အစိမ်းရောင်လမ်း
စတော်ဘယ်ရီအသီးအားကောင်းအောင် အပင်ပြုစုနည်း

စတော်ဘယ်ရီအသီးအားကောင်းအောင် အပင်ပြုစုနည်း

စတော်ဘယ်ရီပျိုးပင်ပေါက်လေးများ ရွေ့ပြောင်းစိုက်ပျိုးပြီးနောက် ပေါင်းပင်များပေါက်လာလျှင် ပေါင်းသင်ခြင်း မိုးမရွာ၍မြေခြောက်ပါက ရေလောင်းပေးခြင်းတို့ ပြုလုပ်ပေးပါ။ 

စိုက်ပျိုးပြီး (၄၀) ကျော်လာပါက အဖူးအပွင့်များပွင့်ပြီး အသီးများအနည်းအများ စသီးပါသည်။ အသီးပို၍ ဆက်သီးဖို့အတွက် မကြာခဏ ပေါင်းသင်ပေးခြင်း၊ မြေဆွေးများထပ်မံဖြူးပေးခြင်းများ ပြုလုပ်ပေးပါ။

အသီးများသီးစအချိန်တွင် ကောက်ရိုး၊ မြက်ခြောက်၊ ထင်းရှူးရွက်ခြောက် စသည့်တစ်မျိုးမျိုးကို နွယ်များ၏အောက်တွင်ခံပေးရမည် (ပလက်စတစ်အုပ်စိုက်ထားလျှင် ခံပေးစရာမလို)။ ဤကဲ့သို့ ခံပေးရခြင်းမှာ မိုးရွာလျှင်မြေနှင့်ထိတွေ့၍ အသီးများပုပ်သွားသောကြောင့်ဖြစ်သည်။ 

စတော်ဘယ်ရီပင်လေးများသည် နိုက်ထရိုဂျင်၊ ဖော့စဖောရပ်နှင့် ပိုတက်စီယမ် ဓာတ်တို့ကို အဓိက လိုအပ်ပါသည်။ ဓာတုလွတ်စိုက်ပျိုးသူများအနေဖြင့် လိုအပ်သောအာဟာရဓာတ်များကို ဘောင်ပြင်ချိန်မှာ ကြက်ချေး၊ နွားချေးထည့်ပေးပါ။ အပင်ကြီးထွားချိန်နှင့် အသီးသီးချိန်များတွင်လည်း မိမိလုပ်ထားသောသဘာဝအားဆေးများကိုလည်း အသုံးပြုဖြန်းပေးနိုင်ပါသည်။ 

သမားရိုးကျ စိုက်ပျိုးသူများသည် ဘောင်ပြင်ချိန်တွင် တီစူပါမြေသြဇာထည့်သွင်းပြင်ပေးပါ။ ယူရီးယားနှင့်ပိုတက်ရှ်မြေသြဇာများကို ဆတူရောပြီး ရွေ့ပြောင်းစိုက်ပြီး နှစ်ပတ်သားမှ စတင်၍ ပထမအသီးစတင်ဆွတ်ခူးချိန်ထိ ခွဲ၍ ကျွေးပေးလေ့ရှိပါသည်။

စတော်ဘယ်ရီပင်များ အပင်အာဟာရလိုအပ်နေချိန်တွင် အရွက်များ အဝါရောင်ဖြစ်လာပြီး အရောင်ဖျော့လာသည်။ ပန်းပွင့်အားသာကောင်းနေပြီး အသီးမတည်မှုများကြုံရပါသည်။ တစ်ချို့အပင်များသည် အပင်အားကောင်းနေသော်လည်း အပွင့်မပွင့်တာမျိုးကြုံနေရပါသည်။ အထက်ပါ လက္ခဏာများကို အမြဲစစ်ဆေးနေပြီး အသီးအားကောင်းသော စတော်ဘယ်ရီပင်များကို စိုက်ပျိုးပြုစုနိုင်ကြပါစေ။

ကိုးကား- https://garden.lovetoknow.com/wiki/Fertilizer_for_Strawberries

              အောင်ဝင်းထွဋ်၏ "သီးပင်စိုက်ပျိုး ဝင်ငွေတိုး" 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

4
ဦးဇော်နိုင်ဦး

ဦးဇော်နိုင်ဦး

လွန်ခဲ့သော ၄ နှစ် က

၀၉၇၅၁၂၅၂၄၅၂

ဦးဇော်နိုင်ဦး

ဦးဇော်နိုင်ဦး

လွန်ခဲ့သော ၄ နှစ် က

ပျိုးပင်ရပါတယ်ဗျ ဘယ်မြို့ကလဲ

အောင်အောင်

အောင်အောင်

လွန်ခဲ့သော ၄ နှစ် က

ပျိုးပင်ဝယ်ချင်ပါတယ်

Htun Win Soe

Htun Win Soe

လွန်ခဲ့သော ၄ နှစ် က

မျိုးပင်ကို ဘယ်မာဝယ်ရပါသလဲ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ

Ko Shwe Lin • ဖြေကြားချက် 2 ခု

ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာ‌တွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ

ဇော်လင်းအောင် • ဖြေကြားချက် 2 ခု

စပါးကြဲခင်းစံကွက်ရိတ်နည်းသိချင်ပါတယ်

မြူလွှာ • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....