စတော်ဘယ်ရီပင် စိုက်ပျိုးနည်း
၁။ မူရင်းဒေသမှာ မြောက်အမေရိကဖြစ်ပြီး အင်္ဂလိပ် အမည်မှာ STRAWBERRYဖြစ်သည်။ ရုက္ခဗေဒ အမည်မှာ Fragaria virginiana ပြီး မျိုးရင်း အမည် -ROSACEAE ဖြစ်သည်။
၂။ မျိုးများ
ရှမ်းပြည်နယ် ဟိုပုံးမြို့နယ်၊ မဲနယ်တောင် ဒေသတွင် ပအိုဝ်နီမျိုး များကို စိုက်ပျိုးပြီး ပြင်ဦးလွင် ဒေသတွင်မူ စစ်မဖြစ်မီကရောက်ရှိလာခဲ့သော မျိုးများမှာပွားများ စိုက်ပျိုးလာခဲ့ကြောင်း သိရပါသည်။
အသီး အရောင်အဆင်းမှာ အနီ၊ ပန်းရောင်နှင့် အဖြူရောင်များတွေ့ရပြီး အသီး ပုံသဏ္ဌန်မှာ ထုလုံးချွန်ပုံမှ ဘဲဥပုံထိ အမျိုးမျိုးစိုက်ပျိုး ကြသည်။
အလုံးအရွယ် ကြီးမားသည့် သီးစားမျိုးများ ၁၉၉၄ ခုနှစ်တွင် အစ္စရေးနိုင်ငံမှ တင်သွင်းသည့် ချန်ဒလာ၊ အော်ဆိုဂရန်ဒီခေါက်ဂလပ်စ် မျိုးများ စင်္ကာပူနိုင်ငံနှင့် အကျိုးတူ ပူးပေါင်း၍ တစ်သျှူး မျိုးပွားနည်းဖြင့် မျိုးပွားတင်သွင်းခဲ့သော မျိုးများကို ယခင်က ရွေးချယ် စမ်းသပ် စိုက်ပျိုးမှုများ ပြုလုပ်ခဲ့သည်။
၂။ စိုက်ပျိုးသည့်ဒေသ
ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်တွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြပါသည်။ ယခုအခါ တောင်ပေါ်ဒေသမှ ပျိုးပင်များကို ပုပ္ပါးတောင်ခြေ တစ်ဝိုက်တွင် စမ်းသပ် စိုက်ပျိုးအောင်မြင်နေပြီ ဖြစ်ပါသည်။
၃။ ရေမြေရာသီဥတု
သဲနူန်းမြေသည် မြေဆွေးဓာတ်ပါဝင်မူများသဖြင့် စတော်ဘယ်ရီ စိုက်ပျိုးရန် ကောင်းမွန်ပါသည်။ ရှမ်းပြည်နယ်ရှိ ခဲမြေတွင် စိုက်ပျိုးလေ့ ရှိပြီးတောင်ပေါ်မြေနီစေးတွင် စိုက်ပျိုးခြင်းထက် အထွက်နူန်း တစ်ဆခန့် ပိုမိုပါသည်။
အေးမြသောရာသီဥကို ကြိုက်နှစ်သက်သည်။ အလွန်ခြောက်သွေ့ ပူပြင်းက အသီးမတင်ခြင်းနှင့် အသီး ပုံသဏ္ဌာန် မမှန်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။ အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်ပါက အပင်သေစေနိုင် ပါသည်။
၄။ အပင်သားတက် (Runner) ရယူခြင်း
စတော်ဘယ်ရီသီးမှ အစေ့ထုတ်ယူ၍ အပင်ဖောက်ကာ မျိုးပွားနိုင်သော်လည်း ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးရန် အတွက်မူ ပင်မကြီးမှ ထွက်လာသော မြစ်လျှောက် ပင်စည်များ အဆစ်နားမှ အပင် သားတက်များ(Runner) ထွက်လာရာမှ အမြစ် တွယ်လာပြီးနောက် သားတက်များကို ဖြတ်တောက်မွေးမြူ၍ ရွေ့ပြောင်း စိုက်ပျိုးလေ့ ရှိပါသည်။ ပျိုးပင်ဘဝတွင် အအေးဓာတ် လွမ်းခြုံပေးခြင်း ခံရပြီး ဖြစ်သည့်အတွက် မြေပြန့်ဒေသများတွင် စိုက်ပျိုးပါကလည်း ပုံမှန်သီးပွင့်မှု ရရှိစေနိုင်ပါသည်။ စတော်ဘယ်ရီအားလုံး ဆွတ်ခူးပြီးပါက မိခင်ပင်အားလုံးကိုတောင်ပေါ်ဒေသသို့ပြန်လည်ပြောင်းရွေ့ စိုက်ပျိုးရန် လိုအပ်ပါသည်။
၅။ အစေ့မှ မျိုးပွားခြင်း
ကောင်းစွာ ရင့်မည့်ပြီးသော စတော်ဘယ်ရီသီးများအား ဆွတ်ခူးပြီး သင့်တော်သော ပုံးတစ်ခုတွင် အချဉ်ဖောက်၍ ပျော်သည် အထိထားရမည်။ အသီးဖတ် အကျိအချွဲများနှင့် အစေ့များ သီးခြားစီ ကွဲပြားချိန်တွင် ရေဖြင့် အကြိမ်ကြိမ် ဆေး၍ မျိုးစေ့များ ထုတ်ယူ ရရှိနိုင်ပါသည်။ မျိုးစေ့များ ကောင်းမွန်စွာခြောက်သွေ့အောင် အခန်းထဲတွင် ခုနှစ်ရက်ခန့်ထားပြီးမှ ပျိုးထောင်ရပါမည်။
ရရှိသော မျိုးစေ့များအား ပျိုးသေတ္တာတွင် ပွက်ပွက်ဆူသောရေနွေးဖြင့် လောင်းပြီး ပိုးသန့်ထားသော မြေဆွေးများ ထည့်၍ လက်မဝက် ပတ်လည်အကွက်များ အရာပေးကာ အလယ်တွင် အစေ့ချ ပျိုးထောင်နိုင်ပါသည်။ အလွန်သေးငယ်သော မျိုးစေ့များဖြစ်၍ အပင်ပေါက်ချိန်တွင် မှိုရောဂါမကျ ရောက်စေရန် အတွက် ပိုးသတ်ထားသောရေဖြင့် အစိုဓာတ် လိုအပ်မူပေါ် မူတည်၍ အနည်းငယ်စီသာ ပတ်ဖျန်းပေးရပါမည်။ အညှောက်ပေါက်ပြီး မျိုးသက် ၄၅−၅၀ ရက်ခန့်တွင် ရွေ့ပြောင်း စိုက်ပျိုးနိုင်ပါသည်။
မိုးအကုန် ဆောင်းအကူး အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် အပင်သားတက်များ ပြောင်းရွေ့ စိုက်ပျိုးလေ့ ရှိပြီး စိုက်ဘောင်များပေါ်တွင် ပင်ကြား တန်းကြား ၂×၁ ပေ ထားရှိ စိုက်ပျိုးပါက တစ်ဧကလျှင် မျိုးပင် ၁၅၀ဝဝ မှ ၂၀ဝဝဝ ထိ လိုအပ်ပါသည်။
၈။ မြေသြဇာ နူန်းထား
တစ်ဧကအတွက်
ကြက်ချေး ၅တန် (၃၀၀၀ ပိဿ)
ယူရီးယား ၂၂၄ပေါင် (၆၃ ပိဿ)
တီစူပါ ၁၁၂ပေါင် (၃၁ ပိဿ)
ပိုတက်ရှ် ၂၂၄ပေါင် (၆၃ ပိဿ)
ဘောင်ပြုပြင်ချိန်တွင် ကြက်ချေးနှင့် တီစူပါမြေသြဇာများ ထည့်သွင်းပေးရမည်။ ယူရီးယားနှင့် ပိုတက်ရှ် ဓာတ်မြေသြဇာများကို ဆတူရော၍ ရွေ့ပြောင်းစိုက်ပြီး နှစ်ပတ်သားမှ စတင်၍ ပထမအသီး စတင် ဆွတ်ခူးသည့် အထိ အကြိမ်ကြိမ် ခွဲ၍ ကျွေးရန် ဖြစ်ပါသည်။
၉။ မြေပြူပြင်ခြင်း
စတော်ဘယ်ရီပင်သည် မြေတွင်ကပ်၍ ကြီးထွားသော အပင်မျိုး ဖြစ်သဖြင့် ပေါင်းမြက် ကင်းစင်အောင် အထူး ဂရုတစိုက် ဆောင်ရွက်ရန် လိုအပ်ပါသည်။ နွားချေး၊ မြေဆွေးကို အသုံးပြုပါက ပေါင်းထလွယ်သဖြင့် မှုန့်ညက်နေအောင် ပြုပြင်ထားသော စိုက်ဘောင်များပေါ်တွင် ကြက်ချေး ခပ်ပါးပါး ဖြူး၍ စိုက်ပျိုးသင့်ပါသည်။
၁၀။ စိုက်ပျိုးခြင်း
စတော်ဘယ်ရီ မျိုးသားတက်များအား ညနေပိုင်းတွင် ရွေ့ပြောင်း စိုက်ပျိုး ရပါမည်။ မြေတွင် ကပ်လျက် ကြီးထွားသော မျိုးဖြစ်၍ ပေါင်းနှုတ် မြေဆွခြင်းကို လိုအပ်သလိုဆောင်ရွက်ရန် ဖြစ်ပါသည်။ စတော်ဘယ်ရီပင် စိုက်ပျိုးရာတွင် အမြစ်ဆုံ(Crown)မှ အညွန့်ငယ် များအားမြေပေါ်တွင် ကောင်းစွာပေါ်နေစေရန် အရေးကြီးပါသည်။ မြေတွင် မြုပ်သွားပါကရွေ့ပြောင်း စိုက်ပျိုးစဉ် အပင်အသေအပျောက် များတတ်ပါသည်။ နှစ်ချင်းထွက်ရှိသော မျိုးတက် အသစ်များကိုသာ သီးသန့် စိုက်ပျိုးပါက အပင်ပွားထွက်ပေါ်ခြင်း မရှိဘဲ သီးပွင့်နေမည် ဖြစ်ပါသည်။
၁၁။ အပင်ပြုစုခြင်း
စတော်ဘယ်ရီစိုက်ပျိုးရာတွင် အပင်၊ သားတက် အသစ်များသာ မဟုတ်ဘဲ ပင်မမြစ်ဆုံ(Crown)များ ပါ ရောပြွမ်း၍ စိုက်ပျိုးပါက ပင်မအမြစ်ဆုံမှ သီးပွင့်ခြင်းနှင့် မျိုးတက်ထွက်ခြင်းတို့တစ်ပြိုင်တည်း ဖြစ်ပေါ်လာလေ့ ရှိသဖြင့် အသစ်ထွက်သော အပင်သားတက်များအား အချိန်စော၍ စိုက်ဘောင်ပေါ်တွင် အမြစ်စွဲစေရန် ဂရုတစိုက် ဆောင်ရွက်ရန် လိုအပ်ပါသည်။ နန်းကြိုး အသေးအား တစ်လက်မခွဲခန့်အရှည်များ ဖြတ်တောက်ကာ (ဂ) ပုံသဏ္ဌန် ကွေး၍ မျိုးတက်အား ကုတ်တွယ် စိုက်ပေးရန်လည်း လိုအပ်ပါသည်။
စတော်ဘယ်ရီအသီးနှင့် မြေကြီးထိပါက အသီး ပုပ်ရိတတ်သောကြောင့် မျိုးပင်ရွေ့စိုက် အမြစ်စွဲ ပြီးနောက် အပင်ပတ်လည် မြေကြီးပေါ်၌ ကောက်ရိုးပုံ သို့မဟုတ် မြက်ခြောက် ခင်းပေးထားရန် လိုအပ်ပါသည်။ သို့မဟုတ် မစိုက်မီ ပလတ်စတစ် အနက်စများကို ဘောင်များပေါ်တွင် ဖုံးအုပ်ပေးပြီး စိုက်ကျင်းပေါက်ဖောက်၍ စိုက်နိုင်ပါသည်။ ပုံသဏ္ဌာန်မှန်သော အသီးများ ရရှိရေးအတွက် ပန်းပွင့်အား မနက်စောစော အချိန်တွင် စုတ်တံသေးသေးဖြင့် မျက်နှာသစ်ပေးခြင်းကိုဆောင်ရွက်နိုင်ပါသည်။
၁၂။ ဆွတ်ခူးရောင်းချခြင်း
စတော်ဘယ်ရီသီးများအားနေ့စဉ် ဆွတ်ခူးရောင်းချ နိုင်သော်လည်း ငါးရက်တစ်ကြိမ် ဆွတ်ခူးပါက ပိုမိုကောင်းမွန်ပါသည်။ အသင့်တော်ဆုံး အခြေအနေမှာ အသီးများ အနီရောင် မရင့်မီ အချိန်တွင် ခူးဆွတ်ရန် ဖြစ်ပါသည်။
၁၃။ သီးထွက်နူန်း
တစ်ဧကလျှင် သီးထွက် ပိဿာ ၃၀ဝဝ မှ ၄၀ဝဝ အထိ ရရှိနိုင်ပြီး စတင် ခူးဆွတ်ချိန်မှ ရက်ပေါင်း၆၀ ခန့်ပုံမှန် ခူးယူရရှိ နိုင်ပါသည်။
အစိမ်းရောင်လမ်း (Green Way)
source- Department of Agriculture, သစ်သီးဝလံ စိုက်ပျိုးနည်း
U Myint khing
လွန်ခဲ့သော ၆ လ ကပဲပုပ်မရှိဘူးလား
ညိမ်းထွန်း
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးအထူးတင်ရှိပါတယ်
yezaw
လွန်ခဲ့သော ၅ နှစ် ကအပင်မဖြစ်လိုပါဘာမြေအောစာသုံးလိုရပါလဲဆရာတို့လမ်းမှန်ပြပါအုန်းဗျာ
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
ဆက်စပ်မေးခွန်းများ
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
Ko Shwe Lin • ဖြေကြားချက် 2 ခု
ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာတွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ
ဇော်လင်းအောင် • ဖြေကြားချက် 2 ခု
စပါးကြဲခင်းစံကွက်ရိတ်နည်းသိချင်ပါတယ်
မြူလွှာ • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026