အစိမ်းရောင်လမ်း
စံပယ်ကိုင်းလေးတစ်ကိုင်းကနေ စံပယ်ရုံကြီးဖြစ်အောင် ဘယ်လိုလုပ်ဆောင်ကြမလဲ?

စံပယ်ကိုင်းလေးတစ်ကိုင်းကနေ စံပယ်ရုံကြီးဖြစ်အောင် ဘယ်လိုလုပ်ဆောင်ကြမလဲ?

အိမ်မှာနေရင်း ပန်းချစ်သူတွေ လိုက်စိုက်လို့ရစေမယ့်နည်းလမ်းလေးပါ။(you tube ဗွီဒီယိုလေးကို အဆင်ပြေအောင် ဘာသာပြန်ဖော်ပြခြင်းပါဗျ။)

ပထမဦးစွာ အဆစ်(၃) ဆစ်ပါတဲ့ စံပယ်အကိုင်းလေးတစ်ကိုင်းကို ယူပါ။ အဆစ်နေရာကနေ အမြစ်တွေထွက်မှာဖြစ်တဲ့အတွက် အောက်ဘက်က အဆစ်ပိုင်းလေးကို တစောင်းလေးဖြတ်လိုက်ပါ။ ကတ်ကြေးကို အသုံးမပြုခင် သန့်စင်အောင်လုပ်ပါ(ရောဂါပိုးဝင်ရောက်တာကို ကာကွယ်ဖို့ပါဗျ)

ကိုင်းဖြတ်စလေးကို ရေထဲခဏစိမ်ပေးထားပါ။

ကိုင်းဖြတ်စအား ပျိုးထောင်ခြင်း

ပျိုးထောင်ဖို့မြေကိုတော့ မြေမွမွလေးကို သုံးပါဗျ။ ကိုင်းဖြတ်စိုက်တဲ့အကိုင်းတွေက မြေမွမွမှာဆို အမြစ်ထွက် ပိုမြန်လို့ပါ။ ထို့နောက် ရေစိမ်ထားတဲ့ ကိုင်းဖြတ်စကို မြေမွမွရှိတဲ့ ခွက်လေးတစ်ခုထဲကို ထည့်ပျိုးပါ။(တစ်ခါသုံး ကော်ဖီခွက်တွေကို ဒီနေရာမှာ ပြန်သုံးလို့ရပါတယ်) မြေကိုဖိပေးပြီး ရေမှန်မှန်လေး လောင်းထားလိုက်ပါ။ 

၄၅ရက်လောက်ကြာတဲ့အခါ  အညွှန့်သစ်တွေ ထွက်လာတာကို တွေ့ရမှာပါဗျ။ ဒီအချိန်မှာဆိုရင်တော့ အမြစ်တွေထွက်နေပြီလို့ သိနိုင်မှာဖြစ်ပါတယ်။ 

ပိုပြီးကျယ်တဲ့ ထည့်စရာတစ်ခုထဲ ပြောင်းစိုက်ခြင်း

ဇကာခြင်းလိုမျိုး ထည့်စရာ ပစ္စည်းကို သုံးစေချင်ပါတယ်ဗျ။ဒ ါမှ  စံပယ်အမြစ်လေးတွေက အသက်ရှုနိုင် အစာစားနိုင်ပြီ ပန်းများများပွင့်နိုင်မှာလဲ ဖြစ်ပါတယ်။ အဲ့ဒီ ဇကာခြင်းထဲကို မြေမွမွလေးထပ်ထည့်ပါ။ထို့နောက် စံပယ်ပင်လေးကို ပြောင်းထည့်ပြီး ဖိပေးပါ။ သုံးလကြာတဲ့အခါ အမြစ်တွေဖွေးနေတာကိုတွေ့ရမှာပါ။

အဲ့ဒီလို အမြစ်တွေဖွေးနေပြီ ဆိုရင်တော့  ကျွန်တော်တို့ အသုံးပြုချင်တဲ့ အိုးထဲကို ပြောင်းလို့ရပါပြီဗျ။ ဇကာလေးကို သုံးထားတာမို့ အလွယ်တကူပဲ ရွေ့ပြောင်းနိုင်မှာလဲဖြစ်ပါတယ်။

အိုးထဲကို ပြောင်းမစိုက်ခင် အိုးထဲမှာထည့်ရမယ့် မြေသြဇာ စပ်နည်းလေးကို  ပြောပြပေးချင်ပါတယ်ဗျ။

မြေစပ်နည်း 

-တီကျစ်မြေသြဇာ တစ်ခွက်

-သဲ တစ်ဆ

-နှမ်းဖက် တစ်ဆ

( တကယ်လို့ နှမ်းဖက်မရရင်လည်း သဲများများထည့်ပါ) ဒီလိုရောစပ်အသုံးပြုပေးမယ်ဆိုရင်  အပင်ပုပုလေးနဲ့ ပန်းတွေ အများကြီး ပွင့်လာစေပါတယ်ဗျ။

အိုးထဲသို့ ပြောင်းရွှေ့စိုက်ခြင်း

အောက်ခြေမှာ အပေါက်ပါတဲ့ အိုးတစ်လုံးကိုယူပြီး ပိုက်စသေးသေးလေးခံလိုက်ပါ။ အပင်အမြစ်တွေလေရှူလို့ရအောင်နဲ့ ရေပိုတွေ ထွက်နိုင်အောင် ဒီလိုလေးလုပ်သင့်ပါတယ်ဗျ။

အိုးရွေးချယ်ပြီးရင်တော့ ရောစပ်ထားတဲ့မြေကို တစ်ဝက်လောက်အရင်ထည့်ပါ။ 

အမြစ်တွေပွားနေပြီ ဖြစ်တဲ့ စံပယ်ပင်ပေါက်လေးကို ထည့်ပါ။ ကျန်တဲ့မြေဆွေး တစ်ဝက် ပြန်အုပ်ပါ။လက်လေးနဲ့ မြဲအောင်ဖိပေးပါ။(ရေလောင်းလိုက်တဲ့အခါ အမြစ်ပွလာမှာစိုးလို့ပါဗျ)

ရေလေးပုံမှန်လောင်းပြီး နေရောင်ရတဲ့နေရာမှာ ထားပေးပါ။ ၄ လလောက်ကြာတဲ့အခါ စံပယ်ရုံကြီးဖြစ်နေတာကိုတွေ့ရမှာပါ။

 ဒီလိုမျိုး အပင်တော့ဖြစ်ပြီး ပန်းမပွင့်တဲ့ ဖြစ်ရပ်မျိုးတွေ ပန်းစိုက်သူတိုင်း ကြုံဖူးမှာပါ။ 

ဒီလိုဖြစ်နေမယ်ဆိုရင်တော့ ကိုင်းသင်ပေးဖို့ လိုပါတယ်ဗျ။ ခြောက်နေတဲ့အကိုင်းတွေ သေးနေတဲ့အကိုင်းတွေကို ဖယ်ပစ်ခြင်းက အညွှန့်သစ်တွေဖြစ်စေပြီး ပန်းပွင့်လာစေဖို့ အားပေးလို့ပါ။ 

ဒီလိုကိုင်းသင်ပြီးရင်တော့ မြေသြဇာရည်လောင်းရပါမယ်။ 

အားဆေးရည်ပြုလုပ်နည်း

ငှက်ပျောသီးခွံ နဲ့ ရေနဲ့ကို  ၃ ရက်စိမ်ထားလိုက်ပါ။ ပန်းပွင့်ဖို့အတွက် အကောင်းဆုံးအားဆေးဖြစ်ပါတယ်။ တတိယနေ့မှာ အားဆေးရည်က အညိုရောင်ဖြစ်နေပြီး သုံးဖို့အသင့်ဖြစ်ပါပြီ။ ရေနဲ့ဆတူရောပြီး အသုံးပြုနိုင်ပါပြီ။ 

ဒီနည်းလမ်းလေးအတိုင်းလိုက်လုပ်ပြီး စံပယ်ပန်း လှလှ မွှေးမွှေးလေးတွေပိုင်ဆိုင်နိုင်ကြပါစေ။ 

ထွန်းရာဇာ

Ref; https://www.youtube.com/watch?v=Zokr408PqsQ&feature=emb_rel_end

 ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ အသုံးဝင်ပါတယ်/အသုံးမဝင်ပါ ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ

Aung Ko Ko Htay

Aung Ko Ko Htay

လွန်ခဲ့သော ၄ နှစ် က

ငှက်ပျောခွံကိုအစိုသုံးရမှာလားဗျ

Si Thu

Si Thu

လွန်ခဲ့သော ၄ နှစ် က

ငှက်ပျောသီးခွံက အသားစားပြီးသားအခွံလားခင်ဗျ

Htin.Lin.Aung

Htin.Lin.Aung

လွန်ခဲ့သော ၅ နှစ် က

အခုလိုဖြေကျားပေးတဲအတွက်.ကျေးဇူးအထူးတင်ပါတယ်ဗျာ

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၅ နှစ် က

ဇန်နဝါရီနဲ့ ဖေဖေါ်ဝါရီမှာ ပန်းပွင့်နည်းပြောပြပေးပါဆရာ။

ဦးစန်းဝင်း

ဦးစန်းဝင်း

လွန်ခဲ့သော ၅ နှစ် က

တီကျစ်​မြေဩဇာကိုဘယ်လိုရနိုင်မလဲခင်ဗျာ

You

ဆက်စပ်ဆောင်းပါးများ

Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ

Ko Shwe Lin • ဖြေကြားချက် 2 ခု

ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာ‌တွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ

ဇော်လင်းအောင် • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....