အစိမ်းရောင်လမ်း
နွေမျိုး ဆောင်းမျိုး ဆာဗိုးရီ

နွေမျိုး ဆောင်းမျိုး ဆာဗိုးရီ

နွေဆာဗိုးရီနှင့် ဆောင်းဆာဗိုးရီ ဟူ၍ မျိုးများရှိရာ နွေဆာဗိုးရီသည် နှစ်ချင်းစားသီးနှံပင်ဖြစ်ပြီး ဆောင်းဆာဗိုးရီသည် နှစ်ရှည်သီးနှံပင်ဖြစ်သည်။ အပူချိန် -၂၀ မှ +၂၀ ဒီဂရီဖာရင်ဟိုက်အတွင်း ဖြစ်ထွန်းသည်။ အရွက်နှင့်အပွင့်များကို စားသုံးရပြီး၊ အပင်အမြင့် ၃-၈ လက်မနှင့်အကျယ် ၂-၂၄ လက်မရှိသည်။ နွေမျိုးရော ဆောင်းမျိုးပါ အရွက်နှင့် အပွင့်တို့သည် သိုင်း နှင့် ဆွိ(တ်)မာဂျိုးရမ် တို့၏အနံ့နှင့် ဆင်တူသည်။ ဆာဗိုးရီကို ပဲ၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်၊ အမဲ၊ ဝက်၊ ကြက်သားဟင်းတို့တွင် ထည့်၍ သုံးကြသည်။ နှစ်မျိုးလုံးသည် နွေရာသီတွင် ပွင့်ကြသည်။ မူရင်းဒေသမှာ အီတလီ နိုင်ငံဖြစ်သည်။

စိုက်ပျိုးခြင်း

ဆာဗိုးရီ ၂ မျိုးလုံးကို နွေဦးပေါက်ရာသီတွင် စိုက်ပျိုးနိုင်သည်။ သို့မဟုတ် ဆောင်းဆာဗိုးရီပင်ကို အအေးဓာတ်မများလျှင် ဆောင်းရာသီ၌ စိုက်ပျိုးနိုင်သည်။ ဆာဗိုးရီပင်သည် မြေဆီသြဇာ အသင့်အတင့်နှင့်ပင် ဖြစ်ထွန်းနိုင်သည်။ ဆောင်းဆာဗိုးရီမျိုးစေ့ကို အခန်းတွင်း၌ နောက်ဆုံး အေးခဲမှုမတိုင်မီ ၄-၆ ပတ်ခန့်အလိုမှာ ပျိုးထောင်ပြီး၊ နွေဦးပေါက်တွင် မြေကြီး အပူဓာတ်ရှိလာသောအခါ ပျိုးပင်ကိုဖြစ်စေ၊ အမြစ်ထွက်ပြီးဖြစ်သော ကိုင်းပျိုးပင်ကိုဖြစ်စေ စိုက်ပျိုးရသည်။ အေးသောဒေသတွင် နောက်ဆုံးအေးခဲပြီးနောက်၌ဖြစ်စေ၊ နွေးသောဒေသတွင် ရာသီချိန်အတွင်း အချိန်မရွေးနွေဆာဗိုးရီမျိုးစေ့ကို တိုက်ရိုက်မြေချစိုက်ပျိုးနိုင်သည်။

မျိုးစေ့ကို မြေတွင် လက်မဝက်နက်အောင်မြှုပ်ပြီး၊ တစ်စေ့နှင့်တစ်စေ့ ၁ လက်မခြား၍ စိုက်ပျိုးရသည်။ ဆာဗိုးရီအပင်များကို ပဲပင်၊ မုန်လာဥပင်၊ ခရမ်းပင်၊ သခွားပင်စသည့်အပင်များအကြားတွင် ညှပ်၍ စိုက်ပျိုးနိုင်သည်။ ဆောင်းဆာဗိုးရီကိုင်းဖြတ်ပျိုးပင်များကို နွေဦးပေါက်တွင် စိုက်ပျိုးနိုင်သည်။

ဆာဗိုးရီအပင်သည် နေရောင်ခြည်အပြည့်အဝလိုသည်။ မြေဆီသင့်တင့်ရုံနှင့် ရေထုတ်ကောင်းရန်လိုသည်။ မြေဆီလွှာသည် အစိုဓာတ်အမြဲရှိနေရန် လိုသော်လည်း ရေဝပ်သည်ကို မကြိုက်ချေ။ အပင်ငယ်စဉ် အပင်ခြေပတ်လည်တွင် လက်ဖြင့် ပေါင်းမြက်ရှင်းလင်းပေးရသည်။ နွေဆာဗိုးရီအပင်မှ အတက်သစ်များထွက်စေရန် ပုံမှန်အကိုင်းဖြတ်ပေးရသည်။ ဆောင်းဆာဗိုးရီပင်ကို ခြံစည်းရိုးပင်အဖြစ် အကိုင်းဖြတ်ပေးနိုင်သည်။

ရိတ်သိမ်းခြင်း

နွေဆာဗိုးရီအပင်မှာ အစေ့စိုက်ပြီး ရက်ပေါင်း ၆၀-၇၀ ရှိလျှင် ဆွတ်ခူး ရိတ်သိမ်းနိုင်သည်။ ဆောင်းဆာဗိုးရီအပင်မှာ ကိုင်းဖြတ်ပျိုးပင်ကို စိုက်ပြီးရက်ပေါင်း ၅၀ အကြာတွင်လည်းကောင်း၊ အစေ့စိုက်ပြီး ၇၅-၁၀၀ ရက်အကြာတွင်လည်းကောင်း ပထမအကြိမ် အကိုင်းကို ဖြတ်နိုင်သည်။ ပန်းစတင်ပွင့်လျှင် အကိုင်းကို ဖြတ်ယူအခြောက်လှန်းနိုင်သည်။ အကိုင်းများကို စု၍ချည်ပြီး ဇောက်ထိုးချိတ်ဆွဲ၍ဖြစ်စေ၊ ဇကာတွင် ဖြန့်ထည့်၍ ဖြစ်စေ၊ မှောင်သော လေဝင်လေထွက်ကောင်းသည့်နေရာတွင်ထား၍ အခြောက်ခံရသည်။ အရွက်များ ခြောက်သွေ့သောအခါ အကိုင်းမှခူးယူ၍ လေလုံသောဘူးတွင် ထည့်ထားပါက ၂ နှစ်အထိ အထားခံသည်။

ဟင်းခတ်အမွှေးအကြိုင်ဖြစ်တဲ့ ဆာဗိုးရီ အပင်ကိုလည်း စိုက်ပျိုးပြီး အိမ်နောက်ဖေးမှာဈေးဆိုင်တည်နိုင်အောင် စိုက်ပျိုးနည်းလေးပါ ဖော်ပြပေးလိုက်ပါတယ်။ အသုံးဝင်နိုင်ကြပါစေ…

ဒေါက်တာချစ်၏ စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ စာအုပ် အတွဲ(၂) မှ ကောက်နုတ်ဖော်ပြပါသည်။

ယခု ဆောင်းပါးသည် ဦးကြီးတို့အတွက် အကျိုးတစ်စုံတစ်ရာ ဖြစ်ထွန်းမှု ရှိ/မရှိကို "အသုံးဝင်ပါတယ်" “အသုံးမဝင်ပါ" ကို ရွေးချယ်နှိပ်ခဲ့ပေးဖို့ တောင်းဆိုပါရစေရှင်။

You

ဆက်စပ်ဆောင်းပါးများ

Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ

Ko Shwe Lin • ဖြေကြားချက် 2 ခု

ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာ‌တွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ

ဇော်လင်းအောင် • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....