ငွေနှင်းမှိုစိုက်ပျိုးနည်း ( Pleurotus app)
ငွေနှင်းမှိုသည် မြန်မာနိုင်ငံ အနှံအပြားတွင် စိုက်ပျိုးနိုင်ပြီး တစ်နှစ်ပတ်လုံး ထွက်ရှိအောင် စိုက်ပျိုးနိုင်ပါသည်။ ငွေနှင်းမှို စိုက်ပျိုးရာတွင် စိုက်ထုပ်မှ မှိုပွင့်ရန်အတွက် လိုအပ်သော အပူချိန် နှင့်စိုထိုင်းကို ဖန်တီးပေးရန် လိုအပ်ပါသည်။
ဓာတ်ပုံ- မှိုစိုက်ထုပ်
မှိုပွင့်ရန် လိုအပ်သော အပူချိန် စိုထိုင်းဆ လေဝင်လေထွက် အလင်းရောင် အနည်းငယ်ရှိသော မည်သည့်နေရာမဆို မှိုစိုက်ထုပ်ကို ထားရှိ စိုက်ပျိုးနိုင်ပါသည်။ တနိုင်တပိုင် အဖြစ်ရေချိုးခန်းများတွင် ချိတ်ဆွဲ၍သော်လည်းကောင်း၊ အိမ်ခြံဝင်း အတွင်း အေးသော အရိပ်အောက်တွင် ထားရှိ၍ သော်လည်းကောင်း၊ နေရောင် တိုက်ရိုက် ကျရောက်မှုလေပြင်း တိုက်ခိုက်မှု ပူပြင်းလွန်းသောနေရာ များနှင့် ကင်းလွတ်သောနေရာများတွင်နေရာ အခြေအနေပေါ် မူတည်၍ ချိတ်ဆွဲခြင်း၊ ထောင်ထားခြင်း၊ လှဲ၍ စီထပ်ထားခြင်း၊ မှိုစိုက်ခန်း သီးသန့် ပြုလုပ်ခြင်းတို့ဖြင့် စိုက်ပျိုးနိုင်ပါသည်။
ငွေနှင်းမှို စိုက်ခန်းကို ပိုးသတ်ဆေး၊ မြေဩဇာသိုလှောင်ထားသော အခန်းတွင်း မပြုလုပ်သင့်ပါ။
စီးပွားဖြစ် တွက်ခြေကိုက်အောင် စိုက်ပျိုးလိုသူသည် မှို စိုက်ခန်းသီးသန့် ပြုလုပ် စိုက်ပျိုးသင့်ပါသည်။
မှိုစိုက်ခန်းကို စိုက်ထုပ် အရေအတွက်ပေါ် မူတည်၍ အကျိုးအမြတ်အား တွက်ချက်ဆောက် လုပ်သင့်ပါသည်။ စိုက်ခန်းအတွင်း အပူချိန်က ထိန်းချုပ်နိုင်ရန် အမိုးအကာ လုံအောင် ပြုလုပ်ရပါမည်။ လေဝင်လေထွက်ကောင်းစေရန်၊ အခန်းအတွင်း အပူချိန်ကို ထိန်းချုပ်ရန် အတွက် တံခါးများ၊ ပြတင်းပေါက်များ ပါရှိရပါမည်။ အခန်းအတွင်း စိုထိုင်းဆ မပြတ်ထိန်းရန်အတွက် အခင်းတွင် သဲခင်းထားပြီး ရေလောင်း၍ အမြဲစိုအောင် ပြုလုပ်ပေးရန် လိုအပ်ပါသည်။
စိုက်ထုပ်မှငွေနှင်းမှိုအပွင့်ဖြစ်ပေါ်ရန်အတွက်လိုအပ်သောအပူချိန်မှာငွေနှင်းမှိုမျိုးကွဲအလိုက်အပူချိန် ၂၀-၂၈ ဒီဂရီ စင်တီဂရိတ်တွင် ဖြစ်သော်လည်း အပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ်တွင် မှိုပွင့်ကြီးထွားရန် အကောင်းဆုံး ဖြစ်ပါသည်။ အခန်းအတွင်း စိုထိုင်းဆမှာ (၈၀-၈၅ %) ရှိရပါမည်။ အလင်းရောင် အသင့်အတင့် ရှိရမည်ဖြစ်ပြီး လေဝင်လေထွက်ကောင်းရန် လိုအပ်ပါသည်။ အခန်းအတွင်း အပူချိန် နှင့်စိုထိုင်းဆကို ကိရိယာဖြင့် အလွယ်တကူ သိနိုင်ပါသည်။
အခန်းအတွင်းအပူချိန် ၃၀ ဒီဂရီ စင်တီဂရိတ် အထက် တိုးလာခဲ့လျှင်ရေမှုန်ရေမွှားများ အခန်းအတွင်း မကြာခဏ ဖြန်းပေးခြင်း၊ ပြတင်း တံခါးများ ညဘက်တွင် ဖွင့်ပေးခြင်းဖြင့်လေအေးများ အခန်း အတွင်းသို့ ဝင်ရောက်စေပြီး အပူချိန်များလျော့ချနိုင်ပါသည်။ မှို စိုက်ခန်းအတွင်း စိုက်ထုပ်များအား စင် ပြုလုပ်၍ထောင်ခြင်း၊ စီထပ်ခြင်း၊ ချိတ်ဆွဲခြင်း တို့မှ မိမိ ကြိုက်နှစ်သက်ရာနည်းဖြင့် စိုက်ပျိုးနိုင်ပါသည်။ ထောင်၍စိုက်ပျိုးရာတွင် ထိပ်ဖွင့် လှီးဖြတ်၍သော်လည်းကောင်း၊ ဘေးခွဲ၍သော်လည်းကောင်း စိုက်ပျိုးနိုင်ပါသည်။
စိုက်ခန်းအတွင်း စိုက်ထုပ်များ ထည့်သွင်းပြီးချိန်မှစ ၂ ရက်မြောက်မှ စိုက်ထုပ်များပေါ် သို့ရေလောင်းပေးရပါမည်။ ရေလောင်းသည့်အခါ စိုက်ထုပ်များပေါ် သို့ရေမှုန်ရေမွှားများ သာလောင်းပေးရပါမည်။ အခန်း အပူချိန် မြင့်ပါက အပူချိန်လျော့ချခြင်းအပြင် စိုက်ထုပ်များအပေါ်သို့ တစ်ရက် နှစ်ကြိမ်ရေလောင်းပေးရပါမည်။ သင့်တော်သော အပူချိန်နှင့် စိုထိုင်းဆရှိသော အခန်း အတွင်းတွင် မှိုစိုက်ထုပ်များမှ မှိုထုပ်များ ၃-၄ ရက် ကြာသောအခါ မှိုအဖူးများ စတင် ဖြစ်ပေါ်လာမည်ဖြစ်ပြီး ၂-၃ရက် အကြာတွင် မှိုခူးရမည့် အနေအထားသို့ရောက်မည် ဖြစ်ပါသည်။
မှို အဖူးလေးများ ဖြစ်ပေါ်လာချိန်တွင် မှိုဖူးများခြောက်သွေ့မှု မဖြစ်စေရန်နှင့် ဆက်လက် ကြီးထွားစေရန်အတွက် မှိုအဖူးများ အပေါ်တွင်ရေမှုန်ရေမွှားများ တစ်ရက် တစ်ကြိမ်လောင်းပေးရန် လိုအပ်ပြီး လေပြင်း နှင့်နေရောင် တိုက်ရိုက် ကျရောက်မှု မရှိစေရန် သတိပြုရမည်ဖြစ်ပါသည်။ မှိုများ ခူးဆွတ်သင့်သော အနေအထားမှာ မှိုပွင့်ဘေးနှုတ်ခမ်းများရှိ အနားများသေးငယ်လာသောအခါ ခူးဆွတ်ရမည် ဖြစ်ပါသည်။
ခူးဆွတ်သည့်အခါ မှိုပွင့်များအား အခိုင်လိုက် လှည့်ထုတ် ဆွဲနှုတ်ရပါမည်။ ပြီးလျှင် အခြေရှိ လွှစာများကို လှီးဖြတ် ရပါမည်။ ငွေနှင်းမှို အဖူးများ ပုံသဏ္ဍန်မှန်စွာ ကြီးထွားရန် အတွက်အောင်စီဂျင် လိုအပ်ပါသည်။ အခန်းအတွင်း လေဝင်လေထွက်ကောင်းရန် လိုအပ်ပါသည်။ အခန်းလေဝင်လေထွက် မကောင်းပါက တနည်းအားဖြင့် အခန်းအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) များပါက အပွင့်များ အရိုးရှည်ခြင်း၊ အပွင့်များ ပုံပျက်ခြင်း၊ အရောင်ပြောင်းခြင်းများ ဖြစ်လာပါမည်။
မှိုပွင့်များသို့ ပက်ဖြန်းသောရေမှာ စံ (၄-၇.၅) ကြား ဖြစ်သော်လည်း အကောင်းဆုံးမှာစံ ၅.၅ - ၆ ဖြစ်ပါသည်။
မှိုစိုက်ထုပ် တစ်ထုပ်မှ မှိုစိုက်ထုပ်တွင် ပါဝင် သုံးစွဲထားသော ဖြည့်စွက်စာ အချိုးအစားနှင့် သင့်တော်သော အပူချိန် စိုထိုင်းဆ ရရှိမှုပေါ်မူတည်၍ ပထမအကြိမ်တွင ်မှိုစိုက်ထုပ် အလေးချိန်၏ သုံးပုံတစ်ပုံမှ တစ်ဝက်ခန့်အထိ ထွက်ရှိနိုင်ပါသည်။ သုံးကြိမ်အထိ မှိုခူးဆွတ်နိုင်ပြီး မှိုထွက်ရှိမှုသည် ပြုစု ထိန်းသိမ်းမှု ၊ မှိုစိုက်ထုပ်အတွင်း ပါဝင်သော ဖြည့်စွက်စာပေါ် မူတည်ပါသည်။
စိုက်ထုပ်များမှ မှိုခူးပြီးတိုင်း စိုက်ထုပ် အတွင်း မှိုမျှင်ပြန်ပြည့်ပြီး အဖူးဖြစ်ပေါ်ရန်အတွက် စိုက်ထုပ်များအပေါ် မှိုခူးထားသောနေရာသို့ ၂ -၃ ရက်ရေတိုက်ရိုက် မထိစေရန် သတိပြုရပါမည်။
မှို အဖူးများ ကြီးထွားရန်အတွက် ရေ လိုအပ်ပါသည်။ သို့သော် မှိုမျှင်မှ မှိုအဖူးဖြစ်ရန်အတွက် ရေမှ အနှောင့်အယှက် အတားအဆီးဖြစ်၍ ထိုနေရာတွင ်ရေစိုနာဖြစ်ကာ အထုပ်များ ပုပ်လာခြင်း၊ မှိုပွင့်များ မပွင့်တော့ခြင်းတို့ ဖြစ်လာပါမည်။
စိုက်ခန်းဖြင့် စိုက်ပျိုးရာတွင် အခန်းအတွင်း သန့်ရှင်းရေးသည် အရေးပါသည်။ စိုက်ထုပ်များ အခန်းအတွင်း စိုက်ပျိုးခြင်းမပြုမီ အခန်းအား သင့်တော်သော အပူချိန်နှင့် စိုထိုင်းဆရောက်အောင် ပြင်ဆင် ထားရမည်။ စင်များကို ဝါး သစ်သားတို့ဖြင့် ပြုလုပ်ပါက ထုံးသုတ်ထားရမည်။ စိုက်ခန်း ပတ်ဝန်းကျင် သန့်ရှင်းအောင် ပြုလုပ်ရမည်။ မှိုများခူးဆွတ်ရာတွင် ခူးဆွတ်ရမည့် မှိုများ စိုက်ခန်းအတွင်း မကျန်အောင် သတိပြုရမည်။
စိုက်ခန်း ပတ်ဝန်းကျင်တွင် မှိုခူးပြီး လှီးဖြတ်ထားသော စွန့်ပစ် အပိုင်းများ၊ ပျက်စီးသွားသော စွန့်ပစ် စိုက်ထုပ်များ၊ အစားအသောက် အကြွင်းအကျန်များ စိုက်ခန်း ပတ်ဝန်းကျင်တွင် မရှိအောင် သတိပြုရပါမည်။
အေးသန္တာစိုး
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ငွေနှင်းမှိုစိုက်ပျိုးနည်း
မိုးမြင့်
လွန်ခဲ့သော ၂ နှစ် ကငွေနှင်းမှို တစ်ထုပ်စာ စမ်းထည့်ပြပေးပါလား
Htoi
လွန်ခဲ့သော ၃ နှစ် ကအိတ်ကဖောက်ပေးရမှာလား ဒါမှမဟုတ် အဖုံးကနေ အလိုလိုထွက်လာတာလား
အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကHi
အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကမိုစိုက်ချင်လို့
ကိုစိုင်း
လွန်ခဲ့သော ၄ နှစ် ကကျတော့်ရဲ့မှိုက ခဏလေးဆိုခြောက်သွားတယ်ဘယ်လိုလုပ်ရမလဲမသိတော့လို့ပါ
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
Ko Shwe Lin • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ayethandasoe
အားလုံး
ဒူးရင်းသီးတွင်ကျရောက်သော အသီးပုပ်ခြင်းရောဂါ (Durian Fruit disease )
23/10/2020
ဒူးရင်းအရွက် ငှက်မျက်စိကွက်ရောဂါ
20/05/2020
ဒူးရင်းအရွက်သံချေးရောဂါ ( Durian Leaf Green Alga Rust )
14/05/2020
ဒူးရင်းရွက်အစက်အပြောက်ရောဂါ ( Durian Leaf spot )
05/05/2020
ပန်းထိမ်ငိုပန်း(Globba winitii - Dancing girl ginger) စိုက်ပျိုးနည်း
20/04/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....