မုန်လာဥဝါကို မြန်မာနိုင်ငံမှာ ဘယ်လိုစိုက်ပျိုးမလဲ
မုန်လာဥဝါသည် အအေးကြိုက်သောသီးနှံဖြစ်ပြီး၊ ၂ နှစ်ခံသီးနှံ နှစ်ချင်းစားသီးနှံအဖြစ် စိုက်ပျိုးကြသည်။ ဥကိုစားရပြီး၊ အပင်အမြင့် ၁၂-၁၈ လက်မနှင့် အကျယ် ၈-၁၂ လက်မရှိသည်။ မုန်လာဥဝါသည် ဂေါ်ဖီထုပ်(cabbage) နှင့် မုန်လာဥဖြူ (Turnip) တို့ကို မျိုးစပ်ထားခြင်းဖြစ်သည်။ ထိုစပ်မျိုးသည် ဥကြီးပြီး၊ အရွက်အရသာ ခါးသက်သည်။ ဥအသားအဝါရောင်သည် အရသာချိုပြီး သစ်သီးဆီအနံ့ရှိသည်။ မိုးနှောင်းရာသီနှင့် ဆောင်းဦးပေါက်ရာသီတို့တွင် အေးသောရာသီတာရှည်ပါက ဒေသမရွေးစိုက်ပျိုးနိုင်သည်။ မုန်လာဥဝါကို ချက်ပြုတ်ရာတွင် အာလူးအစား သုံးစွဲကြသည်။ ဥကိုလှီးဖြတ်ပြီး အရည်သောက်ဟင်းနှင့် ပြုတ်ချက်ဟင်းတို့တွင်ဖြစ်စေ၊ ဥအနုကို သုပ်စားရန်ဖြစ်စေ အသုံးပြုကြသည်။
စိုက်ပျိုးခြင်း
မိုးနှောင်း သို့မဟုတ် ဆောင်းဦးပေါက်ရာသီတွင် ပျိုးထောင်ပြီးစိုက်ပျိုးပါက နွေဦးပေါက်တွင် ဆွတ်ခူးနိုင်ပြီး၊ မအေးခဲမီ ရက် ၉၀-၁၀၀ ကြိုတင်စိုက်ပျိုးပါက မိုးရာသီတွင် ဆွတ်ခူးနိုင်သည်။ နွေးသောနွေရာသီရှိသည့်ဒေသတွင် မိုးနှောင်းရာသီတွင်ပေါ်သောသီးနှံသည် အရသာရှိပြီး ပိုမိုကောင်းမွန်သည်။
မြေဆီလွှာအပေါ်ယံတွင် မြေဆွေး ၂-၃ လက်မခန့် တင်ပေးရသည်။ ရေမဝပ်သောနေရာဖြစ်ရမည်။ ကျောက်ခဲနှင့် သီးနှံအကြွင်းအကျန်မရှိစေရ။ မျိုးစေ့ကို ၁/၂ လက်မနက်အောက်မြေတွင်မြှုပ်ပြီး အတန်းအတွင်း တစ်ပင်နှင့်တစ်ပင် ၂ လက်မခြား၍ တစ်တန်းနှင့်တစ်တန်း ၂၄ လက်မခြားပြီး စိုက်ပျိုးရသည်။ အပင်ပေါက်လာပြီး အရွက်စစ် (အစေ့ရွက်အထက်မှ ထွက်သောအရွက်) ထွက်လာသောအခါ တစ်ပင်နှင့်တစ်ပင် ၈ လက်မခြားချန်ပြီး ကျန်သောအပင်များကို နှုတ်ပယ်ပစ်ရသည်။
လက်ဖြင့် ပေါင်းမြက်ရှင်းလင်းပြီးလျှင် ၂-၃ လက်မထူအောင် ကောက်ရိုးဖုံးအုပ်ပေးရသည်။ သို့မှသာ မြေဆီလွှာအစိုဓာတ်ကိုထိန်းသိမ်းထားပြီး မြေဆီလွှာအေးနေမည်ဖြစ်သည်။ တစ်ပတ်လျှင် ရေတစ်လက်မခန့်ပေးရန် လိုနိုင်သည်။ ရေကို ပူပြင်းခြောက်သွေ့သောရာသီတွင် အထူးဂရုစိုက်ရသည်။ ဓာတ်မြေသြဇာတွင် နိုက်ထရိုဂျင်ဓာတ်နည်းပြီး ပိုတက်စီယမ်များသော ၅-၁၀-၁၀ အချိုးကျွေးရသည်။
ပိုးမွှားရောဂါ
ပျပိုးနှင့် ဖလီးလ်ကျိုင်းကောင်တို့သည် အရွက်ကိုဖျက်ဆီးတတ်ပြီး အမြစ်မက်ဂေါ့လောက်ကောင်သည် အမြစ်ကိုဖျက်ဆီးတတ်သည်။ ရေပန်းပြင်းပြင်းနှင့်ဖြစ်စေ ပိုးသတ်ဆေးနှင့်ဖြစ်စေ ပျနှင့်ကျိုင်းတို့ကို ပက်ဖျန်းနှိမ်နင်းနိုင်သည်။ မက်ဂေါ့လောက်ကောင်ကို မြေအောင်းပိုးသတ်ဆေးနှင့် နှိမ်နင်းရသည်။ ရောဂါကို သီးလှည့်စိုက်ပျိုးခြင်းဖြင့် ကာကွယ်နိုင်သည်။
ရိတ်သိမ်းခြင်း
ဥအရွယ် အချင်း ၃-၅ လက်မရှိလျှင် တစ်နည်းအားဖြင့် အစေ့စိုက်ပြီး ရက် ၉၀ ခန့်ရှိလျှင် အပင်ကိုဆွဲနုတ်၍ ရိတ်သိမ်းရသည်။ မိုးနှောင်းစိုက်သီးနှံမှ ဥများသည် အေးခဲမှုအနည်းငယ်ကြုံကြိုက်လျှင် ပိုမို၍အရသာချိုသည်။ ထိုသီးနှံသည် အေးခဲမှုကိုခံနိုင်သည်။ ထို့ကြောင့် လိုသလောက်နှုတ်သိမ်းပြီး ကျန်သည်ကို မြေတွင်မနှုတ်ဘဲ ချန်ထားနိုင်သည်။ သိုလှောင်ရန်အတွက် ဥပေါ်တွင် ရိုးတံ ၁ လက်မခန့်ချန်ထားပြီး ကျန်သောအရွက်များကို ဖြတ်တောက်ပစ်ရသည်။ အပူချိန် ၃၅ ဒီဂရီဖာရင်ဟိုက်နှင့် ရေငွေ့(အစိုဓာတ်) များသောနေရာတွင် ဥများကိုထားပါက ၂-၄ လခန့်အထိ အထားခံသည်။ ဆောင်းရာသီတွင် အပင်များကိုကောက်ရိုးဖြင့် ၆-၈ လက်မအထူဖုံးအုပ်ပေးပါက မြေကွက်တွင် ထားနိုင်သည်။
မျိုးများ
လော်ရန်ရှင်း(Laurentian) မျိုးသည် အသက်ရက် ၉၅ ရှိပြီး ဥအပေါ်ပိုင်းပခုံးသည် ခရမ်းရင့်ရောင်ရှိသည်။ ကျန်သောနေရာသည် အဝါဖျော့ရောင်ရှိသည်။ အရသာချိုပြီး အသားနူးညံ့သည်။ မရီးယမ်းမျိုး(Marian) သည် အသက်ရက် ၉၀ ရှိပြီး ဥအပေါ်ပိုင်းပခုံးသည် ခရမ်းနုရောင်ရှိသည်။ တာရှည်အထားခံပြီး ကလပ်ရု(Clubroot) ရောဂါဒဏ်ခံနိုင်သည်။ ပါပယ်တော့ (Purple Top) မျိုးသည် အသက်ရက် ၉၀ ရှိပြီး အလွန်ကြီးသော အဝါရောင်ဥရှိသည်။ အသားနူးညံ့ပြီး ချက်ပြုတ်လိုက်သောအခါ လိမ္မော်ရောင်သို့ ပြောင်းလဲသွားသည်။
နည်းပညာများကို ဒေါက်တာချစ်၏ စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ အတွဲ(၁) စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
ဆက်စပ်မေးခွန်းများ
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
Ko Shwe Lin • ဖြေကြားချက် 2 ခု
ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာတွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ
ဇော်လင်းအောင် • ဖြေကြားချက် 2 ခု
စပါးကြဲခင်းစံကွက်ရိတ်နည်းသိချင်ပါတယ်
မြူလွှာ • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026