အထွက်နှုန်းတိုးစေတဲ့ ကြက်သွန်ဖြူ စိုက်ပျိုးပြုစုနည်း
ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်ခြင်းသည် ဟင်းခတ်အမွှေးအကြိုင်နှင့် ဆေးပညာဆိုင်ရာတန်ဖိုးများအတွက် စိုက်ပျိုးထုတ်လုပ်သောစျေးကွက်ဝင်သီးနှံ တစ်ခုဖြစ်သည်။
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်မှာ ကြက်သွန်ဖြူအများဆုံးစိုက်ပျိုးထုတ်လုပ်သောနိုင်ငံဖြစ်ပြီး ၂၀၂၄ တွင် ထုတ်လုပ်မှုတန်ချိန်ပေါင်း ၂၃ မီလီယန်ရှိသည်။ ထို့နောက် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တောင်ကိုးရီးယား၊ အီဂျစ်၊ စပိန်၊ အမေရိက၊ အယ်(လ်)ဂျီးရီးယား၊ ဥဇဘက်၊ပါကစ္စတန်၊ ယူကရိန်း၊ မြန်မာ၊ ရုရှား၊ အီသီယိုးပီးယား၊ အာဂျင်တီးနားနှင့် ဘရာဇီးနိုင်ငံများသည် အစဉ်အလိုက် ကမ္ဘာပေါ်တွင် ကြက်သွန်ဖြူအများဆုံးစိုက်ပျိုးသော နိုင်ငံများဖြစ်ကြသည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်မှု၏ လေးပုံသုံးပုံနီးပါး စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ကြက်သွန်ဖြူစျေးကွက်ကို လွှမ်းမိုးထားသည်။ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်လည်း ဒေသလိုအပ်ချက်နှင့် ပြည်ပတင်ပို့မှုအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ အရည်အသွေးကောင်း ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်မှုများကို အမေရိကတွင် တွေ့ရှိရပြီး (၂၃၇၃၄၀) တန်ထုတ်လုပ်သည်။
မြန်မာနိုင်ငံ၏ ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်ခြင်းသည် တန်ချိန်ပေါင်း (၂၀၈၉၀၈) တန်ရှိပြီး ဒေသတွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့မှုအတွက် စိုက်ပျိုးသည်။ အဓိကအားဖြင့် ကျေးလက်ဒေသ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော သီးနှံတစ်ခုဖြစ်ပြီး အထွက်နှုန်းတိုးမြင့်ရေးနှင့် စျေးကွက်ရရှိမှုတို့အတွက် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။

ကြက်သွန်ဖြူစျေးနှုန်းကို ရာသီဥတုပုံစံ၊ အထွက်နှုန်းနှင့် နိုင်ငံတကာ၏ ကြက်သွန်ဖြူလိုအပ်ချက်က လွှမ်းမိုးသည်။ ကနေဒါ၊ မလေးရှားနှင့် အမေရိကနိုင်ငံများသည် လတ်လတ်ဆတ်ဆတ်ကြက်သွန်ဖြူ စားသုံးမှုနှင့် အမှုန့်လုပ်မှုနှစ်ခုစလုံးအတွက် စျေးကွက်လိုအပ်ချက်ကြီးမားပြီး ကြက်သွန်ဖြူတင်သွင်းမှု အပေါ်မှာ မှီခိုအားထားနေသည်။ ဥရောပဒေသရှိ ကြက်သွန်ဖြူထုတ်လုပ်မှုကို ကန့်သတ်သော အချို့နိုင်ငံများအပါအဝင် အီးယူနိုင်ငံများသည်လည်း ကြက်သွန်ဖြူတင်သွင်းမှုများသော နိုင်ငံများဖြစ်သည်။
ကြက်သွန်ဖြူစိုက်ပျိုးမှုအတွက် ဒေသတွင်း စားသုံးမှုနှင့် နိုင်ငံတကာကုန်သွယ်မှုကို လွှမ်းမိုးနိုင်သော နိုင်ငံ၏စိုက်ပျိုးရေးဆိုင်ရာမူဝါဒများ ချမှတ်လုပ်ကိုင်ဆောင်ရွက်ရန်လိုအပ်သည်။ တရုတ်နိုင်ငံတွင် ကြက်သွန်ဖြူစိုက်ပျိုးသော တောင်သူများကို ငွေကြေးအရင်းအနှီးများကို ထောက်ပံ့ပေး၍ အချို့နိုင်ငံများ တွင် မျိုးစေ့နှင့် နည်းပညာများကို ပံ့ပိုးပေးသည်။
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီး (FAO) က ကမ္ဘာ့နိုင်ငံများနှင့် ပူးတွဲ၍ နိုင်ငံတကာ သတ်မှတ်ထားရှိသော ကြက်သွန်ဖြူအရည်အသွေးနှင့် စံချိန်စံညွှန်းများကို ချမှတ် ဆောင်ရွက်သည်။ သွင်းကုန်အခွန်နှင့် သွင်းကုန်ပိတ်ပင်တားဆီးမှုတို့ကြောင့် ကုန်သွယ်ရေးကို အကန့်အသတ် ဖြစ်စေပြီး ဒေသတွင်းကြက်သွန်ဖြူစိုက်တောင်သူများကို ပြည်ပယှဉ်ပြိုင်မှုမှ ကာကွယ်တားဆီးပေးသည်။ မြင့်မားသော အရည်အသွေး သတ်မှတ်ချက်သည် သွင်းကုန်အပေါ် ကန့်သတ်လိုက်ပြီး ဒေသတွင်း ကြက်သွန်ဖြူစျေးကွက်အပေါ် စိတ်ကြိုက်သတ်မှတ်ချက်များကို ဖြစ်ပေါ်စေသည်။ ကြက်သွန်ဖြူအထွက်နှုန်း သည် မျိုး၊ မြေအရည်အသွေး၊ ရာသီဥတုနှင့် စိုက်ပျိုးနည်းစနစ်ပေါ်မူတည်၍ တစ်ဟက်တာတွင် ၃ - ၁၀ တန်အထိထွက်ရှိသည်။ စျေးနှုန်း၊ သွင်းအားစုကုန်ကျစရိတ်နှင့် သီးနှံအရည်အသွေးပေါ်မူတည်၍ အကျိုးအမြတ်များ ကွာခြားသည်။ ထို့ကြောင့် ထိရောက်သော စိုက်ပျိုးနည်းစနစ်နှင့် စျေးကွက်ရရှိရေးတို့ သည် အကျိုးအမြတ်အများဆုံးရရှိနိုင်ရေးတို့ အတွက် အရေးကြီးသည်။
မြန်မာနိုင်ငံတွင် များသောအားဖြင့် ကြက်သွန်ဖြူမျိုးကို တရုတ်မျိုးနှင့် ရှမ်းမျိုးဟူ၍ သိရှိကြသည်။ တရုတ်မျိုးသည် ဥကြီးပြီး အထွက်နှုန်းမြင့်မားသည်။ ရှမ်းမျိုးသည် အနံ့အရသာမှာ တရုတ်မျိုးထက် ပို၍ပြင်းပြီး အလုံးအရွယ်အစားသေးငယ်သည်။
ကြက်သွန်ဖြူ ဥ ဖြစ်ထွန်းတိုးတက်မှုအတွက် အေးသော ရာသီဥတုလိုအပ်ပြီး ဆောင်းရာသီတွင် ကောင်းစွာစိုက်ပျိုးဖြစ်ထွန်းသည်။ ဥအသေးမျိုးများသည် အေးသောရာသီရရှိမှ ကောင်းစွာဖြစ်ထွန်းသော်လည်း ဥကြီးမျိုးများသည် နွေးသောရာသီဥတုတွင်လည်း ဖြစ်ထွန်းနိုင်သည်။
ကြက်သွန်ဖြူကို ရေသွင်းရေထုတ်ကောင်းပြီး သဘာဝမြေဆွေးကြွယ်ဝသော မြေချဉ်ငံဓာတ် ၆.၀ - ၇.၀ ရှိသော မြေများတွင် ကောင်းစွာစိုက်ပျိုးဖြစ်ထွန်းသည်။ ကြက်သွန်ဖြူစိုက်မြေများတွင် နှစ်စဉ် မြေဆွေးထည့်သွင်းပေးခြင်းဖြင့် မြေဆီဩဇာထက်သန်ပြီး အထွက်နှုန်းကို တိုးတက်ကောင်းမွန်စေသည်။ ကြက်သွန်ဖြူတွင် အစက်ချရေသွင်းစိုက်ပျိုးပေးခြင်းသည် သင့်လျော်သော အစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်ပြီး အထွက်နှုန်းကို တိုးတက်ကောင်းမွန်စေသည်။ ကြက်သွန်ဖြူတွင် အဓိကပိုးမွှားပြဿနာသည် နီမတုတ်နှင့် မှိုရောဂါများဖြစ်ပေါ်နိုင်ပြီး သီးလှည့်စိုက်ပျိုးပေးခြင်း၊ မြေဖုံးစိုက်ပျိုးခြင်း၊ မြေဆွေးထည့်သွင်းပေးခြင်း ကဲ့သို့သော စိုက်ပျိုးနည်းစနစ်များကို အသုံးပြု၍ ကာကွယ်နှိမ်နင်းနိုင်သည်။
အောက်ရွက်များ ဝါလာပြီး ဥများ ပွင့်အာမထွက်မီ ရိတ်သိမ်းပေးခြင်းသည် အထွက်နှုန်းကို သေချာစေသည်။ လေဝင်လေထွက်ကောင်းသော နေရာတွင် curing process (တာရှည်ခံအောင် ပြုလုပ်ခြင်း) ကို ပြုလုပ်ပေးခြင်းသည် သိုလှောင်သည့်ကာလကို ရှည်ကြာစေသည်။ ထို့ပြင် ရောင်းသည့်ကာလကို ဖြန့်ကျက်နိုင်ရုံသာမက တန်ဖိုးမြင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်သဖြင့် စျေးကောင်းရရှိပြီး အကျိုးအမြတ်ကို ဖြစ်ပေါ်စေသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ကြက်သွန်ဖြူစိုက်ပျိုးနည်း
soenaing
လွန်ခဲ့သော ၂ နှစ် က🙏🏻🙏🏻🙏🏻မဂ်လာပါခင်ကြက်သွန်နီစိုက်ပျိုးနည်းလေးပြောပြပေးပါ
USaw
လွန်ခဲ့သော ၂ နှစ် ကဖရဲအသီးကြီးအောင်ဘာဆေးသုံးရမှာလဲ
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
ဆက်စပ်မေးခွန်းများ
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
Ko Shwe Lin • ဖြေကြားချက် 2 ခု
ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာတွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ
ဇော်လင်းအောင် • ဖြေကြားချက် 2 ခု
စပါးကြဲခင်းစံကွက်ရိတ်နည်းသိချင်ပါတယ်
မြူလွှာ • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒေါက်တာ အိဖြူဝင်း
အားလုံး
အပင်ရှိအာဟာရများကို စုပ်ယူကာ သေစေသည်အထိဖြစ်စေနိုင်သည့် ကပ်ပါးပင်များ
09/12/2025
ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်ပွားသော သီးနှံရောဂါများ ကာကွယ်ကုသနည်း
30/11/2025
နီမတုတ်ကြောင့်ဖြစ်သောရောဂါများကို ထိန်းချုပ်နည်း
21/11/2025
မှိုကြောင့်ဖြစ်သော သီးနှံရောဂါများကို ကာကွယ်တားဆီးနည်း
07/11/2025
ဘက်တီးရီးယားကြောင့်ဖြစ်သော အပင်ရောဂါကို ကာကွယ်တားဆီးနည်း
22/10/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....