အိမ်ခြံဝန်းအတွင်း မိုက်ခရိုဂရင်း တပိုင်တနိုင် စိုက်ပျိုးနည်း
မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၈၉)
စားမှို စိုက်ပြီးပွားစာဆွေးများကို မိုက်ခရိုဂရင်း ရွက်မှန်စုံ ပျိုးပင်ပေါက်ခင်းများတွင် သုံးစွဲခြင်း (၈)
အိမ်တွင်း/ ခြံဝင်းများတွင် မိုက်ခရိုဂရင်း တပိုင်တနိုင် စိုက်ပျိုးနည်းများ
မိုက်ခရိုဂရင်းကို ဗိုက်တာမင်၊ မင်နရယ်နှင့် ရောဂါဆိုင်ရာ ဓာတုပစ္စည်းများ ပါဝင်မှုသည် အပင်ကြီးများထက်များသည်ကို လေ့လာမှုများလာသည်နှင့်အမျှ သုတေသနအဖြေများဖြင့် ခိုင်မာလာသည်။ စားသုံးသူများသည် ကျန်းမာရေးအထောက်အကူပြုလမ်းကြောင်းတခုအနေနှင့် ဖြည့်စွက်စာအဖြစ် စားသုံးနိုင်ကြောင်း လက်ခံလာသည်။ အစားအစာအသစ်အဆန်းအဖြစ် အလေးအနက်ထားမှုမြင့်တက်လာသည့်အတွက် ခြံဝန်းအတွင်း ဥယျာဥ်ခြံများတွင် မြေကြီး၊ ခဲပါလိုက်မြေ၊အုန်းဆံဖတ်၊ဗာမီကျူလိုက်နှင့် ပါလိုက်အရော၊ ဂုံနီအိတ်ဖြတ်စ၊ ပွားစာဟောင်း မြေဆွေးနှင့် ပွားစာစပ်မြေအရော၊ မြေကြီး၊ ခဲပါလိုက်မြေနှင့် ပွားစာဟောင်းမြေဆွေးကို အချိုးကျရောပြီး ကောင်းစွာစိုက်ပျိုးနိုင်သည်။ အာဟာရ ဖျော်ရည်တွင်လည်း စိုက်နိုင်သည်။ မြေမဲ့မီဒီယာများကိုလည်း မျိုးစိတ်အလိုက် ကိုက်ညီသော နည်းကိုအသုံးပြုနိုင်သည်။ မိုက်ခရိုဂရင်းစိုက်ပျိုးရေးသည် ရေရှည်တည်တန့်ပြီး၊ ရိုးရှင်းလွယ်ကူသဖြင့် ကိုယ်တိုင်စိုက်၊ ကိုယ်တိုင်စားသုံးကြသော တပိုင်တနိုင်သာမက ကျယ်ကျယ်ပြန့်ပြန့် စီးပွားဖြစ် မိုက်ခရိုဂရင်းစိုက်ပျိုးရေးကိုလည်း စိတ်ဝင်စားလာကြသည်။
မိုက်ခရိုဂရင်း တပိုင်တနိုင် စိုက်ပျိုးနည်းများ
မြေနှင့်စိုက်ခြင်း

မြေမဲ့မီဒီယာဖြင့် မိုက်ခရိုဂရင်းစိုက်ပျိုးခြင်း

အိမ်/ ခြံဝန်းများတွင် မိုက်ခရိုဂရင်းကို အာဟာရဖျော်ရည်ဖြင့် စိုက်ပျိုးခြင်းဆိုတာဘာလဲ?
အာဟာရဖျော်ရည်ဖြင့်စိုက်ပျိုးခြင်းဆိုသည်မှာ မြေကြီးအစား ရေတွင် အာဟာရဓာတ်များထည့်စိုက်ပျိုးခြင်းဖြစ်သည်။ ၎င်းနည်းတွင် ဟိုက်ဒရိုပေါနစ်ကြီးထွားအခင်းဟုခေါ်သည့် အာဟာရအရည်ကို စုပ်သော အခင်းများ၊ ကြီးထွားမီဒီယာများဖြစ်သော ဗာမီကျူလိုက်၊အုန်းခွံ အမျှင်ဖတ်၊ ပါလိုက် အသုံးပြုရသည်။ ဟိုက်ဒရိုပေါနစ်ကြီးထွားအခင်းများသည် မိုက်ခရိုဂရင်းအတွက် လိုအပ်သော အာဟာရကို ထောက်ပန့်နိုင်ခြင်းမရှိပါ။ မိုက်ခရိုဂရင်း၏ ကြီးထွားမှုကိုထိမ်းထားနိုင်ရန် အင်အော်ဂဲနစ်၊ အော်ဂဲနစ်မြေသြဇာများကို အသုံးပြုရသည်။ ဟိုက်ဒရိုပေါနစ် မိုက်ခရိုဂရင်းများသည် ပါးလွှာပြီး ရေစုပ်အားကောင်းသော အခင်းများကို အသုံးပြုရသည်။ ၎င်းတို့သည် အစေ့များကို မရွှေ့ပြောင်းအောင် ထိန်းသည်။ အစေ့မျိုးညှောက်ပေါက်ရန် လိုအပ်သော အာဟာရဓာတ်ပါသော ရေကိုလည်း ကောင်းစွာထိန်းသည်။
အာဟာရဖျော်ရည်တွင် မိုက်ခရိုဂရင်းများစိုက်ပျိုးခြင်းအဆင့်ဆင့်

ဟိုက်ဒရိုပေါနစ် ကြီးထွားခင်းအဖြစ် စျေးသက်သာသော ဂုံလှော်အခင်း၊ အုန်းခွံအခင်းများသုံးခြင်း

အပင်ပြုစုခြင်းနှင် ရိတ်သိမ်းခြင်း

ဆေးခြောက်ပင်ကြိတ်ဖတ်အခင်းကို ဟိုက်ဒရိုပေါနစ်ကြီးထွားမီဒီယာအဖြစ် အသုံးပြုပုံ
မိုက်ခရိုဂရင်းကို အာဟာရဖျော်ရည်ဖြင့် စိုက်ပျိုးရာတွင် အာဟာရဖျော်ရည်အခင်းအဖြစ် ဆေးခြောက်ပင်ကြိတ်ဖတ်အခင်းကိုသုံးသည်။ အမြစ်အဖွဲ့အစည်းသေးသော မိုက်ခရိုဂရင်းများကိုစိုက်သည်။ စိုက်ပျိုးသော မိုင်ခရိုဂရင်းအမျိုးအစားအလိုက် ကြီးထွားအခင်းများသုံး ရာ တွင် လုံလောက်သော အစိုဓာတ်နှင့် အာဟာရဓာတ် ရရန်လိုသည်။ ဆိုင်မှ ဝယ်ယူသော ဟိုက်ဒရိုပေါနစ်ကြီးထွားမီဒီယာကို ဗန်းနှင် ပစ္စည်းအစုံ အသုံးပြုရမည်။

ဘားလက်သည် အမျှင်စအမျိုးအစားဖြစ်ပြီး ဂုံလျှော်ပင်မှ ထုတ်လုပ်သည်။ မြန်မာနိုင်ငံတွင် အသုံးပြုသော ဂုံနီစနှင့် ဂုံနီကြိုးနှင့် တူသည်။ အလားတူ ဘားလက်သည် အဝတ်စ၊ အိတ်၊ ကြိုးကျစ် အသုံးပြုသည်။ စက်ရုံထုတ် ဟိုက်ဒရိုပေါနစ် ကြီးထွားအခင်း အဖြစ်သုံးသည်။ အခြားမြေမဲ့ မီဒီယာနှင့် နိုင်းယှဥ်လျှင် မာသည်။ အာဟာရဖျော်ရည်တွင် နှစ်ပြီး သုံးရမည်။ ခဲမြေ၊ ပါလိုက်ဖြင့် ဆတူရောပြီး သုံသင့်သည်။
စက်ရုံထုတ် ဟိုက်ဒရိုပေါနစ်ကြီးထွားအခင်း ဘိုင်အိုစထရိတ်ဖြင့် စိုက်ပုံ

ဘိုင်အိုစထရိတ်ဆိုသည်မှာ ကုန်အမှတ်တံဆိတ်အမည်ဖြစ်သည်။ ဟိုက်ဒရိုပေါနစ် ကြီးထွားအခင်း အဖြစ်အသုံးများသည်။ ဇီဝပေါ်လီမာနှင့် သဘာဝအမျှင် ပေါင်းစပ်ပြီး ရေကိုကောင်းစွာထိန်းနိုင်အောင် ထုတ်လုပ်ထားသော စက်ရုံထုတ်ပစ္စည်းဖြစ်သည်။ ပေါ့ပါးသည်။ ပီအိပ်ချ် ညှိထားသည်။ ရေကို စုပ်ယူမှုမြန်သည်။ ပိတ်ဆို့ခြင်းမရှိသဖြင့် သန့်ရှင်းသည်။ မိုက်ခရိုဂရင်းများ မှိုမစွဲအောင် စီစဥ်ထုတ် လုပ်ထား သည်။
အာဟာရဖျော်ရည်အခြေခံစိုက်ပျိုးသော မိုက်ခရိုဂရင်းများ
ဘရိုကိုလီ၊ နေကြာ၊ ပင်စိမ်း၊ မုံညင်း၊ မုံလာဥ၊ ရေကန်စွန်း၊ စိုင်လန်ထရိုတို့ဖြစ်သည်။
အကျိုးကျေးဇူး
နေရာ မရွေး သုံးနိုင်သည်၊ ရေထိမ်းသိမ်းမှုကောင်းသည်၊ အပင်ကြီးထွားမှုမြန်သည်၊ အပင်ထွက်ကောင်းသည်၊ မြေနှင့်စိုက်သည်ထက်ရိပ်သိမ်းချိန်စောသည်၊ ပီအိပ်ချ် ညှိထားသော အာဟာရများကို အများဆုံးရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဇာနည်မင်း
လွန်ခဲ့သော ၂ နှစ် ကပဲပိုးတီ စိုက်ပျိုးနည်းသိချင်လို့ပါ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဆရာ၊ဆရာမတိုခင်ဗျား ကောက်ရိုးမှိုပျိုးနည်း အသေးစိတ်သိချင်ပါတယ်ခင်ဗျာ။နေပြည်တော်ကပါ မှိုမျိုးစေ့ဘယ်မှာဝယ်လို့ရလဲခင် ချင်ဗျ။ဘယ်ရာသီဖြစ်ဖြစ် မှိုပျိုးလိုရ/မရသိချင်ပါတယ်ခင်ဗျ။မှိုပျိုးချင်သူအား လုပ်ဆောင်နိုင်အောင် အသေးစိတ် ပြောကြားပေးစေချင်ပါတယ်။
ဦးမောင်ကို • ဖြေကြားချက် 1 ခု
ရွှေပန်းပင်ကိုတူးပြီး စိုက်ခင်းထဲမရောက်ခင် အပင်အရိပ်အောက်မှာတစ်လလောက်ထားလို့ရပါသလားခင်ဗျာ ပြီးလျှင်စိုက်ဘောင်ထဲကိုဘာတွေထည့်ထားသင့်သလဲသိပါရစေ
ဦးခိုင်မင်းဇော် • ဖြေကြားချက် 1 ခု
မတ်ပဲကျဲရာတွင် "တော်2တော်ကိုရှောင်' လို့ရှေးလူကြီးများကပြောခဲ့သည် ထိုစကားသည်မှန်ပါသလား ဒီနှစ်မှာ ဝါထပ်သောကြောင့် နတော်လသည်နောက်ကျနေသည် ထိုအရာမှာမည်သည်ကိုအမှန်ယူရမည်နည်းရှင်းပြပေးကြပါဦး
ဦးစောမောင်ဌေး • ဖြေကြားချက် 2 ခု
မတ်ပဲ TBL9 ကို ဘယ်လထိနောက်ဆုံး စိုက်ပျိုးလို့ရလဲ ထွန်ပဲစနစ်ဖြင့်စိုက်မှာပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
မွန်ပြည်နယ် မော်လမြိုင်မြို့ သံလွင်မြစ်ဘေးက ကျွန်းမြေတွေမှာစပါးစိုက် ချိန်ပြီးရင် ဘာသီးနှံတွေစိုက်လို့အဆင်ပြေနိုင်မလဲ
zin myo thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
အားလုံး
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024