လမိုင်းထားစိုက်ပျိုးခြင်းက ပုံမှန်ထက် စောပြီးရင့်မှည့်ပါတယ်
ကြံစိုက်ပျိုးရာတွင် လမိုင်းထားခြင်းမှာ လုပ်ဆောင်မြဲ အလေ့အကျင့် ဖြစ်ပါသည်။ လမိုင်းထားခြင်းဖြင့် ထွန်ယက်စရိတ်၊ မျိုးဖိုး စသည့်စိုက်ပျိုးစရိတ်များကို သက်သာစေပါသည်။ ကြံခုတ်ပြီး တစ်ပတ်အတွင်းမှစတင်၍ လမိုင်းထားရန်အတွက် စနစ်တကျ ပြုစုစောင့်ရှောက်မှုများ ဆောင်ရွက်ခြင်းဖြင့် ကောင်းမွန်သည့် ကြံလမိုင်းခင်း ရရှိစေနိုင်ပါသည်။
ကြံငုတ်ဖြတ်ခြင်း - ကြံရိုးငုတ်များကို ပေါက်ပြားထက်ထက်ဖြင့် မြေပြင်နှင့်အညီ ဒင်္ဂါးဝိုင်းပေါ်အောင် ဖြတ်ပေးခြင်းဖြင့် မြေအောက်ရှိ ပင်စည်ပိုင်းမှ အတက်ထွက်လာစေသလို မြေဆီလွှာအတွင်းပိုင်းအထိ အမြစ်ဖွဲ့စည်းမှုကောင်းကောင်းကို ရရှိစေပါသည်။
ပေါင်တင်ခြင်း - အပင်တန်း၏ဘေးတစ်ဖက်တစ်ချက်တွင် ထယ်ထိုး၍ ပေါင်တင်ပေးခြင်းဖြင့် အမြစ်ဖွဲ့စည်းပုံကို ပိုမိုကောင်းမွန်စေပြီး မြေဆီလွှာမှ အပင်အာဟာရများနှင့် ရေကိုစုပ်ယူရာတွင် ပိုမိုလွယ်ကူစေပါသည်။
အပင်လပ်များအား ဖာထေးခြင်း - အပင်တစ်ပင်နှင့်တစ်ပင် ၂၄ လက်မထက် ကွာဝေးပါက အပင်ဖာရန်လိုပါသည်။ အပင်ဖာရာတွင် သားတက်များစွာပေါက်နေသည့် အမြစ်ဆုံအား တူးယူပြီး လေးခြမ်းခြမ်း၍ဖြစ်စေ၊ ပျိုးထောင်ထားသည့် ပျိုးပင်အားဖြစ်စေ အသုံးပြု၍ဖြစ်စေ ဖာထေးနိုင်ပါသည်။
ပင်ကျပ်နှုတ်ပယ်ခြင်း - ကြံပင်များ အလွန်ကျပ်လွန်းပါက တစ်တန်းခြားထယ်ထိုး၍ ဖယ်ရှားပေးနိုင်ပါသည်။ ထယ်ထိုးဖယ်ရှားသည့် အပင်များမှာ ကြံ့ခိုင်ဖွံ့ဖြိုးသည့် အပင်များကို ရွေးချယ်၍ အပင်ဖာထေးရန်အတွက် အသုံးပြုနိုင်ပါသည်။ အပင်ကျပ်နှုတ်ပယ်ခြင်းဖြင့် အပင်များအတွက် နေရောင်ခြည်၊ လေနှင့် အစာရေစာပိုမိုရှိစေကာ သားတက်ပိုထွက်ရှိလာစေပါသည်။
မြေသြဇာကြွေးခြင်း - ကြံလမိုင်းအတွက် တစ်ဧကလျှင် နိုက်ထရိုဂျင် ၃၇ ကီလိုဂရမ်၊ ဖော့စပါးရပ်စ် ၂၅ ကီလိုဂရမ်နှင့် ပိုတက်စီယမ် ၁၆ ကီလိုဂရမ်တို့အား အတက်ထွက်ပြီး ၃၀ ရက်တွင်တစ်ကြိမ်၊ ၆၀ ရက်တွင်တစ်ကြိမ် နှစ်ကြိမ်ခွဲ၍ ပေါင်းလိုက်စဉ်နှင့် ပေါင်တင်စဉ်တွင် ထည့်သွင်းပေးပါ။
လမိုင်းခင်းများသည် စိုက်ခင်းထက် တစ်လစော၍ရင့်မှည့်ပါသည်။ သမားရိုးကျ ကြံစိုက်နည်းအရ လမိုင်းထားခြင်းကိုနှစ်ကြိမ်ခန့်သာ ထားနိုင်သော်လည်း SSI ကြံစိုက်နည်းသစ်ဖြင့် စိုက်ပျိုးပါက ၅ – ၆ ကြိမ်အထိ လမိုင်းထားခြင်းရှိနိုင်ပါသည်။
စိုက်ပျိုးရေးရားအသုံးချ သုတပဒေသာ - ဒေါက်တာမောင်မာ (စိုက်ပျိုးရေး)
Mg Kaung Myat Thu
လွန်ခဲ့သော ၅ နှစ် ကဘယ်ချိန်စိုက်ရတာလဲဗျ
အောင်ဇော်
လွန်ခဲ့သော ၅ နှစ် ကကြံအညို စိုက်ပျိုးချင်ပါတယ် ဘယ်မှာမျိုးရှာရမလဲ
အောင်ဇော်
လွန်ခဲ့သော ၅ နှစ် ကဘယ်ချိန်စိုက်ပျိုးသင့်လဲခဗျ
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကဘယ်အချိန်စိုက်ရတာလဲဗျ
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကကြံ က ဘယ်နှစ်လလဲဗျ
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
Ko Shwe Lin • ဖြေကြားချက် 2 ခု
ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာတွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ
ဇော်လင်းအောင် • ဖြေကြားချက် 2 ခု
စပါးကြဲခင်းစံကွက်ရိတ်နည်းသိချင်ပါတယ်
မြူလွှာ • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026