မင်းကွတ်သီးပင် စိုက်ပျိုးရန်အကောင်းဆုံးအချိန်
မင်းကွတ်သီးသည် အရည်ရွှမ်းပြီး နူးညံ့သိမ့်မွေ့သော အသွင်အပြင်နှင့် ၎င်း၏အနံ့အရသာတို့ကြောင့် တန်ဖိုးရှိလှတဲ့ သစ်သီးပင်ဖြစ်ပါသည်။ မင်းကွတ်သီးကို လတ်လတ်ဆတ်ဆတ်အသီးကိုစားသုံးနိုင်သလို စည်သွပ်ဗူးများ၊ အခြောက်ခံထုတ်လုပ်ပြီးလည်း စားသုံးမှုများပါသည်။ မင်းကွတ်ပင်ကို ကင်ဆာရောဂါများတွင် တိုင်းရင်းဆေးအဖြစ်အသုံးပြုမှုဖော်ပြထားသော်လည်း လက်တွေ့လေ့လာမှုများနည်းပါးနေသည်ဟု လေ့လာရပါသည်။
ရာသီဥတု
အပူအအေးမလွန်ကဲဘဲ သမပိုင်းရာသီဥတုကို နှစ်သက်သည်။ ပူအိုက်၍မိုးများသောဒေသကို နှစ်သက်သော်လည်း အလွန်ပူပြင်းသောနေရှိန်ကိုမနှစ်သက်ပေ။
ရေမြေ
ရေကြိုက်သောအပင်ဖြစ်သောကြောင့် အစိုဓာတ်ထိန်းထားနိုင်သော မြေနု(သို့မဟုတ်) နုန်းမြေတွင်ဖြစ်ထွန်းသည်။ ထို့ကြောင့် ချောင်းမြောင်းဘေးမြေနိမ့်ပိုင်းများတွင်ဖြစ်စေ၊ လျှိုမြောင်များအတွင်း၌ဖြစ်စေ စိုက်ပျိုးပါက ပို၍ဖြစ်ထွန်းသည်။ အကာအကွယ်မဲ့သော လွင်ပြင်တွင် စိုက်ပျိုးပါက အပင်ဖြစ်ထွန်းနှေးသည့်အပြင် အသီးနည်းသည်ကို တွေ့ရတတ်သည်။
စိုက်ပျိုးခြင်း
စိုက်ပျိုးမည့်နေရာသည် မြေရိုင်းဖြစ်နေပါက ခုတ်ထွင်ရှင်းလင်းပြီး ထယ်ထိုး၍မြေပြုပြင်ပေးရမည်။ ထိုနောက် အနက်(၃)ပေ၊ အကျယ်(၂)ပေရှိသော စိုက်ကျင်းတူး၍ အပေါ်မြေနှစ်ဆနှင့် နွားချေးတစ်ဆရော၍ ကျင်းကို ပြန်ဖိုပေးရမည်။ အရိုးမှုန့်ထည့်ပေးနိုင်ပါကပို၍ကောင်းသည်။ ကျင်းများမှာ တစ်ကျင်းနှင့် တစ်ကျင်း အနည်းဆုံး ပေ(၃၀)စီကွာရမည်။
မျိုးစေ့များကို အသီးသီး၍ရောဂါကင်းပြီး သန်မာသောအပင်ပျိုမှယူရမည်။ အစေ့ကိုစိုက်သော မင်းကွတ်ပင်သည် (၁၀) နှစ်သားခန့်တွင် အသီးသီးပြီး နောက်အနှစ် (၄၀) ခန့်အထိ သီးနိုင်သည်။ နှစ်စဉ်အသီးထွက်နှုန်း တစ်သမတ်တည်းမရှိဘဲ (၃) နှစ်တစ်ကြိမ်ခန့် လျော့သွားတတ်သည်။ မျိုးစေ့များကို ဝါးကျည်တောက်ထဲတွင် ပျိုးနိုင်ပါက ကောင်းမွန်သည်။ ဤကဲ့သို့ ပျိုးပါက ဝါးကျည်တောက်များကို မြောင်းထဲတွင် မြေနှင့်အညီစီ၍ မြှုပ်ထားလျှင် ရေလောင်းရာတွင် လွယ်ကူသည်။ အကယ်၍ဝါးကျည်တောက်မရနိုင်ပါက (၆) လက်မခန့်မြင့်သော ဘောင်ဖော်၍ ထိုဘောင်ပေါ်တွင် တစ်စေ့နှင့် တစ်စေ့ (၁) ပေခန့်ခွာ၍ ပျိုးထောင်နိုင်သည်။
ပျိုးပင်ကလေးများ သန်စွမ်းပါက(၁)နှစ်သားအရွယ်တွင် ပြောင်းရွှေ့စိုက်ပျိုးနိုင်သည်။ ဝါးကျည်တောက်နှင့်ပျိုးပါက ဝါးကျည်တောက်ကိုခွဲ၍ မြေလုံးမပျက် စိုက်ပျိုးနိုင်သဖြင့် အပင်သေနှုန်းနည်းပါးမည်။ ဘောင်ပေါ်တွင်ပျိုးပါက ပျိုးပင်များကို မြေလုံးပါအောင် ဂရုစိုက်တူးရမည်။ ပြောင်းရွှေ့စိုက်ပျိုးရန် အကောင်းဆုံးအချိန်မှာ မိုးဦးကျစဖြစ်သည်။ သို့မှသာ ရေပေးသွင်းမှုသက်သာမည်။
ပျိုးပင်ကလေးများ စိုက်ပျိုးရာတွင် သတိပြုရမည့်အချက်မှာ အပင်ခြေတွင် ခွက်မနေစေရန်ဖြစ်သည်။ ရေဝပ်ပါက ပျိုးပင်များသေသွားလိမ့်မည်။ ထို့ပြင် မင်းကွတ်သည် အရိပ်နှစ်သက်သည့် အပင်ဖြစ်သောကြောင့် အလျင်အမြန်အရိပ်ရမည့်သစ်ကိုင်းများကို ဘေးဘက်တွင် စိုက်ပျိုးရမည်။ ပျိုးပင်ကလေးများ အမြစ်တွယ်မိသောအခါ ထိုအပင်များကို ဖယ်ရှားပစ်ရမည်။
ဆွတ်ခူးခြင်း
ရပ်ဝေးသို့ပို့ဆောင်ရန် မမှည့်မီခူးရသည်။ ခူးရာတွင် ဝါးလုံးအဖျားတွင် ဓားကိုချည်နှောင်၍မြေပေါ်မှနေပြီး အခိုင်အညှာကို ဖြတ်ကြရာ မင်းကွတ်သီးများမြေပေါ်သို့ကျကြသည်။ မင်းကွတ်သီးသည် အခွံမာသည်ဟုဆိုစေကာမူ အမြင့်မှကျသဖြင့် ဒဏ်ရာရမည်မှာအမှန်ပင်။ ဒဏ်ရာရသည်နှင့်အမျှ အသီးအရည်အသွေးကို ထိခိုက်စေမည်။ ထို့ကြောင့်ဝါးလုံးထိပ်တွင် ခြင်းကပ်၍ဖြစ်စေ၊ လှေကားပြုလုပ်၍ဖြစ်စေ တယုတယခူးရန် လိုအပ်သည်။
ကိုးကား- https://www.britannica.com/plant/mangosteen
အောင်ဝင်းထွဋ်၏ “သီးပင်စိုက်ပျိုး ဝင်ငွေတိုး” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
နေလင်းထွန်း
လွန်ခဲ့သော ၃ နှစ် ကအသီးတွေအများကြီးသီးလာပီးမှ ကြွေကုန်လို့ပါ ဘာဖြစ်လို့ပါလဲ
Saw Ko latt
လွန်ခဲ့သော ၃ နှစ် ကကိုင်းဖြတ်အပင်ပုံသွင်းနည်းတွေ သိချင်လို့ပါ
အေမီ
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးပါ
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
ဆက်စပ်မေးခွန်းများ
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
Ko Shwe Lin • ဖြေကြားချက် 2 ခု
ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာတွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ
ဇော်လင်းအောင် • ဖြေကြားချက် 2 ခု
စပါးကြဲခင်းစံကွက်ရိတ်နည်းသိချင်ပါတယ်
မြူလွှာ • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026