အစိမ်းရောင်လမ်း
ပဲယင်းစိုက်ပျိုးနည်း

ပဲယင်းစိုက်ပျိုးနည်း

ရာသီဥတု အမျိုးအစား

     ပဲယင်းက ပူနွေးတဲ့ရာသီဉတုကို ကြိုက်နှစ်သက်ပါတယ်။ အပူချိန် (၁၈ မှ ၃၇)ဒီဂရီစင်တီဂရိတ်အထိ စိုက်ပျိုးဖြစ်ထွန်းနိုင်ပါတယ်။ စိုက်ချိန်ကတော့ ဇူလှိုင်လအတွင်း စိုက်ခြင်းက အသင့်တော်ဆုံးဖြစ်ပြီး ဩဂုတ်၊စက်တင်ဘာလအထိ စိုက်ပျိုးနိုင်ပါတယ်။

စိုက်ပျိုးထုတ်လုပ်သော ဒေသများ

     ပဲယင်းကို မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းတို့မှာ အများအပြားစိုက်ပျိုးကြပြီး ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာလည်း အသင့်အတင့်စိုက်ပျိုးကြပါတယ်။

မြေအမျိုးအစား

     ပဲယင်းကို မြေအမျိုးအစား အတော်များများမှာ စိုက်ပျိုးဖြစ်ထွန်းနိုင်ပါတယ်။ ရေစီးရေလာကောင်းတဲ့ နုန်းမြေတွေနဲ့ မြေဩဇာကြွယ်ဝတဲ့ သဲနုန်းမြေတွေမှာတော့ ပိုပြီးသင့်တော်ပါတယ်။ ဒါပေမယ့် ဆားပေါက်တဲ့မြေ၊ သဲဆန်တဲ့မြေနဲ့ ရေဝပ်တဲ့မြေတွေမှာတော့ မစိုက်သင့်ပါဘူးဗျ။

မျိုးစေ့နှုန်းထား

     အတန်းလိုက်စိုက်မယ်ဆိုရင် ၁ ဧကကို (၆ မှ ၈) ပြည်နှုန်း သုံးစွဲနိုင်ပြီး ကြဲပက်စိုက်မယ်ဆိုရင်တော့ (၁၀-၁၂) ပြည်အထိ သုံးစွဲပေးရပါမယ်။

မြေပြင်ခြင်းနဲ့ စိုက်ပျိုးခြင်း

- ပဲယင်းစိုက်မယ့်မြေကို ထယ်နက်နက်တစ်ကြိမ်နဲ့ ထွန်ရေးနှစ်ကြိမ်ဝင်ပြီး မြေပြင်သင့်ပါတယ်။ စိုက်မယ့်မြေမှာရှိတဲ့ ပေါင်းမြက်အမှိုက်တွေနဲ့ ရိုးပြတ်တွေကို ရှင်းပေးပါ။ 

- ထယ်ထိုးထွန်မွှေနေစဉ်အတွင်း သဘာဝမြေဆွေးများ၊ နွားချေးများ ထည့်ပေးပါ။ ဓာတ်မြေဩဇာများအဖြစ် ပုလဲ (၆-၈) ပြည်၊ တီစူပါ (၂၀-၂၄) ပြည်နှုန်းဖြင့် ထည့်ပေးပါ။ 

- ပဲယင်မျိုးစေ့တွေကို တန်းကြား (၁၀-၁၂) လက်မ၊ ပင်ကြား (၄-၅) လက်မ ထား၍ အတန်းလိုက်စိုက်ပါ။ မျိုးစေ့တွေကို မြေကြီးအနက် တစ်လက်မထားစိုက်ပြီး ရေအနည်းငယ်ဖျန်းပေးပါ။

မြေဩဇာကျွေးခြင်းနဲ့ ရေသွင်းခြင်း 

- စိုက်ပျိုးနောက်ပိုင်းမှာတော့ မြေဩဇာကျွေးခြင်းကို အထူးတလည်ထပ်ပြီး လုပ်စရာမလိုတော့ပါဘူး။ မြေပြင်ချိန်တုန်းက ကျွေးခဲ့တာတွေနဲ့ လုံလောက်မှုရှိပါတယ်ဗျ။

 - ရေသွင်းခြင်းကိုတော့ မိုးရာသီမှာ လုပ်စရာမလိုပါဘူး။ နွေရာသီမှာတော့ (၂-၃) ကြိမ်ရေသွင်းပေးဖို့ လိုအပ်ပါတယ်။

ပေါင်းနှိမ်နင်းခြင်း

     သီးနှံသက်တမ်းတစ်လျှောက်မှာ ပေါင်းကျရောက်ခြင်းက အဓိကပြဿနာတစ်ရပ်ပါပဲ။ ပေါင်းမြက်တွေက မြေကြီးထဲမှာရှိတဲ့ ပဲပင်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေကို လုယူစားသုံးကြတာမို့ အထူးကာကွယ်နှိမ်နင်းဖို့ လိုအပ်ပါတယ်။ စိုက်ပြီးရက်ပေါင်း (၃၀-၅၀) အတွင်း (၂-၃) ကြိမ် ကြားပေါင်းလိုက်ပေးဖို့ လိုအပ်ပါမယ်။ မြေဖုံးခြင်းလုပ်ပေးနိုင်မယ်ဆိုရင်တော့ ပေါင်းနှိမ်နင်းဖို့ အသင့်တော်ဆုံးနည်းလမ်းဖြစ်သလို မြေကြီးရဲ့အစိုဓာတ်ပါထိန်းထားပေးနိုင်ပါတယ်။

ကျရောက်တတ်သော ပိုးမွှားနဲ့ ရောဂါများ

- ပဲယင်းမှာဆိုရင်တော့ သီးလုံးဖောက်ပိုးနဲ့ ကျိုင်းနက်ကောင်တွေသာ အဓိကကျရောက်တာကို တွေ့ရပါတယ်။ ခူးမွေးရှည်တွေလည်း ကျရောက်တတ်ပါတယ်။ သီးလုံးဖောက်ပိုးကို Acephate အဆီဖိတ် 75 SP၊ ကျိုင်းနက်ကောင်တွေကို Deltamethrin ဒယ်တာမီသရင် 2.8 EC ဖြင့် နှိမ်နင်းနိုင်ပါတယ်။ 

 - ရောဂါတွေအနေနဲ့ကတော့ အဝါရောင်မိုစေ့ရောဂါနဲ့ အရွက်ပုပ်၊ အရိုးပုပ်ရောဂါတွေ ကျရောက်တတ်ပါတယ်။ အဝါရောင်မိုစေ့ရောဂါကို ကာကွယ်ဖို့ဆိုရင် အပင်တွေ စဝါကတည်းက နှုတ်ပစ်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။  

ခူးဆွတ်ရိတ်သိမ်းခြင်း

- ပဲယင်းကို စိုက်ပျိုးပြီး (၃-၄) လ အကြာ ရက်ပေါင်း (၉၀-၁၂၀) အတွင်း ခူးဆွတ်ရိတ်သိမ်းကြပါတယ်။

- တစ်နည်းအားဖြင့် သီးတောင့်တွေရဲ့ ၈၀% က အညိုရောင်ပြောင်းနေတဲ့အချိန်မှာ စတင်ခူးဆွတ်နိုင်ပါပြီ။ 

- ခူးဆွတ်ခြင်းကို မနက်ခင်းပိုင်းမှာလုပ်ဆောင်ခြင်းက ပိုသင့်တော်စေပါတယ်။ ခူးဆွတ်ပြီးတဲ့သီးတောင့်တွေကို နေလှန်းအခြောက်ခံပြီး အစေ့ထုတ်ကာ သိုလှောင်ထားနိုင်ပါတယ်။

ထွန်းရာဇာ

Ref; https://www.apnikheti.com/en/pn/agriculture/crops/pulses/ricebean

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

7
Aye Aye Aung

Aye Aye Aung

လွန်ခဲ့သော ၁ နှစ် က

ပန်းစတငပွင့်ရက်ပန်းပွင့်စုံရက်လေးသိချင်ပါတယ်

ကျော်သူ

ကျော်သူ

လွန်ခဲ့သော ၃ နှစ် က

ပဲရင်း ဝါ နဲ့ ပဲရင်း နီ ခွဲခြား တင်ပေးသင့်ပါတယ် တမျိုး စီးက စိုက်နှုန်း စနစ် မတူညီပါဘူး

U Thet Lwin

U Thet Lwin

လွန်ခဲ့သော ၄ နှစ် က

ယခုနောက်ပိုင်း ပဲယင်းနီများသာ စိုက်ပျိုးနေကြပြီး အစစအရာရာ Update ဖြစ်သည်ရန် လိုနေပါပြီ။

U     Tun    Nyein

U Tun Nyein

လွန်ခဲ့သော ၅ နှစ် က

ရေလိုက်ပက်တာပဲပင်မတက်လို့အကြံပေးပါအုံး

Sun Shwe Myint

Sun Shwe Myint

လွန်ခဲ့သော ၅ နှစ် က

အခုမှစမ်းစိုက်ထားတယ်ဘယ်လိုလုပ်ရင်ကောင်မလယ်ဘယ်ဈေးလောက်ရှိ့မလယ်ခင်များ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ

Ko Shwe Lin • ဖြေကြားချက် 2 ခု

ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာ‌တွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ

ဇော်လင်းအောင် • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....