ဈေးကွက်ဝင် အရည်အသွေးကောင်း၊ အထွက်ကောင်း ရေဆင်း ၉ ပဲစင်းငုံမျိုးသစ် ရှာဖွေတွေ့ရှိ
ပဲစင်းငုံ သီးနှံသည် ပြည်ပပို့ကုန် ဈေးကွက်၀င် သီးနှံဖြစ်သည့်အပြင် တောင်သူများ ၀င်ငွေတိုး တက်စေကာ အာဟာရပြည့် သီးနှံ ဖြစ်ရုံသာမက တစ်ပင်လုံး အစိတ်အပိုင်းများကို ပြန်လည် အသုံးပြုနိုင်သည့် သီးနှံ (Zero Waste Crop) ဖြစ်သောကြောင့် ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ စိုက်ပျိုးသင့်သည့် သီးနှံဖြစ်သည်။
စိုက်ပျိုးရေး သုတေသနဦးစီးဌာန (DAR) ရေဆင်းရှိ ပဲမျိုးစုံ သီးနှံ သုတေသန ဌာနစု တာ၀န်ခံ ဒေါ်မြတ်ဦးနွယ်နွယ်နှင့် သုတေသနအရာရှိ ဒေါ်ခင်ပပအေးတို့ ဦးဆောင်၍ သုတေသန လက်ထောက် -၃ ဒေါ်ပြည့်ဖြိုးသီ ပါ၀င်သော သုတေသန ပညာရှင် အဖွဲ့က ဈေးကွက်၀င် အရည်အသွေးကောင်း၊ အထွက် ကောင်း၊ အလားအလာကောင်းသည့် ပဲစင်းငုံ မျိုးသစ် ရရှိရန်အတွက် ၂၀၁၃ -၂၀၁၄ ခုနှစ်မှစတင်ကာ ဒေသမျိုးများ စု ဆောင်းခြင်း၊ မျိုးကွဲများ စမ်းသပ် စိုက်ပျိုးလေ့လာခြင်း၊ ကြိုက်နှစ်သက်သည့် လက္ခဏ ပါ သည့် ရွေး ချယ် လေ့လာခြင်း၊ ဒေသ အသီးသီးရှိ သုတေသနခြံများ( မကွေး၊ ညောင်ဦး၊ မြင်းခြံ၊ ပခုက္ကူ ၊ အောင်ပန်း)တွင် စမ်းသပ်စိုက်ပျိုးခြင်း ၊ စံပြကွက်များအား မုံရွာ ၊ ရမည်းသင်း ၊ မြင်းခြံ ၊ ပခုက္ကူ နှင့် အောင်ပန်း စသည့်ဒေသများတွင် စိုက်ပျိုး၍ တောင်သူများအား မျိုးရွေးချယ် စေခြင်းစသည့် သုတေသနလုပ်ငန်း အဆင့်ဆင့်ကို ဆောင်ရွက်ခဲ့ရာ ၂၀၁၈ - ၂၀၁၉ ခုနှစ်တွင် ရေဆင်း -၉ ပဲစင်းငုံ မျိုးသစ်အဖြစ် ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။
ရေဆင်း -၉ ပဲစင်းငုံမျိုး၏ အရည်အသွေး လက္ခဏာများမှာ (၁) တောင်ပေါ်မြေပြန့် ဒေသမရွေး စိက် ပျိုးနိုင်သည့် သက်လတ်မျိုး ဖြစ်ခြင်း၊ (၂) အပင်ပုံ သဏ္ဍာန်မှာ ပင်ဖြန့်ဖြစ်ခြင်း၊(၃) တစ်ပင်ပါ သီးတောင့်များခြင်း၊ (၄) အစေ့အရောင်လှခြင်း၊ (၅) တစ်ဧကအထွက် ကောင်းခြင်းစသည့် တို့ဖြစ်သည်။
တောင်ပေါ်မြေပြန့် ဒေသမရွေး စိုက်ပျိုးနိုင်သည့် ဈေးကွက်၀င်၊ အရည်အသွေးကောင်း အထွက်နှုန်း ကောင်းသည့် အဆိုပါ ရေဆင်း -၉ ပဲစင်းငုံ မျိုးသစ်ကို မျိုးစေ့ကျွမ်းကျင်မှု ဆိုင်ရာ ကော်မတီ( TSC ) တွင် မျိုး သစ်အဖြစ် မှတ်ပုံတင် သွားမည်ဖြစ်ပြီး တောင်သူများ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် မျိုးပွားများ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စိုက်ပျိုးရေးဦးစီးဌာန
sansittsoe
လွန်ခဲ့သော ၂ နှစ် ကမျိုးဝယ်ချင်ရင် ဘယ်နားမှာသွားဝယ်ရမလည်း ခင်ဗျ
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
Ko Shwe Lin • ဖြေကြားချက် 2 ခု
ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာတွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ
ဇော်လင်းအောင် • ဖြေကြားချက် 2 ခု
စပါးကြဲခင်းစံကွက်ရိတ်နည်းသိချင်ပါတယ်
မြူလွှာ • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from စိုက်ပျိုးရေးဦးစီးဌာန
အားလုံး
တောင်သူများအသုံးပြုနေသော အမိုနီယမ်ဆာလဖိတ် (Ammonium Sulphate) မြေဩဇာအကြောင်း
10/12/2021
ရေဆင်းကုလားပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ
22/11/2021
စိုက်ပျိုးသင့်သော နှမ်းအထွက်ကောင်းမျိုးများ
27/08/2021
စပါးခွံပေါင်းခံရည်ဘယ်လိုလုပ်မလဲ
16/01/2021
လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ရွှေ့ပြောင်းအသုံးပြုရာတွင် လိုအပ်သောအကူအညီ တောင်းခံဆောင်ရွက်နိုင်ကြောင်း အသိပေးနှိုးဆော်ချက်
14/12/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....