သခွားမွှေး စိုက်ပျိုးနည်း
သခွားမွှေးသည် မြန်မာသခွားမသီးမျိုးနှင့် အနံ့အဆင်း ဆင်တူသော်လည်း မြန်မာသခွားမသီးမျိုး လောက် အနံ့စူးရှမှုမပြင်းထန်ဘဲ စွဲမက်ဖွယ်ကောင်းသော အနံ့ရှိပါသည်။ အချိုဓာတ်မှာ မြန်မာသခွားမသီးမျိုးထက် ပိုမိုမြင့်မားပြီး အသားမှာ စေးပိုင်နေ၍ စားသုံးရာတွင် ထူးခြားသောအရသာ ပေးစွမ်း နိုင်ပါသည်။ အချိုပွဲအဖြစ်လည်းကောင်း၊ ချက်ပြုတ်၍ လည်းကောင်း စားသုံးကြပါသည်။
မြန်မာအမည် - သခွားမွှေး
အင်္ဂလိပ်အမည် - MUSKMELON
ရုက္ခဗေဒအမည် - Cucumis melo
မျိုးရင်းအမည် - CUCURBITACEAE
၁။ မူရင်းဒေသ
အိန္ဒိယနိုင်ငံဖြစ်၍ သခွားမွှေးအား Cantalourpe ဟုလည်း လူသိများကြသည်။ အမေရိကတိုက်၊ အာရှ မိုင်းနားဒေသနှင့် မြေထဲပင်လယ်ဒေသတို့တွင် စီးပွားဖြစ်တွင်ကျယ်စွာ စိုက်ပျိုးကြသည်။
၂။ အမျိုးအစား
အသီးပုံသဏ္ဍာန်မှာ အလုံးပုံ၊ ဘဲဥပုံ၊ လုံးရှည်ပုံဟူ၍ အမျိုးမျိုးတွေ့ရပြီး အသီးခွံအရောင်မှာ အစိမ်း အနု၊ အရင့်၊ အဖြူရောင်၊ အဝါရောင်၊ ဆင်စွယ်ရောင်စသည်ဖြင့် တွေ့ရပါသည်။ အသီးခွံသည် ပြောင်ချောရှိသလို ပိုက်ကွန်သဖွယ် အကွက်များ မထင်မရှား ပါဝင်သောမျိုးနှင့် အကွက်ပေါ်လွင်ထင်ရှားသော မျိုးအဖြစ်လည်း ကောင်း အမျိုးမျိုး တွေ့ရပါသည်။
အကွက်ပေါ်လွင်သိပ်သည်းမှုပေါ် မူတည်၍ စျေးကွက်တွင် ကြိုက်နှစ်သက်မှုကွဲပြားကြောင်းတွေ့ရပါ သည်။ အဘယ် ကြောင့်ဆိုသော် ပြောင်းလဲတိုးတက်နေသော လူနေမှုအဆင့်အတန်းအရ အကွက်လှသော သခွားမွှေးအား လက်ဆောင်အဖြစ် ပေးသောဓလေ့ ထွန်းကားလာခြင်းကြောင့် ဖြစ်ပါသည်။ အတွင်းသား အရောင်မှာ အဖြူရောင်၊ ဖြူစိမ်းရောင်၊ ဆင်စွယ်ရောင်၊ လိမ္မော်နီရောင်၊ အစိမ်းရောင်ဟု အမျိုးမျိုးကွဲပြားလျက်ရှိ ပြီး ဖြူစိမ်းရောင်မှာ စျေးကွက်တွင် ဝယ်လိုအား အများဆုံးဖြစ်ပါသည်။
သခွားမွှေးတွင် ပါဝင်သော အစေ့များမှာ အလယ်ဗဟိုချက်တိုင်တွင် တစ်စုတစ်ဝေးတည်း တည်ရှိသည့် အတွက် စားသုံးရာတွင် အစေ့ဖယ်ရှားရလွယ်ကူပါသည်။
၃။ စိုက်ပျိုးသည့်ဒေသ
မြန်မာပြည်အနှံ့အပြားတွင် စိုက်ပျိုးနိုင်သော်လည်း သီးနှံမျိုးသစ်ဖြစ်၍ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်း ပြည်နယ်တို့တွင် စိုက်ပျိုးကြသည်ကို တွေ့ရပါသည်။
၄။ မြေနှင့် ရာသီဥတု
(၂၆-၃၀) ဒီဂရီစင်တီဂရိတ်ခန့်တွင် ကောင်းမွန်စွာ ဖြစ်ထွန်းသည်။ အပူချိန် (၁၀) ဒီဂရီ စင်တီဂရိတ်ထက် ပို၍ မကွာ ခြားသောဒေသများတွင် ကောင်းမွန်စွာ ဖြစ်ထွန်းနိုင်သည်။ pH (၆-၆.၅) ပတ်ဝန်း ကျင်တွင် ကောင်းမွန်စွာ ဖြစ်ထွန်းသည်။ ရေစီးရေလာကောင်း၍ ရေသွင်းရေထုတ် လွယ်ကူသော သဲနုန်းမြေများတွင် ကောင်းမွန်စွာ ဖြစ်ထွန်းနိုင်သည်။
၅။ မျိုးစေ့နှုန်း
တစ်ဧကလျှင် မျိုးစေ့နှုန်း (၂၀၀) ဂရမ်သုံး၍ ပျိုးထောင်ပါ။
၆။ ပျိုးထောင်ခြင်း
မျိုးစေ့များကို (၅x၇) လက်မ ပလတ်စတစ်အိတ် (သို့မဟုတ်) (၄) လက်မအချင်းရှိ ပလတ်စတစ်ပျိုးခွက် များတွင်ထည့် ၍ ပျိုးထောင်ပါ။ ပျိုးမြေသည် မြေဆီအာဟာရ ကြွယ်ဝရန်လိုသည်။ အစေ့ချချိန်မှ (၂၅) မတိုင်မီ ပြောင်းရွှေ့စိုက်ပျိုးနိုင် သည်။ ထိုအချိန်တွင် ရွက်စစ် (၂-၄) ရွက် ပြန့်နေပြီဖြစ်သည်။
ပျိုးခင်းတွင် ပိုးမွှားရောဂါ ကျရောက်မှုအခြေအနေကို မျက်ခြေမပြတ် စစ်ဆေးကာကွယ် နှိမ်နင်းပါ။ စိုက်ခင်းပြုပြင်ရာ တွင် ရေသွင်းရေထုတ်လွယ်ကူသော သခွားမျိုးရင်းဝင်အပင်များ ဆက်တိုက်မစိုက်ဘဲ (၃) ရာသီခန့် လှပ်ထားသောမြေတွင် စိုက်ဘောင်များဆွဲ၍ စိုက်ပျိုးနိုင်သည်။
၇။ စိုက်ပျိုးခြင်း
တန်းကြားပင်ကြား အကွာအဝေးကို (၃ x ၂) ပေ၊ (၄ x ၂) ပေ၊ (၅x ၂၁/၂) ပေ စသဖြင့် ရာသီဥတုပေါ် မူတည်၍ အမျိုးမျိုး စိုက်ပျိုးနိုင်သည်။ (၃ x ၂) ပေအကွာအဝေးဖြင့် စိုက်ပျိုးပါက တစ်ဧကလျှင် အပင် (၇၀၀၀) ကျော်ဝင်ဆန့်ပါမည်။
အပင်ကို ပြုစုစောင့်ရှောက်ရာတွင် ပင်စည်ရှိ အဆစ် (၁၁) ဆစ်၏ အောက်ရှိအဆစ်တိုင်းမှ ထွက်ရှိသော ဘေးတက်များကို ဖဲ့ပါ။ မူလပင်စည်တွင် အဆစ် (၂၅-၃၀) ဆစ် (အပင်အမြင့် ၅-၅.၅) ပေခန့် ရှိချိန်တွင် ခေါင်နှိမ်ပါ။ ဘေးတက်များကို (၃) ရွက် ချန်ဖြတ်ပါ။ အဆစ်နံပါတ် (၁၁) မှ စတင်ကာထွက်ရှိသည့် ဘေးတက်၏အဆစ်တိုင်းတွင် အသီးတင်နိုင်မည့် အပွင့်များပါရှိနိုင်ပါသည်။ အဆစ်အမှတ် (၁၁၊ ၁၂) တွင် အသီးတင်မှုမရှိပါက အစာရေစာနှင့် ရာသီဥတု သင့် တင့်မျှတခြင်း မရှိကြောင်း သိနိုင်သည်။ သို့ပါ၍ အဆစ်အမှတ် (၁၀) အောက်မှ ဘေးတက်များဖဲ့ချိန်တွင် အစာရေစာလုံ လောက်အောင် ကျွေးပေးရန် အရေးကြီး ပါသည်။
ပထမဆုံးတင်သည့် အသီးမှစတင်၍ (၃) လုံးပြည့်အထိ အသီးတင်စေပြီးနောက် အသီးမှာ တင်းနစ် ဘောလုံးခန့်ရှိချိန်တွင် တစ်ပင်တွင်ယူမည့် အသီးအရေအတွက် ဆုံးဖြတ်၍ အောက်ပါအတိုင်း ဆက်လက်ဆောင် ရွက်ပါ။
- အသီးကြီးကြီးရလိုပါက တစ်ပင်တွင် တစ်လုံးသာယူပါ။
- တစ်ပင်တွင် အများဆုံးအသီး (၂) လုံးသာ ယူသင့်ပါသည်။
- မိမိယူမည့် အသီး၏ ရှေ့မှထွက်သောအရွက် တစ်ရွက်သာချန်လှပ်၍ ယင်းကိုင်းအား ဖြတ်ပါ။
- ပြီးလျှင် တစ်ပင်လုံးရှိ ကျန်အပွင့်အသီးများ အားလုံးခြွေပစ်ပါ။ အချို့ သခွားမွှေးပြောင်မျိုးများတွင် အသီးခြွေရန်မလိုဘဲ တင်ရှိသော အသီးများအားလုံးယူရန် ဖြစ်သည်။
- သီးထိုးယင် ကျရောက်တတ်သော စိုက်ခင်းများတွင် အသီး တင်းနစ်ဘောလုံးခန့် ရှိချိန်မှစ၍ သတင်းစာစက္ကူအိတ်ဖြင့် စွပ်ပေးခြင်းဖြင့် အသီးပျက်စီးမှု မဖြစ်ပေါ်နိုင်ပါ။
၈။ မြေသြဇာကျွေးနည်း
ပြောင်းရွှေ့မစိုက်မီ တစ်ဧကတွင် မြေခံအဖြစ် မဖြစ်မနေ ထည့်သွင်းရန်နှုန်းထားမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ယူရီးယား - ၁၁၂ ပေါင် (၂) အိတ်
တီစူပါ - ၁၁၂ ေါပင် (၁) အိတ်
ပိုတက်ရှ်- ၁၁၂ ပေါင် (၁) အိတ်
ပန်းစပွင့်ချိန်တွင် တစ်ကြိမ်နှင့် အသီးတင်ပြီး (၁၀) ရက်ခန့်တွင် တစ်ကြိမ် တစ်ဧကအတွက် စုစုပေါင်း ယူရီးယား (၂)အိတ်၊ တီစူပါ (၁) အိတ်နှင့် ပိုတက် (၁) အိတ်တို့ကို ထပ်မံကျွေးရန် လိုအပ်ပါသည်။
၉။ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း
ဘူးဖရုံကျိုင်း (ဝါနီရောင်) Thrips များ၊ သစ်သီးယင်များ ကျရောက်မှုကို အများဆုံးတွေ့ရပါသည်။ ပိုးသတ်ဆေးများအဖြစ် ဆိုက်ပါမီသရင် (Cypermethrin) , ဆမ်ဘုရှ် (Cymbush), ဒီဆစ် (Decis), နျူဗာကရွန် (Nuvacron) စသည်တို့ကို ရေအဆ (၄၅၀) ရောကာ (၅) ရက်တစ်ကြိမ် ပက်ဖျန်းခြင်းဖြင့် ကာကွယ်နိုင်ပါသည်။
ရောဂါအနေဖြင့် ရွက်ညိုပြောက်ရောဂါ၊ သံချေးရောဂါ၊ ပင်စည်နှင့် သီးပုပ်ရောဂါတို့ကို ရောက်တတ်သဖြင့် တော့ပ်စင်(Topsin), ဒက်နွိုင်း(Decnoil), ရီဒိုမိုင်း(Ridomyl) တို့ကို ရေအဆ (၇၀၀) နှင့် ရော၍ (၅) ရက် တစ်ကြိမ် အလှည့်ကျ ပက်ဖျန်း ကာကွယ်နိုင်ပါသည်။
၁၀။ ဆွတ်ခူးခြင်း
ပန်းပွင့်ပြီး (၃၅ - ၄၇) ရက်တွင် အသီးညှာထိပ်ရှိ နှာမောင်းများ ခြောက်လာမည်။ ရပ်ဝေးသို့ သယ်ယူ မည်ဆိုပါက ထိုအချိန်တွင် ခူးဆွတ်ရန် လိုအပ်ပါသည်။ စိုက်ခင်းမှ စျေးကွက်သို့ အချိန်တိုတိုနှင့် ရောက်ရှိနိုင်မည်ဆိုပါက သီးညှာတဝိုက် အဝါရောင်သန်းချိန် အနံ့စတင် ထွက်ပေါ်လာချိန်တွင် ခူးဆွတ်ခြင်းနှင့် အရည်အသွေးမြင့်မားသော အသီးကို ဒဏ်ရာရခြင်းမှ ကာကွယ်ရန် သတင်းစာဖြင့် ထုတ်ပိုးပို့ဆောင်ရန် လိုအပ်ပါသည်။
စိုက်ပျိုးရေးဦးစီးဌာန
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
Content provider
စိုက်ပျိုးရေးဉီးစီးဌာန
စိုက်ပျိုးရေးဦးစီးဌာန၏သမိုင်းအကျဉ်း ၁။ စိုက်ပျိုးရေးဦးစီးဌာနသည် ၁၉၀၁ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးဌာနခွဲအဖြစ် စတင်ဖွဲ့စည်း ခဲ့ပါသည်။ ၁၉၅၂ ခုနှစ်တွင် မြေယာကျေးလက် ကြီးပွားရေးတိုးတက်ရေးကော်ပိုရေးရှင်းကို ဖွဲ့စည်း၍ စီးပွားရေးဆန်သော စိုက်ပျိုးရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါသည်။ ၁၉၅၇ခုနှစ်တွင် လယ်ယာမြေ အမျိုးအစားခွဲခြား၍ မြေဆီလွှာထိန်းသိမ်းရေး၊ မြေဆီလွှာတိုင်းတာရေးနှင့် သင့်လျှော်သော သီးနှံပုံစံ များ ချမှတ်ဆောင်ရွက်ရန် မြေအသုံးချရေးဌာနကို သီးခြားထပ်မံဖွဲ့စည်းခဲ့ပါသည်။၂/၁၉၇၂ ခုနှစ်တွင် (၁) လယ်ယာစိုက်ပျိုးရေးဌာနခွဲ (၂)မြေအသုံးချရေးဌာနခွဲ (၃)မြေယာကျေးလက်ကြီးပွားတိုးတက်ရေးကော်ပိုရေးရှင်းကို ပူးပေါင်း၍ လယ်ယာစိုက်ပျိုးရေး ကော်ပိုရေးရှင်းဟူ၍ လယ်ယာနှင့်သစ်တောဝန်ကြီးဌာနအောက်တွင် ဖွဲ့စည်းခဲ့ပါသည်။ လယ်ယာစိုက်ပျိုးရေး ကော်ပိုရေးရှင်း (Agriculture Corporation) ကို ၁၉၉၀ ခုနှစ်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း ( Myanmar Agriculture Service)အဖြစ် အရာထမ်း(၈၇၈)နေရာ၊ အမှုထမ်း(၁၇၅၇၈)နေရာ၊ စုစုပေါင်း(၁၈၄၅၆)နေရာဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ၂။ ၁၉၉၀ ခုနှစ်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ နှစ်ရှည်သီးနှံဌာနခွဲနှင့်မြန်မာ့စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတို့ ပူးပေါင်းခဲ့ပါသည်။ ၃။ ၁၉၉၄ ခုနှစ်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ မြန်မာ့ကြံလုပ်ငန်း၊ မြန်မာ့ဝါနှင့်ပိုးချည်လုပ်ငန်း၊ မြန်မာ့ ဂုန်လျှော်ပစ္စည်းလုပ်ငန်းများအဖြစ် သီးခြားဖွဲ့စည်းခဲ့ပါသည်။ ၄။ ၂၀၀၄ ခုနှစ်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ စိုက်ပျိုးရေးသုတေသန ဌာနခွဲအား စိုက်ပျိုးရေး သုတေသနဦးစီးဌာနအဖြစ် သီးခြားဖွဲ့စည်းခဲ့ပြီး အရာထမ်း(၇၈၈)နေရာ၊ အမှုထမ်း(၁၆၇၇၇)နေရာ၊ စုစုပေါင်း(၁၇၅၆၅)နေရာဖြင့် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းအဖြစ် လုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပါသည်။ ၅။ ၂၀၀၆ ခုနှစ်တွင် မြန်မာ့ဂုန်လျှော်ပစ္စည်းလုပ်ငန်း၊မြန်မာ့ဝါနှင့်ပိုးချည်လုပ်ငန်း၊ မြန်မာ့ကြံလုပ်ငန်း၊ မြန်မာ့နှစ်ရှည်ပင်လုပ်ငန်းနှင့် မြန်မာ့စိုက်ပျိုးမွေးမြူရေးလုပ်ငန်း(၅)ခုတို့ကို ပေါင်းစပ်၍ မြန်မာ့ စက်မှုသီးနှံဖွံ့ဖြိုးရေးလုပ်ငန်းကိုအရာထမ်း(၈၈၅)နေရာ၊ အမှုထမ်း(၁၀၈၇၇)နေရာ၊ စုစုပေါင်း(၁၁၇၆၂) နေရာဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ၆။ ၂၀၁၂ ခုနှစ်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းကို စိုက်ပျိုးရေးဦးစီးဌာနအဖြစ် အရာထမ်း(၉၈၉) နေရာ၊ အမှုထမ်း(၁၅၄၂၇)နေရာ၊ စုစုပေါင်း(၁၆၄၁၆)နေရာဖြင့် လည်းကောင်း၊ မြန်မာ့စက်မှုသီးနှံ ဖွံ့ဖြိုးရေးလုပ်ငန်းကို စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာနအဖြစ် အရာထမ်း(၇၁၁)နေရာ၊ အမှုထမ်း(၈၁၅၈) နေရာ၊ စုစုပေါင်း(၈၈၆၉)နေရာဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ၇။ ၂၀၁၃ ခုနှစ်တွင် စိုက်ပျိုးရေးဦးစီးဌာန ဖွဲ့စည်းပုံ၌ အရာထမ်း(၁၂၀)နေရာ၊ အမှုထမ်း (၁၁၅၀) နေရာ၊စုစုပေါင်း(၁၂၇၀)နေရာနှင့် စိုက်ပျိုးရေးသိပ္ပံ (၁၀)ကျောင်းအား စိုက်ပျိုးရေး ဦးစီးဌာနသို့ လွှဲပြောင်း လက်ခံရရှိခဲ့ပြီးအရာထမ်း(၁၁၁၈)နေရာ၊အမှုထမ်း(၁၆၅၉၅)နေရာ၊စုစုပေါင်း(၁၇၇၁၃)နေရာဖြစ်ပေါ်လာပါသည်။ ၈။ ၂၀၁၅ခုနှစ်၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုသီးနှံ ဖွံ့ဖြိုးရေးဦးစီးဌာန(၂)ခုပေါင်းစည်း၍ “စိုက်ပျိုးရေးဦးစီးဌာန”အဖြစ် အရာထမ်း(၁၉၀၁)နေရာ၊ အမှုထမ်း(၂၂၀၉၉)နေရာ၊ စုစုပေါင်း (၂၄၀၀၀) နေရာ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ၉။ ၂၀၁၇ခုနှစ်၊မတ်လ(၂၃)ရက်နေ့တွင်ကန့်ဘလူ(ခ)အဆင့်ခရိုင်အား ဖွဲ့စည်းပုံရရှိပါသဖြင့် စိုက်ပျိုးရေးဦးစီးဌာနတွင် အရာထမ်းရာထူး (၁၉၀၆)နေရာ၊ အမှုထမ်းရာထူး(၂၂၁၂၆)နေရာ၊ စုစုပေါင်း (၂၄၀၃၂) နေရာဖြင့် ဖွဲ့စည်းပုံ ထားရှိပါသည်။ မူဝါဒ ၁။ သီးနှံအလိုက်မျိုးကောင်းမျိုးသန့်ထုတ်လုပ်ဖြန့်ဖြူးရာတွင်ဌာနမှသာမကတောင်သူလယ် သမားများပါဝင်သော မျိုးစေ့ထုတ်လုပ်သူများ အသင်းများ(Seed grower Association)ဖွဲ့စညဆောင်ရွက်ရန်၊ ၂။ တောင်သူလယ်သမားများပါဝင်သော သီးနှံအလိုက် မျိုးကောင်းမျိုးသန့်များ ပွားများထုတ်လုပ်ဖြန့်ဖြူးရာတွင် ထုတ်လုပ်သူ တောင်သူလယ်သမားများအတွက် စံချိန်စံညွှန်းပြည့်မီသောသွင်းအားစုများအား အချိန်ကိုက်ထည့်သွင်းနိုင်ရေးနည်း ပညာနှင့် စိုက်ပျိုးနည်းပညာအကူအညီ များကို ဌာနမှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးပြီး ထုတ်လုပ်သူ လယ်သမားများအတွက် စီးပွားရေး တွက်ချေကိုက်မည့် သင့်တော်သော မျိုးစေ့နှုန်းသတ်မှတ်ကာ ဝယ်ယူသိုလှောင် ဖြန့်ဖြူးမည့်သူ နှင့်ချိတ်ဆက်အကောင်အထည်ဖော်ရန်၊ ၃။ သီးနှံအလိုက် မျိုးကောင်းမျိုးသန့်ပွားများ ထုတ်လုပ်ဖြန့်ဖြူးရာတွင် ပုဂ္ဂလိက ကဏ္ဍမှပိုမိုပါဝင်ဆောင်ရွက်နိုင်လာအောင် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကူအညီပေးရန်၊ ၄။ ဖြစ်ပေါ်ပြောင်းလဲနေသော ရာသီဥတုနှင့်လိုက်လျောညီထွေစွာ သီးနှံစိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် မျိုး၊ စိုက်စနစ်၊ သီးနှံပုံစံ၊ ပြောင်းလဲချမှတ်နိုင်ရေး သုတေသနလုပ်ငန်းများကိုစဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊ ၅။ တောင်သူလယ်သမားများ အတွက် အကျိုးအမြတ် ရရှိနိုင်စေမည့် မျိုး၊ စိုက်စနစ်၊ သီးနှံပုံစံစသည့်သီးနှံစံပြကွက်များကို တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်သော(Farmer Participatory Approach) ပုံစံဖြင့်ဆောင်ရွက်ပြီးနည်းပညာပြန့်ပွားစေရေး ဆောင်ရွက်ရန်၊ ၆။ တောင်သူလယ်သမား အစုအဖွဲ့များဖွဲ့စည်း၍ စိုက်ပျိုးရေးထုတ်လုပ်မှုတိုးတက်ရေးသာမကပြုပြင်ထုတ်လုပ်သည့် ကုမ္ပဏီများနှင့် ချိတ်ဆက်ပြီး ကန်ထရိုက်လယ်ယာစနစ် ( Contract Farming)ပေါ်ပေါက် လာရန်နှင့် အစုအဖွဲ့အခြေခံ၍ ဘက်စုံစိုက်ပျိုးမွေးမြူရေးစနစ် ( Community Integrated Farming System) ပေါ်ထွန်းလာရန်၊ ၇။ စားသုံးသူ လုပ်သားပြည်သူများအတွက် စားနပ်ရိက္ခာဖူလုံပြီး လုံခြုံစိတ်ချစေရေးအတွက်သီးနှံအလိုက်စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(Good Agricultural Practices) ကိုတောင်သူများ လိုက်နာကျင့်သုံးလာအောင် စည်းရုံးပညာပေးဆောင်ရွက်ရန်၊ ၈။ တောင်သူလယ်သမားများ သီးနှံ စိုက်ပျိုးထုတ်လုပ်ရာတွင် သုံးစွဲသည့် မျိုး၊ ဓါတ်မြေသြဇာ၊ပိုးသတ်ဆေးစသည့် သွင်းအားစုများ စံချိန်စံညွှန်းနှင့်အညီ ရောင်းဝယ်ဖောက်ကား သုံးစွဲနိုင်ရေး အတွက် ပြဌာန်းထားသော ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ရန်၊ ၉။ တောင်သူလယ်သမားများစိုက်ပျိုးရေးနည်းပညာများအလွယ်တကူလေ့လာသိရှိနိုင်ရန်တောင်သူ လယ်သမားကဏ္ဍ ရုပ်သံလိုင်း (Farmer Channel) အပါအဝင် ပုဂ္ဂလိကမီဒီယာများနှင့် ဆက်စပ် ဆောင်ရွက်ရန်၊ ၁၀။ ဝန်ထမ်းတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည် တိုးတက်ရေး( Capacity Building ) ဆောင်ရွက်ရန်၊ ရည်မှန်းချက် ၁။ စားနပ်ရိက္ခာဖူလုံမှု၊ အဟာရပြည့်ဝစေရေးနှင့်အစားအစာဘေးအန္တရာယ်ကင်းရှင်းမှုတိုး တက်လာစေရန်၊ ၂။ တောင်သူလယ်သမားများ၏အခွင့်အရေး ပြည့်ဝစွာရရှိ ခံစားနိုင်စေရန်နှင့် အကျိုးစီးပွား မြင့်မားလာစေရန်၊ ၃။ လုပ်ကွက်ငယ် တောင်သူလယ်သမားများကို အခြေခံ၍ အစုအဖွဲ့များဖွဲ့စည်းပြီး စိုက်ပျိုးရေး လုပ်ငန်းများကို ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ယင်းလုပ်ငန်းများတွင်အမျိုးသမီးများ၏အခန်း ကဏ္ဍကို ပိုမိုမြှင့်တင်ရန်၊ ၄။ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် လိုအပ်သောနည်းပညာနှင့်ငွေကြေးအရင်း အနှီးများအတွက်ပြည်တွင်းပြည်ပအကူအညီ၊အဆထောက်အပံ့နှင့်ချေးငွေများရရှိရေးကူညီဆောင်ရွက်ပေးရန်၊ ၅။ တန်ဖိုးကွင်းဆက်(ValueChain)တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှုနှင့်စားသုံးမှုကဏ္ဍများကို ထိရောက်စွာချိတ်ဆက်ဆောင်ရွက်သွားရန်၊ ၆။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ရေရှည်တည်တံ့သော လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် သက်ဆိုင်ရာကဏ္ဍ အသီးသီးမှ အစိုးရ အဖွဲ့အစည်းများ အချင်းချင်း ပူးပေါင်းဆောက်ရွက်ခြင်းအစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများပူးပေါင်း ဆောင်ရွက်ခြင်း အပါအဝင် သက်ဆိုင်သူများအားလုံး(Stake-holders)ပူးပေါင်း ပါဝင်ဆောင်ရွက်သွားရန်၊ ၇။ သီးနှံများစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ၈။ စျေးကွက်ခိုင်မာလာစေရန်၊ ၉။ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်လာစေရန်၊ ၁၀။ လယ်ယာကဏ္ဍဆိုင်ရာ သုတေသနနှင့်သတင်းအချက်အလက်ဖြန့်ဖြူးခြင်း လုပ်ငန်းဆောင်ရွက်ရန်၊ လုပ်ငန်းတာဝန် (၁) သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များ ပြန့်နှံ့အောင်ဆောင်ရွက်ခြင်း။ (၂) ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုလျှော့ချရေး။ (၃) အကျိုးဆောင်တောင်သူများအား မျိုးစေ့နှင့်နည်းပညာများပံ့ပိုးခြင်း။ (၄) တောင်သူလယ်သမားအကျိုးစီးပွားမြှင့်တင်ရေးဥပဒေဆိုင်ရာလုပ်ငန်းများ။ (၅) ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း။ (၆) ခေတ်မီနည်းစနစ်များလက်တွေ့ကျင့်သုံးရေးလေ့ကျင့်ပညာပေးခြင်း။ (၇) အရည်အသွေးကောင်းမျိုးသစ်များသုံးစွဲနိုင်ရေးသုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။ (၈) မျိုးကောင်းမျိုးသန့်မျိုးစေ့များထုတ်လုပ်ဖြန့်ဖြူးပေးခြင်း။ (၉) သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များသုံးစွဲ၍ အထွက်နှုန်းတိုးတက်စေရန် လေ့ကျင့်ပညာပေးဆောင်ရွက်ခြင်း။ (၁၀) သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များ စဉ်ဆက်မပြတ်တိုးတက်ဖွံ့ဖြိုးရေးအတွက် သုတေသန လုပ်ငန်းများဆောင်ရွက်ခြင်း။ (၁၁) မျိုးစေ့အရည်အသွေးထိမ်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း။ (၁၂) မျိုးစေ့လုပ်ငန်းများစနစ်တကျဆောင်ရွက်ရန်အတွက်မျိုးစေ့ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိန်းကျောင်းကြီးကြပ်ပေးခြင်း။ (၁၃) ပုဂ္ဂလိကမျိုးစေ့လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အမျိုးသားမျိုးစေ့မူဝါဒရေးဆွဲ၍ အကောင်အထည်ဖေါ်ဆောင်ရွက်ခြင်း။ (၁၄) မြေအမျိုးအစားအလိုက်မြေပုံများ (Soil Map )ဖေါ်ထုတ်ခြင်း။ (၁၅) စိုက်ပျိုးထုတ်လုပ်ရာတွင် အဟန့်အတားဖြစ်စေသော မြေဆီလွှာပြဿနာများအားပြုပြင်ခြင်း။ (၁၆) သီးနှံအလိုက် မြေသြဇာလိုအပ်ချက်နှင့်ကိုက်ညီအောင် မြေဆီလွှာအတွင်းသို့အပင် အာဟာရများမျှတစွာရရှိစေရန် ဆောင်ရွက်ခြင်း။ (၁၇) မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း။ (၁၈) မြေဆီလွှာနှင့်ရေအာဟာရဓါတ်ခွဲခြင်း။ (၁၉) မြေသြဇာဥပဒေနှင့်လုပ်ထုံးလုပ်နည်းများ ထုတ်လုပ်ပြဌာန်းပြီး အတုအပများကင်းရှင်း၍ အရည်အသွေးစစ်မှန်သော မြေသြဇာများကိုသာတောင်သူများ လက်ဝယ်သို့ရောက်ရှိအောင် ဆောင်ရွက်ပေးခြင်း။ (၂၀) ဘက်စုံသီးနှံကာကွယ်ရေးစနစ်ဖြင့် သီးနှံတစ်ခုစီအလိုက် ဘက်စုံသီးနှံကာကွယ်ရေး ပုံစံများ ချမှတ်ဆောင်ရွက်ရန်။ (၂၁) သီးနှံကာကွယ်ရေးဆိုင်ရာ ဓါတုပစ္စည်းများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ စားသုံး သူများနှင့်အသုံးပြုသူများ၏ကျန်းမာရေးထိခိုက်မှုများ ထိန်းသိမ်းရန်။ (၂၂) ပြည်ပပို့ကုန်သီးနှံများကို အပြည်ပြည်ဆိုင်ရာပိုးမွှားထိန်းချုပ်ရေးသတ်မှတ်စံချိန်စံညွှန်းနှင့်အညီတင်ပို့ရန်။ (၂၃) ပိုးသတ်ဆေးဥပဒေဆိုင်ရာလုပ်ငန်းများဆောင်ရွက်ခြင်း။ (၂၄) သတ္ထုအဆိပ်၊ မှိုအဆိပ်စစ်ဆေးခြင်းလုပ်ငန်း။ (၂၅) ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံမျိုးကောင်းမျိုးသန့်များမွေးမြူထုတ်လုပ်ခြင်း။ (၂၆) ဝန်ထမ်းရေးရာများဆောင်ရွက်ခြင်း။ (၂၇) ရာထူးခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း (၂၈) ဖွဲ့စည်းပုံကိစ္စများ တင်ပြဆောင်ရွက်ခြင်း (၂၉) ဒေသပြောင်းရွှေ့တာဝန်ပေးအပ်ခြင်း (၃၀) ဌာနကူးပြောင်း တာဝန်ထမ်းဆောင်စေခြင်း (၃၁) ရာထူးနွယ်ဖြင့် တာဝန်ထမ်းဆောင်ခြင်း (၃၂) နှုတ်ထွက်ခွင့်ပြုခြင်း (၃၃) ကွယ်လွန်ရပ်စဲ ခွင့်ပြုခြင်း (၃၄) ပြည်တွင်း/ပြည်ပ သင်တန်းများ စေလွှတ်ခြင်း (၃၅) ပြည်တွင်းသင်တန်းများတွင်ဘာသာရပ်ဆိုင်ရာပညာရှင်များအားရွေးချယ်စေလွှတ်ပေးခြင်း (၃၆) နှစ်တိုးခံစားခွင့်ပြုခြင်း၊ ခွင့်ခံစားခွင့်ပြုခြင်း (၃၇) ဝန်ထမ်းမှတ်တမ်းများ ထိမ်းသိမ်းခြင်း (၃၈) ဘွဲ့ထူး ဂုဏ်ထူးများ ချီးမြှင့်ခြင်း (၃၉) ပင်စင်ခံစားခွင့်ပြုခြင်း (၄၀) ပြစ်မှုမှုခင်းကိစ္စများဆောင်ရွက်ခြင်း (၄၁) ထူးခြားဖြစ်စဉ်ဆိုင်ရာကိစ္စရပ်များဆောင်ရွက်ခြင်း (၄၂) ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေးကိစ္စများဆောင်ရွက်ခြင်း (၄၃) မူဝါဒ-အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း (၄၄) အဆောက်အဦးကိစ္စရပ်များဆောင်ရွက်ခြင်း။ (၄၅) မော်တော်ယာဉ်ဆိုင်ရာကိစ္စရပ်များဆောင်ရွက်ခြင်း။ (၄၆) စက်ပစ္စည်းကိစ္စရပ်များဆောင်ရွက်ခြင်း။ (၄၇) ငွေကြေးသုံးစွဲခွင့်ဆိုင်ရာကိစ္စရပ်များ။ (၄၈) BOT ငှားရမ်းရေးကိစ္စများ ဆောင်ရွက်ခြင်း။ (၄၉) ပြည်တွင်း/ပြည်ပစီမံကိန်းဆိုင်ရာရေးဆွဲ၊ စိစစ်၊ သုံးသပ်ခြင်း။ (၅၀) ပြည်ပစီမံကိန်းအထောက်အကူများရရှိစေရန်အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့်ညှိနှိုင်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်း။ (၅၁) e-Government ။ (၅၂) နိုင်ငံခြားသား ဝင်/ထွက်ခြင်းကိစ္စများ။ (၅၃) စီမံကိန်းလုပ်ငန်းများ စုစည်းတင်ပြခြင်း။ (၅၄) ဘတ်ဂျက်အသုံးစရိတ်များဆောင်ရွက်ခြင်း။ (၅၅) စာရင်းစစ်ဆေးခြင်း။ (၅၆) စာရင်းများပြုစုခြင်း။ (၅၇) အလယ်အလတ်အဆင့် စိုက်ပျိုးရေးအတတ်ပညာရှင်များနှင့်ကျွမ်းကျင်သူများမွေးထုတ်ပေးရန်။ (၅၈) သင်ကြားတတ်မြောက်ထားသည့်ပညာရပ်ဖြင့်တောင်သူလယ်သမားများအားခေတ်မီစိုက်ပျိုးရေးနည်းပညာများ ပြန်လည်ဆင့်ပွားပညာပေးရန်။ (၅၉) ဒေသတွင်းရှိလယ်ယာကဏ္ဍထုတ်ကုန်မှ တောင်သူဝင်ငွေတိုးတက်ရန်နှင့်လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုရန်။
ဆက်စပ်မေးခွန်းများ
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
Ko Shwe Lin • ဖြေကြားချက် 2 ခု
ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာတွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ
ဇော်လင်းအောင် • ဖြေကြားချက် 2 ခု
စပါးကြဲခင်းစံကွက်ရိတ်နည်းသိချင်ပါတယ်
မြူလွှာ • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from စိုက်ပျိုးရေးဦးစီးဌာန
အားလုံး
တောင်သူများအသုံးပြုနေသော အမိုနီယမ်ဆာလဖိတ် (Ammonium Sulphate) မြေဩဇာအကြောင်း
10/12/2021
ရေဆင်းကုလားပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ
22/11/2021
စိုက်ပျိုးသင့်သော နှမ်းအထွက်ကောင်းမျိုးများ
27/08/2021
စပါးခွံပေါင်းခံရည်ဘယ်လိုလုပ်မလဲ
16/01/2021
လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ရွှေ့ပြောင်းအသုံးပြုရာတွင် လိုအပ်သောအကူအညီ တောင်းခံဆောင်ရွက်နိုင်ကြောင်း အသိပေးနှိုးဆော်ချက်
14/12/2020