သင်္ဘောသဖန်းပင် စိုက်ပျိုးနည်း
သင်္ဘောသဖန်းသီးသည် ဆွဲဆောင်မှုရှိပြီး အရသာကောင်းသော အသီးပင်တစ်မျိုးဖြစ်သည်။ စိုက်ပျိုးရလွယ်ကူသောအပင်တစ်ပင်လည်းဖြစ်သည်။
အပူဒဏ်၊ အအေးဒဏ်ကိုခံနိုင်ရည်ရှိသည်။ နုန်းမြေကိုကြိုက်နှစ်သက်သည်။ အပင်ခြေရေဝပ်ခြင်းကိုခံနိုင်ရည်ရှိသော်လည်း သဲဆန်သော နုန်းမြေတွင် ကောင်းမွန်စွာဖြစ်ထွန်းသည်။ နွေရာသီခြောက်သွေ့သောအချိန်တွင် ရေ ၂-၃ ကြိမ်ခန့် သွင်းပေးရမည်။
စိုက်ပျိုးခြင်း
သဖန်းပင်ကို ကိုင်းပျိုး၍စိုက်လေ့ရှိသည်။ ပျိုးမည့်ကိုင်းသည် ၁ နှစ်သားခန့်ရှိရမည်။ ဖြတ်သည့်အခါ အောက်ပိုင်းကို အဆစ်၏အောက်နားတွင် ကပ်၍လည်းကောင်း၊ အထက်ပိုင်းကိုအဆစ်၏ အထက်နားတွင် ကပ်၍လည်းကောင်း ဖြတ်ရမည်။ ဖြတ်သောကိုင်းသည် (၈-၁၀) လက်မခန့်ရှည်ရမည်။
ကိုင်းဖြတ်ရန်နှင့် ပျိုးထောင်ရန်အကောင်းဆုံးအချိန်သည် ဆောင်းရာသီဖြစ်သည်။ ကိုင်းများကို တစ်ခုနှင့်တစ်ခု ၁ ပေခန့်ခွာ၍ မြေတွင် မြောင်းတူး၍မြှုပ်ရမည်။ မြှုပ်သည့်အခါ အပေါ်အဖူးကို မြေပေါ်တွင်ပေါ်ရုံသာ ဖော်ထားလျက် အပေါ်မှအရိပ်ပါးပါး ဖုံးအုပ်ထားရမည်။ ပျိုးထောင်ပြီးသောအခါ မြေကိုမခြောက်စေဘဲ သင့်ရုံရေလောင်းပေးခြင်း၊ ပေါင်းမြက်များကို သုတ်သင်ရှင်းလင်းပေးခြင်း ပြုလုပ်ရမည်။ (၁) နှစ်သားခန့်ရှိလျှင် ရွှေ့ပြောင်းစိုက်ပျိုးနိုင်သည်။
ရွေ့ပြောင်းစိုက်ပျိုးရာတွင် အမြစ်ကို အချိန်ကြာကြာ လေမသလပ်စေရန် ဂရုပြုရမည်။ သဖန်းပင်၏ အမြစ်များသည် အခြားအမြစ်များထက် အခြောက်မြန်သည်။ စိုက်ပျိုးရာတွင် ၂-၃ လက်မ နက်အောင်မြှုပ်ရမည်။ ပင်ကြား ပေ ၂၀ ခန့်ခွာ၍စိုက်ပျိုးသင့်သည်။
ကိုင်းဖြတ်ခြင်း
ကိုင်းများကို စနစ်တကျ ဖြတ်ပေးမှသာလျှင် အသီးများပို၍သီးသည်။ ပထမနှစ်ကုန်ဆုံးသောအခါ ထိုနှစ်အတွင်းထွက်သော ကိုင်းတက်များကို ၁-၂ ဆက်ချိန်၍ ဖြတ်ပစ်ရမည်။ ထို့ပြင် အတွင်းဘက်သို့လှည့်ထွက်နေသော အကိုင်းပိုများကို ဖယ်ရှားပစ်ရမည်။
နောင်နှစ်များတွင်လည်း ဤနည်းအတိုင်းဖြတ်ပေးရမည်။ သဘာဝအားဖြင့် တစ်နှစ် (၂) ကြိမ် သီးလေ့ရှိရာ ပထမအသုတ်သည် လွန်ခဲ့သောနှစ်က ထွက်သည့်အကိုင်းရင့်များပေါ်တွင် သီးသည်။ ဒုတိယအသုတ်သည် ထိုနှစ်အတွင်းထွက်သော အကိုင်းနုများပေါ်တွင် သီးသည်။ ဒုတိယအသုတ်သီးသော အသီးသည်ပိုများ၍ပိုကြီးသည်။ နှစ်စဉ်ထိုအသုတ်တွင် အသီးများများသီးစေရန် ဆောင်းရာသီတွင် အကိုင်းများကို ဖြတ်ပေးရမည်။
မြေသြဇာကျွေးခြင်း
အပင်ငယ်စဉ် အနည်းငယ်သာကျွေးရမည်။ အပင်တစ်ပင်လျှင် နွားချေး (၂) ပြည်၊ ပုလဲမြေသြဇာ နို့ဆီဗူး (၁) ဗူး၊ ပိုတက်ရှ်နို့ဆီဗူးဝက် တို့ကို ကျွေးပေးနိုင်သည်။
ခူးဆွတ်ခြင်း
အချို့မျိုးကွဲများသည် တစ်နှစ်လျှင် အသီးအနည်းငယ်သီးနိုင်သည်။ ပုံမှန်အားဖြင့် အများစုသည် အသီးရင့်မှည့်ရန် သုံးနှစ်မှ ငါးနှစ်အထိကြာသည်။ သင်္ဘောသဖန်းသီးသည် အရွက်တစ်ခုစီတွင် ကပ်နေသည့်ပင်စည်တစ်လျှောက်တွင် ပေါက်သော်လည်းမမှည့်သွားပါ။
မမှည့်သောအသီးများမှာ အစိမ်းရောင်ရှိသည်။ မှည့်သည်နှင့်အရောင်ပြောင်းပြီး ပျော့သွားသည်။ အသီးမှည့်လျှင် အကိုင်းမှ အသီးများ ပြုတ်ကျတတ်သည်။ သင်္ဘောသဖန်းသီးများကို မရင့်မှည့်ပဲခူးလျှင် အချိုဓာတ်နှင့် အမွှေးအကြိုင်များ နည်းပါးတတ်သည်။ ခူးဆွတ်သည့်အခါ အသီးကိုင်းနှင့် အသီးကြားက ပင်စည်ကို ဓားနှင့်ဖြတ်ပါ။ ခူးပြီးသားများကို ရေခဲသေတ္တာထဲတွင် သုံးရက်အထိသိမ်းဆည်းနိုင်သည်။ သို့သော် အသီးပင်စည်ကိုဖြတ်လိုက်လျှင် ကြာရှည်ခံမည်မဟုတ်ပါ။

ကိုးကား- အောင်ဝင်းထွဋ်၏ “ သီးပင်စိုက်ပျိုး ဝင်ငွေတိုး” စာအုပ်
https://www.hgtv.com/outdoors/flowers-and-plants/trees-and-shrubs/twig-newton-how-to-grow-a-fig-tree
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
Ko Shwe Lin • ဖြေကြားချက် 2 ခု
ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာတွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ
ဇော်လင်းအောင် • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....