အစိမ်းရောင်လမ်း
လီလီပန်း စိုက်ပျိုးခြင်း ( Lily flower cultivation )

လီလီပန်း စိုက်ပျိုးခြင်း ( Lily flower cultivation )

ayethandasoe
ayethandasoe 08/12/2017

အလွယ်တကူစိုက်ပျိုးဖြစ်ထွန်းသော်လည်း ပန်းပွင့်များပွင့်ရန် အေး၍ခြောက်သွေ့သော ရာသီဥတု လိုအပ်ပါသည်။ သမပိုင်းနှင့် အနည်းငယ်ပူသော ဒေသများတွင် ကျယ်ပြန့်စွာ စိုက်ပျိုးကြသည်။ နေရောင် အပြည့်အဝရရှိမှုကို ကြိုက်နှစ်သက်သည်။ မြေကြီးအစိုဓါတ်ရှိလျှင် တနှစ်ပတ်လုံး မည်သည့် အချိန်တွင်မဆို စိုက်ပျိုးနိုင်သည်။

 မျိုးကွဲများ

မျိုးကွဲပေါင်း ၁၀၀ကျော်ရှိသည်။ လီလီပန်းများသည် အလွယ်တကူ ဖြစ်ထွန်းလွယ်သည်။ အရောင်အားဖြင့် အဖြူ၊ အဝါ၊ ပန်းရောင်၊ အနီရောင်၊ ခရမ်းရောင်များရှိသည်။ ပန်းပွင့်များပေါ်တွင် အစက်များ(သို့) အစင်းကြောင်းများ ပါရှိသည်။ အသီးမှာ အခန်းသုံးခန်းပါသည်။ အသီးအတွင်းရှိမျိုးစေ့များသည် နွေအခါတွင်ရင့်မှည့်ပြီး အစေ့မှ အပင်ပေါက်ချိန် မတူကြပါ။

 မျိုးရွေးချယ်ခြင်း

မြန်မာနိုင်ငံတွင် အများဆုံး စိုက်ပျိုးကြသောမျိုးမှာ အဖြူရောင်လီလီပန်း ဖြစ်ပြီး မျိုးဥစျေးသက်သာသည်။ တစ်ခိုင်ပါ ပန်းအပွင့် များသည်။

အပင်ခြေတွင် အဖူးအသေးလေးများ ရှိသည်။ အချို့ မျိုးများတွင် အဖူးများကို မြေမျက်နှာပြင်အပေါ်နားတွင် တွေ့ရပြီး အချို့ မြေကြီးအတွင်းတွင်သာ တွေ့ရသည်။ ပုံမှန်အားဖြင့် အပင်ခြေရှိအမြစ် များမှ ထူးခြားသောအမြစ် များက အဖူးများအဖြစ် ပြောင်းလဲကာ အပင်အသစ်အဖြစ် ထိုးထွက်လာသည်။

 မြေအမျိုးအစား

ရေစီးဆင်းမှုကောင်းမွန်သော pH ၅ - ၅.၆ အောက် ရှိသည့်မြေတွင် ကောင်းစွာဖြစ်ထွန်းသည်။ စိုစွတ်မှု ရှိရန် လိုအပ် သော်လည်း ရေဝပ်လို့မရပါ။ အရိပ်အနည်းငယ်လိုအပ်သည်။

 စိုက်ပျိုးခြင်းအဆင့်ဆင့်

မျိုးစေ့များနှင့် မျိုးဥများမှ စိုက်ပျိုးနိုင်သော်လည်း မျိုးဥ များမှသာ အဓိကထား စိုက်ပျိုးကြသည်။

 စိုက်ပျိုးမည့်မျိုးဥ ရွေးချယ်ခြင်း ( Seed Selection Stage Bulbs )

  

မျိုးဥများကို စိုက်ပျိုးရန်အတွက် ရွေးချယ်ရာတွင် မျိုးဥအရွယ်အစားသည် အချင်း အနည်းဆုံး ၃ လက်မ ရှိရန် လိုအပ်သည်။ တူးဖော်ပြီးမျိုးဥများကို ချက်ချင်းစိုက်ပါ။ မျိုးဥများတူးဖော်ပြီးပါက အပူချိန် (၁၀ - ၁၅) ဒီဂရီစင်တီဂရိတ် ၊ တိုက်ရိုက်နေရောင်ကျရောက်မှု မရှိသောနေရာတွင် ပလပ်စတစ်အိတ်ထဲထည့်ပြီး အိတ်အဝကိုဖွင့်၍ ထားပါ။ ပလပ်စတစ်အိတ်ဖွင့်ပြီး အပူချိန် ( ၀ - ၂ ) ဒီဂရီစင်တီဂရိတ် တွင် (၂) ပတ်အချိန်ကာအထိ သိုလှောင်နိုင်ပြီး ( ၂ - ၅) ဒီဂရီစင်တီဂရိတ် တွင် တစ်ပတ်သာ သိုလှောင်နိုင်သည်။

တူးဖော်ထားသည်မှာ ကြာမြင့်သော၊ အပူချိန်မြင့်မှာ သိမ်းထားတဲ့မျိုးဥ ၊ စနစ်တကျ သိုလှောင်ထားမှုမရှိသော မျိုးဥ များ ကို စိုက်ပျိုးခဲ့ပါက ပန်းပွင့်ရိုးတံတိုခြင်း နှင့် ပန်းပွင်အရေအတွက်နည်းခြင်းတို့ ဖြစ်စေမည်။

ဒီဇင်ဘာ ကဲ့သို့ အေးသောရာသီတွင် စိုက်ပျိုးပါက ၃ လက်မ အချင်းရှိသော မျိုးဥများကို စိုက်ပျိုး သင့်ပေမယ့် ဧပြီလကဲ့သို့ ပူသောရာသီမှာ စတင်စိုက်ပျိုးပါက အချင်း ၄ - ၅ လက်မ ရှိသော မျိုးဥများကို ရွေးချယ်စိုက်ပျိုးပါ။

စိုက်ပျိုးမည့် မျိုးဥများသည် ရောဂါကင်း လတ်ဆတ်ပြီး အမြစ်များ သန်မာရန် လိုအပ်သည်။ အပင် စိုက်ပျိုးမည့် စိုက်ဘောင်နှင့် စိုက်ကျင်းအနက်၊ အကွာအဝေးများကို စိုက်ပျိုးမည့် မျိုးဥ အရွယ်အစားပေါ် မူတည်ပြီး ရွေးချယ်ပါ။ အမြစ်ကောင်းမွန်စွာကြီးထွားရန်အတွက် စိုက်ပျိုးမည့်မြေသည် ရောဂါကင်းရန် လိုအပ်သည်။

မှိုသတ်ဆေး တစ်မျိုးမျိုးကို စိုက်ဘောင်ပေါ်ဖြူး၍ အပေါ်ယံမြေဖြင့် ရောမွှေပါ။မျိုးဥပုပ်ခြင်းနှင့် မြေဆောင်မှိုရောဂါ ကြိုတင်ကာကွယ်နိုင်မည်။

စိုက်ဘောင်များတွင် အပင်ချမစိုက်မှီ ကောင်းစွာဆွေးမြေ့သော နွားချေး ၂ တန် နှုန်း ထည့်ပါ။ သတိပြုရန်မှာ မျိုးဥများချမစိုက်ခင် ပြင်ဆင်ထားသောစိုက်ဘောင်ကို ၆ နာရီ ကြိုတင်ရေလောင်းထားရန်ဖြစ်သည်။

မျိုးဥများ ချမစိုက်ခင် စိုက်မည့်မြေနေရာသည် အေးနေရန်လိုအပ်သည်။ မနက်ခင်း သို့ ညနေခင်းတွင် စိုက်သင့်သည်။

လီလီပန်းပင်သည် နေရောင်ကို ကြိုက်နှစ်သက်ပေမယ့် မျိုးဥများကတော့ အေးတဲ့ရာသီဥတုကို ကြိုက်သည်။ စိုက်ကျင်းအနက်ကို ၆ လက်မထိ တူးရန်လိုအပ်သည်။ စိုက်ကျင်းနက်နက်တူးခြင်းဖြင့် မျိုးဥများကို အပူမှ ကာကွယ် ရုံသာမက ပန်းပင်၏ ပင်စည်များကိုလည်း ပိုသန်မာစေပါသည်။

 ပင်ကြား ၈ လက်မ အကွာထား၍ စိုက်ပျိုးပါ။ နေရောင်အပြည့်အဝ ရရှိဖို့လိုအပ်သည်။ တပတ်အတွင်း မိုးရေချိန် တစ်လက်မ အောက်သာ ရွာသွန်းရင် ရေလောင်းရန်လိုအပ်သည်။ လီလီအပင်ကို မြေကြီးစိုရွှဲတဲ့အထိ (အပင်အောက် ၆လက်မ အနက်ထိရေရောက်အောင်) ရေလောင်းခြင်းဖြင့် လီလီအပင် ကြီးထွားဖို့အတွက် အားပေး သည်။

မြေဖုံးခြင်း ( Giving Phase Mulch )

စိုက်ပြီးပြီးချင်း နှပ်စာ သို့ စပါးခွံ သို့ ရိုးဖြတ် တခုခုဖြင့်စိုက်ဘောင်အား ဖုံးအုပ်ပါ။ အပူများခြင်း၊ ခြောက်သွေ့ခြင်းမှ ကာကွယ်နိုင်သည်။ စိုက်ပျိုးသည့်အခါ မျိုးဥများကို အမြစ်များ ထိခိုက်မှုမရှိစေရန် အလွန် ဖိသိပ် စိုက်ပျိုးခြင်းမပြုရ။

အပူချိန်မြင့်လွန်းပါက ပန်းမျိုးဥများ ပျက်စီးနိုင်ပါသည်။ သတိပြုရန်မှာ အပင်ခြေဖုံးရန် အသုံးပြုသောမြေတွင် ပက်ကျိများ ကင်းစင်ရန်လိုအပ်သည်။

ပေါင်းနှိမ်နင်းခြင်း

ပေါင်းသတ်ဆေးသုံးစွဲခြင်းသည် မျိုးဥ ကြီးထွားမှုကို ထိခိုက်နိုင်၍ မသုံးစွဲသင့်ပါ။ အညှောင့်ပေါက်ပြီးအပင်များ ကြားတွင် လက်ဖြင့် ကြားပေါင်းလိုက်ခြင်းကို အပင်စပေါက်လာချိန်တွင် ပြုလုပ်ပါ။

 မြေသြဇာထည့်သွင်းခြင်း( Ferlilizer Stage )

အညှောင့်ပေါက် အမြစ်စတင်ထွက်သည့်အချိန် ၊ အပင်အမြစ်များ စတင်ကြီးထွားလာချိန်တွင် မြေသြဇာ ထည့်ရန် မလိုအပ်ပါ။

စိုက်ပျိုးသည့်ရက်မှစ ၃ ပတ် မြောက်၊ အမြစ်မြေတွင်စွဲသည့်အချိန်မှစ၍ ပိုတက်များသော ဓါတ်မြေသြဇာ အရည်ကို ၂ ပတ်တစ်ကြိမ် ဖြန်းပါ။

အပင်အမြင့် တစ်ပေ ခန့်ရောက်လျှင် ယိုင်လဲမှုမရှိအောင် ပင်စည်ကို ထိန်းချည်ပေးပါ။

 ပန်းပွင့်သောရာသီရောက်တဲ့အခါ ပန်းဖြတ်တဲ့အချိန် ပန်းပင်စည်ရဲ့ ၃ ပုံ ၁ ပုံ ကို ချန်ပြီး ပန်းကို ဖြတ်ပါ။ ထပ်ထွက်လာမည့်ပန်းခိုင်များကို ဆက်လက်ကြီးထွားစေသည်။ မြေကြီးထဲရှိ အဖူးများကို အဟာရဓါတ်ရောက်ရှိပြီး နောင်နှစ်တွင် ပန်းပွင့်ရန်အတွက် အထောက် အကူဖြစ်စေသည်။

ပန်းပင်ခြေတွင် မြေကြီးမှ အမြင့် ၅ လက်မ ထိ မြေဖုံးပေးခြင်းဖြင့် ပန်းဥများကို ပို၍ကြီးထွားစေသည်။ မိုးရွာပြီး ရေစီးဆင်းမှုညံ့သောနေရာများတွင် ယင်းကဲ့သို့ ပိုပြီးဂရုစိုက် ပြုလုပ်ပေးပါ။

 ပန်းခူးသည့်အခါ ဆွဲနှုတ်ခြင်းမပြုရ။

 ပန်းပွင့်များအားလုံး ခူးဆွတ်ပြီးချိန်တွင် ချန်ထားသောပန်းပင်၏ ပင်စည်အခြေတွင် မြေဆွေးများဖုံးခြင်းနှင့် မှန်မှန် ရေလောင်းပေးပါ။ မျိုးဥဆက်လက်ပြီး ကြီးထွားစေမည်။

 ကျရောက်သော ပိုး နှင့် ရောဂါများ

ပြ ( Aphids) ၊ ပင်စည်နှင့် အရွက်စားသောက်ဖျက်ဆီးသည့်ကျိုင်း (lily beetle) အပင်ပေါက်များ ၊ အရွက် များနှင့် ပန်းပွင့်များကို စားသောက်ဖျက်ဆီးသည့် ခရု၊ ပက်ကျိ ၊ များကျရောက်တတ်ပါသည်။

ပိုးသတ်ဆေးများသုံးစွဲ၍ ထိရောက်စွာနှိမ်နင်းနိုင်ပါသည်။

မှိုရောဂါများ အရွက်များတွင်ကျရောက်တတ်ပြီး မြေကြီးအတွင်းရှိ မျိုးဥပုပ်ခြင်းများလည်း ဖြစ်တတ်ပါသည်။ မှိုသတ်ဆေးများ မြေကြီးပေါ်သို့ ပက်ဖြန်းနိုင်ပါသည်။

 မှတ်ချက်။ စိုက်ပျိုးသည့်နေရာဒေသအလိုက် အေးသောကာလဖြတ်သန်းချိန်၊ နေ့ ည အပူချိန်

ကွာခြားချက်တို့သည် ပန်းပင်အမြင့် ၊ ပန်းပွင့်အရည်သွေးနှင့် အရေအတွက်ကို

လွှမ်းမိုးပါသည်။

 Aye Thanda Soe

3.9.2017 (Sun day)

Ref; - Easter lily Production by John Erwin,Dept of Horticultural Science,University of Minnesota

( Nov-2002)

-About the lily flower and Plant Cultivation Method Lily right

-Growing & gardening of easter lilies – lilium longiflorum by master gardener program

- lily forcing guide by international flower bulb center

 

 

ဦးလှိုင်ကိုဦး

ဦးလှိုင်ကိုဦး

လွန်ခဲ့သော ၃ နှစ် က

နယ်သာလန်လီလီ Green House နဲ့ စိုက်နည်း စနစ်တကျ သင်တန်းပေးတာမျိုးရှိလားခင်ဗျ ရှိတယ်ဆိုရင်သင်တန်းတက်ချင်လို့ပါ

နန်းမြတ်မြတ်ဖွေးး

နန်းမြတ်မြတ်ဖွေးး

လွန်ခဲ့သော ၃ နှစ် က

လီလီပန်းဉ ဘယ်မှာဝယ်ယူနိုင်မလဲရှင့်

Ma Hnin Wai Soe

Ma Hnin Wai Soe

လွန်ခဲ့သော ၅ နှစ် က

မျိုးဥကိုဘယ်မှာဝယ်ယူရမလဲရှင့်

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ

Ko Shwe Lin • ဖြေကြားချက် 2 ခု

ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာ‌တွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ

ဇော်လင်းအောင် • ဖြေကြားချက် 2 ခု

စပါးကြဲခင်းစံကွက်ရိတ်နည်းသိချင်ပါတယ်

မြူလွှာ • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....