ဂျုံ အထွက်နှုန်းမြင့်အောင်စိုက်နည်း
မျိုး
စိုက်ပျိုးသင့်သော ဂျုံအမျိုးအစားများမှာ ရေဆင်း-၁၊ ရေဆင်း-၂၊ ရေဆင်း-၃၊ ရေဆင်း-၄၊ ရေဆင်း-၅၊ မုံရွာဇလုပ်ခြံမှထုတ်လုပ်သော ဇလုပ်ဂျုံမျိုး၊ မုံရွာဂျုံဖြူမျိုးမှာ စိုက်သင့်သော ဂျုံမျိုးများဖြစ်ကြသည်။ စစ်ကိုင်း၊ မုံရွာခရိုင်ပုလဲ၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ဆားတောင်မြင်းမူဒေသများတွင် V 1287 ရေဆင်း-၄မျိုးနှင့် မုံရွာဂျုံဖြူမျိုးများကို အများဆုံးစိုက်ပျိုးကြသည်။
မြေအမျိုးအစား
ဂျုံသီးနှံမှာ စပါး၊ နှမ်း၊ မြေပဲ၊ အစေ့ထုတ်ပြောင်းသီးနှံများရိတ်သိမ်းပြီးဖြစ်သော စိုက်ပျိုးရသောသီးနှံဖြစ်သောကြောင့် မြေနက်၊ သဲနုန်းမြေ၊ နုန်းမြေ၊ မြေနီ၊ ရွှံ့စေးမြေ၊ ခဲမြေတို့တွင် စိုက်ပျိုးပါက ဖြစ်ထွန်းသည်။ မြေနီသဲဝန်း၊ မြေဝါမျိုးများတွင် မစိုက်ပျိုးသင့်ပါ။
မြေပြုပြင်ခြင်း
ဂျုံသီးနှံတစ်ခုတည်းကိုသာ အဓိကထား၍စိုက်ပျိုးရာတွင် မေလထဲတွင် ရွာသောမိုးအခြေအနေကိုမူတည်၍ ထယ်တစ်စပ်ထိုးပြီး ၇ သွားထွန်နှင့် (၂) စပ် ၆ သွားထွန်နှင့် (၃)စပ်ထိုး၍ မြေပြုပြင်ထားရမည်။ ထို့နောက်သြဂုတ်လတွင် ထယ်တစ်စပ်ထိုးရမည်။ ထိုသို့ထယ်ရေးပေးပြီးနောက် စိုက်ချိန်အောင်တိုဘာလရောက်သည်အထိ မြေအနေအထားအရ ထွန်(၂)စပ်မှ (၃)စပ်အထိ စင်ပေးရမည်။
မိုးသီးနှံနှင့် မိုးမြေပဲ၊ နှမ်း၊ အစေ့ထုတ်ပြောင်း၊ လယ်စပါးများရိတ်သိမ်းပြီးပြီးခြင်း စက်ထယ်ဖြင့် (၉-၁၀) လက်မအနက်ရအောင် တစ်စပ်ထွန်ယက်ရမည်။ သို့မဟုတ် နွားထယ်ဖြင့် (၂-၃) စပ်အထိထွန်ပြီး ကြမ်းတုံးရိုက်၍ မြေမှုန့်ညက်သည်အထိ ထွန်ပေးရမည်။
ရာသီဥတု
အေးမြစွတ်စိုသောရာသီဥတုကိုနှစ်သက်ပြီး သီးနှံရာသီအတွင်း မိုးရေချိန်လက်မ (၃၀)အထက် အစိုဓာတ်ရရှိစေရန် ထယ်ဖွင့်ခြင်း၊ ကြမ်းတုံးရိုက်ခြင်း မကြာခဏပြုလုပ်ပေးရမည်။ အပူချိန်အနည်းဆုံး (၄၅) ဒီဂရီဖာရင်ဟိုက်ဖြစ်ပြီး အသင့်တော်ဆုံးအပူချိန်မှာ (၇၇) ဒီဂရီဖာရင်ဟိုက်ဖြစ်သည်။ နှင်းခါးရိုက်သည့်အခါ ပန်းပွင့်များထိခိုက်တတ်သောကြောင့် နှင်းခါးကျတတ်သည့်ဒီဇင်ဘာလ တတိယပတ်နှင့် ပန်းပွင့်ချိန်တွင်လွတ်အောင် စိုက်ပျိုးသင့်သည်။
မြေသြဇာ
သဘာဝနွားချေး၊ မြေဆွေး၊ ယူရီးယား (၅၆) ပေါင်နှင့် တီစူပါ (၅၆) ပေါင်ထည့်သွင်း အသုံးပြုရမည်။ မြေသြဇာများကို နွားချေးနှင့်ရောပြီးစိုက်ကြောင်းအတွင်းချပြီးမှသာ မျိုးစေ့ချရမည်။ အစိုဓာတ်ကို ထိန်းထားနိုင်ရန် နှမ်းရိုးများ၊ ပြောင်းဖူးရိုး၊ အရွက်၊ မြေပဲရိုး၊ အရွက်များကို ထယ်မထိုးမီဦးစွာချပြီးမှသာ ထယ်ထိုးပါက ဂျုံအထွက်တိုးစေသည်။
စိုက်ပျိုးခြင်း
မြေကောင်းပါက (၈) လက်မတန်း၊ မြေသင့်ပါက (၆) လက်မတန်းမျိုးစေ့ချထွန်ဖြင့် စိုက်ပျိုးသင့်သည်။ နေရာဒေသလိုက်၍ စိုက်ပျိုးနည်းအမျိုးမျိုးရှိကြ၍ မိမိဒေသနှင့်ကိုက်သောနည်းများကိုသာ အသုံးပြုပါ။
ရေသွင်းဂျုံစိုက်ပျိုးခြင်း
ရေသွင်းဂျုံကို လယ်စပါးအပြီးမြေအောက်ရေ၊ လယ်တွင်းတူးရေရရှိနိုင်သောဒေသများတွင် နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း စိုက်ပျိုးကြသည်။ စိုက်ပျိုးပြီး (၂၁) ရက်အကြာတွင် (၁)ကြိမ် (၄၅)ရက်အကြာတွင် (၁)ကြိမ်၊ (၆၅)ရက်အကြာတွင် (၁) ကြိမ်၊ (၈၄)ရက်အကြာတွင် (၁)ကြိမ် မြေအခြေအနေအစိုဓာတ်ကြည့်ပြီး ရေသွင်းစိုက်ပျိုးနိုင်သည်။
အပူပိုင်းဇုန်တွင် ဂျုံစိုက်ပျိုးခြင်း
အပူပိုင်းဇုန်တွင် ဆောင်းသီးနှံအဖြစ် ဂျုံသီးနှံကို စိုက်ပျိုးကြသည်။ သဲမြေနှင့် ကျောက်စရစ်မြေမှလွဲ၍ မည်သည့်မြေမျိုးမဆို စိုက်ပျိုးနိုင်သော်လည်း နုန်းမြေစေးမှာ အကောင်းဆုံးဖြစ်သည်။ မြေသားထုအထူ (၃) ပေခန့်ရှိသင့်ပြီး ရေဝပ်ခြင်းကို မနှစ်သက်ပဲ မြေချဉ်ငံကိန်း pH(၅.၂-၈.၅)အတွင်း စိုက်ပျိုးနိုင်သည်။ အကောင်းဆုံး pH မှာ (၆-၈.၂)ဖြစ်သည်။ မြေကိုထွန်ယက်ရာတွင် အစိုဓာတ်ကို ကောင်းစွာထိန်းသိမ်းနိုင်ရန်မြေကိုညက်သည်အထိ ပြုပြင်ပေးရမည်။ သို့မှသာ မျိုးပေါက်ကောင်းပြီး မိုးဦးစိုက်သီးနှံများရိတ်သိမ်းပြီး ထယ်ထိုးကာမိုးရေများ စုဆောင်းထားနိုင်မည်ဖြစ်သည်။
ထွန်ရေးညက်သောအခါ (၁၂)လက်မအကွာ ထွန်ကြောင်းများဆွဲ၍(၁)ဧကလျှင် ဂျုံမျိုးစေ့(၁)တင်းနှင့် (၁)ပြည်နှုန်းကို လက်ဖြင့်ညီညာစွာဖြူးချပေးပြီး ကြမ်းတုံးဖြင့် ဖိပေးရမည်။ (၈) လက်မအကွာထွန်သွားများတပ်ထားသည့်မျိုးစေ့ကိရိယာဖြင့် ချပေးပါက (၁)ဧကလျှင် ဂျုံမျိုးစေ့(၁ ၁/၂-၂) တင်းအထိ ကုန်ကျသည်။
ဂျုံဖြစ်ထွန်းမှုအဆင့်ဆင့်မှာ-
- မျိုးစေ့ချသည့်နေ့မှ အပင်ထွက်ပေါ်ချိန်အထိ (၅) ရက်
- အပင်ထွက်ပေါ်ချိန်မှ ပင်ပွားချိန်အထိ (၃၄) ရက်
- ပင်ပွားထွက်ချိန်မှ အနှံထွက်ချိန်အထိ (၂၉) ရက်
- အနှံထွက်ချိန်မှ ပန်းပွင့်ချိန်အထိ (၄) ရက်
- ပန်းပွင့်ချိန်မှ နို့ရည်တည်ချိန်အထိ (၂၀) ရက်
- နို့ရည်တည်ချိန်မှ အစေ့ရင့်မှည့်ချိန်အထိ (၁၁) ရက်
- ရင့်မှည့်စမှ ရင့်မှည့်ချိန်အထိ (၃) ရက်
စုစုပေါင်း(၁၀၆) ရက်ကြာသည်။
ဂျုံသည် မိုးရေချိန် (၁၀-၃၀) လက်မထိ ရွာသောဒေသများတွင် ကောင်းစွာဖြစ်ထွန်းသည်။ မျိုးရေချိန် (၁၀) လက်မတွင် မြေဆွေးဓာတ် (၈-၁၀%) ပါဝင်သဖြင့် အစိုဓတ်ကို ကြာရှည်စွာထိန်းနိုင်သော သမပိုင်းမြက်ခင်းလွင်ပြင်ဒေသမိုးရေချိန်ဖြစ်သည်။ အပူပိုင်းဒေသများတွင် မိုးရေချိန် (၂၅) လက်မခန့်လိုအပ်သည်။ ထို့ကြောင့် မြေပြန့်ဒေသစစ်ကိုင်းတိုင်းတွင် အောက်တိုဘာလ(၁၅)ရက်မှ နိုဝင်ဘာ(၁၅) ရက်အတွင်း စိုက်ပျိုးကြပြီး မိုးရာသီတွင် မိုးရေချိန်နည်းသော စက်တင်ဘာလ (၁၅) ရက်မှစ၍ စိုက်ပျိုးကြသည်။
အပင်ပြုစုခြင်း
အပင်ပေါက်ပြီး (၂၅-၃၀) ရက်တွင် ပေါင်းမြက်များရှင်းပေးပါ။ မက်ဆီပက်ပေါင်းပင်မှာ အဆိုးဆုံးဖြစ်၍ လက်ပေါင်းလိုက်ခြင်း၊ ဟာဗစ်ပေါင်းသတ်ဆေးဖြင့် နှိမ်နင်းခြင်းပြုလုပ်ပေးပါ။
ရောဂါများ
ဂျုံများတွင် နနွင်းရောဂါနှင့် ဂျုံလောင်မီးရောဂါတို့ အဖြစ်များပြီး မှိုကြောင့်ဖြစ်သောရောဂါဖြစ်ပါသည်။
ပိုးမွှားများ
ဖျက်ဆီးတတ်သောပိုးမွှားများမှာ ဖြုတ်စိမ်း၊ ငမြှောင်တောင်နှင့် ခြများဖြစ်သည်။
ရိတ်သိမ်းခြင်း
အောက်တိုဘာလတွင် ဂျုံစိုက်ပြီး ဖေဖော်ဝါရီလ၊ မတ်လတွင် ဂျုံသီးနှံတစ်ပင်လုံးဝါ၍ခြောက်သွေ့လာသည်။ ဂျုံသီးနှံအတွင်းရှိ ဂျုံစေ့များအရောင်ပြောင်လက်ပြီး ဂျုံစေ့မာလာသောအချိန်သည် ဂျုံသီးနှံများ ရင့်မှည့်ချိန်ဖြစ်သည်။ ရိတ်သိမ်းရာတွင် တံစဉ်ဖြင့်လည်းကောင်း၊ စက်ဖြင့်လည်းကောင်း ရိတ်သိမ်းနိုင်ပြီး ခြွေစက်ဖြင့်ခြွေနိုင်သည်။ နေရာဒေသအလိုက် ရိတ်သိမ်းခြွေလှေ့ခြင်း မတူကြပါ။
သိုလှောင်ခြင်း
သီးနှံအစိုဓာတ် (၁၄%) ထက်များအောင် နေလှန်းပြီး ဂျုံတစ်တင်းလျှင် ထုံး (၁) ပြည်နှုန်းထည့်၍ သိုလှောင်ရမည်။ သို့မှသာ နောက်နှစ်ဂျုံရာသီအတွက် မျိုးသိုလှောင်ထားနိုင်မည်ဖြစ်သည်။
အောင်ဝင်းထွဋ် လယ်ယာသီးနှံစိုက်ပျိုးနည်း စာအုပ်မှကောက်နုတ်ဖော်ပြပါသည်။
U Thet Lwin
လွန်ခဲ့သော ၄ နှစ် ကယခုဖော်ပြထားသော မျိုးများမှာ မစိုက်သလောက် ဖြစ်သွားပြီး စိုက်ပျိုးစနစ်များမှာ Update မဖြစ်တော့သလို မှန်ကန်မှု မရှိသော စိုက်ပျိုးနည်းစနစ်များ ဖြစ်နေ၍ ဂျုံအမှန်တကယ်စိုက်ပျိုးဘူးပြီး တတ်သိနားလည်သော ပညာရှင်များထံမှ စိုက်နည်းစနစ်များ တောင်းယူ၍ တင်ပြသင့်ပါသည်
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
Ko Shwe Lin • ဖြေကြားချက် 2 ခု
ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာတွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ
ဇော်လင်းအောင် • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026