည်းပုံရရှိပါသဖြင့် စိုက်ပျိုးရေးဦးစီးဌာနတွင် အရာထမ်းရာထူး (၁၉၀၆)နေရာ၊ အမှုထမ်းရာထူး(၂၂၁၂၆)နေရာ၊ စုစုပေါင်း (၂၄၀၃၂) နေရာဖြင့် ဖွဲ့စည်းပုံ ထားရှိပါသည်။ မူဝါဒ ၁။ သီးနှံအလိုက်မျိုးကောင်းမျိုးသန့်ထုတ်လုပ်ဖြန့်ဖြူးရာတွင်ဌာနမှသာမကတောင်သူလယ် သမားများပါဝင်သော မျိုးစေ့ထုတ်လုပ်သူများ အသင်းများ(Seed grower Association)ဖွဲ့စညဆောင်ရွက်ရန်၊ ၂။ တောင်သူလယ်သမားများပါဝင်သော သီးနှံအလိုက် မျိုးကောင်းမျိုးသန့်များ ပွားများထုတ်လုပ်ဖြန့်ဖြူးရာတွင် ထုတ်လုပ်သူ တောင်သူလယ်သမားများအတွက် စံချိန်စံညွှန်းပြည့်မီသောသွင်းအားစုများအား အချိန်ကိုက်ထည့်သွင်းနိုင်ရေးနည်း ပညာနှင့် စိုက်ပျိုးနည်းပညာအကူအညီ များကို ဌာနမှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးပြီး ထုတ်လုပ်သူ လယ်သမားများအတွက် စီးပွားရေး တွက်ချေကိုက်မည့် သင့်တော်သော မျိုးစေ့နှုန်းသတ်မှတ်ကာ ဝယ်ယူသိုလှောင် ဖြန့်ဖြူးမည့်သူ နှင့်ချိတ်ဆက်အကောင်အထည်ဖော်ရန်၊ ၃။ သီးနှံအလိုက် မျိုးကောင်းမျိုးသန့်ပွားများ ထုတ်လုပ်ဖြန့်ဖြူးရာတွင် ပုဂ္ဂလိက ကဏ္ဍမှပိုမိုပါဝင်ဆောင်ရွက်နိုင်လာအောင် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကူအညီပေးရန်၊ ၄။ ဖြစ်ပေါ်ပြောင်းလဲနေသော ရာသီဥတုနှင့်လိုက်လျောညီထွေစွာ သီးနှံစိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် မျိုး၊ စိုက်စနစ်၊ သီးနှံပုံစံ၊ ပြောင်းလဲချမှတ်နိုင်ရေး သုတေသနလုပ်ငန်းများကိုစဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊ ၅။ တောင်သူလယ်သမားများ အတွက် အကျိုးအမြတ် ရရှိနိုင်စေမည့် မျိုး၊ စိုက်စနစ်၊ သီးနှံပုံစံစသည့်သီးနှံစံပြကွက်များကို တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်သော(Farmer Participatory Approach) ပုံစံဖြင့်ဆောင်ရွက်ပြီးနည်းပညာပြန့်ပွားစေရေး ဆောင်ရွက်ရန်၊ ၆။ တောင်သူလယ်သမား အစုအဖွဲ့များဖွဲ့စည်း၍ စိုက်ပျိုးရေးထုတ်လုပ်မှုတိုးတက်ရေးသာမကပြုပြင်ထုတ်လုပ်သည့် ကုမ္ပဏီများနှင့် ချိတ်ဆက်ပြီး ကန်ထရိုက်လယ်ယာစနစ် ( Contract Farming)ပေါ်ပေါက် လာရန်နှင့် အစုအဖွဲ့အခြေခံ၍ ဘက်စုံစိုက်ပျိုးမွေးမြူရေးစနစ် ( Community Integrated Farming System) ပေါ်ထွန်းလာရန်၊ ၇။ စားသုံးသူ လုပ်သားပြည်သူများအတွက် စားနပ်ရိက္ခာဖူလုံပြီး လုံခြုံစိတ်ချစေရေးအတွက်သီးနှံအလိုက်စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(Good Agricultural Practices) ကိုတောင်သူများ လိုက်နာကျင့်သုံးလာအောင် စည်းရုံးပညာပေးဆောင်ရွက်ရန်၊ ၈။ တောင်သူလယ်သမားများ သီးနှံ စိုက်ပျိုးထုတ်လုပ်ရာတွင် သုံးစွဲသည့် မျိုး၊ ဓါတ်မြေသြဇာ၊ပိုးသတ်ဆေးစသည့် သွင်းအားစုများ စံချိန်စံညွှန်းနှင့်အညီ ရောင်းဝယ်ဖောက်ကား သုံးစွဲနိုင်ရေး အတွက် ပြဌာန်းထားသော ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ရန်၊ ၉။ တောင်သူလယ်သမားများစိုက်ပျိုးရေးနည်းပညာများအလွယ်တကူလေ့လာသိရှိနိုင်ရန်တောင်သူ လယ်သမားကဏ္ဍ ရုပ်သံလိုင်း (Farmer Channel) အပါအဝင် ပုဂ္ဂလိကမီဒီယာများနှင့် ဆက်စပ် ဆောင်ရွက်ရန်၊ ၁၀။ ဝန်ထမ်းတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည် တိုးတက်ရေး( Capacity Building ) ဆောင်ရွက်ရန်၊ ရည်မှန်းချက် ၁။ စားနပ်ရိက္ခာဖူလုံမှု၊ အဟာရပြည့်ဝစေရေးနှင့်အစားအစာဘေးအန္တရာယ်ကင်းရှင်းမှုတိုး တက်လာစေရန်၊ ၂။ တောင်သူလယ်သမားများ၏အခွင့်အရေး ပြည့်ဝစွာရရှိ ခံစားနိုင်စေရန်နှင့် အကျိုးစီးပွား မြင့်မားလာစေရန်၊ ၃။ လုပ်ကွက်ငယ် တောင်သူလယ်သမားများကို အခြေခံ၍ အစုအဖွဲ့များဖွဲ့စည်းပြီး စိုက်ပျိုးရေး လုပ်ငန်းများကို ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ယင်းလုပ်ငန်းများတွင်အမျိုးသမီးများ၏အခန်း ကဏ္ဍကို ပိုမိုမြှင့်တင်ရန်၊ ၄။ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် လိုအပ်သောနည်းပညာနှင့်ငွေကြေးအရင်း အနှီးများအတွက်ပြည်တွင်းပြည်ပအကူအညီ၊အဆထောက်အပံ့နှင့်ချေးငွေများရရှိရေးကူညီဆောင်ရွက်ပေးရန်၊ ၅။ တန်ဖိုးကွင်းဆက်(ValueChain)တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှုနှင့်စားသုံးမှုကဏ္ဍများကို ထိရောက်စွာချိတ်ဆက်ဆောင်ရွက်သွားရန်၊ ၆။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ရေရှည်တည်တံ့သော လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် သက်ဆိုင်ရာကဏ္ဍ အသီးသီးမှ အစိုးရ အဖွဲ့အစည်းများ အချင်းချင်း ပူးပေါင်းဆောက်ရွက်ခြင်းအစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများပူးပေါင်း ဆောင်ရွက်ခြင်း အပါအဝင် သက်ဆိုင်သူများအားလုံး(Stake-holders)ပူးပေါင်း ပါဝင်ဆောင်ရွက်သွားရန်၊ ၇။ သီးနှံများစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ၈။ စျေးကွက်ခိုင်မာလာစေရန်၊ ၉။ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်လာစေရန်၊ ၁၀။ လယ်ယာကဏ္ဍဆိုင်ရာ သုတေသနနှင့်သတင်းအချက်အလက်ဖြန့်ဖြူးခြင်း လုပ်ငန်းဆောင်ရွက်ရန်၊ လုပ်ငန်းတာဝန် (၁) သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များ ပြန့်နှံ့အောင်ဆောင်ရွက်ခြင်း။ (၂) ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုလျှော့ချရေး။ (၃) အကျိုးဆောင်တောင်သူများအား မျိုးစေ့နှင့်နည်းပညာများပံ့ပိုးခြင်း။ (၄) တောင်သူလယ်သမားအကျိုးစီးပွားမြှင့်တင်ရေးဥပဒေဆိုင်ရာလုပ်ငန်းများ။ (၅) ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း။ (၆) ခေတ်မီနည်းစနစ်များလက်တွေ့ကျင့်သုံးရေးလေ့ကျင့်ပညာပေးခြင်း။ (၇) အရည်အသွေးကောင်းမျိုးသစ်များသုံးစွဲနိုင်ရေးသုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။ (၈) မျိုးကောင်းမျိုးသန့်မျိုးစေ့များထုတ်လုပ်ဖြန့်ဖြူးပေးခြင်း။ (၉) သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များသုံးစွဲ၍ အထွက်နှုန်းတိုးတက်စေရန် လေ့ကျင့်ပညာပေးဆောင်ရွက်ခြင်း။ (၁၀) သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များ စဉ်ဆက်မပြတ်တိုးတက်ဖွံ့ဖြိုးရေးအတွက် သုတေသန လုပ်ငန်းများဆောင်ရွက်ခြင်း။ (၁၁) မျိုးစေ့အရည်အသွေးထိမ်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း။ (၁၂) မျိုးစေ့လုပ်ငန်းများစနစ်တကျဆောင်ရွက်ရန်အတွက်မျိုးစေ့ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိန်းကျောင်းကြီးကြပ်ပေးခြင်း။ (၁၃) ပုဂ္ဂလိကမျိုးစေ့လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အမျိုးသားမျိုးစေ့မူဝါဒရေးဆွဲ၍ အကောင်အထည်ဖေါ်ဆောင်ရွက်ခြင်း။ (၁၄) မြေအမျိုးအစားအလိုက်မြေပုံများ (Soil Map )ဖေါ်ထုတ်ခြင်း။ (၁၅) စိုက်ပျိုးထုတ်လုပ်ရာတွင် အဟန့်အတားဖြစ်စေသော မြေဆီလွှာပြဿနာများအားပြုပြင်ခြင်း။ (၁၆) သီးနှံအလိုက် မြေသြဇာလိုအပ်ချက်နှင့်ကိုက်ညီအောင် မြေဆီလွှာအတွင်းသို့အပင် အာဟာရများမျှတစွာရရှိစေရန် ဆောင်ရွက်ခြင်း။ (၁၇) မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း။ (၁၈) မြေဆီလွှာနှင့်ရေအာဟာရဓါတ်ခွဲခြင်း။ (၁၉) မြေသြဇာဥပဒေနှင့်လုပ်ထုံးလုပ်နည်းများ ထုတ်လုပ်ပြဌာန်းပြီး အတုအပများကင်းရှင်း၍ အရည်အသွေးစစ်မှန်သော မြေသြဇာများကိုသာတောင်သူများ လက်ဝယ်သို့ရောက်ရှိအောင် ဆောင်ရွက်ပေးခြင်း။ (၂၀) ဘက်စုံသီးနှံကာကွယ်ရေးစနစ်ဖြင့် သီးနှံတစ်ခုစီအလိုက် ဘက်စုံသီးနှံကာကွယ်ရေး ပုံစံများ ချမှတ်ဆောင်ရွက်ရန်။ (၂၁) သီးနှံကာကွယ်ရေးဆိုင်ရာ ဓါတုပစ္စည်းများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ စားသုံး သူများနှင့်အသုံးပြုသူများ၏ကျန်းမာရေးထိခိုက်မှုများ ထိန်းသိမ်းရန်။ (၂၂) ပြည်ပပို့ကုန်သီးနှံများကို အပြည်ပြည်ဆိုင်ရာပိုးမွှားထိန်းချုပ်ရေးသတ်မှတ်စံချိန်စံညွှန်းနှင့်အညီတင်ပို့ရန်။ (၂၃) ပိုးသတ်ဆေးဥပဒေဆိုင်ရာလုပ်ငန်းများဆောင်ရွက်ခြင်း။ (၂၄) သတ္ထုအဆိပ်၊ မှိုအဆိပ်စစ်ဆေးခြင်းလုပ်ငန်း။ (၂၅) ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံမျိုးကောင်းမျိုးသန့်များမွေးမြူထုတ်လုပ်ခြင်း။ (၂၆) ဝန်ထမ်းရေးရာများဆောင်ရွက်ခြင်း။ (၂၇) ရာထူးခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း (၂၈) ဖွဲ့စည်းပုံကိစ္စများ တင်ပြဆောင်ရွက်ခြင်း (၂၉) ဒေသပြောင်းရွှေ့တာဝန်ပေးအပ်ခြင်း (၃၀) ဌာနကူးပြောင်း တာဝန်ထမ်းဆောင်စေခြင်း (၃၁) ရာထူးနွယ်ဖြင့် တာဝန်ထမ်းဆောင်ခြင်း (၃၂) နှုတ်ထွက်ခွင့်ပြုခြင်း (၃၃) ကွယ်လွန်ရပ်စဲ ခွင့်ပြုခြင်း (၃၄) ပြည်တွင်း/ပြည်ပ သင်တန်းများ စေလွှတ်ခြင်း (၃၅) ပြည်တွင်းသင်တန်းများတွင်ဘာသာရပ်ဆိုင်ရာပညာရှင်များအားရွေးချယ်စေလွှတ်ပေးခြင်း (၃၆) နှစ်တိုးခံစားခွင့်ပြုခြင်း၊ ခွင့်ခံစားခွင့်ပြုခြင်း (၃၇) ဝန်ထမ်းမှတ်တမ်းများ ထိမ်းသိမ်းခြင်း (၃၈) ဘွဲ့ထူး ဂုဏ်ထူးများ ချီးမြှင့်ခြင်း (၃၉) ပင်စင်ခံစားခွင့်ပြုခြင်း (၄၀) ပြစ်မှုမှုခင်းကိစ္စများဆောင်ရွက်ခြင်း (၄၁) ထူးခြားဖြစ်စဉ်ဆိုင်ရာကိစ္စရပ်များဆောင်ရွက်ခြင်း (၄၂) ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေးကိစ္စများဆောင်ရွက်ခြင်း (၄၃) မူဝါဒ-အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း (၄၄) အဆောက်အဦးကိစ္စရပ်များဆောင်ရွက်ခြင်း။ (၄၅) မော်တော်ယာဉ်ဆိုင်ရာကိစ္စရပ်များဆောင်ရွက်ခြင်း။ (၄၆) စက်ပစ္စည်းကိစ္စရပ်များဆောင်ရွက်ခြင်း။ (၄၇) ငွေကြေးသုံးစွဲခွင့်ဆိုင်ရာကိစ္စရပ်များ။ (၄၈) BOT ငှားရမ်းရေးကိစ္စများ ဆောင်ရွက်ခြင်း။ (၄၉) ပြည်တွင်း/ပြည်ပစီမံကိန်းဆိုင်ရာရေးဆွဲ၊ စိစစ်၊ သုံးသပ်ခြင်း။ (၅၀) ပြည်ပစီမံကိန်းအထောက်အကူများရရှိစေရန်အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့်ညှိနှိုင်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်း။ (၅၁) e-Government ။ (၅၂) နိုင်ငံခြားသား ဝင်/ထွက်ခြင်းကိစ္စများ။ (၅၃) စီမံကိန်းလုပ်ငန်းများ စုစည်းတင်ပြခြင်း။ (၅၄) ဘတ်ဂျက်အသုံးစရိတ်များဆောင်ရွက်ခြင်း။ (၅၅) စာရင်းစစ်ဆေးခြင်း။ (၅၆) စာရင်းများပြုစုခြင်း။ (၅၇) အလယ်အလတ်အဆင့် စိုက်ပျိုးရေးအတတ်ပညာရှင်များနှင့်ကျွမ်းကျင်သူများမွေးထုတ်ပေးရန်။ (၅၈) သင်ကြားတတ်မြောက်ထားသည့်ပညာရပ်ဖြင့်တောင်သူလယ်သမားများအားခေတ်မီစိုက်ပျိုးရေးနည်းပညာများ ပြန်လည်ဆင့်ပွားပညာပေးရန်။ (၅၉) ဒေသတွင်းရှိလယ်ယာကဏ္ဍထုတ်ကုန်မှ တောင်သူဝင်ငွေတိုးတက်ရန်နှင့်လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုရန်။
ဆက်စပ်မေးခွန်းများ
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
Ko Shwe Lin • ဖြေကြားချက် 2 ခု
ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာတွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ
ဇော်လင်းအောင် • ဖြေကြားချက် 2 ခု
စပါးကြဲခင်းစံကွက်ရိတ်နည်းသိချင်ပါတယ်
မြူလွှာ • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....