အစိမ်းရောင်လမ်း
ခြင်းဖြင့် ချင်း (ဂျင်း) စိုက်ပျိုးနည်း

ခြင်းဖြင့် ချင်း (ဂျင်း) စိုက်ပျိုးနည်း

၁။ မြန်မာနိုင်ငံတွင် ချင်းကို ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးကြပြီး စိုက်စနစ်မှာ ဘောင်ဖော်တန်းစိုက်စနစ် ဖြစ်ပါသည်။ ခြင်းဖြင့် ချင်းစိုက်ပျိုးနည်းစနစ်မှာ တန်းစိုက်စနစ်ထက် အထွက်နူန်း (၂) ဆမှ (၂.၅) ဆထိ တိုးတက်ထွက်ရှိသဖြင့် စိုက်ပျိုးသူများ ဝင်ငွေကောင်းပြီး ပြည်ပရောင်းတန်းဝင် အဆင့်မီချင်းများ ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။

စိုက်ပျိုးနည်းစနစ်

(က) မျိုး

စိုက်ပျိုးသည့်မျိုးမှာ မြန်မာချင်းဖြူမျိုးဖြစ်ပြီး ဒေသအခေါ်အဝေါ်အားဖြင့် ချင်းဖြူ(အောက်ချင်း)မျိုးဖြစ်ပါသည်။ ဟင်္သာတတွင် စိုက်ပျိုးသည့်ချင်းမျိုးမှာ အနံ့ရှိပြီး အမျှင်နည်း၍ အသားနုသဖြင့် ဆေးဘက်ဝင်အမျိုးအစား ဖြစ်ပါသည်။ မျိုးထားသိုမှုစနစ်မှာ ဒီဇင်ဘာ - ဇန်နဝါရီလများတွင် တူးဖော်ထားရှိသော ချင်းတက်များကို အိမ်အောက်တွင် မြေကျင်းတူ၍လည်းကောင်း၊ ဖြန့်၍လည်းကောင်း ထားရှိရပါမည်။ ချင်း၏ မျိုးစေ့နားနေချိန် (Domancy) ရက် (၆၀) မှ (၉၀) ထိ ရှိပါသည်။ ထို့နောက် ချင်းတက်၏ မျက်စေ့ဖူးများမှ စတင်အညှောင့်ပေါက်လာပါသည်။

(ခ) ပျိုးဘောင်ပြင်ဆင်ခြင်းနှင့် ပျိုးထောင်ခြင်း

ကုန်းကျသည့် နေရာများတွင် (၃) ပေအကျယ် (၆) လက်မအမြင့် ပျိုးဘောင်များပြုလုပ်ပြီး မြေဆွေးထည့်ပေးပါသည်။ မျက်စေ့ (၃) စေ့ မှ (၅) စေ့ပါရှိသည့် ချင်းတက်များကိုဖဲ့၍ စတင်ပျိုးထောင်ပါသည်။ ပျိုးထောင်သည့် အချိန်မှာ မေလ – တတိယပတ်ဖြစ်ပါသည်။ မိုးရွာသွန်းမှု မရှိသည့်နေ့များတွင် တစ်နေ့ ရေ (၂) ကြိမ် ဖျန်းပေးပါသည်။ ပျိုးပင်များ (၃၀) ရက်သား ရှိချိန်တွင် ခြင်းထဲသို့ ရွှေ့ပြောင်းစိုက်ပျိုးပါသည်။

(ဂ) အသုံးပြုသည့် ခြင်းအမျိုးအစားများ

အချင်း ၂ ပေ၊ အမြင့် ၂.၅ ပေ ခန့်ရှိ ကွမ်းခြင်းများ၊ ထန်လျက်ခြင်းများ၊ ထုံးခြင်းများကို အသုံးပြုနိုင်ပါသည်။

(ဃ) စိုက်ပျိုးမြေပြုပြင်ခြင်း

မြေဆွေး၊ ကြက်ချေး/နွားချေး၊ စက်ဖွဲပြာ ဆတူရောစပ်အသုံးပြုခြင်း၊ မြေဆွေး (၄) ဆ၊ စက်ဖွဲပြာ (၁) ဆ ရောစပ်အသုံး ပြုခြင်း။ မြေဆွေးတစ်ဆ၊ စက်ဖွဲပြာတစ်ဆ ရောစပ်အသုံးပြုခြင်းနှင့် မြေဆွေး (၂) ဆ၊ စက်ဖွဲပြာ (၁) ဆ၊ ဖွဲကြမ်း (၁) ဆ ရောစပ်အသုံးပြုကြပါသည်။ ခြင်း၏အောက်ခြေတွင် အင်ဖက်ခံ၍ ရောစပ်ထားသော စပ်မြေများကို ခြင်းများထဲသို့ (၆) လက်မခန့် ထည့်ပေးပါသည်။

(င) စိုက်ပျိုးခြင်း

စိုက်ပျိုးရာတွင် တိုက်ရိုက်စိုက်ပျိုးခြင်းနှင့် ပျိုးထောင်ရွေ့ပြောင်းစိုက်ပျိုးခြင်း (၂) မျိုးရှိပါသည်။ 

(၁) တိုက်ရိုက်စိုက်ပျိုးခြင်း

မေလတွင် စတင်စိုက်ပျိုးပါသည်။ ချင်း၏အရွယ်အစားပေါ်မူတည်ပြီး ၂ ကျပ်သားရှိ မျက်စေ့ ၁ စေ့မှ ၃ စေ့ပါသည့် ချင်းသားတက်များကို မြေပေါ်တည်၍ စိုက်ပျိုးပါသည်။ မြေဆွေးဖြင့် ပါးပါးဖုံးပေးပါသည်။ မိုးရွာသွန်းမှုမရှိလျှင် တစ်နေ့ ရေ (၂) ကြိမ်လောင်းပေးရပါသည်။ စိုက်ပြီး ၁၄ ရက် ကြာ အစို့ထွက်လာပြီး ၂၈ ရက်အကြာတွင် ၆ လက်မအမြင့်ထိ အပင်များ ကြီးထွားလာပါသည်။ ချင်းတစ်ပိဿာကို ခြင်း (၅၀) ထိ စိုက်ပျိုးနိုင်ပါသည်။ ရေလောင်းချိန် သက်သာရန်အ တွက် ပျိုးဘောင်များတွင် ပျိုးထောင်ပြီး ရွေ့ပြောင်းစိုက်ပျိုးကြပါသည်။

(၂) ပျိုးပင်များ ရွေ့ပြောင်းစိုက်ပျိုးခြင်း

၃၀ ရက် သက်တန်းရှိ ချင်းပျိုးပင်များကို စပ်မြေထည့်ထားသော ခြင်းထဲတွင် စတင်စိုက်ပျိုးပါသည်။ ခြင်းတစ်ခြင်းတွင် ၁ ပင်မှ ၃ ပင်အထိ စိုက်ပျိုးပါသည်။

(စ) အပင်ပြုစုခြင်း

ချင်းပင်၏သဘာဝမှာ အပင်တစ်ပင်ပွားတိုင်း ချင်းတက်တစ်ခုဖြစ်လာပြီး အပင်၏အောက်ခြေမှသည် အပေါ်သို့ ချင်းတက်များ ဖြစ်ပေါ်လာပါသည်။ ရွေ့ပြောင်းစိုက်ပြီး ၁၅ ရက်တွင် လိုအပ်လျှင် မှိုသတ်ဆေးများ ပက်ဖြန်းပေးပါသည်။ ချင်းတက်များ ကြီးထွားလာပြီး စိုက်ပြီး ရက် (၃၀) အတွင်း စပ်မြေဖြင့် ပြန်လည်ဖို့ပေးပါသည်။ အပင်ခြေတွင်ရက် (၃၀) လျှင်တစ်ကြိမ်ဖြင့် (၄) ကြိမ်တိတိ ခြင်းအပြည့်ထိ မြေဖို့ပေးပါသည်။ ချင်းပင်ပွားနှုန်းမှာ ၁ ပင်မှ ၂ ပင်, ၂ ပင်မှ ၄ ပင်၊ ၄ ပင်မှ ၈ ပင်နှင့် ၈ ပင်မှ ၁၆ ပင်ထိ ဆပွား, ပွားများပါသည်။ ချင်းများရင့်ချိန် နှုတ်သိမ်းချိန်၌ မူလ (၂) ပင်စိုက်ထားက (၁၆) ပင်ထိ ရရှိနိုင်ပါသည်။

(ဆ) ရိတ်သိမ်းခြင်း

သက်တမ်း ရက်ပေါင်း (၂၁၀) အကြာ (ဒီဇင်ဘာလ) တွင် ချင်းတက်များကို စတင်တူးဖော်ပြီး၊ ရက်ပေါင်း (၂၄၀) (ဇန်နဝါရီလ) တွင် အရွက်များဝါ၍ကျလာပြီး၊ ချင်းတက်များ ရင့်လာပါသည်။ တစ်ခြင်းတွင် ပျမ်းမျှ (၂) ပိဿာ မှ (၃) ပိဿာထိ ထွက်ရှိပါသည်။ အမြင့်ဆုံး ပိဿာထိထွက်ရှိပါသည်။

(ဇ) ကုန်ကျစရိတ်

အောက်ဖော်ပြပါအတိုင်း ကုန်ကျမည်ဖြစ်ပါသည်။

၁)  ခြင်းတစ်ခြင်း၏ ကုန်ကျစရိတ်

ခြင်းတစ်ခြင်း၏ ကုန်ကျစရိတ် ၈၀ ကျပ်

ချင်းပျိုးပင် ကုန်ကျစရိတ် ၁၅၀ ကျပ် (တစ်ခြင်း ၃ ပင် x ၅၀)

မြေဆွေး (၁.၅) အိတ် ကုန်ကျစရိတ် ၅၀ ကျပ်

စပ်ဖွဲပြာ (၁.၅) အိတ် ကုန်ကျစရိတ် ၅၀ ကျပ်

ပြုစုထိန်းသိမ်းစောင့်ရှောက်ခြင်း ၆၀၀ ကျပ်

ကုန်ကျစရိတ် (မြေစပ်ခြင်း၊ စိုက်ပျိုးခြင်း၊ ရေလောင်းခြင်း၊ ပေါင်းသင်းခြင်းနှင့် မြေဖို့ခြင်း)

စုစုပေါင်းခြင်းတစ်ခြင်းကုန်ကျစရိတ် ၉၃၀ ကျပ်

၂) အကျိုးအမြတ်

အထွက်နှုန်း (အနည်းဆုံး) ၂ ပိဿာ

တစ်ပိဿာ စျေးနှုန်း ၁၅၀၀ ကျပ်

တစ်ခြင်း ဝင်ငွေ ၃၀၀၀ ကျပ်

တစ်ခြင်း အကျိုးအမြတ် ၂၀၇၀ ကျပ်

(ဈ) အကျိုးကျေးဇူးများ

ခြင်းစနစ်ဖြင့် စိုက်ပျိုးခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူးမျာကို ရရှိနိုင်ပါသည်။

(က) မိုးများသော ဒေသများတွင် ရေစိမ့်ကိုင်၍ ချင်းပင်ဝါခြင်းနှင့် ချင်းတက်ပုပ်ခြင်းမှ ကာကွယ်နိုင်ခြင်းနှင့် ချင်းတွင်ကျရောက်တတ်သော မြေဆောင်ရောဂါများကို ကာကွယ်နိုင်ခြင်း။

(ခ) အိမ်ခြံမြေ နေရာကျဉ်းကျဉ်းတွင် စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းကြောင့် တစ်ပိုင်တစ်နိုင်ပြုစုစောင့်ရှောက်နိုင်ပြီး၊ အိမ်ခြံမြေ နေရာမလပ်၊ မြေယာကို အကျိုးရှိစွာ အသုံးချနိုင်ခြင်း။ မိသားစုဝင်ငွေရရှိ၍ စီးပွားရေးအရ တွက်ခြေကိုက်ခြင်း။

(ဂ) ပေါင်းမြက်ရှင်းလင်းရန် လွယ်ကူခြင်းနှင့် သက်သာခြင်း။

(ဃ) တစ်ပင်ခြင်းပြုစုပေးသဖြင့် အထွက်နှုန်းမြင့်မား၍ စိုက်ပျိုးသူအတွက် အကျိုးအမြတ်ပိုမိုရရှိပြီး၊ ပြည်ပပို့ကုန်အမည်သစ်တစ်ခုအဖြစ် အရည်အသွေးမှီချင်းများ ထုတ်လုပ်နိုင်ခြင်း။

(င) အထွက်နှုန်းမှာလည်း ရှမ်းပြည်နယ်တွင်စိုက်သော အတန်းလိုက်စိုက်စနစ်ထက် (၂) ဆ မှ

(၂.၅) ဆ ပိုမိုထွက်ရှိပြီး စီးပွားရေးအရ ပိုမိုတွက်ချေကိုက်ခြင်း။

အသုံးပြုသည့် မြေဆွေးများကို ချင်းများ တူးဖော်ပြီးသည့်အခါ အခြားသီးနှံများစိုက်ပျိုးရာတွင် ထည့်သွင်းအသုံးပြုနိုင်ပါသည်။ နောင်နှစ် ချင်းစိုက်ပျိုးရာတွင်လည်း ထပ်မံအသုံးပြုနိုင်ပါသည်။ ဤနည်းစနစ်ဖြင့် နနွင်းနှင့်အားလူးများကိုလည်း စိုက်ပျိုးနိုင်ပါသည်။

စိုက်ပျိုးရေးဦးစီးဌာန - စိုက်ပျိုးပညာပေးရေးဌာန

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၅ နှစ် က

ရှ င်းပြပေးလို့ ကျေးဇူးတင်ပါတယ်

Kate Kate

Kate Kate

လွန်ခဲ့သော ၅ နှစ် က

ပိသာချိန်ပေါင်းနစ်ထောင်လောက်စိုက်မလို့ မြေဆွေး ကြက်ချေး နွားချေး စက်ဖွဲပြာဘယ်လောက်သုံးရမလည်းဗျာ

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၅ နှစ် က

ဂျင်း ဥမဖော်ခြင်း ကိစ္စ ဆွေးနွေးပေးပါအုန်း အခုစိုက်ပျိုးနည်းလေးက ဥမဖော်လို့ ရလား။

Daw Theingi Aye

Daw Theingi Aye

လွန်ခဲ့သော ၅ နှစ် က

စီးပွားဖြစ်တော့မဟုတ်ပါတနိုင်တပိုင်မြေပိုလေးမှာဝါသနာပါလို့ပါ

Daw Theingi Aye

Daw Theingi Aye

လွန်ခဲ့သော ၅ နှစ် က

ကျေးဇူးတင်ပါတယ်ခုလို့သိရလို့

You

ဆက်စပ်ဆောင်းပါးများ

စိုက်ပျိုးရေးဉီးစီးဌာန

Content provider

စိုက်ပျိုးရေးဉီးစီးဌာန

စိုက်ပျိုးရေးဦးစီးဌာန၏သမိုင်းအကျဉ်း ၁။ စိုက်ပျိုးရေးဦးစီးဌာနသည် ၁၉၀၁ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးဌာနခွဲအဖြစ် စတင်ဖွဲ့စည်း ခဲ့ပါသည်။ ၁၉၅၂ ခုနှစ်တွင် မြေယာကျေးလက် ကြီးပွားရေးတိုးတက်ရေးကော်ပိုရေးရှင်းကို ဖွဲ့စည်း၍ စီးပွားရေးဆန်သော စိုက်ပျိုးရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါသည်။ ၁၉၅၇ခုနှစ်တွင် လယ်ယာမြေ အမျိုးအစားခွဲခြား၍ မြေဆီလွှာထိန်းသိမ်းရေး၊ မြေဆီလွှာတိုင်းတာရေးနှင့် သင့်လျှော်သော သီးနှံပုံစံ များ ချမှတ်ဆောင်ရွက်ရန် မြေအသုံးချရေးဌာနကို သီးခြားထပ်မံဖွဲ့စည်းခဲ့ပါသည်။၂/၁၉၇၂ ခုနှစ်တွင် (၁) လယ်ယာစိုက်ပျိုးရေးဌာနခွဲ (၂)မြေအသုံးချရေးဌာနခွဲ (၃)မြေယာကျေးလက်ကြီးပွားတိုးတက်ရေးကော်ပိုရေးရှင်းကို ပူးပေါင်း၍ လယ်ယာစိုက်ပျိုးရေး ကော်ပိုရေးရှင်းဟူ၍ လယ်ယာနှင့်သစ်တောဝန်ကြီးဌာနအောက်တွင် ဖွဲ့စည်းခဲ့ပါသည်။ လယ်ယာစိုက်ပျိုးရေး ကော်ပိုရေးရှင်း (Agriculture Corporation) ကို ၁၉၉၀ ခုနှစ်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း ( Myanmar Agriculture Service)အဖြစ် အရာထမ်း(၈၇၈)နေရာ၊ အမှုထမ်း(၁၇၅၇၈)နေရာ၊ စုစုပေါင်း(၁၈၄၅၆)နေရာဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ၂။ ၁၉၉၀ ခုနှစ်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ နှစ်ရှည်သီးနှံဌာနခွဲနှင့်မြန်မာ့စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတို့ ပူးပေါင်းခဲ့ပါသည်။ ၃။ ၁၉၉၄ ခုနှစ်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ မြန်မာ့ကြံလုပ်ငန်း၊ မြန်မာ့ဝါနှင့်ပိုးချည်လုပ်ငန်း၊ မြန်မာ့ ဂုန်လျှော်ပစ္စည်းလုပ်ငန်းများအဖြစ် သီးခြားဖွဲ့စည်းခဲ့ပါသည်။ ၄။ ၂၀၀၄ ခုနှစ်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ စိုက်ပျိုးရေးသုတေသန ဌာနခွဲအား စိုက်ပျိုးရေး သုတေသနဦးစီးဌာနအဖြစ် သီးခြားဖွဲ့စည်းခဲ့ပြီး အရာထမ်း(၇၈၈)နေရာ၊ အမှုထမ်း(၁၆၇၇၇)နေရာ၊ စုစုပေါင်း(၁၇၅၆၅)နေရာဖြင့် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းအဖြစ် လုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပါသည်။ ၅။ ၂၀၀၆ ခုနှစ်တွင် မြန်မာ့ဂုန်လျှော်ပစ္စည်းလုပ်ငန်း၊မြန်မာ့ဝါနှင့်ပိုးချည်လုပ်ငန်း၊ မြန်မာ့ကြံလုပ်ငန်း၊ မြန်မာ့နှစ်ရှည်ပင်လုပ်ငန်းနှင့် မြန်မာ့စိုက်ပျိုးမွေးမြူရေးလုပ်ငန်း(၅)ခုတို့ကို ပေါင်းစပ်၍ မြန်မာ့ စက်မှုသီးနှံဖွံ့ဖြိုးရေးလုပ်ငန်းကိုအရာထမ်း(၈၈၅)နေရာ၊ အမှုထမ်း(၁၀၈၇၇)နေရာ၊ စုစုပေါင်း(၁၁၇၆၂) နေရာဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ၆။ ၂၀၁၂ ခုနှစ်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းကို စိုက်ပျိုးရေးဦးစီးဌာနအဖြစ် အရာထမ်း(၉၈၉) နေရာ၊ အမှုထမ်း(၁၅၄၂၇)နေရာ၊ စုစုပေါင်း(၁၆၄၁၆)နေရာဖြင့် လည်းကောင်း၊ မြန်မာ့စက်မှုသီးနှံ ဖွံ့ဖြိုးရေးလုပ်ငန်းကို စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာနအဖြစ် အရာထမ်း(၇၁၁)နေရာ၊ အမှုထမ်း(၈၁၅၈) နေရာ၊ စုစုပေါင်း(၈၈၆၉)နေရာဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ၇။ ၂၀၁၃ ခုနှစ်တွင် စိုက်ပျိုးရေးဦးစီးဌာန ဖွဲ့စည်းပုံ၌ အရာထမ်း(၁၂၀)နေရာ၊ အမှုထမ်း (၁၁၅၀) နေရာ၊စုစုပေါင်း(၁၂၇၀)နေရာနှင့် စိုက်ပျိုးရေးသိပ္ပံ (၁၀)ကျောင်းအား စိုက်ပျိုးရေး ဦးစီးဌာနသို့ လွှဲပြောင်း လက်ခံရရှိခဲ့ပြီးအရာထမ်း(၁၁၁၈)နေရာ၊အမှုထမ်း(၁၆၅၉၅)နေရာ၊စုစုပေါင်း(၁၇၇၁၃)နေရာဖြစ်ပေါ်လာပါသည်။ ၈။ ၂၀၁၅ခုနှစ်၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုသီးနှံ ဖွံ့ဖြိုးရေးဦးစီးဌာန(၂)ခုပေါင်းစည်း၍ “စိုက်ပျိုးရေးဦးစီးဌာန”အဖြစ် အရာထမ်း(၁၉၀၁)နေရာ၊ အမှုထမ်း(၂၂၀၉၉)နေရာ၊ စုစုပေါင်း (၂၄၀၀၀) နေရာ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ၉။ ၂၀၁၇ခုနှစ်၊မတ်လ(၂၃)ရက်နေ့တွင်ကန့်ဘလူ(ခ)အဆင့်ခရိုင်အား ဖွဲ့စည်းပုံရရှိပါသဖြင့် စိုက်ပျိုးရေးဦးစီးဌာနတွင် အရာထမ်းရာထူး (၁၉၀၆)နေရာ၊ အမှုထမ်းရာထူး(၂၂၁၂၆)နေရာ၊ စုစုပေါင်း (၂၄၀၃၂) နေရာဖြင့် ဖွဲ့စည်းပုံ ထားရှိပါသည်။ မူဝါဒ ၁။ သီးနှံအလိုက်မျိုးကောင်းမျိုးသန့်ထုတ်လုပ်ဖြန့်ဖြူးရာတွင်ဌာနမှသာမကတောင်သူလယ် သမားများပါဝင်သော မျိုးစေ့ထုတ်လုပ်သူများ အသင်းများ(Seed grower Association)ဖွဲ့စညဆောင်ရွက်ရန်၊ ၂။ တောင်သူလယ်သမားများပါဝင်သော သီးနှံအလိုက် မျိုးကောင်းမျိုးသန့်များ ပွားများထုတ်လုပ်ဖြန့်ဖြူးရာတွင် ထုတ်လုပ်သူ တောင်သူလယ်သမားများအတွက် စံချိန်စံညွှန်းပြည့်မီသောသွင်းအားစုများအား အချိန်ကိုက်ထည့်သွင်းနိုင်ရေးနည်း ပညာနှင့် စိုက်ပျိုးနည်းပညာအကူအညီ များကို ဌာနမှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးပြီး ထုတ်လုပ်သူ လယ်သမားများအတွက် စီးပွားရေး တွက်ချေကိုက်မည့် သင့်တော်သော မျိုးစေ့နှုန်းသတ်မှတ်ကာ ဝယ်ယူသိုလှောင် ဖြန့်ဖြူးမည့်သူ နှင့်ချိတ်ဆက်အကောင်အထည်ဖော်ရန်၊ ၃။ သီးနှံအလိုက် မျိုးကောင်းမျိုးသန့်ပွားများ ထုတ်လုပ်ဖြန့်ဖြူးရာတွင် ပုဂ္ဂလိက ကဏ္ဍမှပိုမိုပါဝင်ဆောင်ရွက်နိုင်လာအောင် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကူအညီပေးရန်၊ ၄။ ဖြစ်ပေါ်ပြောင်းလဲနေသော ရာသီဥတုနှင့်လိုက်လျောညီထွေစွာ သီးနှံစိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် မျိုး၊ စိုက်စနစ်၊ သီးနှံပုံစံ၊ ပြောင်းလဲချမှတ်နိုင်ရေး သုတေသနလုပ်ငန်းများကိုစဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊ ၅။ တောင်သူလယ်သမားများ အတွက် အကျိုးအမြတ် ရရှိနိုင်စေမည့် မျိုး၊ စိုက်စနစ်၊ သီးနှံပုံစံစသည့်သီးနှံစံပြကွက်များကို တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်သော(Farmer Participatory Approach) ပုံစံဖြင့်ဆောင်ရွက်ပြီးနည်းပညာပြန့်ပွားစေရေး ဆောင်ရွက်ရန်၊ ၆။ တောင်သူလယ်သမား အစုအဖွဲ့များဖွဲ့စည်း၍ စိုက်ပျိုးရေးထုတ်လုပ်မှုတိုးတက်ရေးသာမကပြုပြင်ထုတ်လုပ်သည့် ကုမ္ပဏီများနှင့် ချိတ်ဆက်ပြီး ကန်ထရိုက်လယ်ယာစနစ် ( Contract Farming)ပေါ်ပေါက် လာရန်နှင့် အစုအဖွဲ့အခြေခံ၍ ဘက်စုံစိုက်ပျိုးမွေးမြူရေးစနစ် ( Community Integrated Farming System) ပေါ်ထွန်းလာရန်၊ ၇။ စားသုံးသူ လုပ်သားပြည်သူများအတွက် စားနပ်ရိက္ခာဖူလုံပြီး လုံခြုံစိတ်ချစေရေးအတွက်သီးနှံအလိုက်စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(Good Agricultural Practices) ကိုတောင်သူများ လိုက်နာကျင့်သုံးလာအောင် စည်းရုံးပညာပေးဆောင်ရွက်ရန်၊ ၈။ တောင်သူလယ်သမားများ သီးနှံ စိုက်ပျိုးထုတ်လုပ်ရာတွင် သုံးစွဲသည့် မျိုး၊ ဓါတ်မြေသြဇာ၊ပိုးသတ်ဆေးစသည့် သွင်းအားစုများ စံချိန်စံညွှန်းနှင့်အညီ ရောင်းဝယ်ဖောက်ကား သုံးစွဲနိုင်ရေး အတွက် ပြဌာန်းထားသော ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ရန်၊ ၉။ တောင်သူလယ်သမားများစိုက်ပျိုးရေးနည်းပညာများအလွယ်တကူလေ့လာသိရှိနိုင်ရန်တောင်သူ လယ်သမားကဏ္ဍ ရုပ်သံလိုင်း (Farmer Channel) အပါအဝင် ပုဂ္ဂလိကမီဒီယာများနှင့် ဆက်စပ် ဆောင်ရွက်ရန်၊ ၁၀။ ဝန်ထမ်းတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည် တိုးတက်ရေး( Capacity Building ) ဆောင်ရွက်ရန်၊ ရည်မှန်းချက် ၁။ စားနပ်ရိက္ခာဖူလုံမှု၊ အဟာရပြည့်ဝစေရေးနှင့်အစားအစာဘေးအန္တရာယ်ကင်းရှင်းမှုတိုး တက်လာစေရန်၊ ၂။ တောင်သူလယ်သမားများ၏အခွင့်အရေး ပြည့်ဝစွာရရှိ ခံစားနိုင်စေရန်နှင့် အကျိုးစီးပွား မြင့်မားလာစေရန်၊ ၃။ လုပ်ကွက်ငယ် တောင်သူလယ်သမားများကို အခြေခံ၍ အစုအဖွဲ့များဖွဲ့စည်းပြီး စိုက်ပျိုးရေး လုပ်ငန်းများကို ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ယင်းလုပ်ငန်းများတွင်အမျိုးသမီးများ၏အခန်း ကဏ္ဍကို ပိုမိုမြှင့်တင်ရန်၊ ၄။ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် လိုအပ်သောနည်းပညာနှင့်ငွေကြေးအရင်း အနှီးများအတွက်ပြည်တွင်းပြည်ပအကူအညီ၊အဆထောက်အပံ့နှင့်ချေးငွေများရရှိရေးကူညီဆောင်ရွက်ပေးရန်၊ ၅။ တန်ဖိုးကွင်းဆက်(ValueChain)တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှုနှင့်စားသုံးမှုကဏ္ဍများကို ထိရောက်စွာချိတ်ဆက်ဆောင်ရွက်သွားရန်၊ ၆။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ရေရှည်တည်တံ့သော လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် သက်ဆိုင်ရာကဏ္ဍ အသီးသီးမှ အစိုးရ အဖွဲ့အစည်းများ အချင်းချင်း ပူးပေါင်းဆောက်ရွက်ခြင်းအစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများပူးပေါင်း ဆောင်ရွက်ခြင်း အပါအဝင် သက်ဆိုင်သူများအားလုံး(Stake-holders)ပူးပေါင်း ပါဝင်ဆောင်ရွက်သွားရန်၊ ၇။ သီးနှံများစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ၈။ စျေးကွက်ခိုင်မာလာစေရန်၊ ၉။ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်လာစေရန်၊ ၁၀။ လယ်ယာကဏ္ဍဆိုင်ရာ သုတေသနနှင့်သတင်းအချက်အလက်ဖြန့်ဖြူးခြင်း လုပ်ငန်းဆောင်ရွက်ရန်၊ လုပ်ငန်းတာဝန် (၁) သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များ ပြန့်နှံ့အောင်ဆောင်ရွက်ခြင်း။ (၂) ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုလျှော့ချရေး။ (၃) အကျိုးဆောင်တောင်သူများအား မျိုးစေ့နှင့်နည်းပညာများပံ့ပိုးခြင်း။ (၄) တောင်သူလယ်သမားအကျိုးစီးပွားမြှင့်တင်ရေးဥပဒေဆိုင်ရာလုပ်ငန်းများ။ (၅) ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း။ (၆) ခေတ်မီနည်းစနစ်များလက်တွေ့ကျင့်သုံးရေးလေ့ကျင့်ပညာပေးခြင်း။ (၇) အရည်အသွေးကောင်းမျိုးသစ်များသုံးစွဲနိုင်ရေးသုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။ (၈) မျိုးကောင်းမျိုးသန့်မျိုးစေ့များထုတ်လုပ်ဖြန့်ဖြူးပေးခြင်း။ (၉) သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များသုံးစွဲ၍ အထွက်နှုန်းတိုးတက်စေရန် လေ့ကျင့်ပညာပေးဆောင်ရွက်ခြင်း။ (၁၀) သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များ စဉ်ဆက်မပြတ်တိုးတက်ဖွံ့ဖြိုးရေးအတွက် သုတေသန လုပ်ငန်းများဆောင်ရွက်ခြင်း။ (၁၁) မျိုးစေ့အရည်အသွေးထိမ်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း။ (၁၂) မျိုးစေ့လုပ်ငန်းများစနစ်တကျဆောင်ရွက်ရန်အတွက်မျိုးစေ့ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိန်းကျောင်းကြီးကြပ်ပေးခြင်း။ (၁၃) ပုဂ္ဂလိကမျိုးစေ့လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အမျိုးသားမျိုးစေ့မူဝါဒရေးဆွဲ၍ အကောင်အထည်ဖေါ်ဆောင်ရွက်ခြင်း။ (၁၄) မြေအမျိုးအစားအလိုက်မြေပုံများ (Soil Map )ဖေါ်ထုတ်ခြင်း။ (၁၅) စိုက်ပျိုးထုတ်လုပ်ရာတွင် အဟန့်အတားဖြစ်စေသော မြေဆီလွှာပြဿနာများအားပြုပြင်ခြင်း။ (၁၆) သီးနှံအလိုက် မြေသြဇာလိုအပ်ချက်နှင့်ကိုက်ညီအောင် မြေဆီလွှာအတွင်းသို့အပင် အာဟာရများမျှတစွာရရှိစေရန် ဆောင်ရွက်ခြင်း။ (၁၇) မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း။ (၁၈) မြေဆီလွှာနှင့်ရေအာဟာရဓါတ်ခွဲခြင်း။ (၁၉) မြေသြဇာဥပဒေနှင့်လုပ်ထုံးလုပ်နည်းများ ထုတ်လုပ်ပြဌာန်းပြီး အတုအပများကင်းရှင်း၍ အရည်အသွေးစစ်မှန်သော မြေသြဇာများကိုသာတောင်သူများ လက်ဝယ်သို့ရောက်ရှိအောင် ဆောင်ရွက်ပေးခြင်း။ (၂၀) ဘက်စုံသီးနှံကာကွယ်ရေးစနစ်ဖြင့် သီးနှံတစ်ခုစီအလိုက် ဘက်စုံသီးနှံကာကွယ်ရေး ပုံစံများ ချမှတ်ဆောင်ရွက်ရန်။ (၂၁) သီးနှံကာကွယ်ရေးဆိုင်ရာ ဓါတုပစ္စည်းများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ စားသုံး သူများနှင့်အသုံးပြုသူများ၏ကျန်းမာရေးထိခိုက်မှုများ ထိန်းသိမ်းရန်။ (၂၂) ပြည်ပပို့ကုန်သီးနှံများကို အပြည်ပြည်ဆိုင်ရာပိုးမွှားထိန်းချုပ်ရေးသတ်မှတ်စံချိန်စံညွှန်းနှင့်အညီတင်ပို့ရန်။ (၂၃) ပိုးသတ်ဆေးဥပဒေဆိုင်ရာလုပ်ငန်းများဆောင်ရွက်ခြင်း။ (၂၄) သတ္ထုအဆိပ်၊ မှိုအဆိပ်စစ်ဆေးခြင်းလုပ်ငန်း။ (၂၅) ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံမျိုးကောင်းမျိုးသန့်များမွေးမြူထုတ်လုပ်ခြင်း။ (၂၆) ဝန်ထမ်းရေးရာများဆောင်ရွက်ခြင်း။ (၂၇) ရာထူးခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း (၂၈) ဖွဲ့စည်းပုံကိစ္စများ တင်ပြဆောင်ရွက်ခြင်း (၂၉) ဒေသပြောင်းရွှေ့တာဝန်ပေးအပ်ခြင်း (၃၀) ဌာနကူးပြောင်း တာဝန်ထမ်းဆောင်စေခြင်း (၃၁) ရာထူးနွယ်ဖြင့် တာဝန်ထမ်းဆောင်ခြင်း (၃၂) နှုတ်ထွက်ခွင့်ပြုခြင်း (၃၃) ကွယ်လွန်ရပ်စဲ ခွင့်ပြုခြင်း (၃၄) ပြည်တွင်း/ပြည်ပ သင်တန်းများ စေလွှတ်ခြင်း (၃၅) ပြည်တွင်းသင်တန်းများတွင်ဘာသာရပ်ဆိုင်ရာပညာရှင်များအားရွေးချယ်စေလွှတ်ပေးခြင်း (၃၆) နှစ်တိုးခံစားခွင့်ပြုခြင်း၊ ခွင့်ခံစားခွင့်ပြုခြင်း (၃၇) ဝန်ထမ်းမှတ်တမ်းများ ထိမ်းသိမ်းခြင်း (၃၈) ဘွဲ့ထူး ဂုဏ်ထူးများ ချီးမြှင့်ခြင်း (၃၉) ပင်စင်ခံစားခွင့်ပြုခြင်း (၄၀) ပြစ်မှုမှုခင်းကိစ္စများဆောင်ရွက်ခြင်း (၄၁) ထူးခြားဖြစ်စဉ်ဆိုင်ရာကိစ္စရပ်များဆောင်ရွက်ခြင်း (၄၂) ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေးကိစ္စများဆောင်ရွက်ခြင်း (၄၃) မူဝါဒ-အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း (၄၄) အဆောက်အဦးကိစ္စရပ်များဆောင်ရွက်ခြင်း။ (၄၅) မော်တော်ယာဉ်ဆိုင်ရာကိစ္စရပ်များဆောင်ရွက်ခြင်း။ (၄၆) စက်ပစ္စည်းကိစ္စရပ်များဆောင်ရွက်ခြင်း။ (၄၇) ငွေကြေးသုံးစွဲခွင့်ဆိုင်ရာကိစ္စရပ်များ။ (၄၈) BOT ငှားရမ်းရေးကိစ္စများ ဆောင်ရွက်ခြင်း။ (၄၉) ပြည်တွင်း/ပြည်ပစီမံကိန်းဆိုင်ရာရေးဆွဲ၊ စိစစ်၊ သုံးသပ်ခြင်း။ (၅၀) ပြည်ပစီမံကိန်းအထောက်အကူများရရှိစေရန်အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့်ညှိနှိုင်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်း။ (၅၁) e-Government ။ (၅၂) နိုင်ငံခြားသား ဝင်/ထွက်ခြင်းကိစ္စများ။ (၅၃) စီမံကိန်းလုပ်ငန်းများ စုစည်းတင်ပြခြင်း။ (၅၄) ဘတ်ဂျက်အသုံးစရိတ်များဆောင်ရွက်ခြင်း။ (၅၅) စာရင်းစစ်ဆေးခြင်း။ (၅၆) စာရင်းများပြုစုခြင်း။ (၅၇) အလယ်အလတ်အဆင့် စိုက်ပျိုးရေးအတတ်ပညာရှင်များနှင့်ကျွမ်းကျင်သူများမွေးထုတ်ပေးရန်။ (၅၈) သင်ကြားတတ်မြောက်ထားသည့်ပညာရပ်ဖြင့်တောင်သူလယ်သမားများအားခေတ်မီစိုက်ပျိုးရေးနည်းပညာများ ပြန်လည်ဆင့်ပွားပညာပေးရန်။ (၅၉) ဒေသတွင်းရှိလယ်ယာကဏ္ဍထုတ်ကုန်မှ တောင်သူဝင်ငွေတိုးတက်ရန်နှင့်လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုရန်။

ဆက်စပ်မေးခွန်းများ

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ

Ko Shwe Lin • ဖြေကြားချက် 2 ခု

ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာ‌တွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ

ဇော်လင်းအောင် • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....