အစိမ်းရောင်လမ်း
ပဲကြီး စိုက်ပျိုးနည်း

ပဲကြီး စိုက်ပျိုးနည်း

ပဲကြီးသည် အိန္ဒိယနိုင်ငံ၏ အဓိက အစားအစာ နှစ်ရှည်သီးနှံပင် ဖြစ်သည်။ တိရိစ္ဆာန်အစာဖြစ်သော်လည်းကောင်း ပဲအဖြစ်သော်လည်းကောင်း ဟင်းသီးဟင်းရွက်သီးနှံအဖြစ်သော်လည်းကောင်း စသဖြင့် ရည်ရွယ်ချက် အမျိုးမျိုးဖြင့် အသုံးပြုကြသော သီးနှံလည်းဖြစ်သည်။ အိန္ဒိနိုင်ငံ၏ ကျေးလက်နေ ပြည်သူအများစုသည် ဟင်းသီးဟင်းရွက်သီးနှံအဖြစ် အိမ်များ၌သာ အများဆုံး စိုက်ပျိုးကြပါသည်။ အိန္ဒိယနိုင်ငံ၏ ပြည်တွင်းစျေးကွက်၌ ဝယ်လိုအားကောင်းသော သီးနှံလည်းဖြစ်သည်။ ထို့ကြောင့်ပဲကြီးသည် စီးပွားရေးအရ တွက်ခြေကိုက်သော သီးနှံဖြစ်လာသည်အလျောက် တစ်နေ့ထက် တစ်နေ့ စိုက်ပျိုးမှုသည် များပြားလာခဲ့ပါသည်။

ပဲကြီး၏အသုံးဝင်မှုများနှင့် အကျိုးကျေးဇူးများ

သစ်စိမ်းမြေသြဇာ (သို့မဟုတ်) ကျွဲစာ၊ နွားစာ အဖြစ် အသုံးပြုကြသည်။

နိုက်ထရိုဂျင် ဖမ်းယူမှု အားကောင်းသော သီးနှံလည်း ဖြစ်သည်။

အသီးတောင့်ကို ဟင်းသီးဟင်းရွက်သီးနှံအဖြစ် စားသုံးကြသည်၊။

အစာချေဖျက်မှုအတွက် အလွန်ကောင်းမွန်သည်။

ကျန်းမာရေးအတွက် အထောက်အကူပြုသော အမျှင်ဓာတ်များ ပါဝင်ခြင်းကြောင့် ဝမ်းချုပ်ခြင်းမှလည်းကာကွယ်ပေးသည်။

ဝိတ်ကျစေသည်။

ပရိုတိန်းဓာတ်များ မြင့်မားစွာပါဝင်သည်။

ရာသီဥတုလိုအပ်ချက်

အအေးကြိုက်သော သီးနှံဖြစ်ပြီး အပူပိုင်းဒေသနှင့် သမနွေးပိုင်းဒေသများတွင် လည်း စိုက်ပျိုးရန်သင့်တော်သည်။ မြင့်မားသော အပူချိန်နှင့် စိုထိုင်းဆသည် အပင်ကြီးထွားရန်အတွက် အထောက်အကူပြုသည်။

မြေ

မြေအမျိုးအစားအားလုံးတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ နုန်းမြေကို ပို၍ ကြိုက်နှစ်သက်သည်။ မြေချဉ်မြေငံတွင်လည်း ကောင်းစွာ စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ မြေချဉ်ငံကိန်း ၈.၅ အထိခံနိုင်ရည် ရှိသည်။

မျိုးပွားခြင်း

အများအားဖြင့် အစေ့ဖြင့်သာ မျိုးပွားသည်။

မြေပြင်ခြင်းနှင့် စိုက်ပျိုးခြင်း

ထယ်ရေးနက်နက်ထွန်၍ ပေါင်းများကိုရှင်းလင်းပြီး တမန်းကို ကောင်းစွာ ပြုပြင်ရမည်။ မိုးနှောင်းကာလ ဂျူလိုင်လသည် အကောင်းဆုံး စိုက်ပျိုးချိန်ဖြစ်ပြီး နိုဝင်ဘာလအတွက် ပန်းပွင့်ကာ ဇန်နာဝါရီတွင် ရိတ်သိမ်းနိုင်သည်။

အစေ့နှုန်းထား

မျိုးအလိုက်ကွာခြားမှုရှိနိုင်သည်။ တစ်ဧကအတွက် ၂၀-၂၅ kg သည် လုံလောက်စွာ စိုက်ပျိုးနိုင်သည်။ ပင်ခြားတန်းခြားမှာ ၁မီတာ-၁မီတာ ဖြင့်စိုက်ပျိုးနိုင်သည်။

ပေါင်းမြက်နှိမ်းနင်းခြင်း

Basalin ကဲ့သို့ ပေါင်းသတ်ဆေးကို ရေနှစ်လီတာဖြင့် ရောစပ်၍ ပေါင်းမြတ်များကို သေစေနိုင်သည်။ မစိုက်ပျိုးမီနှင့် စိုက်ပျိုးပြီးချိန်၌ ပေါင်းသတ်ဆေးများအသုံးပြုပါက မြေကြီးထဲတွင် ကောင်းစွာအစိုဓာတ်ရှိရမည်။ စိုက်ချိန်မှ ရိတ်သိမ်းချိန်ထိ ပိုးမွှားရောဂါ ကျလွယ်သော သီးနှံဖြစ်သည်။

ရေသွင်းခြင်း

ဆောင်းရာသီတွင် နှစ်ပတ်တစ်ကြိမ် အားဖြင့်သော်လည်းကောင်း၊ နွေရာသီတွင် တစ်ပတ်တစ်ကြိမ်ဖြင့်သော်လည်းကောင်း ရေပေးသွင်းနိုင်ပါက အကောင်းဆုံးဖြစ်သည်။ မြေကြီးထဲတွင်ရှိသော အစိုဓာတ်ကို လိုက်၍ ရေပေးသွင်းရမည်။

ကြားသီးနှံစိုက်ပျိုးခြင်း

စိုက်ပျိုးသောပင်ခြားတန်းခြားအပေါ်မူတည်၍ ကြားသီးနှံထည့်ခြင်းသည် ဝင်ငွေနှစ်ဆ ပို၍ ရရှိစေနိုင်သည်။ ကြားသီးနှံ စိုက်ပျိုးခြင်းသည် မြေကြီးထဲတွင် ရှိသော နိုင်ထရိုဂျင်ဖမ်းယူမှုကိုလည်း အကူအညီပေးသည်။ ကြားသီးနှံအနေဖြင့် လူး၊ဆပ်၊ပြောင်း၊နှံစားပြောင်း၊မြေပဲ စသည့် သီးနှံများ ထည့်သွင်းစိုက်ပျိုးနိုင်ပါသည်။

မြေသြဇာထည့်သွင်းခြင်း

ပဲမျိုးနွယ်ဝင်ဖြစ်သောကြောင့် နိုကထရိုဂျင် အနည်းငယ်သာ လိုအပ်သည်။ တစ်ဧလျှင် တိရစ္ဆာန်ချေး ၅တန် မှ ၈တန် ၊ နိုက်ထရိုဂျင် ၁၀ kg နှင့် ဖော့စဖောရက် ၂၀ kg ကို စိုက်ပျိုးချိန်၌ အသုံးပြုနိုင်သည်။ ကြားသီးနှံအပေါ်လိုက်၍ မြေသြဇာထည့်သွင်းမှု ကွဲပြားနိုင်သည်။

ရိတ်သိမ်းခြင်း

စိုက်ပြီး ၃လ အကြာတွင် ရိတ်သိမ်းနိုင်သည်။ လက်ဖြင့်ရိတ်သိမ်းလျှင် အပင်အောက်ခြေအထိ ရိတ်ယူနိုင်သည်။ အရည်အသွေးကောင်းစေရန်အတွက် ရိတ်သိမ်းချိန်ကို နံနက် (သို့မဟုတ်) ညနေစောင်းတွင် ရိတ်သိမ်းပေးရမည်။

အထွက်နှုန်း

စိုက်ပျိုးသောနည်းစနစ်အပေါ်မူတည်၍ သော်လည်းကောင်း၊ မျိုးပေါ်လိုက်၍ သော်လည်းကောင်း အထွက်နှုန်း ကွာခြားနိုင်သည်။ တစ်ဟက်တာတွင် အသီးတောင့် ၁၀၀၀၀ kg မှ ၁၂၀၀၀ kg ထိ ထွက်ရှိနိုင်ပါသည်။ ၅ တန် မှ ၁၀ တန်အထိ တိရိစ္ဆာန်အစာ ဖြစ်သော်လည်းကောင်း၊ သစ်ရွက်စိမ်း မြေသြဇာအဖြစ်သော်လည်းကောင်း သစ်စိမ်းဓာတ်များ ရရှိနိုင်ပါသည်။

မင်းသူသူကို

 

 

ဇော်ကြီး

ဇော်ကြီး

လွန်ခဲ့သော ၄ နှစ် က

ဇူလိုင်လက မိုးနှောင်းလားခင်ဗျာ သုံးလပြီးရိတ်သိမ်းရတယ်ဆိုပြီး ဇန်နဝါရီဆိုတော့ typing မှားတာလားခင်ဗျာ

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၄ နှစ် က

yes

ပိုင်ဦး

ပိုင်ဦး

လွန်ခဲ့သော ၅ နှစ် က

ကျေးဇူးတင်ပါတယ် ခင်ဗျာ

You

ဆက်စပ်ဆောင်းပါးများ

Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ

Ko Shwe Lin • ဖြေကြားချက် 2 ခု

ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာ‌တွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ

ဇော်လင်းအောင် • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....