ပိန်းပန်းရဲရဲလေးတွေကို မျိုးယူစိုက်ကြမယ်
ကောင်းသောနေ့လေးဖြစ်ပါစေ
အိမ်မှာ အလှစိုက်ပန်းပင်လေးတွေကို စိုက်ချင်ပါတယ်။ ကရိကထလည်းမများချင်ဘူးဆိုရင်တော့ ဆက်ဖတ်ကြည့်လိုက်ပါဦးနော်။ အနီရဲရဲလေးနဲ့ ပန်းပွင့်လေးတွေ ပွင့်တတ်တဲ့ ပိန်းပန်းပင်လေးတွေကို စိုက်တဲ့နည်းလေးကို ပြောပြပေးသွားမှာပါ။
အပင်လေးကိုစိုက်ပြီးတော့ ဂရုစိုက်တဲ့ အပိုင်းလေးရယ်၊ မျိုးစေ့ကနေ အပင်ကို ပျိုးယူတဲ့အကြောင်းလေးရယ်ဆိုပြီးတော့ (၂)ပိုင်းခွဲပြောပေးပါမယ်။
မျိုးစေ့ကနေ ပျိုးယူခြင်းအကြောင်း
(၁) မျိုးကို ယူတာကတော့ အဆုံလေးကနေ ဖြတ်ယူကြတာပါပဲ။ ဒါပေမဲ့ မျိုးစေ့ကနေလည်း ယူလို့ရတယ်ဆိုတာ ပြောပြပေးပါမယ်။ သိကြတဲ့အတိုင်း ပိန်းပန်းပင်လေးတွေဆိုတာက အနီရဲရဲ ပန်းရောင်လေးတွေ အဖြူရောင် ပန်းပွင့်လေး ပွင့်တာပါ။ ပန်းပင်ရဲ့အလယ်မှာ မျိုးလေးတွေပါတဲ့ အချောင်းတိုင်လေးရှိပါတယ်။ အဲ့အတိုင်လေးကနေ မျိုးကိုယူရပါတယ်။ ခြောက်သွားမှ ယူရတာမဟုတ်ပါဘူး။ လတ်ဆတ်ပြီး အစိုဓာတ်ရှိနေတဲ့အချိန်မှာ ယူပြီးတော့ စိုက်ပေးရပါတယ်။ သတိထားရမှာက အဆိပ်ဖြစ်စေလို့ ပါးစပ်ထဲ မဝင်အောင် သတိထားပေးပါ။
(၂) အဖတ်လေးတွေကို ဖယ်ပေးပါ။ လက်အိတ်စွပ်ဖို့တော့ သတိပေးပါတယ်။ ကပ်နေတဲ့အဖတ်လေးတွေက မှိုတွေဖြစ်စေတတ်လို့ ဖယ်ပေးဖို့ ပြောတာပါ။ ထိမိရင် ယားပြီးယောင်တာတွေဖြစ်တတ်လို့ သတိတော့ ထားပေးပါ။
(၃) မျိုးစေ့လေးတွေ ပျိုးဖို့ မြေကိုပြင်ရပါမယ်။ မြေမွမွလေးနဲ့ ရေအစိုဓာတ်ထိန်းနိုင်တဲ့ မြေဖြစ်ရင် ရပါတယ်။ နည်းနည်းကြမ်းတဲ့မြေကို သူက ပိုကြိုက်ပါတယ်။
(၄) အိုးထဲက မြေလေးတွေထည့်မယ်။ ပြီးတော့ မျိုးစေ့လေးတွေထည့်၊ အပေါ်ကနေ ပလတ်စတစ်စနဲ့ အုပ်ထားပေးရပါမယ်။ အဖုံးနဲ့ မြေကြီးကြားထဲမှာ လေဟာနယ်တော့ ရှိရပါမယ်။
(၅) ရေလောင်းပေးပါ။ အနစ်ကြီးမဟုတ်ပဲနဲ့ နည်းနည်းစိုအောင်လောင်းပြီးရင် ပလတ်စတစ်လေးနဲ့ ပြန်ဖုံးပေးဖို့မမေ့ပါနဲ့။
(၆) ပူနွေးပြီး နေရောင် တိုက်ရိုက်မကျရောက်တဲ့နေရာမှာ ထားပေးပါ။ အပူချိန်ကတော့ (၂၇) ဒီဂရီ ဆဲလ်စီးယပ်၊ ((၈၀)ဒီဂရီဖာရင်ဟိုက်) လောက် အနည်းဆုံးရှိရပါမယ်။ အရိပ်တစ်ဝက်လောက်ကျတဲ့နေရာမျိုးမှာ ထားပေးရင် ရက် (၂၀) ကနေ (၃၀) လောက်အတွင်းမှာ အပင်လေးက အညှောင့်ပေါက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ အဲ့အပင်လေးကိုမှ ထပ်ပြုစုပြီး အပင်လေးကြီးလာရင် နောက်တစ်အိုးထဲကို ပြောင်းစိုက် ပွားယူလို့ ရမှာဖြစ်ပါတယ်။
ကဲ နောက်တစ်ပိုင်းကတော့ အပင်လေးလည်းရနေပြီဆိုတော့ နောက်တစ်အိုးထဲကို ပြောင်းထည့်ပြီးတော့ ပြုစုစောင့်ရှောက်နည်းကို ပြောပြပေးမှာပါ။
(၁) မြေကိုပြင်ဆင်ခြင်း။ ။ ရေဝင်ရေထွက်ကောင်းပြီး နည်းနည်းလေးကြမ်းတဲ့မြေကို ပိုပြီးတော့ ကြိုက်နှစ်သက်ပါတယ်။ အဲ့တော့ မွမွလေးနဲ့ မြေကိုပြင်ထားပေးရမှာပါ။ သူက မြေကို သိပ်ရွေးတဲ့အထဲတော့ မပါဘူးဆိုတော့ နှစ်သားလည်း ဒီမြေ လသားလေးလည်း ဒီမြေ အတိုင်းပဲ အကြိုက်ပြောင်းလဲတာ မရှိပါဘူး။ အပူချိန် က ၄.၄ ဒီဂရီဆဲလ်စီးယပ်အောက်ရောက်နေတယ်ဆိုရင် အိမ်ထဲမှာပဲ နွေးနွေးထွေးထွေးလေးထားပြီးစိုက်ပါ။ အကောင်းဆုံး အပူချိန်ကတော့ ၆၀ ကနေ ၈၅ ဒီဂရီဖာရင်ဟိုက် (၁၅-၃၀) ဒီဂရီဆဲလ်စီးယပ်) ဖြစ်ပါတယ်။
(၂) အိုးပြင်ဆင်တဲ့အဆင့်။ ။ ကိုယ်စိုက်မဲ့အိုးကို ကိုယ့်ဘာသာ စိတ်ကြိုက်ရွေးပြီးပြီဆိုရင် အိုးထဲကို အောက်ခြေမှာ ရေထွက်ကောင်းအောင် ကျောက်စရစ်ခဲ ဖြစ်ဖြစ်ထည့်ပေးလို့ရပါတယ်။ နောက် အိုးကို သုံးပုံပုံပြီး (၂) ပုံကို အလွတ်ထားပေးရမှာပါ။ သူက အမြစ်တွေက အရမ်းပွားပြီးကြီးလို့ ချန်ခိုင်းတာပါ။ မြေကို သုံးပုံ တစ်ပုံ ထည့်၊ ပြီးရင် အပင်ကိုတင် ဘေးနားမှာ မြေကြီးနည်းနည်းပြန်ထည့်ပေးပြီးရင် ရပါပြီ။ အပြည့်မထည့်ရပါဘူးနော်။ နောက်သားခွဲဖို့ အမြစ်တွေပွားလာဖို့အတွက် နည်းနည်းတော့ ချန်ထားပေးရပါလိမ့်မယ်။
(၃) နေရောင်တိုက်ရိုက်ကျတာကို မကြိုက်ပေမဲ့လို့ နွေးတဲ့နေရာမှာ ထားပေးပါ။ ။နေရောင်ကျတဲ့ ပြတင်းပေါက်ကနေဆို ၅ ပေကနေ ၈ ပေလောက်အကွာကနေပေါ့။ ညဖက်တွေ အရမ်းအေးရင် အပြင်မှာမထားပါနဲ့နော်။
(၄) လေထု စိုထိုင်းတာကို သူက ပိုကြိုက်ပါတယ်။ စိုထိုင်းထိုင်းလေးဖြစ်အောင်လို့ အိုးအောက်မှာ လင်ဗန်းလေးခံ၊ ကျောက်ခဲလေးတွေထည့်ပြီး ကျောက်ခဲလေးတွေအပေါ်မှာမှ ပန်းအိုးလေးကို ပြန်တင်ပါ။ ပြီးရင် လင်ဗန်းလေးထဲမှာ ရေကို ထည့်ထားပေးလို့ရပါတယ်။ ဒါမှမဟုတ်လည်း ဖျန်းတဲ့ဘူးလေးတွေနဲ့ အငွေ့လေးတွေဖြစ်အောင် ဖျန်းပေးရင်လည်း ရပါတယ်။
(၅) ရေလောင်းပါ။ ။ ဒါပေမဲ့ စိုမနေပါစေနဲ့။ ရေနည်းနည်းလောင်းပါ။ မြေက စိုစွတ်လွန်းသွားတဲ့ အခြေအနေထိရောက်အောင်တော့ မလောင်းမိအောင် သတိထားပါ။ ပူတဲ့ရာသီဥတုမှာတောင် နှစ်ရက် သုံးရက်မှ တစ်ခါလောင်းပေးပါ။ အပင်အမြစ်ကြီးတွေက ရေအများကြီး ကိုစုပ်ယူထားပေးနိုင်တာကြောင့်ပါ။ ရေလည်းလောင်းနေရဲ့သားနဲ့ အရွက်လေးတွေက ဝါလာတယ်ဆိုရင် (မခြောက်သွားဘူး အညိုရောင်မဖြစ်ဘူး) ရေလောင်းတာများနေလို့ ပြတဲ့ လက္ခဏာပါ။
(၆) ပုံသွင်းပါ။ ။ တစ်ချို့ မျိုးလေးတွေက အပင်မှာ ကပ်ပါးပေါက်တတ်တဲ့ အပင်ပုံလေးတွေ ဖြစ်တာကြောင့် အပင်လေးတွေပျော်အောင်ဆိုရင် အိုးထဲမှာ တုတ်ထောင်စိုက်ပေးတာမျိုး တွေ လုပ်ပေးရမှာပါ။
(၇) မြေသြဇာ။ ။ သိပ်တော့မလိုပေမဲ့ ပိုကောင်းပိုလှချင်ရင် ၃း၁း၂ အချိုးနဲ့ နိုက်ထရိုဂျင် (၃)၊ ပိုတက်စီယမ် (၁) နဲ့ ဖော့စဖိတ် (၂) အချိုးနဲ့ မြေသြဇာကို အညွှန်းအတိုင်း သုံးပေးလို့ရပါတယ်။ မြေသြဇာကျွေးပြီးရင်တော့ ရေလောင်းပေးပါနော်။
(၈) အိုးပြောင်းခြင်း။ ။ အပင်လေးတွေက ပြောထားတဲ့အတိုင်း စိုက်နေလို့ အရမ်းကို လှပြီး ကြီးလာတယ်ဆိုရင် အိုးခွဲရင်ခွဲ မဟုတ်ရင် အိုးအကြီးထဲကို ပြောင်းပေးရတော့မှာပါ။ တစ်နှစ်လောက်စိုက်ပြီးချိန်ဆို ရေက ခဏခဏလောင်းရတယ်။ ရေခြောက်တာက မြန်သွားတယ်ဆိုရင် အပင်လေးကို အိုးလေးပြောင်းပေးရတော့မှာပါ။ အိုးပြောင်းမယ်ဆိုရင်တော့ အပေါ်ယံမှာ မြေသားဖြစ်ဖြစ် ရေညှိဖတ်လေးတွေဖြစ်ဖြစ် ထပ်ထည့်ပေးပြီး ရေဓာတ်လေးရှိနေအောင်ထားပေးပါ။ အဲ့လိုဆို အမြစ်လေးတွေက ထပ်ကြီးလာမှာပါ။ အဲ့တက်လာတဲ့အမြစ်တွေအောက်မှာ ပင်စည်လေးတွေကို ဓားထက်ထက်နဲ့ ဖြတ်ပြီးတော့ အပင်ဂရုစိုက်တဲ့ အဆင့် (၁)ကအတိုင်းလေး ပြန်စိုက်ပေးရင် အဆင်ပြေမှာ အိုကေဖြစ်ပါပြီနော်။
ကဲ အဲ့ဒါဆို အိမ်မှာ ပန်းပင်လေးတွေ အလှစိုက်ပြီး ပြုစုဖို့ ပြင်ဆင်နေတဲ့သူများ အကျိူးထူးကြပါစေ….
ထွန်းဝင်းကျော်
https://www.wikihow.com/Grow-Anthurium-Plants
Thant zin
လွန်ခဲ့သော ၃ နှစ် ကအပွင့်မှမျိုးယူခြင်းကိုအသေးစိတ်သိလိုပါတယ်ဗျာ
wunna
လွန်ခဲ့သော ၅ နှစ် က၃ ၁ ၂ ဆိုတော့ဈေးကွက်ထဲရှိအမှတ်တံဆိပ်ကိုသိချင်ပါသည်
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
Ko Shwe Lin • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026