မြေထောက်ပဲ (ဗိုလ်စားပဲ) စိုက်ပျိုးနည်း
မူရင်းဒေသ
အမေရိကန်တောင်ပိုင်းနှင့် အလယ်ပိုင်းမှ ဖြစ်သည်။ ရက်အင်ဒီယန်းလူမျိုးများသည် ၎င်းတို့၏ အဓိက အစားအသောက်ဖြစ်သော ပြောင်းနှင့် ဤပဲမျိုးကို စားသုံးကြသည်။ အမေရိကန်နိုင်ငံသို့ ဥရောပနိုင်ငံသားများ ရောက်ရှိလာပြီး ဤပဲမျိုးကို သိရှိလာ၍ စပိန်လူမျိုးများမှတစ်ဆင့် ဥရောပ၊ အာဖရိက၊ အာရှိနိုင်ငံများသို့ ရောက်ရှိပြန့်ပွားလာသည်။
စိုက်ပျိုးသည့်ဒေသ
မြန်မာပြည်အနှံအပြားနှင့် ကမ္ဘာအနှံ့အပြားတွင် စိုက်ပျိုးသည်။
အမျိုးအစား
အပင်ပုံသဏ္ဍာန်ကိုကြည့်၍ သုံးမျိုးခွဲခြားနိုင်သည်။ အပင်ပုမျိုးမှာ အဆစ်တို၍၊ အပင်ရှည်မျိုးမှာ အပင်ပုမျိုးထက် အဆစ်ရှည်သည်။ ကျန်တစ်မျိုးမှာ တိုင်ထောင်မျိုးဖြစ်သည်။ သို့ရာတွင် သာမာန်အားဖြင့် ချုံပုတ်မျိုးနှင့် နွယ်တက်မျိုးဟူ၍ (၂) မျိုးခွဲခြားကြသည်။ ၎င်း(၂) မျိုးကိုမှ ထပ်မံ၍ အတောင့်၏ ပုံသဏ္ဍန်၊ အရောင်ပေါ်မူတည်ပြီး အလုံး၊ အပြား၊ အတို၊ အရှည်၊ အစိမ်း၊ အဝါ၊ ခရမ်းရောင်စသည်ဖြင့် ထပ်မံခွဲခြားသည်။
ရေမြေရာသီဥတု
ပဲသီးကို သဲဆန်သောမြေမှ မြေစေးအထိ၊ မြေအမျိုးမျိုးတွင် စိုက်ပျိုး၍ရသည်။ အချို့က ခဲမြေတွင် စိုက်ပျိုးကြသည်။ တိုတောင်းသော ရာသီတွင် အချိန်တိုအတွင်း စိုက်ပျိုးလိုက သဲဆန်သောမြေတွင် စိုက်ပျိုးကြသည်။ သို့သော် မြေကောင်းလျှင် အထွက်ပိုကောင်းသည်။ အလွန်ချဉ်သော မြေတွင်ကောင်းစွာမဖြစ်ထွန်းချေ။ စိုက်ပျိုးရန် အကောင်းဆုံးမြေအချဉ်အငံဓာတ်မှာ pH (5.3-6.0) အတွင်း ဖြစ်သည်။
အပင်ကြီးထွားရန်နှင့် အတောင့်ဖြစ်ထွန်းစေရန်အတွက် အေးသောရာသီကို လိုလားသည်။ သို့သော် အပူချိန် (၁၀) ဒီဂရီစင်တီဂရိတ် အောက်တွင် သီးပွင့်မှုကို နှောင့်နှေးစေသည်။ အလွန်ပူသော ရာသီ (သို့မဟုတ်) မိုးအလွန်များကလည်း အပွင့်အသီးကို ကြွေစေသည်။ အသင့်တော်ဆုံးအပူချိန်မှာ (၁၅) ဒီဂရီစင်တီဂရိတ်အတွင်း ဖြစ်သည်။
မျိုးစေ့နှုန်းထား
ချုံပုတ်မျိုး (၄၀-၄၅) ကီလိုဂရမ်/တစ်ဧက
တိုင်ထောင်မျိုး(၁၂-၁၅) ကီလိုဂရမ်/တစ်ဧက
မြေဩဇာနှုန်းထား
တစ်ဧကအတွက်
နွားချေး – ၁၀ တန်
ယူရီးယား – ၂၂၄ ပေါင်
တီစူပါ – ၁၁၃ ပေါင်
ပိုတက်ရှ် – ၅၆ ပေါင်
နွားချေး၊ တီစူပါ၊ ပိုတက်ရှိနှင့် ယူရီးယား (၁၁၂) ပေါင်ကို မစိုက်မီ မြောင်းတွင်ထည့်သွင်းပြီး ကျန်ယူရီးယား (၁၁၂) ပေါင်ကို ပေါင်းလိုက် မြေဆွချိန်တွင် ထည့်သွင်းပေးရမည်။ လုပ်အားတတ်နိုင်က မြေဩဇာများကို မျိုးစေ့ချစိုက်ချိန်တွင် အစေ့၏ ပတ်ပတ်လည်(၃) လက်မ ခန့်အကွာတွင် ချပေးပါ။ မဂ္ဂနီဆီယမ် နှင့် သွပ်ဓာတ်ချို့တဲ့ပါက အသီးတွင် ပရိုတင်းပါဝင်မှုကို လျော့နည်းစေသည်။ မဂ္ဂနီဆီယမ်ဓာတ် လိုအပ်က အပင်၏ အောက်ပိုင်းအရွက်တို့၏ နှုတ်ခမ်းပတ်ပတ်လည်တွင် ဝါလာသည်ကို တွေ့ရမည်။
ဒုတိယအကြိမ် ဓာတ်မြေသြဇာ ထည့်သွင်းပေးခြင်းကို တိုင်ထောင်ပဲမျိုးတွင်သာ လိုအပ်သည်။ ချုံပုတ်သီးသည် သက်တမ်း အလွန်တို၍ ဓာတ်မြေသြဇာ ထပ်မံထည့်ပေးရန်မလိုချေ။
မြေပြုပြင်ခြင်း
ထွန်ရေးအလွန်ကောင်းအောင် မြေကိုပြုပြင်ရန် မလိုချေ။ ထွန်ရေးအသင့်အတင့်ရလျှက် စိုက်နိုင်သည်။ ရေမဝပ်သော မြေကို ရွေးချယ်ရမည်။
စိုက်ပျိုးခြင်း
မျိုးစေ့ချစိုက်ရာတွင် အစိုဓာတ်များလွန်းက ပုပ်သွားတတ်သည်။ ထို့ကြောင့် နေသာသောနေ့တွင် နောက်မိုးရွက်ဆက်ရွာရန် အကြောင်း မရှိဟု ယူဆနိုင်ဟု ချစိုက်သင့်သည်။ အစေ့သည် မြေသြဇာနှင့် တိုက်ရိုက်တွေ့ထိက ပုပ်လွယ်စေသောကြောင့်၊ မျိုးစေ့ချပြီးမှ အစေ့ ပတ်ဝန်းကျင်တွင် မြေသြဇာချပေးသင့်သည်။ နွယ်တက်မျိုးကို တစ်တန်းနှင့်တစ်တန်း (၃) ပေခြား၍ တစ်ပင်နှင့်တစ်ပင် (၉) လက်မခွာ၍ စိုက်သည်။ နွယ်တက်ပင်အတွက် အနည်းဆုံး (၇) ပေခန့်ရှည်သော ဝါးတိုင် သို့မဟုတ် သစ်သားတိုင်များကို အပင်တိုင်း၏ အခြေတွင် တိုင်ထောင်လျှင် အပင်အမြင့် (၉) လက်မခန့်တွင် ထောင်ပေးသည်။ အချို့က တိုင်များမြဲစေရန် အတန်းထဲရှိ နီးကပ်သောအပင်များ၏ တိုင်ကို ကြက်ခြေခတ်ပြီး တိုင်များဆုံရာတွင် ကြိုးဖြင့်ချည်ပေးသည်။ ဂျပန်နိုင်ငံတွင် အခြားတစ်ဖက်တန်းရှိ နီးသောအပင်၏ တိုင်နှင့် ထိပ်တွင် ဆုံပြီးချည်ပေးသည်။ အမေရိကန်နိုင်ငံတွင် လေးပွင့်ဆိုင် ဝါးလေးလုံးကို အလယ်တွင် ဆုံးစေ၍ ကြိုးဖြင့်ချည်ပေးသည်။
ရေဝပ်ခြင်းကင်းစေရန်အတွက် စိုက်တန်းတစ်ခုနှင့်တစ်ကြားတွင် ရေနုတ်မြောင်း ပြုလုပ်ပေးသည်။ (သို့မဟုတ်) နှစ်တန်းကြားတွင် တစ်မြောင်းပြုလုပ်ပေးသည်။
ဝါးရှားသောအရပ်ဒေသတို့တွင် သက်ကြီးပြောင်းဖူးမျိုးနှူင့် ရော၍ စိုက်ကြသည်။ ဤသို့ စိုက်ခြင်းဖြင့် တိုင်ထောင်ပေးရန် မလိုတော့ဘဲ ပဲပင်တို့သည် ပြောင်းဖူးပင်ကို အမှီပြု၍ တက်ကြသည်။
ချုံပုတ်ပဲမျိုးကို တစ်တန်းနှင့်တစ်တန်း (၂-၂) ပေခြား၍ တစ်ပင်နှင့်တစ်ပင် (၂) ပေခွာစိုက်သည်။ မိုးရာသီတွင် ဇွန်လမှ စက်တင်ဘာလ အထိ စိုက်ပျိုးနိုင်ပြီး၊ ဒုတိယအကြိမ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ စိုက်ပျိုးသည်။ တောင်ပေါ်ဒေသတွင် မတ်လမှ မေလဆန်းအထိ စိုက်ပျိုးသည်။ ရာသီဥတုသင့်တင့်သော ဒေသတွင် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည်။ သို့ရာတွင်နွေရာသီစိုက်ပျိုးက အထွက်လျော့စေသည်။
အပင်ပြုစုခြင်း
ပူ၍စိုစွတ်သောရာသီတွင် ပေါင်းမြက်များ အထမြန်သောကြောင့် ၎င်းတို့စတင်ပေါက်လာသည်နှင့် နှိမ်နှင်းပေးရမည်။ အထူးသဖြင့် တိုင်ထောင်ပဲသည် သက်တမ်းပိုရှည်သောကြောင့် ပေါင်းကိုကြိုတင်၍ မနှိမ်ထားက နောက်ပိုင်းတိုင်ထောင်ပြီးလျှင် ပေါင်းလိုက်ရခက်သည်။ ပဲပင်များ၏ အမြစ်များကို မထိခိုက်ရန် သတိပြုပါ။ ပဲပင်၏ အမြစ်တွင် နိုက်ထရိုဂျင်ဖမ်းယူနိုင်သော ဘက်တီးရီးယားများ ခိုးအောင်း နိုင်၍ အပင်အတွက် နိုက်ထရိုဂျင်ကို ရယူပေးခြင်းဖြင့် အကျိုးပြုစေသည်။
ချုံပုတ်ပဲမျိုးကို ဒုတိယအကြိမ် ယူရီးယားဓာတ်မြေဩဇာ ထည့်သွင်းပေးရန်မလိုသော်လည်း တိုင်ထောင်ပဲတွင်မူ လိုအပ်ပေသည်။
ရေသွင်းခြင်း
ပဲပင်တို့သည် ခြောက်သွေ့သော ရာသီဒဏ်ကို ခံနိုင်ရည်ရှိသော်လည်း ရက်ရှည်ခြောက်သွေ့ပါက ရေသွင်းပေးရန် လိုအပ်သည်။ မိုးရာသီစိုက်ပျိုးက ရေဝပ်သောမြေ၊ မြေစေးတို့တွင် ရေနုတ်မြောင်း ပြုလုပ်ထားရမည်။
ရိတ်သိမ်းခြင်း
ပဲသီးများကို အရွယ်မရောက်မီ အစေ့နုသေးသော အချိန်တွင် ဆွတ်ခူးသည်။ ပန်းပွင့်ပြီး (၂-၃) ပတ်အကြာတွင် စတင်ဆွတ်ခူးနိုင်သည်။ နောက်ကျ၍ ဆွတ်ခူးက အထွက်ပိုများလာသော်လည်း အတောင့်၏ အရည်အချင်း ကျဆင်းသွားသည်။ ပဲသီးတောင့်များရင့်လာက အစေ့နေရာတွင် ဖောင်းကြွနေ၍ အခွံသည် ပျော့လွန်းနေသောကြောင့် စားသုံးသူများ မနှစ်သက်ကြချေ။ ချုံပုတ်မျိုးတစ်ဧကလျှင် (၈၀၀-၉၀၀) ပိဿာ၊ တိုင်ထောင်မျိုးတစ်ဧကလျှင်(၂၀၀၀) ပိဿာကျော်ထိ ထွက်ရှိနိုင်သည်။
မျိုးစေ့ထုတ်လုပ်ခြင်း
မျိုးစေ့ထုတ်လုပ်ရန်အတွက် ရိတ်သိမ်းရာတွင် အပင်ပေါ်တွင် အသီးများခြောက်လာမှ ဆွတ်ခူးရမည်။ အချို့က အပင်လိုက်နုတ်ပြီး နေလှန်း၍ အတောင့်များကို ခူးယူသည်။
ကောင်းစွာခြောက်သွေ့သော အတောင့်များကို မူလအတိုင်းသိမ်းဆည်း၍ စိုက်ချိန်ရောက်မှ အစေ့များချွေပြီး စိုက်ပျိုးနိုင်သည်။ အများ အားဖြင့် အစေ့ကိုကြိုတင်ချွေ၍ ဆက်လက်နေလှန်းပြီးမှ သိမ်းဆည်းသည်။ ပဲစေ့သည် သိုလှောင်ရာတွင် ပိုးထိုးတတ်သောကြောင့် မျိုးအဖြစ်အသုံးပြုမည့်အစေ့များကို ထုံးနှင့်ရောမွှေပြီး သိမ်းဆည်းသင့်သည်။
Source by – ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
Ko Shwe Lin • ဖြေကြားချက် 2 ခု
ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာတွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ
ဇော်လင်းအောင် • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026