ကျွဲကောပင် စိုက်ပျိုးနည်း
၁။ မူရင်းဒေသ
အမေရိက၊ တောင်အာဖရိကနှင့် သြစတြေးလျ ဟူ၍ သိရပါသည်။ ကျွဲကောပင်ကို အင်္ဂလိပ်လို pummelo၊ ရုက္ခဗေဒအမည်မှာ Citrus Grandis၊ မျိုးရင်းမှာ Rutaceae မျိုးရင်းတွင် ပါဝင်ပါသည်။
၂။ ရာသီဉတု
နေ့အပူချိန်တွင် ပူနွေးပြီး ညအချိန်တွင် အေးမြခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ သင့်တော်သောအပူချိန်မှာ ၁၅ - ၃၀ ဒီဂရီ စင်တီဂရိတ်ဖြစ်ပါသည်။ အပူချိန်နိမ့်လွန်းပါက အသီးမှည့်ရန်အချိန်ကြာခြင်း၊ အသီးအရည်မရွှမ်းခြင်း၊ အသီးအရွယ်အစားငယ်ခြင်းနှင့် အရောင်မလှခြင်းများ ဖြစ်ပါသည်။ အထူးသဖြင့် နံနက်ပိုင်းတွင် စိုထိုင်းဆမြင့်ပါက အသီးအရွယ်အစားကြီးခြင်း၊ အခွံပါးပြီးအရည်ရွှမ်းခြင်းကို ဖြစ်စေပါသည်။ အသီးဆွတ်ခူးချိန်ရှိ အသီးအရည်အသွေးကို အလင်းရောင်အားပြင်းက အကျိုးသက်ရောက် မှုရှိသည်။ အလင်းပြင်းအား အသင့်အတင့်ရှိပါက တောက်ပသောအဝါရောင်အသီးခွံကို ဖြစ်စေပြီး အလင်းပြင်း အားများခြင်းက အဝါဖျော့ရောင် အသီးခွံကိုဖြစ်စေပါသည်။ မှည့်ခါနီးအသီးကို အိတ်စွပ်ပေးခြင်းက အသီး၏အသားကို နူးညံ့စေပြီး အရည်ရွှမ်းစေပါသည်။
လေတိုက်ခြင်းက အကိုင်းမကြီးများကို ကျိုးစေနိုင်ပြီး အသီးကြွေကျခြင်းကိုဖြစ်စေပါသည်။ ထိုကြောင့် အပင်များနှင့် ၁၀ မီတာအကွာတွင် လေကာပင်များ စိုက်ပျိုးသင့်ပါသည်။
နှစ်စဉ်မိုးရေချိန် ၁၅၀-၂၀၀ စင်တီမီတာရှိသင့်ပါသည်။ အမြစ်စဉ် အင်အား(အမြစ်ဖွဲ့စည်းပုံ) တိမ်သဖြင့် မိုးများခြင်းက အမြစ်ပုပ်ခြင်းကိုဖြစ်စေပါသည်။ အသီးမဆွတ်ခူးမီ ခုနစ်ရက်အလိုတွင် အပင်ခြေရေဝပ်ကျင်းမှ ရေများကိုထုတ်ပါ။ အပင်များရေများလွန်းပါက အသီးအရည်အသွေးကို ထိခိုက်စေပါသည်။
၃။ မြေအမျိုးအစား
ကျွဲကောကို သစ်ဆွေးဓာတ်များပါဝင်သော နုန်းမြေများတွင် စိုက်ပျိုးသင့်ပါသည်။ မြေစေးပါက ရေထုတ်ကောင်းရန် လိုအပ်ပါသည်။ မြေအောက်ရေမျက်နှာပြင် လေးပေထက် ပိုမမြင့်သင့်ပါ။ ပေးသွင်းသည့်ရေသည် ဆားဓာတ်ပါဝင်မှုများသောရေ မဖြစ်ရပါ။ pH ၅.၅ မှ ၆.၀ အတွင်းဖြစ်ရပါမည်။
၄။ ပေါင်းမြက် နှိမ်နင်းခြင်း
စက်အားဖြင့်လည်းကောင်း၊ ကြားသီးနှံစိုက်ပျိုးခြင်းဖြင့်လည်းကောင်း၊ ဓာထုဗေဒဆေး (Glyphosate, Paraquet, Diuron) ဖြင့်လည်းကောင်း နှိမ်နင်းနိုင်ပါသည်။
၅။ အနည်းလို အာဟာရဓာတ်များ
မဂ္ဂနီဆီယမ်ချို့တဲ့ခြင်းဖြင့် အရွက်များ အညိုရောင်ဖြစ်လာခြင်းနှင့် အသီးအရွယ်အစား သေးငယ်ခြင်းနှင့် အထွက်နှုန်း လျော့နည်းစေပါသည်။
သွပ်ဓာတ်ချို့တဲ့မှုကို အများအပြားတွေ့ရှိနိုင်ပါသည်။ သွပ်ဓာတ်ချို့တဲ့သည့် လက္ခာဏာများမှာ အရွက်သေးငယ်ခြင်း၊ အရွက်ကျားခြင်း၊ အရွက်၏ အစိမ်းရောင်နောက်ခံတွင် အရွက်အကြောများ အဝါရောင် ဖြစ်နေခြင်းနှင့် သစ်ကိုင်းများအားနည်းလာခြင်းများ တွေ့ရပါသည်။ သွပ်ဓာတ်ချို့တဲ့မှုကို ကာကွယ်ကုသရန်မှာ Zinc sulphate ၁ ပိဿာခွဲမှ ၃ ပိဿာကို ရေ ၂၀၀ လီတာတွင် ဖျော်၍ အရွက်သစ်ထွက်ချိန်တွင် ပက်ဖျန်းအသုံးပြုရပါသည်။ Zin ကို ပန်းပွင့်နေစဉ် ထည့်သွင်းပါက အပွင့်ကြွေတတ်ပါသည်။
မြေချဉ်ကို ပြုပြင်ရန် ထုံးအသုံးပြုမှုလွန်ကဲပါက ရှောက်မျိုးနွယ်ဝင် အပင်များအား မြေကြီးရှိ မင်းဂနိဓာတ်ကို စားသုံးနိုင်မှုကိုဟန့်တားစေသဖြင့် မင်းဂနိချို့တဲ့မှုလက္ခာဏာများ ဖြစ်ပေါ်လာပါသည်။ အစိမ်းဖျော့ရောင်အရွက် နောက်ခံပေါ်တွင် အစိမ်းရောင်ရွက်ကြောများ ကွန်ရက်ဖြစ်ပေါ်ပြီး အသီးအရောင်ဖျော့ မှိန်ပါသည်။
သံဓာတ်ချို့တဲ့မှုလက္ခာဏာမှာ မင်းဂနိချို့တဲ့မှုနှင့်ဆင်တူပါသည်။ သို့ရာတွင် အရွက်များပိုမိုပါးပြီး ရွက်ကြောများနှင့် ရွက်ကြောကြားဧရိယာများမှာ အစိမ်းဖျော့ရောင်ရှိကြသည်။ အရွက်များမရင့်မီ ကြွေကြသည်။ အရွက်နုများ အားနည်းလာသည်။
ဘိုရွန်ဓာတ်ချို့တဲ့ပါက ပုံမမှန်အရွက်များ ဖြစ်လာသည်။ အရွက်များ ဝါညိုရောင်ပြောင်းလာသည်။ ရွက်ကြောများပွရောင်းရောင်းဖြစ်လာသည်။ သစ်ကိုင်းများမှာ အစေးများစိမ့်ထွက်လာသည်။ အသီးခွံထူလာသည်။ ဘိုရွမ်ဓာတ်ချို့တဲ့မှုကို ဘိုရက် (လက်ချား) ကို အသုံးပြုနိုင်ပါသည်။
၆။ ရေသွင်းခြင်း
မိုးရာသီတွင် ကြားကာလ မိုးပြတ်၍ ခြောက်သွေ့မှသာ ရေပေးသွင်းရန်ဖြစ်ပါသည်။ ပန်းပွင့်ကြွေကျ ခြင်းကို ကာကွယ်ရန် ပန်းမပွင့်မီ စပွင့်သည့် အဆင့်တွင် အနည်းဆုံး သုံးရက်တစ်ကြိမ်ရေသွင်းပါ။ အသီးကင်း အဆင့် (သံပုရာသီးအရွယ်) ရေသွင်းပေးသွင်းသည့် အကြိမ်ကို လျှော့ချနိုင်ပါသည်။ သီးထွက်ပုံမှန်အချိန် (In-season) တွင် ယူမည်ဆိုပါက အောက်ပါအတိုင်း ရေပေးသွင်းပါ။
၁။ အပင်ပိုင်းဆိုင်ရာ ကြီးထွားမှုကာလအတွင်း သစ်သီးပင်များ ရေအမြောက်အမြားလိုအပ်ပါသည်။ သို့ရာတွင် ဤကာလမှာ မိုးတွင်းကာလတွင် ဖြစ်သဖြင့် မိုးခေါင်မှသာ သို့မဟုတ် မိုးရွာ ရက်ခြား ကြာမှသာ ရေပေးသွင်းပါ။
၂။ ပန်းပွင့်ချိန်ကာလမတိုင်မီ အနည်းငယ်အလို (Just prior to the flowering stage) ရေလိုအပ်မှုနည်းပါသည်။ သို့မဟုတ် ရေလုံးဝမလိုအပ်ပါ။ သို့မှသာ ပွင့်ဖူးများဖြစ်လာမည်ဖြစ်သည်။ ဤအဆင့်တွင် ရေရရှိမှုများလွန်းပါက ပန်းပွင့်အစား အရွက်သစ်များထွက်လာပါမည်။ ထိုကာလတွင် ၁၅-၂၀ ရက်ခန့် ရေဖြတ်ပေးပါ။
၃။ ပန်းပွင့်စဉ်နှင့် အသီးကင်းဝင်ချိန်အဆင့်များတွင် ရေလိုအပ်မှုများပါသည်။ သို့ရာတွင် ရေပေးသွင်းခြင်းကို တဖြည်းဖြည်းချင်းတိုး၍ ပေးသွင်းသင့်ပါသည်။ ရေမလုံလောက်ပါက ပန်းပွင့်နှင့် အသီးများ ကြွေကျခြင်း သို့မဟုတ် အသီးဖွိ့ဖြိုးမှု ရပ်တန့်ခြင်း ဖြစ်စေပါသည်။ သုံးရက်ခြား တစ်ကြိမ်ရေသွင်းပါ။
၄။ ရေများလွန်းပါက ပန်းပွင်းများနှင့် အသီးကင်းများ အလွယ်တကူ ကြွေကျပါမည်။ အကြောင်းမှာ သစ်သီးပင်မှာ ကြာရှည်စွာရေငတ်ခံထားသဖြင့် ပထမမြေစွတ်စိုရုံ ရေသွင်းပေးပြီး တစ်နေ့လျှင် နည်းနည်းချင်း ရေပိုပေးသွင်းပါ။
၅။ အသီးကင်းအဆင့် (သံပုရာသီးအရွယ်)တွင် ရေပေးသွင်းသည့် အကြိမ်ရေကို လျှော့ချနိုင်ပါသည်။ ရက်ခြားရေသွင်းပါ။ ငါးရက်၊ ခုနစ်ရက် တစ်ကြိမ် သဘာဝအနေအထားတွင် များစွာသော သစ်သီးပင်မျိုးများမှာ တစ်ချိန်လျှင် နည်းနည်းချင်း ပန်းပွင့််လာပါမည်။ တစ်ပြိုင်တည်း တစ်ချိန်တည်း ပန်းအားလုံးမပွင့်ပါ။
၆။ ခြံတစ်ခြံရှိ သစ်သီးပင်အားလုံးကို တစ်ချိန်တည်းပန်းပွင့်ရန် ရေဖြတ်ပေးပြီး ရေငတ်သည့် ဖိစီးမှု ခံစားစေခြင်းဖြင့် လိုအပ်သည့်အချိန်တွင် ပန်းပွင့်အောင် ဆောင်ရွက်နိုင်ပါသည်။ ရေငတ်သည့် ဖိစီးမှု ကြောင့် အပင်တွင်ကစီဓာတ်များ တိုးလာပြီး အပွင့်၊ အဖူး ဖွိ့ဖြိုးတိုးတက်မှုကို ဖြစ်စေပါသည်။
၇။ ဤနည်းဖြင့် စျေးအမြင့်ဆုံးရသည့် ကာလအတွင်းတွင် သီးထွက်အမြင့်ဆုံးရရန် ဆောင်ရွက်သည့် သေချာသောနည်းဖြစ်သည်။
၈။ အပင်ရေလိုအပ်သည့်အချိန်တွင် ရေငတ်ခြင်း၊ မြေကြီးအစိုဓာတ်မလုံလောက်ခြင်းဖြင့် သီးထွက်ရော အသီးအရည်အသွေးပါ နိမ့်ကျခြင်းဖြစ်ရပါသည်။
၉။ အပင်တွင် ရေပိုနေခြင်း၊ ရေများခြင်းဖြင့် အပင်တုံ့ပြန်မှုမှာ မြေတွင်း လေလျော့နည်းပြီး Phytopthora မြစ်ပုပ်ရောဂါ ဖြစ်ပွားမှုကို အားပေးသည်။
၇။ ကိုင်းဖြတ်ခြင်း
အသီးဆွတ်ခူးပြီး တစ်နှစ်တစ်ကြိမ် အောက်ပါကိုင်းများဖြတ်ခြင်းကို ဆောင်ရွက်ပါ။
(က) မကောင်းသော ကိုင်းများ
(ခ) ရှုပ်ထွေးနေသော ကိုင်းများ
(ဂ) ပုံပျက်နေသော ကိုင်းများ
(ဃ) အင်းဆက်ပိုးများကြောင့် ပျက်စီးနေသောကိုင်းများ
(င) မြေကြီးနှင့်နီးသောကိုင်းများကို ပင်စည်တစ်ဝိုက်ရှိ ကိုင်းသေးများကို ရာသီချိန်မဟုတ်သော ကာလတွင်ရှိသော အသီးများကို ဖယ်ရှားပါ။
၈။ ခူးဆွတ်ရိတ်သိမ်းခြင်း
ကျွဲကောသီးကို ၅လ မှ ၆ လ အကြာအတွင် ခူးဆွတ်ရိတ်သိမ်းနိုင်ပြီ ဖြစ်သည်။
ကိုးကား-သစ်သီးဝလံ စိုက်ပျိုးနည်း
Ko Nyi
လွန်ခဲ့သော ၁ နှစ် ကအပင်အသက် က အခုဆို 15 နှစ်လောက်ရှိပါပြီ အခုအချိန်ထိ အသီးနှင့်အပွင့် မတွေ့ဖူးသေးပါ ။ အပင်ကကျန်းမာ သန်စွမ်းပါတယ်။လမ်းညွှန်ပေးပါအုံးခဗျ။
ကျော်သက်ဇော်
လွန်ခဲ့သော ၃ နှစ် ကအစာဘယ်လိုအစာကျွေးရလည်
su
လွန်ခဲ့သော ၄ နှစ် ကကိုင်းဆက်မျိုးက၅လ၆လနက်သိးတာလား သိချင်ပါတယ်ရှင့်
ကောင်းဇော်ထက်
လွန်ခဲ့သော ၄ နှစ် ကသံချေးမှို တက်ခြင်း ဘယ်လို ဖြေရှင်းရလဲ ခင်ဗျ
Dr.Than Htut Aung
လွန်ခဲ့သော ၄ နှစ် ကကျွဲကောသီး အသီးပုပ်ပြီးကြွေတာ ဘာဆေးသုံးသင့်ပါသလဲ
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
Ko Shwe Lin • ဖြေကြားချက် 2 ခု
ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာတွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ
ဇော်လင်းအောင် • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026